MAI က ပြည်တွင်းပြည်ပခရီးစဥ်များကို (၃၁)ရာခိုင်နှုန်းအထိ လျှော့ဈေးများဖြင့် ရောင်းချပေးမည်

 2198

ယွန်း (NP News) - သြဂုတ် ၁

MAI က ပြည်တွင်းပြည်ပခရီးစဥ်များကို ၃၁ ရာခိုင်နှုန်းအထိ လျှော့ဈေးများဖြင့် သြဂုတ်တစ်လလုံး ရောင်းချပေးမည်ဖြစ်ကြောင်း Myanmar Airways International (MAI)က အသိပေးကြေညာထားသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI သည် လာမည့် ဩဂုတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၃၁)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၎င်းပြေးဆွဲနေသည့် ပြည်တွင်းပြည်ပခရီးစဉ်များကို (၃၁)ရာခိုင်နှုန်းအထိ လျှော့ဈေးများဖြင့် ဩဂုတ်လတစ်လလုံးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ပရိုမိုးရှင်း၏ခရီးသွားကာလမှာ ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ဖြစ်ပြီး လက်မှတ်များကို MAI ၏ direct sales channels များအပြင် လက်မှတ်အရောင်းကိုယ်စားလှယ်များထံတွင်လည်း ဝယ်ယူနိုင်ကြောင်း MAI က ဆိုထားသည်။ ထို့ပြင် MAI ၏ website ဖြစ်သည့် www.maiair.com နှင့် MAI Xtra application တွင် MAl-uab Visa Card ဖြင့် ငွေပေးချေဝယ်ယူမည့် ခရီးသည်များအတွက် အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့တိုင်းတွင် MAIUABI promo code ဖြင့် ပြည်ပခရီးစဉ်များအတွက် ၅ ရာခိုင်နှုန်းလျှော့ဈေးနှင့် MAIUABD promo code ဖြင့် ပြည်တွင်းခရီးစဉ်များအတွက် ၁၀ ရာခိုင်နှုန်းလျှော့ဈေးရရှိမည့် Weekend Exclusive အစီအစဉ်လည်း ရှိကြောင်းသိရသည်။

MAI မှ ယခုလက်ရှိတွင် မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ကမ္ဘောဒီး ယား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ရုရှား နှင့် လာအိုနိုင်ငံများရှိ မြို့ပေါင်း (၃၆)မြို့သို့ တိုက်ရိုက်ခရီးစဉ်များကို Airbus A320 ၆ စီး၊ Embraer 190 ၂ စီး၊ ATR72-600 ၄ စီးနှင့် Boeing 737 freighter ၁ စီးတို့ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိသည်။

ထို့ပြင် ယခုနှစ်ကုန်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့များအပါအဝင် ပြည်တွင်းပြည်ပခရီးစဉ် စုစုပေါင်း (၄၁)ခုအထိ တိုးချဲ့ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။

zawgyi version
MAI က ျပည္တြင္းျပည္ပခရီးစဥ္မ်ားကို (၃၁)ရာခိုင္ႏႈန္းအထိ ေလွ်ာ့ေဈးမ်ားျဖင့္ ေရာင္းခ်ေပးမည္

ယြန္း (NP News) - ၾသဂုတ္ ၁

MAI က ျပည္တြင္းျပည္ပခရီးစဥ္မ်ားကို ၃၁ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ေဈးမ်ားျဖင့္ ၾသဂုတ္တစ္လလုံး ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း Myanmar Airways International (MAI)က အသိေပးေၾကညာထားသည္။

အျပည္ျပည္ဆိုင္ရာျမန္မာေလေၾကာင္း MAI သည္ လာမည့္ ဩဂုတ္လ ၁၅ ရက္ေန႔တြင္ က်ေရာက္မည့္ (၃၁)ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ၎ေျပးဆြဲေနသည့္ ျပည္တြင္းျပည္ပခရီးစဥ္မ်ားကို (၃၁)ရာခိုင္ႏႈန္းအထိ ေလွ်ာ့ေဈးမ်ားျဖင့္ ဩဂုတ္လတစ္လလုံးေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရ သည္။

အဆိုပါ ပ႐ိုမိုးရွင္း၏ခရီးသြားကာလမွာ ၂ဝ၂၄ ခုႏွစ္၊ ဒီဇင္ဘာလကုန္အထိ ျဖစ္ၿပီး လက္မွတ္မ်ားကို MAI ၏ direct sales channels မ်ားအျပင္ လက္မွတ္အေရာင္းကိုယ္စားလွယ္မ်ားထံတြင္လည္း ဝယ္ယူႏိုင္ေၾကာင္း MAI က ဆိုထားသည္။ ထို႔ျပင္ MAI ၏ website ျဖစ္သည့္ www.maiair.com ႏွင့္ MAI Xtra application တြင္ MAl-uab Visa Card ျဖင့္ ေငြေပးေခ်ဝယ္ယူမည့္ ခရီးသည္မ်ားအတြက္ အပတ္စဥ္ စေနႏွင့္ တနဂၤေႏြေန႔တိုင္းတြင္ MAIUABI promo code ျဖင့္ ျပည္ပခရီးစဥ္မ်ားအတြက္ ၅ ရာခိုင္ႏႈန္းေလွ်ာ့ေဈးႏွင့္ MAIUABD promo code ျဖင့္ ျပည္တြင္းခရီးစဥ္မ်ားအတြက္ ၁၀ ရာခိုင္ႏႈန္းေလွ်ာ့ေဈးရရွိမည့္ Weekend Exclusive အစီအစဥ္လည္း ရွိေၾကာင္းသိရသည္။

MAI မွ ယခုလက္ရွိတြင္ ျမန္မာႏိုင္ငံအပါအဝင္ ထိုင္း၊ စကၤာပူ၊ မေလးရွား၊ တ႐ုတ္၊ အိႏၵိယ၊ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု (ယူေအအီး)၊ ကေမာၻဒီး ယား၊ ဗီယက္နမ္၊ ေတာင္ကိုရီးယား၊ ႐ုရွား ႏွင့္ လာအိုႏိုင္ငံမ်ားရွိ ၿမိဳ႕ေပါင္း (၃၆)ၿမိဳ႕သို႔ တိုက္႐ိုက္ခရီးစဥ္မ်ားကို Airbus A320 ၆ စီး၊ Embraer 190 ၂ စီး၊ ATR72-600 ၄ စီးႏွင့္ Boeing 737 freighter ၁ စီးတို႔ျဖင့္ ပ်ံသန္းေျပးဆြဲလ်က္ရွိသည္။

ထို႔ျပင္ ယခုႏွစ္ကုန္တြင္ ကာတာႏိုင္ငံ၊ ဒိုဟာၿမိဳ႕ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဒါကာၿမိဳ႕မ်ားအပါအဝင္ ျပည္တြင္းျပည္ပခရီးစဥ္ စုစုေပါင္း (၄၁)ခုအထိ တိုးခ်ဲ႕ေျပးဆြဲသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.