Korean Air လေကြောင်းလိုင်းက မိုးလေဝသ အခြေအနေကြောင့် လေယာဉ်ပေါ်မှာ ခေါက်ဆွဲဗူးဝန်ဆောင်မှုပေးခြင်း ရပ်နားမည်
3099
ရောင်နီ (NP News) - သြဂုတ် ၂
တောင်ကိုရီးယားရဲ့ Korean Air လေကြောင်းလိုင်းဟာ မိုးလေဝသအခြေအနေအရ ဝေဟင်မှာ လေထန်မယ့်ဖြစ်ရပ်တွေ ရှိနိုင်တဲ့အတွက် ၎င်းရဲ့ပျံသန်းမှုခရီးစဉ်တွေမှာ ရေနွေးကို အသုံးပြုစားသုံးရတဲ့ ramyeon (ခေါ်) ကိုရီးယားအသင့်စားခေါက်ဆွဲဗူးတွေ ဝန်ဆောင်မှုပေးခြင်းကို ရပ်တန့်ထားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလက လန်ဒန်မှ စင်ကာပူလေကြောင်းလိုင်း ပျံသန်းမှုမှာ ပြင်းထန်တဲ့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တဲ့ဖြစ်ရပ်ကြောင့် လေယာဉ်မှာဖြစ်တတ်တဲ့ တုန်ခါမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ Korea Air ရဲ့ အခုလိုဆုံးဖြတ်ချက်ကတော့ လေယာဉ်ဘေးကင်းရေးအစီအမံတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ Korean Air က သြဂုတ် ၁ ရက်၊ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ခေါက်ဆွဲဗူးဟာ Korean Air ရဲ့ဝန်ဆောင်မှုတွေထဲက ရေပန်းစားတဲ့အရာတစ်ခုဖြစ်ပါတယ်။ လက်ရှိမှာတော့ ခရီးသည်တွေကို ပူပူနွေးနွေး ခေါက်ဆွဲဗူးများ ပေးဆောင်ခြင်းကို သြဂုတ် ၁၅ ရက်မှစ ရပ်နားမှာဖြစ်ပြီး အဆာပြေ အသားညှပ်ပေါင်မုန့်များ၊ ပြောင်းဖူးမုန့်နဲ့ ရေနွေးအိတ်တွေ ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။
Korean Air ဟာ International Air Transport Association (Iata) မှ ၂၀၂၀ ပြည့်နှစ်မှာ စတင်ခဲ့တဲ့ လေကြောင်း လိုင်း ၂၁ ခုအနက်မှ တစ်ခုဖြစ်ပါတယ်။
Zawgyi Version;
Korean Air ေလေၾကာင္းလိုင္းက မိုးေလဝသ အေျခအေနေၾကာင့္ ေလယာဥ္ေပၚမွာ ေခါက္ဆြဲဗူးဝန္ေဆာင္မႈေပးျခင္း ရပ္နားမည္
ေရာင္နီ (NP News) - ၾသဂုတ္ ၂
ေတာင္ကိုရီးယားရဲ႕ Korean Air ေလေၾကာင္းလိုင္းဟာ မိုးေလဝသအေျခအေနအရ ေဝဟင္မွာ ေလထန္မယ့္ျဖစ္ရပ္ေတြ ရွိႏိုင္တဲ့အတြက္ ၎ရဲ႕ပ်ံသန္းမႈခရီးစဥ္ေတြမွာ ေရေႏြးကို အသုံးျပဳစားသုံးရတဲ့ ramyeon (ေခၚ) ကိုရီးယားအသင့္စားေခါက္ဆြဲဗူးေတြ ဝန္ေဆာင္မႈေပးျခင္းကို ရပ္တန႔္ထားမယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ ေမလက လန္ဒန္မွ စင္ကာပူေလေၾကာင္းလိုင္း ပ်ံသန္းမႈမွာ ျပင္းထန္တဲ့ မေတာ္တဆမႈတစ္ခု ျဖစ္ပြားခဲ့ၿပီး လူတစ္ဦးေသဆုံးကာ ဒါဇင္နဲ႔ခ်ီ ဒဏ္ရာရရွိခဲ့တဲ့ျဖစ္ရပ္ေၾကာင့္ ေလယာဥ္မွာျဖစ္တတ္တဲ့ တုန္ခါမႈေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြ ျမင့္တက္လာခဲ့ပါတယ္။ Korea Air ရဲ႕ အခုလိုဆုံးျဖတ္ခ်က္ကေတာ့ ေလယာဥ္ေဘးကင္းေရးအစီအမံေတြထဲက တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ Korean Air က ၾသဂုတ္ ၁ ရက္၊ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ေခါက္ဆြဲဗူးဟာ Korean Air ရဲ႕ဝန္ေဆာင္မႈေတြထဲက ေရပန္းစားတဲ့အရာတစ္ခုျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ခရီးသည္ေတြကို ပူပူေႏြးေႏြး ေခါက္ဆြဲဗူးမ်ား ေပးေဆာင္ျခင္းကို ၾသဂုတ္ ၁၅ ရက္မွစ ရပ္နားမွာျဖစ္ၿပီး အဆာေျပ အသားညႇပ္ေပါင္မုန႔္မ်ား၊ ေျပာင္းဖူးမုန႔္နဲ႔ ေရေႏြးအိတ္ေတြ ဝန္ေဆာင္မႈေပးသြားမယ္လို႔ သိရပါတယ္။
Korean Air ဟာ International Air Transport Association (Iata) မွ ၂၀၂၀ ျပည့္ႏွစ္မွာ စတင္ခဲ့တဲ့ ေလေၾကာင္း လိုင္း ၂၁ ခုအနက္မွ တစ္ခုျဖစ္ပါတယ္။