ဗင်နီဇွဲလားသမ္မတ၏ စိန်ခေါ်မှုကို အီလွန်မတ်စ် လက်ခံ

 1332

ALynn (NP News) - ဩဂုတ် ၁

SpaceX နှင့် Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ထံမှ လိမ်လည်မှုစွပ်စွဲချက်များကို တွန်းလှန်ရန် ဗင်နီဇွဲလားသမ္မတ Nicolas Maduro ၏ စိန်ခေါ်ချက်ကို လက်ခံရန် မတ်စ်က အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

သမ္မတရွေးကောက်ပွဲတွင် တတိယအကြိမ်မြောက် အနိုင်ရရှိခဲ့သော ဗင်နီဇွဲလားခေါင်းဆောင်က မက်စ်သည် နိုင်ငံတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို နှောင့်ယှက်ရန် ကြိုးစားနေသည်ဟု တနင်္လာနေ့တွင် စွပ်စွဲခဲ့သည်။
မတ်စ်က Maduro အား “ရွေးကောက်ပွဲအတွင်း လိမ်လည်ခဲ့သည်” ဟူသော စွပ်စွဲချက်ကို Maduro သည် နိုင်ငံလုံးဆိုင်ရာ ရုပ်မြင်သံကြားတွင် ပြောခဲ့သော မိန့်ခွန်းအတွင်း ဘီလျံနာသူဌေးအား စိန်ခေါ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၃၁ ရက်)တွင် စွန့်ဦးတီထွင်သူ Mario Nawfal က X တွင် ပို့စ်တစ်ခုတင်ပြီး "၂၀၂၄ ခုနှစ် Maduro နဲ့ Elon ရဲ့ပြိုင်ပွဲအတွက် ဘယ်သူရှိလဲ" ရေးသားခဲ့ရာ “ကျွန်တော် လက်ခံပါတယ်” ဟု မတ်စ်က ရိုးရှင်းစွာ ဖြေကြားခဲ့သည်။

SpaceX ၏ အမှုဆောင်အရာရှိချုပ်သည် နာမည်ကြီးပုဂ္ဂိုလ်များကို တိုက်ခိုက်ရာတွင် ရာဇဝင်ရှိသည်။ အီလွန်မတ်စ်သည် Facebook တည်ထောင်သူ သူဌေးကြီး Mark Zuckerberg ကို ဆန့်ကျင် တိုက်ခိုက်ရာတွင် အနိုင်ရနိုင်ကြောင်း ကာလရှည်ကြာ အခိုင်အမာပြောဆိုလျက်ရှိသည်။ မတ်စ်နှင့် ဗင်နီဇွဲလားခေါင်းဆောင်ကြား ခိုက်ရန်ဖြစ်ပွားမှုသည် တောင်အမေရိကနိုင်ငံ၏ သမ္မတရွေးကောက်ပွဲရလဒ်များနှင့် ပတ်သက်၍ မတ်စ်ရေးသားသည့် ပိုစ့်များ၏ နောက်ဆက်တွဲဂယက်ဖြစ်သည်။

မဲများ၏ ၈၀ ရာခိုင်နှုန်းကို ရေတွက်ပြီးနောက် Maduro သည် မဲအရေအ တွက် ၅၁ ရာခိုင်နှုန်းကျော်ရရှိခဲ့ပြီး ၎င်း၏ အဓိကပြိုင်ဘက် Edmundo Gonzales ရရှိခဲ့သော မဲအရေအတွက် ၄၄ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သာလွန်နေသည့်အတွက် ဗင်နီဇွဲလား အမျိုးသားရွေးကောက်ပွဲကောင်စီ (CNE) က ရွေးကောက်ပွဲတွင် Maduro အနိုင်ရကြောင်း ကြေညာခဲ့သည်။
Maduro သည် သမ္မတ Hugo Chavez ကွယ်လွန်ပြီးနောက် ၂၀၁၃ ခုနှစ်တွင် စတင်တာဝန်ယူခဲ့ပြီး တတိယအကြိမ်မြောက် ခြောက်နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ၎င်း၏ အောင်ပွဲခံ မိန့်ခွန်းတွင် ၎င်းက အတိုက်အခံများကို လှောင်ပြောင်ခဲ့သည်။ ဗင်နီဇွဲလားသမ္မတက ၎င်း၏ ပြန်လည်ရွေးကောက်ခံရမှုသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ယူဆောင်လာမည်ဟု ပြောကြားခဲ့သည်။

zawgyi version
ဗင္နီဇြဲလားသမၼတ၏ စိန္ေခၚမႈကို အီလြန္မတ္စ္ လက္ခံ
ALynn (NP News) - ဩဂုတ္ ၁

SpaceX ႏွင့္ Tesla အမႈေဆာင္အရာရွိခ်ဳပ္ အီလြန္မတ္စ္ထံမွ လိမ္လည္မႈစြပ္စြဲခ်က္မ်ားကို တြန္းလွန္ရန္ ဗင္နီဇြဲလားသမၼတ Nicolas Maduro ၏ စိန္ေခၚခ်က္ကို လက္ခံရန္ မတ္စ္က အသင့္ရွိေၾကာင္း ေျပာၾကားခဲ့သည္။

သမၼတေ႐ြးေကာက္ပြဲတြင္ တတိယအႀကိမ္ေျမာက္ အႏိုင္ရရွိခဲ့ေသာ ဗင္နီဇြဲလားေခါင္းေဆာင္က မက္စ္သည္ ႏိုင္ငံတြင္းၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးကို ေႏွာင့္ယွက္ရန္ ႀကိဳးစားေနသည္ဟု တနလၤာေန႔တြင္ စြပ္စြဲခဲ့သည္။
မတ္စ္က Maduro အား “ေ႐ြးေကာက္ပြဲအတြင္း လိမ္လည္ခဲ့သည္” ဟူေသာ စြပ္စြဲခ်က္ကို Maduro သည္ ႏိုင္ငံလုံးဆိုင္ရာ ႐ုပ္ျမင္သံၾကားတြင္ ေျပာခဲ့ေသာ မိန႔္ခြန္းအတြင္း ဘီလ်ံနာသူေဌးအား စိန္ေခၚျခင္းျဖင့္ တုံ႔ျပန္ခဲ့သည္။ ဗုဒၶဟူးေန႔ (ဇူလိုင္လ ၃၁ ရက္)တြင္ စြန႔္ဦးတီထြင္သူ Mario Nawfal က X တြင္ ပို႔စ္တစ္ခုတင္ၿပီး "၂၀၂၄ ခုႏွစ္ Maduro နဲ႔ Elon ရဲ႕ၿပိဳင္ပြဲအတြက္ ဘယ္သူရွိလဲ" ေရးသားခဲ့ရာ “ကြၽန္ေတာ္ လက္ခံပါတယ္” ဟု မတ္စ္က ႐ိုးရွင္းစြာ ေျဖၾကားခဲ့သည္။

SpaceX ၏ အမႈေဆာင္အရာရွိခ်ဳပ္သည္ နာမည္ႀကီးပုဂၢိဳလ္မ်ားကို တိုက္ခိုက္ရာတြင္ ရာဇဝင္ရွိသည္။ အီလြန္မတ္စ္သည္ Facebook တည္ေထာင္သူ သူေဌးႀကီး Mark Zuckerberg ကို ဆန႔္က်င္ တိုက္ခိုက္ရာတြင္ အႏိုင္ရႏိုင္ေၾကာင္း ကာလရွည္ၾကာ အခိုင္အမာေျပာဆိုလ်က္ရွိသည္။ မတ္စ္ႏွင့္ ဗင္နီဇြဲလားေခါင္းေဆာင္ၾကား ခိုက္ရန္ျဖစ္ပြားမႈသည္ ေတာင္အေမရိကႏိုင္ငံ၏ သမၼတေ႐ြးေကာက္ပြဲရလဒ္မ်ားႏွင့္ ပတ္သက္၍ မတ္စ္ေရးသားသည့္ ပိုစ့္မ်ား၏ ေနာက္ဆက္တြဲဂယက္ျဖစ္သည္။

မဲမ်ား၏ ၈၀ ရာခိုင္ႏႈန္းကို ေရတြက္ၿပီးေနာက္ Maduro သည္ မဲအေရအ တြက္ ၅၁ ရာခိုင္ႏႈန္းေက်ာ္ရရွိခဲ့ၿပီး ၎၏ အဓိကၿပိဳင္ဘက္ Edmundo Gonzales ရရွိခဲ့ေသာ မဲအေရအတြက္ ၄၄ ရာခိုင္ႏႈန္းႏွင့္ ႏႈိင္းယွဥ္ပါက သာလြန္ေနသည့္အတြက္ ဗင္နီဇြဲလား အမ်ိဳးသားေ႐ြးေကာက္ပြဲေကာင္စီ (CNE) က ေ႐ြးေကာက္ပြဲတြင္ Maduro အႏိုင္ရေၾကာင္း ေၾကညာခဲ့သည္။
Maduro သည္ သမၼတ Hugo Chavez ကြယ္လြန္ၿပီးေနာက္ ၂၀၁၃ ခုႏွစ္တြင္ စတင္တာဝန္ယူခဲ့ၿပီး တတိယအႀကိမ္ေျမာက္ ေျခာက္ႏွစ္ဆက္တိုက္ တာဝန္ထမ္းေဆာင္မည္ျဖစ္သည္။ ၎၏ ေအာင္ပြဲခံ မိန႔္ခြန္းတြင္ ၎က အတိုက္အခံမ်ားကို ေလွာင္ေျပာင္ခဲ့သည္။ ဗင္နီဇြဲလားသမၼတက ၎၏ ျပန္လည္ေ႐ြးေကာက္ခံရမႈသည္ ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္မႈကို ယူေဆာင္လာမည္ဟု ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.