ပဲခူးရေကြီးမှု(၆)ရက်အတွင်း ရေနစ်သေဆုံးသူနှင့် ဓာတ်လိုက်သေဆုံးသူ(၆)ဦးထက်မနည်းရှိ
843
သန့်ဇင် (NP News) - ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင်းရေကြီးမှု (၆)ရက်အတွင်း ရေနစ်သေ ဆုံးသူနှင့် ဓာတ်လိုက်သေဆုံးသူ(၆)ဦးထက် မနည်းရှိကြောင်း ရေဘေးကယ် ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေသည့် ဒေသခံပရဟိတအသင်းများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်မှစတင်ကာ ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ ဒေသခံများစွာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ ထို့ပြင် ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး (၆)ရက်ခန့်အကြာ ယနေ့(ဩဂုတ် လ ၁ရက်)အထိ ပဲခူးမြို့တွင် ရေနစ်သေဆုံးသူနှင့် ဓာတ်လိုက်သေဆုံးသူ အပါအဝင် စုစုပေါင်း (၆)ဦးထက်မနည်းရှိကြောင်း သိရသည်။
“ဆက်သွယ်ရေးရုံးကတစ်ယောက်က ဝိုင်ဖိုင်ကြိုးတွေပြတ်နေလို့တက်ပြင်ရင်းနဲ့ ဓာတ်လိုက်သွားတာတစ်ယောက်။ ကျန်တာတွေလည်း ရှိတယ် (၇)လောင်းလောက်ကိုရှိသွားပြီ။ (၇)ရပ်ကွက်မှာလည်းတစ်ယောက်ဆုံးတယ်။ နောက်တစ်ယောက်က ဒက္ခိဏသာခါမှာရေဘေး ကယ်ဆယ်ရေးနဲ့ လာကပ်နေတာ။ ကယ်ဆယ်ရေးစခန်းကို ပြန်မရောက်လာတော့ အလောင်းပေါ်တာကိုတွေ့တာလေ။ အဲဒါကတစ်လောင်း။ နောက်ပြီး မူးနေတာလည်းပါမှာပေါ့ အဲဒီလူကလည်း ရေနစ်တာရှိတယ်”ဟု ဒေသခံပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
လက်ရှိအချိန်ထိ ပဲခူးမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်(၂၁)အုပ်စုမှ အိမ်ထောင်စုများအတွက် ရေဘေးရှောင်စခန်း(၃၄)ခုဖွင့် လှစ်ကာ ကူညီကယ်ဆယ်ရေးများဆောင်ရွက်လျက်ရှိကြောင်းလည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “ဒီနေ့ထိနောက်ဆုံးရတဲ့စာရင်းဆိုရင် အိမ်ခြေပေါင်းက (၇၇၀၃)ခု။ အိမ်ထောင်စုက (၇၈၁၁)စု။ ကျားက (၁၄၉၁၇)ဦး။ မက (၁၇၅၀၇)ဦး။ စုစုပေါင်းဒေသခံ (၃၂၄၂၄)ဦးကိုစောင့်ရှောက်ထားပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
ထို့ပြင် ပဲခူးတိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ဒေသများမှ အခြေခံ ပညာကျောင်းပေါင်း(၂၄၆)ကျောင်းအား ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။ ယနေ့(ဩဂုတ်လ ၁ ရက်)၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် တိုင်းထွာချက်အရက် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်ထက်သို့ (၃)ပေခန့် ကျော်လွန်ရောက်နေပြီး နောက်တစ်ရက်အတွင်း (၁)ပေခန့်ကျဆင်းလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၆)ခုထက်မနည်းတွင် မြို့နယ်ပေါင်း(၂၀)ထက်မနည်း ရေကြီးရေလျှံမှုဖြစ်ပွားကာ အိမ်ထောင်စုများစွာ ရေကြီးရေလျှံမှုဒဏ်ခံစားခဲ့ရပြီး လက်ရှိအချိန်ထိ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်းသိရသည်။
zawgyi version
ပဲခူးေရႀကီးမႈ(၆)ရက္အတြင္း ေရနစ္ေသဆုံးသူႏွင့္ ဓာတ္လိုက္ေသဆုံးသူ(၆)ဦးထက္မနည္းရွိ
သန႔္ဇင္ (NP News) - ဩဂုတ္ ၁
ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕နယ္တြင္းေရႀကီးမႈ (၆)ရက္အတြင္း ေရနစ္ေသ ဆုံးသူႏွင့္ ဓာတ္လိုက္ေသဆုံးသူ(၆)ဦးထက္ မနည္းရွိေၾကာင္း ေရေဘးကယ္ ဆယ္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္ေနသည့္ ေဒသခံပရဟိတအသင္းမ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ ၂၆ ရက္မွစတင္ကာ ပဲခူးၿမိဳ႕နယ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ ပဲခူးျမစ္ေရျမင့္တက္လာမႈေၾကာင့္ ေရႀကီးေရလွ်ံမႈျဖစ္ကာ ေဒသခံမ်ားစြာ ေရေဘးကယ္ဆယ္ေရးစခန္းမ်ားသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ရသည္။ ထို႔ျပင္ ေရႀကီးေရလွ်ံမႈျဖစ္ေပၚၿပီး (၆)ရက္ခန႔္အၾကာ ယေန႔(ဩဂုတ္ လ ၁ရက္)အထိ ပဲခူးၿမိဳ႕တြင္ ေရနစ္ေသဆုံးသူႏွင့္ ဓာတ္လိုက္ေသဆုံးသူ အပါအဝင္ စုစုေပါင္း (၆)ဦးထက္မနည္းရွိေၾကာင္း သိရသည္။
“ဆက္သြယ္ေရး႐ုံးကတစ္ေယာက္က ဝိုင္ဖိုင္ႀကိဳးေတြျပတ္ေနလို႔တက္ျပင္ရင္းနဲ႔ ဓာတ္လိုက္သြားတာတစ္ေယာက္။ က်န္တာေတြလည္း ရွိတယ္ (၇)ေလာင္းေလာက္ကိုရွိသြားၿပီ။ (၇)ရပ္ကြက္မွာလည္းတစ္ေယာက္ဆုံးတယ္။ ေနာက္တစ္ေယာက္က ဒကၡိဏသာခါမွာေရေဘး ကယ္ဆယ္ေရးနဲ႔ လာကပ္ေနတာ။ ကယ္ဆယ္ေရးစခန္းကို ျပန္မေရာက္လာေတာ့ အေလာင္းေပၚတာကိုေတြ႕တာေလ။ အဲဒါကတစ္ေလာင္း။ ေနာက္ၿပီး မူးေနတာလည္းပါမွာေပါ့ အဲဒီလူကလည္း ေရနစ္တာရွိတယ္”ဟု ေဒသခံပရဟိတအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
လက္ရွိအခ်ိန္ထိ ပဲခူးၿမိဳ႕နယ္အတြင္း ရပ္ကြက္ႏွင့္ေက်း႐ြာအုပ္(၂၁)အုပ္စုမွ အိမ္ေထာင္စုမ်ားအတြက္ ေရေဘးေရွာင္စခန္း(၃၄)ခုဖြင့္ လွစ္ကာ ကူညီကယ္ဆယ္ေရးမ်ားေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးကဆိုသည္။ “ဒီေန႔ထိေနာက္ဆုံးရတဲ့စာရင္းဆိုရင္ အိမ္ေျခေပါင္းက (၇၇၀၃)ခု။ အိမ္ေထာင္စုက (၇၈၁၁)စု။ က်ားက (၁၄၉၁၇)ဦး။ မက (၁၇၅၀၇)ဦး။ စုစုေပါင္းေဒသခံ (၃၂၄၂၄)ဦးကိုေစာင့္ေရွာက္ထားပါတယ္”ဟု အထက္ပါတာဝန္ရွိသူက ဆိုသည္။
ထို႔ျပင္ ပဲခူးတိုင္းအတြင္း ေရႀကီးေရလွ်ံမႈျဖစ္ပြားခဲ့သည့္ ေဒသမ်ားမွ အေျခခံ ပညာေက်ာင္းေပါင္း(၂၄၆)ေက်ာင္းအား ယာယီပိတ္ထားခဲ့ရေၾကာင္း သိရသည္။ ယေန႔(ဩဂုတ္လ ၁ ရက္)၊ မြန္းလြဲ ၁၂ နာရီခြဲအခ်ိန္တြင္ တိုင္းထြာခ်က္အရက္ ပဲခူးျမစ္ေရသည္ ပဲခူးၿမိဳ႕၏ စိုးရိမ္ေရအမွတ္ထက္သို႔ (၃)ေပခန႔္ ေက်ာ္လြန္ေရာက္ေနၿပီး ေနာက္တစ္ရက္အတြင္း (၁)ေပခန႔္က်ဆင္းလာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။
ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ျမန္မာႏိုင္ငံတစ္ဝန္းလုံးတြင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္(၆)ခုထက္မနည္းတြင္ ၿမိဳ႕နယ္ေပါင္း(၂၀)ထက္မနည္း ေရႀကီးေရလွ်ံမႈျဖစ္ပြားကာ အိမ္ေထာင္စုမ်ားစြာ ေရႀကီးေရလွ်ံမႈဒဏ္ခံစားခဲ့ရၿပီး လက္ရွိအခ်ိန္ထိ ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသမ်ားတြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနေၾကာင္းသိရသည္။