Botany နှင့် zoology တက္ကသိုလ်ကျောင်းသား/သူများက မျိုးစိတ်အသစ်များကို ရှာဖွေမှတ်တမ်းတင်သင့်ကြောင်း အကြံပြု
1020
စော (NP News) - ဩဂုတ် ၁
Botany နှင့် zoology တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက မျိုးစိတ်အသစ်များကို ရှာဖွေမှတ်တမ်းတင်သင့်ကြောင်း အပင်များ၊ တိရစ္ဆာန်များအကြောင်းကို လေ့လာနေသူတစ်ဦးက NP News မှတဆင့် ပြောကြား သည်။
အခြားနိုင်ငံများတွင် မြွေကိုများ ကြည့်ခြင်း၊ ငှက်များကို မှန်ပြောင်းဖြင့် ကြည့်ပြီး မျိုးစိတ်ခွဲခြင်း နှင့် အကောင်အရေအတွက် ရေတွက်ခြင်းများကို ပြုလုပ်သော်လည်း မြန်မာနိုင်ငံတွင်မူ ထိုသို့ ပြုလုပ်ခြင်း နည်းပါးနေကြောင်း သိရသည်။
“Zoology တွေ၊ Botany တွေနဲ့ တက္ကသိုလ်တက်နေတဲ့ သူတွေအနေနဲ့က ဒါက ပိုပြီးတော့ အမြင်ရှိတယ်။ သူတို့အနေနဲ့ သွားသင့်တယ်။ ရှာသင့်တယ်။ ပြီးတော့ မျိုးစိတ်အသစ်တွေလည်း မှတ်တမ်းတင်သင့်တယ်။ အဲဒီလိုမှမဟုတ်ဘဲ အရင်လူတွေလုပ်ခဲ့ဖူးတဲ့ စာအုပ်လေးတွေဖတ်၊ စာတမ်းလေးတွေဖတ်၊ ဟိုဘက်ကနေစုလိုက်၊ အတုယူလိုက်ပြီးစုလိုက် အဲဒီလိုရေးနေရင် ဘယ်လိုမှအဆင်မပြေဘူးပေါ့။ ကိုယ်တိုင်ရေးပြီးတော့ ကိုယ်တိုင်ရှာမယ်ဆိုရင်တော့ မျိုးစိတ်အသစ်တွေလည်း အများကြီးတွေ့နိုင်မှာပေါ့။ မြန်မာနိုင်ငံမှာတော့ အဲဒီလိုမျိုးတွေရှာမယ့်လူမရှိလို့ မျိုးစိတ်အသစ်တွေ မထွက်လာပဲနဲ့ကျန်နေတာပေ့ါ”ဟု ၎င်းက ပြောသည်။
အဆိုပါ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အပင်များနှင့် တိရစ္ဆာန်များအကြောင်း မှတ်တမ်းယူရာ၌ သွားရေးလာရေးတွင် ဘေးကင်းလုံခြုံမှုရှိစေရန် ထောက်ခံချက်များ၊ ၎င်းတို့နေထိုင်စားသောက်ရာတွင် အကူအညီပေးရန်လည်း လိုအပ်ကြောင်း ၎င်းက ပြောသည်။
“ကျွန်တော်တို့က အစုံပေါ့။ အဓိကကတော့ field ဆင်းတယ်ဆိုရင် မြွေကိုတော့ အများဆုံးယူတယ်။ ငွေဆောင်သွားရင် ကမ်းခြေမှာရှိတဲ့မြွေတွေ၊ ဒီရေတောမှာရှိတဲ့မြွေတွေ၊ အဲဒါတွေကို မှတ်တမ်းယူရတာရှိတယ်။ နောက် တစ်ခုက ဂဏန်းတွေလည်းယူတယ်။ တစ်ခါတစ်လေ ငှက်ဓာတ်ပုံတွေ၊ ပင်လယ်ကမ်းစပ်မှာရှိတတ်တဲ့ ငှက်ပုံတွေယူတယ်။ ပင်လယ်ကမ်းစပ်မဟုတ်တဲ့ အခြားနေရာတွေသွားမယ်ဆိုရင်လည်း အဲဒီက ငှက်တွေ၊ အခြားအကောင်တွေ မှတ်တမ်းယူတယ်ပေါ့။ အပင်ဆိုရင် တောင်တွေတက်တယ်၊ ဇွဲကပင်တို့၊ အခြား မွန်ပြည်နယ်၊ ကရင်ပြည်နယ်မှာရှိတဲ့ အပင်တွေ၊ ပြင်ဦးလွင်မှာရှိတဲ့အပင်တွေ၊ ရှမ်းပြည်နယ်မှာရှိတဲ့ အပင်တွေကို မှတ်တမ်းယူတယ်”ဟု ၎င်းကဆက်လက်ပြာသည်။
၎င်းတို့အနေဖြင့် မျိုးစိတ်အသစ်များ၊ နာမည်မပေးရသေးသော မျိုးစိတ်များ၊ describe မလုပ်ရသေးသော မျိုးစိတ်များနှင့် မှတ်တမ်းမတင်ရသေးသော (new record) မျိုးစိတ်များကိုလည်း တွေ့ရှိရကြောင်း သိရသည်။ အနီးစပ်ဆုံးအနေဖြင့် ကရင်ပြည်နယ်၊ ဘားအံ့မြို့နယ်မှ လူများ စားသုံးနိုင်သော ဝဥ အရိုင်းမျိုးစိတ်အသစ်ကို လွန်ခဲ့သော သုံးလခန့်က တွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တိရစ္ဆာန်များနှင့် အပင်များအကြောင်းကို မှတ်တမ်းယူရာတွင် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုများကြောင့် အခက်အခဲများ ရှိနေကြောင်း သိရသည်။
zawgyi version
Botany ႏွင့္ zoology တကၠသိုလ္ေက်ာင္းသား/သူမ်ားက မ်ိဳးစိတ္အသစ္မ်ားကို ရွာေဖြမွတ္တမ္းတင္သင့္ေၾကာင္း အႀကံျပဳ
ေစာ (NP News) - ဩဂုတ္ ၁
Botany ႏွင့္ zoology တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူမ်ားက မ်ိဳးစိတ္အသစ္မ်ားကို ရွာေဖြမွတ္တမ္းတင္သင့္ေၾကာင္း အပင္မ်ား၊ တိရစာၦန္မ်ားအေၾကာင္းကို ေလ့လာေနသူတစ္ဦးက NP News မွတဆင့္ ေျပာၾကား သည္။
အျခားႏိုင္ငံမ်ားတြင္ ေႁမြကိုမ်ား ၾကည့္ျခင္း၊ ငွက္မ်ားကို မွန္ေျပာင္းျဖင့္ ၾကည့္ၿပီး မ်ိဳးစိတ္ခြဲျခင္း ႏွင့္ အေကာင္အေရအတြက္ ေရတြက္ျခင္းမ်ားကို ျပဳလုပ္ေသာ္လည္း ျမန္မာႏိုင္ငံတြင္မူ ထိုသို႔ ျပဳလုပ္ျခင္း နည္းပါးေနေၾကာင္း သိရသည္။
“Zoology ေတြ၊ Botany ေတြနဲ႔ တကၠသိုလ္တက္ေနတဲ့ သူေတြအေနနဲ႔က ဒါက ပိုၿပီးေတာ့ အျမင္ရွိတယ္။ သူတို႔အေနနဲ႔ သြားသင့္တယ္။ ရွာသင့္တယ္။ ၿပီးေတာ့ မ်ိဳးစိတ္အသစ္ေတြလည္း မွတ္တမ္းတင္သင့္တယ္။ အဲဒီလိုမွမဟုတ္ဘဲ အရင္လူေတြလုပ္ခဲ့ဖူးတဲ့ စာအုပ္ေလးေတြဖတ္၊ စာတမ္းေလးေတြဖတ္၊ ဟိုဘက္ကေနစုလိုက္၊ အတုယူလိုက္ၿပီးစုလိုက္ အဲဒီလိုေရးေနရင္ ဘယ္လိုမွအဆင္မေျပဘူးေပါ့။ ကိုယ္တိုင္ေရးၿပီးေတာ့ ကိုယ္တိုင္ရွာမယ္ဆိုရင္ေတာ့ မ်ိဳးစိတ္အသစ္ေတြလည္း အမ်ားႀကီးေတြ႕ႏိုင္မွာေပါ့။ ျမန္မာႏိုင္ငံမွာေတာ့ အဲဒီလိုမ်ိဳးေတြရွာမယ့္လူမရွိလို႔ မ်ိဳးစိတ္အသစ္ေတြ မထြက္လာပဲနဲ႔က်န္ေနတာေပ့ါ”ဟု ၎က ေျပာသည္။
အဆိုပါ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူမ်ား အပင္မ်ားႏွင့္ တိရစာၦန္မ်ားအေၾကာင္း မွတ္တမ္းယူရာ၌ သြားေရးလာေရးတြင္ ေဘးကင္းလုံၿခဳံမႈရွိေစရန္ ေထာက္ခံခ်က္မ်ား၊ ၎တို႔ေနထိုင္စားေသာက္ရာတြင္ အကူအညီေပးရန္လည္း လိုအပ္ေၾကာင္း ၎က ေျပာသည္။
“ကြၽန္ေတာ္တို႔က အစုံေပါ့။ အဓိကကေတာ့ field ဆင္းတယ္ဆိုရင္ ေႁမြကိုေတာ့ အမ်ားဆုံးယူတယ္။ ေငြေဆာင္သြားရင္ ကမ္းေျခမွာရွိတဲ့ေႁမြေတြ၊ ဒီေရေတာမွာရွိတဲ့ေႁမြေတြ၊ အဲဒါေတြကို မွတ္တမ္းယူရတာရွိတယ္။ ေနာက္ တစ္ခုက ဂဏန္းေတြလည္းယူတယ္။ တစ္ခါတစ္ေလ ငွက္ဓာတ္ပုံေတြ၊ ပင္လယ္ကမ္းစပ္မွာရွိတတ္တဲ့ ငွက္ပုံေတြယူတယ္။ ပင္လယ္ကမ္းစပ္မဟုတ္တဲ့ အျခားေနရာေတြသြားမယ္ဆိုရင္လည္း အဲဒီက ငွက္ေတြ၊ အျခားအေကာင္ေတြ မွတ္တမ္းယူတယ္ေပါ့။ အပင္ဆိုရင္ ေတာင္ေတြတက္တယ္၊ ဇြဲကပင္တို႔၊ အျခား မြန္ျပည္နယ္၊ ကရင္ျပည္နယ္မွာရွိတဲ့ အပင္ေတြ၊ ျပင္ဦးလြင္မွာရွိတဲ့အပင္ေတြ၊ ရွမ္းျပည္နယ္မွာရွိတဲ့ အပင္ေတြကို မွတ္တမ္းယူတယ္”ဟု ၎ကဆက္လက္ျပာသည္။
၎တို႔အေနျဖင့္ မ်ိဳးစိတ္အသစ္မ်ား၊ နာမည္မေပးရေသးေသာ မ်ိဳးစိတ္မ်ား၊ describe မလုပ္ရေသးေသာ မ်ိဳးစိတ္မ်ားႏွင့္ မွတ္တမ္းမတင္ရေသးေသာ (new record) မ်ိဳးစိတ္မ်ားကိုလည္း ေတြ႕ရွိရေၾကာင္း သိရသည္။ အနီးစပ္ဆုံးအေနျဖင့္ ကရင္ျပည္နယ္၊ ဘားအံ့ၿမိဳ႕နယ္မွ လူမ်ား စားသုံးႏိုင္ေသာ ဝဥ အ႐ိုင္းမ်ိဳးစိတ္အသစ္ကို လြန္ခဲ့ေသာ သုံးလခန႔္က ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ တိရစာၦန္မ်ားႏွင့္ အပင္မ်ားအေၾကာင္းကို မွတ္တမ္းယူရာတြင္ လမ္းပန္းဆက္သြယ္ေရး အဆင္မေျပမႈမ်ားေၾကာင့္ အခက္အခဲမ်ား ရွိေနေၾကာင္း သိရသည္။