ဗီယက်နမ်မှာ အမျိုးသားတစ်ဦး၊ စအိုထဲ ငါးရှဥ့်ထည့် အာသာဖြေမိလို့ ဆေးရုံတက်ခဲ့ရ

 3769

ရောင်နီ (NP News) - သြဂုတ် ၂

ဗီယက်နမ်နိုင်ငံမှ အသက် ၃၁ နှစ်အရွယ် အိန္ဒိယအမျိုးသားတစ်ဦးဟာ အရွယ်အစား ၆၅ စင်တီမီတာခန့် အရှည် ရှိတဲ့ ငါးရှဉ့်တစ်ကောင်ကို စအိုထဲထည့် အာသာဖြေခဲ့ခြင်းကြောင့် ပြန်ထုတ်မရနိုင်ဘဲ အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ ရပါတယ်။

ဟနွိုင်း Viet Duc ဆေးရုံက ဆရာဝန်တွေရဲ့ပြောကြားချက်အရ အဆိုပါအမျိုးသားဟာ ဇူလိုင်လ ၂၇ ရက်မှာ ပြင်းထန်ဗိုက်နာ အခြေအနေနဲ့ အရေးပေါ်အခန်း ရောက်လာခဲ့ပြီး လူနာရဲ့အသက်ကို ကယ်ဆယ်ဖို့ အရေးပေါ် ခွဲစိတ်မှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ လူနာကို ချက်ချင်းစစ်ဆေးခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ အာထရာဆောင်း စကင်န်ရိုက်ခြင်းတို့ ပြုလုပ်ခဲ့ရပြီး X-ray ပုံရိပ်တွေမှာ ရေဒီယိုသတ္တိကြွ အရိုးစုတစ်ခု ဝမ်းဗိုက် အတွင်း ဘယ်မှ ညာသို့ အလျားလိုက် လှဲလျောင်းနေတဲ့ ငါးရှဥ့်ကို တွေ့ခဲ့ရပါတယ်။
ဒါကြောင့် Viet Duc ဆေးရုံရှိ အူမကြီးနဲ့ တင်ပါးဆုံရိုးခွဲစိတ် ကုသရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး မစ္စတာ လီမက်ဟေက ၎င်းကို ဖယ်ရှားဖို့ အူမကြီးစအိုဓာတ်ခွဲခြင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ မေ့ဆေး ဆရာဝန် အဖွဲ့တစ်ဖွဲ့ နဲ့ အရေးပေါ်ခွဲစိတ်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ ခွဲစိတ်လိုက်ခါမှ ဝမ်းဗိုက်အတွင်းမှ အရှည် ၆၅ စင်တီမီတာ၊ လုံးပတ် ၁၀ စင်တီမီတာခန့် ရှိတဲ့ ငါးရှဥ့်တစ်ကောင်ကို ထုတ်လိုက်နိုင်ပါတယ်။

ဆရာဝန်တွေနဲ့အဆိုအရ လူအများစု အထူးသဖြင့် လူငယ်တွေဟာ လိင်အရုပ်တွေကို အသုံးပြုပြီး စိတ်ဆန္ဒ ပြီးမြောက်ဖို့ သဘောကျကြတယ်လို့ ဆိုပါတယ်။ Viet Duc ဆေးရုံဟာ ယခင်က ပုလင်းများ၊ ဖန်ခွက်များ၊ လူကြီးကစားစရာများလိုအရာများ စအိုအတွင်းမှ ပြန်ထုတ်မရခြင်းကြောင့် ခွဲစိတ်မှုတွေပြုလုပ်ခဲ့ဖူးပေမယ့် အခုလို သက်ရှိတိရစ္ဆာန် အထူးသဖြင့် ငါးရှဥ့်ကို စအိုထဲသို့ ထည့်သွင်းပြီး အာသာဖြေခြင်းကတော့ ပထမဆုံးတွေ့ရတဲ့ ဖြစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

Zawgyi Version;




Related news

© 2021. All rights reserved.