အစ္စရေးနိုင်ငံကို တိုက်ရိုက်တိုက်ခိုက်ဖို့ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အမိန့်ပေး

 6717

ဂျန်ဇက် (NP News) - ဩဂုတ် ၁

အီရန်နိုင်ငံရဲ့အမြင့်ဆုံး ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက အီရန်နိုင်ငံအတွင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ဟာနီယက် လုပ်ကြံအသတ်ခံရမှုတွေကို လက်တုံ့ပြန်နိုင်ဖို့ အစ္စရေးနိုင်ငံကို တိုက်ရိုက်တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ကြောင်း အမေရိကန် အခြေစိုက်နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြထားပါတယ်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် အစ္စမေးလ်ဟာနီယက်ဟာ ဇူလိုင် ၃၀ ရက်နေ့က အီရန်နိုင်ငံမှာကျင်းပတဲ့ သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်လာချိန်အတွင်း လေကြောင်းကနေ လုပ်ကြံတိုက် ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ နံနက်ပိုင်းမှာ အီရန်နိုင်ငံရဲ့အမြင့်ဆုံးအမျိုးသား လုံခြုံရေးကောင်စီအစည်းအဝေးကို ကျင်းပခဲ့ပြီးနောက် အယာတိုလာခါမေနီဟာ အစ္စရေးနိုင်ငံကိုတိုက်ခိုက်ဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အီရန်နဲ့ အစ္စရေးနိုင်ငံကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ဖူးကြောင်းသိရပါတယ်။

အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်က "ကျွန်တော်တို့ အိမ်ကိုလာရောက်လည်ပတ်တဲ့ ဧည့်သည်လုပ်ကြံခံရမှုတွေအတွက် လက်စားချေဖို့ ပြန်လည်စဉ်းစားရမယ်။"လို့ ပြောပါတယ်။ အစ္စရေးနိုင်ငံကတော့ အဲဒီလုပ်ကြံမှုနဲ့ပတ်သက်ပြီး ငြင်းဆန်ခြင်း၊ ဝန်ခံခြင်းမျိုးမရှိသေးကြောင်း သိရပါတယ်။ အစ္စရေးဟာ ဟားမက်စ်လက်နက် ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခဲ့ရပြီးနောက် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကိုသုတ်သင်ဖို့ ပစ်မှတ်ထားနေခဲ့ကြောင်းသိရပါတယ်။ အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း ဂါဇာဒေသကို တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး (၄)သောင်းနီးပါး သေဆုံးခဲ့ရကြောင်းသိရပါတယ်။

zawgyi version
အစၥေရးႏိုင္ငံကို တိုက္႐ိုက္တိုက္ခိုက္ဖို႔ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အမိန႔္ေပး
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁

အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီက အီရန္ႏိုင္ငံအတြင္း ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ အစၥေမးလ္ ဟာနီယက္ လုပ္ႀကံအသတ္ခံရမႈေတြကို လက္တုံ႔ျပန္ႏိုင္ဖို႔ အစၥေရးႏိုင္ငံကို တိုက္႐ိုက္တိုက္ခိုက္ဖို႔ အမိန႔္ေပးလိုက္ေၾကာင္း အေမရိကန္ အေျခစိုက္နယူးေယာက္တိုင္းမ္ သတင္းဌာနက ေဖာ္ျပထားပါတယ္။

ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ အစၥေမးလ္ဟာနီယက္ဟာ ဇူလိုင္ ၃၀ ရက္ေန႔က အီရန္ႏိုင္ငံမွာက်င္းပတဲ့ သမၼတအသစ္ က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္လာခ်ိန္အတြင္း ေလေၾကာင္းကေန လုပ္ႀကံတိုက္ ခိုက္ခံခဲ့ရတာျဖစ္ပါတယ္။ ဇူလိုင္ ၃၁ ရက္ေန႔ နံနက္ပိုင္းမွာ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးအမ်ိဳးသား လုံၿခဳံေရးေကာင္စီအစည္းအေဝးကို က်င္းပခဲ့ၿပီးေနာက္ အယာတိုလာခါေမနီဟာ အစၥေရးႏိုင္ငံကိုတိုက္ခိုက္ဖို႔ ၫႊန္ၾကားခဲ့တာျဖစ္ပါတယ္။ အစၥေရး နဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား ဂါဇာစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အီရန္နဲ႔ အစၥေရးႏိုင္ငံၾကား အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြျဖစ္ပြားခဲ့ဖူးေၾကာင္းသိရပါတယ္။

အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္က "ကြၽန္ေတာ္တို႔ အိမ္ကိုလာေရာက္လည္ပတ္တဲ့ ဧည့္သည္လုပ္ႀကံခံရမႈေတြအတြက္ လက္စားေခ်ဖို႔ ျပန္လည္စဥ္းစားရမယ္။"လို႔ ေျပာပါတယ္။ အစၥေရးႏိုင္ငံကေတာ့ အဲဒီလုပ္ႀကံမႈနဲ႔ပတ္သက္ၿပီး ျငင္းဆန္ျခင္း၊ ဝန္ခံျခင္းမ်ိဳးမရွိေသးေၾကာင္း သိရပါတယ္။ အစၥေရးဟာ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ရဲ႕တိုက္ခိုက္မႈေတြကို ရင္ဆိုင္ခဲ့ရၿပီးေနာက္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ေတြကိုသုတ္သင္ဖို႔ ပစ္မွတ္ထားေနခဲ့ေၾကာင္းသိရပါတယ္။ အစၥေရးဟာ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ရဲ႕တိုက္ခိုက္မႈေတြကို ရင္ဆိုင္ခဲ့ရၿပီးေနာက္ပိုင္း ဂါဇာေဒသကို တိုက္ခိုက္ခဲ့ရာ ပါလက္စတိုင္းလူမ်ိဳး အနည္းဆုံး (၄)ေသာင္းနီးပါး ေသဆုံးခဲ့ရေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.