ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ထပ်မံပြုလုပ်မယ့် ကမ္ဘာဖိုရမ်အစည်းအဝေးကို ရုရှားကိုယ်စားလှယ်အဖွဲ့တက်ရောက်စေလိုဟု ယူကရိန်းသမ္မတပြော
1112
ဂျန်ဇက် (NP News) - သြဂုတ် ၁
ယူကရိန်းသမ္မတ ဇီလန်စကီးက ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ထပ်မံပြုလုပ်မယ့် ကမ္ဘာဖိုရမ်အစည်းအဝေး မှာ ရုရှားအစိုးရကိုယ်စားလှယ်တွေအပြင် အခြားကမ္ဘာခေါင်းဆောင်တွေကို တက်ရောက်စေလိုကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ထိပ်သီးအစည်းအဝေးကို ပြီးခဲ့တဲ့ဇွန်လအတွင်း ဆွတ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့ရာ ကမ္ဘာနိုင်ငံပေါင်း ၉ဝ ရဲ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းသမ္မတက ဒီနှစ်အတွင်း ဒုတိယအကြိမ်ထပ်မံကျင်းပမယ့် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ကမ္ဘာထိပ်သီးအစည်းအဝေးကို ရုရှားနိုင်ငံ ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်ရစေလိုကြောင်း ပြောပါတယ်။
ယူကရိန်းသမ္မတက "တစ်ကမ္ဘာလုံးဟာ ရုရှားအစိုးရတာဝန်ရှိသူတွေကို အစည်းအဝေးတက်ရောက်ဖို့ လိုလားနေပါ တယ်။ တစ်ကမ္ဘာလုံးဟာ ရုရှားကို ဆန့်ကျင်တာမျိုး မလုပ်စေဘူး" လို့ ပြောပါတယ်။
ရုရှားသမ္မတပူတင်က ၎င်းအနေနဲ့ ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်း ဖွင့်လှစ်ထား ကြောင်း၊ ဒါပေမယ့် ယူကရိန်းဟာ ရုရှားပိုင်နက်အဖြစ်သတ်မှတ်ထားတဲ့အရပ်ဒေသတွေကနေ ပြန်ဆုတ်ခွာရမှာ ဖြစ်ကြောင်း ပြောပါတယ်။
ယူကရိန်းသမ္မတက "တရုတ်နိုင်ငံကသာ လိုလားမှုရှိမယ်ဆိုရင် ရုရှားစစ်ပွဲကို ရပ်အောင်လုပ်ဆောင်လို့ရတယ်။ တရုတ်နိုင်ငံဟာ လက်ရှိကမ္ဘာကြီးမှာ အဓိကသြဇာကြီးမားတဲ့နိုင်ငံဖြစ်တယ်။ တရုတ်နိုင်ငံကို ရုရှားနဲ့ ယူကရိန်း ဖြစ်ပွားနေတဲ့စစ်ပွဲအဆုံးသတ်ဖို့ ကြားဝင်စေ့စပ်တာမျိုးမလိုချင်ဘူး၊ တရုတ်နိုင်ငံက ရုရှားကိုဖိအားပေးတာမျိုး လိုချင်တယ်" လို့ပြောပါတယ်။
ယူကရိန်းနဲ့ ရုရှားကြားဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်စေဖို့ ဇွန်လအတွင်းပြုလုပ်ခဲ့တဲ့ ကမ္ဘာနိုင်ငံတွေရဲ့အစည်း အဝေးမှာ ရုရှားကို ဖိတ်ကြားခြင်းမျိုးမရှိခဲ့ရာ ရုရှားနိုင်ငံ အပါအဝင် ၎င်းနဲ့နီးစပ်တဲ့နိုင်ငံအချို့တက်ရောက်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။
Zawgyi Version;
ယူကရိန္းစစ္ပြဲအဆုံးသတ္ေရးအတြက္ ထပ္မံျပဳလုပ္မယ့္ ကမာၻဖိုရမ္အစည္းအေဝးကို ႐ုရွားကိုယ္စားလွယ္အဖြဲ႕တက္ေရာက္ေစလိုဟု ယူကရိန္းသမၼတေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁
ယူကရိန္းသမၼတ ဇီလန္စကီးက ယူကရိန္းစစ္ပြဲအဆုံးသတ္ေရးအတြက္ ထပ္မံျပဳလုပ္မယ့္ ကမာၻဖိုရမ္အစည္းအေဝး မွာ ႐ုရွားအစိုးရကိုယ္စားလွယ္ေတြအျပင္ အျခားကမာၻေခါင္းေဆာင္ေတြကို တက္ေရာက္ေစလိုေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
ယူကရိန္းစစ္ပြဲ အဆုံးသတ္ေရးအတြက္ ထိပ္သီးအစည္းအေဝးကို ၿပီးခဲ့တဲ့ဇြန္လအတြင္း ဆြတ္ဇာလန္ႏိုင္ငံမွာ က်င္းပခဲ့ရာ ကမာၻႏိုင္ငံေပါင္း ၉ဝ ရဲ႕ေခါင္းေဆာင္ေတြ တက္ေရာက္ခဲ့ေၾကာင္းသိရပါတယ္။ ယူကရိန္းသမၼတက ဒီႏွစ္အတြင္း ဒုတိယအႀကိမ္ထပ္မံက်င္းပမယ့္ ယူကရိန္းစစ္ပြဲအဆုံးသတ္ေရး ကမာၻထိပ္သီးအစည္းအေဝးကို ႐ုရွားႏိုင္ငံ ကိုယ္စားလွယ္ေတြကို တက္ေရာက္ခြင့္ရေစလိုေၾကာင္း ေျပာပါတယ္။
ယူကရိန္းသမၼတက "တစ္ကမာၻလုံးဟာ ႐ုရွားအစိုးရတာဝန္ရွိသူေတြကို အစည္းအေဝးတက္ေရာက္ဖို႔ လိုလားေနပါ တယ္။ တစ္ကမာၻလုံးဟာ ႐ုရွားကို ဆန႔္က်င္တာမ်ိဳး မလုပ္ေစဘူး" လို႔ ေျပာပါတယ္။
႐ုရွားသမၼတပူတင္က ၎အေနနဲ႔ ယူကရိန္းစစ္ပြဲအဆုံးသတ္ဖို႔ ေစ့စပ္ေဆြးေႏြးေရးလမ္းေၾကာင္း ဖြင့္လွစ္ထား ေၾကာင္း၊ ဒါေပမယ့္ ယူကရိန္းဟာ ႐ုရွားပိုင္နက္အျဖစ္သတ္မွတ္ထားတဲ့အရပ္ေဒသေတြကေန ျပန္ဆုတ္ခြာရမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။
ယူကရိန္းသမၼတက "တ႐ုတ္ႏိုင္ငံကသာ လိုလားမႈရွိမယ္ဆိုရင္ ႐ုရွားစစ္ပြဲကို ရပ္ေအာင္လုပ္ေဆာင္လို႔ရတယ္။ တ႐ုတ္ႏိုင္ငံဟာ လက္ရွိကမာၻႀကီးမွာ အဓိကၾသဇာႀကီးမားတဲ့ႏိုင္ငံျဖစ္တယ္။ တ႐ုတ္ႏိုင္ငံကို ႐ုရွားနဲ႔ ယူကရိန္း ျဖစ္ပြားေနတဲ့စစ္ပြဲအဆုံးသတ္ဖို႔ ၾကားဝင္ေစ့စပ္တာမ်ိဳးမလိုခ်င္ဘူး၊ တ႐ုတ္ႏိုင္ငံက ႐ုရွားကိုဖိအားေပးတာမ်ိဳး လိုခ်င္တယ္" လို႔ေျပာပါတယ္။
ယူကရိန္းနဲ႔ ႐ုရွားၾကားျဖစ္ပြားေနတဲ့ စစ္ပြဲအဆုံးသတ္ေစဖို႔ ဇြန္လအတြင္းျပဳလုပ္ခဲ့တဲ့ ကမာၻႏိုင္ငံေတြရဲ႕အစည္း အေဝးမွာ ႐ုရွားကို ဖိတ္ၾကားျခင္းမ်ိဳးမရွိခဲ့ရာ ႐ုရွားႏိုင္ငံ အပါအဝင္ ၎နဲ႔နီးစပ္တဲ့ႏိုင္ငံအခ်ိဳ႕တက္ေရာက္ျခင္း မရွိခဲ့ေၾကာင္း သိရပါတယ္။