(၃)နှစ်ကျော်ကာလအတွင်း PDF အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ/ နိုင်ငံဝန်ထမ်း(၇၂၀၀)ကျော် သေဆုံးခဲ့ရ
3223
သန့်ဇင် (NP News) - ဩဂုတ် ၁
(၃)နှစ်ကျော်ကာလအတွင်း PDF အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ/ နိုင်ငံဝန်ထမ်း(၇၂၀၀)ကျော် သေဆုံးခဲ့ရကြောင်း ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ဇူလိုင်(၃၁)ရက်နေ့က နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်း အဝေးတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရယူပြီးသည့်နောက်ပိုင်း တိုင်းပြည်တည် ငြိမ်အေးချမ်းရေး နှင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးလမ်းကြောင်းကို ဦးတည်ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်း ရဟန်း/ သံဃာ ၈၄ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦး သေဆုံးခဲ့ရကြောင်း ထည့်သွင်းပြောကြားသည်။
ထို့ပြင် အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုကြောင့် ပညာရေး၊ ကျန်းမာ ရေး နှင့် လူနေအဆောက်အအုံ အပါအဝင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအဆောက်အအုံ ၁၀၉၃၀ လုံးတို့လည်း ဖျက်ဆီးခြင်းခံခဲ့ရကြောင်းလည်း ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြော သည်။
ငြိမ်းချမ်းရေးမလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့်လည်း လက်နက်ကိုင်အကြမ်းဖက်သည့်လမ်းစဉ်ကို အခြေခံပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်ယွင်းအောင် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ပြုလုပ်နေကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် EAO အဖွဲ့များကို ခေါ်ယူတွေ့ဆုံခဲ့ရာတွင် ၎င်းတို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို လက်ခံသဘောတူကြောင်းကို ပြောကြားခဲ့သော်လည်း လက်ရှိအချိန်တွင် အချို့ EAO များအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ချိုးဖောက်နေသည်ကို တွေ့ရှိရကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
zawgyi version
(၃)ႏွစ္ေက်ာ္ကာလအတြင္း PDF အဖြဲ႕၏ အၾကမ္းဖက္တိုက္ခိုက္မႈေၾကာင့္ အျပစ္မဲ့ျပည္သူ/ ႏိုင္ငံဝန္ထမ္း(၇၂၀၀)ေက်ာ္ ေသဆုံးခဲ့ရ
သန႔္ဇင္ (NP News) - ဩဂုတ္ ၁
(၃)ႏွစ္ေက်ာ္ကာလအတြင္း PDF အဖြဲ႕၏ အၾကမ္းဖက္တိုက္ခိုက္မႈေၾကာင့္ အျပစ္မဲ့ ျပည္သူ/ ႏိုင္ငံဝန္ထမ္း(၇၂၀၀)ေက်ာ္ ေသဆုံးခဲ့ရေၾကာင္း ယာယီသမၼတ(တာဝန္)၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
ဇူလိုင္(၃၁)ရက္ေန႔က ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး အစည္းအေဝးခန္းမတြင္ က်င္းပေသာ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအစည္း အေဝးတြင္ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ႏိုင္ငံေတာ္၏တာဝန္မ်ားကို ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ ရယူၿပီးသည့္ေနာက္ပိုင္း တိုင္းျပည္တည္ ၿငိမ္ေအးခ်မ္းေရး ႏွင့္ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာေရးလမ္းေၾကာင္းကို ဦးတည္ေဆာင္႐ြက္ရာတြင္ ဥပေဒႏွင့္အညီ ေဆာင္႐ြက္ခဲ့ေၾကာင္း ယာယီသမၼတ(တာဝန္)၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကေျပာသည္။
အၾကမ္းဖက္တိုက္ခိုက္ခံရမႈေၾကာင့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္မွ ၂၀၂၄ ခုႏွစ္၊ ဇူလိုင္လ ၂၇ ရက္အထိ ႏိုင္ငံတစ္ဝန္း ရဟန္း/ သံဃာ ၈၄ ပါး ပ်ံလြန္ေတာ္မူခဲ့ၿပီး အျပစ္မဲ့ျပည္သူ/ႏိုင္ငံ့ဝန္ထမ္း ၇၂၈၄ ဦး ေသဆုံးခဲ့ရေၾကာင္း ထည့္သြင္းေျပာၾကားသည္။
ထို႔ျပင္ အၾကမ္းဖက္သမားမ်ား၏တိုက္ခိုက္မႈေၾကာင့္ ပညာေရး၊ က်န္းမာ ေရး ႏွင့္ လူေနအေဆာက္အအုံ အပါအဝင္ ႏိုင္ငံဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ အေျခခံအေဆာက္အအုံ ၁၀၉၃၀ လုံးတို႔လည္း ဖ်က္ဆီးျခင္းခံခဲ့ရေၾကာင္းလည္း ယာယီသမၼတ(တာဝန္)၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကေျပာ သည္။
ၿငိမ္းခ်မ္းေရးမလိုလားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕အေနျဖင့္လည္း လက္နက္ကိုင္အၾကမ္းဖက္သည့္လမ္းစဥ္ကို အေျခခံၿပီး ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းမႈပ်က္ယြင္းေအာင္ နည္းလမ္းမ်ိဳးစုံျဖင့္ ဆက္လက္ျပဳလုပ္ေနေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။
ထို႔ေနာက္ EAO အဖြဲ႕မ်ားကို ေခၚယူေတြ႕ဆုံခဲ့ရာတြင္ ၎တို႔အေနျဖင့္ ဒို႔တာဝန္အေရးသုံးပါးကို လက္ခံသေဘာတူေၾကာင္းကို ေျပာၾကားခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ အခ်ိဳ႕ EAO မ်ားအေနျဖင့္ ဒို႔တာဝန္အေရးသုံးပါးကို ခ်ိဳးေဖာက္ေနသည္ကို ေတြ႕ရွိရေၾကာင္း ယာယီသမၼတ(တာဝန္) တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။