မူဆယ်မြို့တွင် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ရာ လူအများအပြား ပူးပေါင်းပါဝင်ခဲ့
986
သုတကျော် (NP News) - ဩဂုတ် ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲပြုလုပ်ခဲ့ရာ လူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြောင်း ဒေသခံများထံ မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
အဆိုပါ ဆုတောင်းပွဲကို ဇူလိုင်လ ၃၁ ရက် ညပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မူဆယ်မြို့ကြီး စစ်မက်ကင်းပါစေ အပါအဝင် ရှမ်းပြည်နယ် ငြိမ်းချမ်းရေး အတွက် ဖယောင်းတိုင်များကိုင်ကာ ဆုတောင်းခဲ့ကြခြင်းဖြစ်ပြီး တေးသီချင်းများကိုလည်း ပြိုင်တူသီဆိုခဲ့ကြခြင်း ဖြစ်သည်။
“ဆုတောင်းပွဲပါ။ အဲဒါက လူပါဝင်တာ တော်တော်များပါတယ်။ ရှမ်းတိုင်း ရင်းသားတွေက ပြုလုပ်တာပါ”ဟု မူဆယ်မြို့တွင် နေထိုင်သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ မူဆယ်မြို့သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တည်ရှိခြင်းဖြစ်ပြီး စီးပွားရေးကောင်းမွန်သော မြို့တစ်မြို့ဖြစ်ကာ အဆိုပါမြို့သို့ စစ်မီးကူးလာမည်ကို ဒေသခံများက စိုးရိမ်မှုများ ရှိနေကြောင်းလည်း သိရသည်။
“မြို့သူမြို့သားတွေကတော့ ငြိမ်းငြိမ်းချမ်းချမ်းလေး နေချင်တာပေါ့။ အခုလည်း မူဆယ်မှာက စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့ကူညီတာတွေ ရှိတယ်။ စစ်ဘေးရှောင်ကူညီရေးအတွက် ဖျော်ဖြေပွဲလုပ်တာတွေလည်း ရှိပါတယ်”ဟု အခြားဒေသခံတစ်ဦးက NP News ကို ပြောသည်။
zawgyi version
မူဆယ္ၿမိဳ႕တြင္ ၿငိမ္းခ်မ္းေရးအတြက္ ဆုေတာင္းပြဲ ျပဳလုပ္ခဲ့ရာ လူအမ်ားအျပား ပူးေပါင္းပါဝင္ခဲ့
သုတေက်ာ္ (NP News) - ဩဂုတ္ ၁
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕တြင္ ၿငိမ္းခ်မ္းေရးအတြက္ ဆုေတာင္းပြဲျပဳလုပ္ခဲ့ရာ လူအမ်ားအျပား ပူးေပါင္းပါဝင္ခဲ့ေၾကာင္း ေဒသခံမ်ားထံ ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ ဆုေတာင္းပြဲကို ဇူလိုင္လ ၃၁ ရက္ ညပိုင္းက ျပဳလုပ္ခဲ့ျခင္းျဖစ္ကာ မူဆယ္ၿမိဳ႕ႀကီး စစ္မက္ကင္းပါေစ အပါအဝင္ ရွမ္းျပည္နယ္ ၿငိမ္းခ်မ္းေရး အတြက္ ဖေယာင္းတိုင္မ်ားကိုင္ကာ ဆုေတာင္းခဲ့ၾကျခင္းျဖစ္ၿပီး ေတးသီခ်င္းမ်ားကိုလည္း ၿပိဳင္တူသီဆိုခဲ့ၾကျခင္း ျဖစ္သည္။
“ဆုေတာင္းပြဲပါ။ အဲဒါက လူပါဝင္တာ ေတာ္ေတာ္မ်ားပါတယ္။ ရွမ္းတိုင္း ရင္းသားေတြက ျပဳလုပ္တာပါ”ဟု မူဆယ္ၿမိဳ႕တြင္ ေနထိုင္သူ သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။ မူဆယ္ၿမိဳ႕သည္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ တည္ရွိျခင္းျဖစ္ၿပီး စီးပြားေရးေကာင္းမြန္ေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ကာ အဆိုပါၿမိဳ႕သို႔ စစ္မီးကူးလာမည္ကို ေဒသခံမ်ားက စိုးရိမ္မႈမ်ား ရွိေနေၾကာင္းလည္း သိရသည္။
“ၿမိဳ႕သူၿမိဳ႕သားေတြကေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေလး ေနခ်င္တာေပါ့။ အခုလည္း မူဆယ္မွာက စစ္ေဘးေရွာင္ေတြအတြက္ ေထာက္ပံ့ကူညီတာေတြ ရွိတယ္။ စစ္ေဘးေရွာင္ကူညီေရးအတြက္ ေဖ်ာ္ေျဖပြဲလုပ္တာေတြလည္း ရွိပါတယ္”ဟု အျခားေဒသခံတစ္ဦးက NP News ကို ေျပာသည္။