ခါလစ်မာရှယ်ဆိုသူ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်အသစ်ဖြစ်လာဖွယ်ရှိနေ
1195
ဂျန်ဇက် (NP News) - သြဂုတ် ၁
အီရန်နိုင်ငံမှာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်လုပ်ကြံခံရပြီးနောက် ခါလစ်မီရှယ်ဟာ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဖြစ်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဟာ အီရန်နိုင်ငံမှာ ကျင်းပတဲ့ သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ချိန်အတွင်း လေကြောင်းကနေ ဒုံးကျည်နဲ့ပစ်မှတ်ထား တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ရကြောင်း သိရပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် တာဝန်ယူဖွယ်ရှိနေတဲ့ ခါလစ်ဟာ ၁၉၉၇ ခုနှစ်တုန်းက အစ္စရေး စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့လုပ်ကြံသတ်ဖြတ်ခြင်းကနေ လွတ်မြောက်ခဲ့သူဖြစ်ပါတယ်။ ခါလစ်ဟာ ၁၉၉၇ ခုနှစ်တုန်းက ဂျော်ဒန်နိုင်ငံ မြို့တော်နားမှာ လမ်းမပေါ်မှာ လုပ်ကြံခံရခြင်းနဲ့တွေ့ကြုံခဲ့ပြီး အသက်ရှင် လွှတ်မြောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အီရန်နိုင်ငံဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်လုပ်ကြံခံရမှုနောက်ကွယ်မှာ အစ္စရေးနဲ့ အမေရိကန် နိုင်ငံတို့ ပါဝင်နေကြောင်း စွပ်စွဲပြောဆိုထားပါတယ်။ အီရန်သမ္မတအသစ်ကတော့ အဲဒီလုပ်ကြံမှုတွေနဲ့ပတ်သက်ပြီး လက်တုံ့ပြန်မှာဖြစ်သလို နိုင်ငံပိုင်နက်တွေကို ကာကွယ်သွားမယ်လို့ ပြောပါတယ်။ ဟားမက်စ်ခေါင်းဆောင် ဟာနီယက် လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး အရှေ့အလယ်ပိုင်းဒေသမှာ စစ်မီးပိုမိုတောင်လောင်လာမှာ စိုးရိမ်နေပါ တယ်။
ဟာနီယက်ဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲ အဆုံးသတ်ရေးအတွက် ဦးဆောင်ဆွေးနွေးနေသူဖြစ်ပါတယ်။ အစ္စရေးနိုင်ငံဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင် ရေးအတွက် ကြိုးပမ်းနေရာ လက်ရှိအချိန်မှာ ဟားမက်စ်ခေါင်းဆောင်တွေကို လုပ်ကြံဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
Zawgyi Version;
ခါလစ္မာရွယ္ဆိုသူ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္အသစ္ျဖစ္လာဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁
အီရန္ႏိုင္ငံမွာ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္လုပ္ႀကံခံရၿပီးေနာက္ ခါလစ္မီရွယ္ဟာ ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ျဖစ္လာဖြယ္ရွိေနတယ္လို႔ သိရပါတယ္။
ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ဟာ အီရန္ႏိုင္ငံမွာ က်င္းပတဲ့ သမၼတအသစ္ က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္ခ်ိန္အတြင္း ေလေၾကာင္းကေန ဒုံးက်ည္နဲ႔ပစ္မွတ္ထား တိုက္ခိုက္ခံရၿပီး ေသဆုံးခဲ့ရေၾကာင္း သိရပါတယ္။
ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ တာဝန္ယူဖြယ္ရွိေနတဲ့ ခါလစ္ဟာ ၁၉၉၇ ခုႏွစ္တုန္းက အစၥေရး စစ္ေထာက္လွမ္းေရးအဖြဲ႕ရဲ႕လုပ္ႀကံသတ္ျဖတ္ျခင္းကေန လြတ္ေျမာက္ခဲ့သူျဖစ္ပါတယ္။ ခါလစ္ဟာ ၁၉၉၇ ခုႏွစ္တုန္းက ေဂ်ာ္ဒန္ႏိုင္ငံ ၿမိဳ႕ေတာ္နားမွာ လမ္းမေပၚမွာ လုပ္ႀကံခံရျခင္းနဲ႔ေတြ႕ႀကဳံခဲ့ၿပီး အသက္ရွင္ လႊတ္ေျမာက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
အီရန္ႏိုင္ငံဟာ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္လုပ္ႀကံခံရမႈေနာက္ကြယ္မွာ အစၥေရးနဲ႔ အေမရိကန္ ႏိုင္ငံတို႔ ပါဝင္ေနေၾကာင္း စြပ္စြဲေျပာဆိုထားပါတယ္။ အီရန္သမၼတအသစ္ကေတာ့ အဲဒီလုပ္ႀကံမႈေတြနဲ႔ပတ္သက္ၿပီး လက္တုံ႔ျပန္မွာျဖစ္သလို ႏိုင္ငံပိုင္နက္ေတြကို ကာကြယ္သြားမယ္လို႔ ေျပာပါတယ္။ ဟားမက္စ္ေခါင္းေဆာင္ ဟာနီယက္ လုပ္ႀကံခံရမႈနဲ႔ပတ္သက္ၿပီး အေရွ႕အလယ္ပိုင္းေဒသမွာ စစ္မီးပိုမိုေတာင္ေလာင္လာမွာ စိုးရိမ္ေနပါ တယ္။
ဟာနီယက္ဟာ အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲ အဆုံးသတ္ေရးအတြက္ ဦးေဆာင္ေဆြးေႏြးေနသူျဖစ္ပါတယ္။ အစၥေရးႏိုင္ငံဟာ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ကို အျမစ္ျပတ္ေခ်မႈန္းႏိုင္ ေရးအတြက္ ႀကိဳးပမ္းေနရာ လက္ရွိအခ်ိန္မွာ ဟားမက္စ္ေခါင္းေဆာင္ေတြကို လုပ္ႀကံဖို႔ ႀကိဳးပမ္းေနတယ္လို႔ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။