သက်သာသောဈေးနှုန်းဖြင့် ဆေးကုမ္ပဏီများမှ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲသို့ စိတ်ဝင်တစားဖြင့် လာရောက်သူ များပြား

 2096

စော (NP News) - ဩဂုတ် ၂

သက်သာသောဈေးနှုန်းဖြင့် ဆေးကုမ္ပဏီများမှ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲသို့ စိတ်ဝင်တစားဖြင့် လာရောက်သူ များပြားနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ ဆေးကုမ္ပဏီများမှ ပြည်သူများအတွက် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ဇူလိုင်လ(၂၉)ရက်နေ့မှ သြဂုတ်(၃)ရက်အထိ ပန်းဘဲတန်းမြို့နယ် နှင့် မရမ်းကုန်းမြို့နယ်တို့တွင် တိုက်ရိုက်ဖွင့်လှစ်ရောင်းချခြင်းဖြစ်သည်။

“ဒီပွဲမှာ များသောအားဖြင့် အိမ်သုံးဖို့ လာဝယ်တဲ့လူကများနေတယ်။ ဘာဖြစ်လို့ဆို NET ဈေးနဲ့ကို တစ်ဗူးချင်းစီနဲ့ပဲ ရောင်းပေးတာဆိုတော့လေ အိမ်သုံးတဲ့လူက ပိုများတယ်။ ကဒ်များတဲ့‌ဗူးတွေကျတော့ တစ်ကဒ်ချင်းစီ NET ဈေးနဲ့ တွက်ပြီးတော့ ရောင်းပေးပါတယ်။ စိတ်ဝင်စားတဲ့လူရှိတယ်။ ဒီထဲမှာတင်လာပြီးတော့ မေးတယ်။ စမ်းတယ်။ တစ်ချို့တွေက ဝယ်ကြတယ်” ဟု Five Shark ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ဆေးအရောင်းပြခန်းတွင် ဆေးများရောင်းချရာ၌ ဆရာဝန်လက်မှတ်ပါသည့် ဆေးအရေအတွက်အတိုင်း ရောင်းချပေးခြင်း၊ အားဆေး စသည့်ဆေးများကို တစ်နိုင်တစ်ပိုင်ရောင်းချခြင်းနှင့် ဆေးကုမ္ပဏီတစ်ခုချင်းစီ၏ သတ်မှတ်ချက်များအတိုင်း ဆေးများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“တကယ်ဆေးသောက်သုံးသူတွေအတွက် အဓိက ရောင်းချင်တာ။ ဆိုင်တွေကို ၅ ဗူး။ ၁၀ ဗူး ပေးတဲ့အခါကျတော့ တစ်ချို့ တကယ်ဆေးသောက်သုံးသူတွေက မရတော့ဘူး။ အဲဒီအခါကျတော့ ဒီပွဲမှာတော့ ဒါတွေကို တစ်ယောက်ကို တစ်ဗူးနှုန်းနဲ့ ရောင်းတယ်။ ဆေးတင်သွင်းတာကျတော့ အခုလောလောဆယ်တော့ အခက်အခဲတွေကတော့ အများကြီးပဲ။ အဲဒါကြောင့်မို့လည်း ခွဲတမ်းတွေဖြစ်နေတာပေ့ါ။ အစ်မတိုကုမ္ပဏီက item list တွေက အများကြီးပဲ ဒါက ရောင်းရတဲ့ item တွေပဲ ထုတ်ရောင်းတာ၊ အရေးကြီးတဲ့ဟာရယ်၊ ဈေးကွက်မှာ နည်းနည်းရှားနေတာပဲ ‌ရောင်းချပေးတာပေါ့။ အစ်မတို့က ကုမ္ပဏီကဈေးပဲရောင်းတာ၊ တစ်ချို့ဟာတွေဆို NET ဈေးနဲ့ရောင်းတာပါ။ ဆရာဝန်ဆေးစာအုပ် နဲ့ လာဝယ်တာများတယ်” ဟု MEGA WE CARE ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆေးအရောင်းပြခန်းကို လာရောက်ဝယ်ယူများအနေဖြင့် အမှန်တကယ်လိုအပ်သည့်ဆေးများကို ဝယ်ယူမရရှိသော ကြောင့် အမျိုးအစားတူသော ဆေးများကိုသာ ဝယ်ယူခဲ့ခြင်းများလည်းရှိကြောင်း သိရသည်။
“အန်တီတို့အမြဲသောက်နေတဲ့‌‌ဆေးရယ်၊ ကလေးတွေအတွက်ဆေးတွေ အဓိက ထားဝယ်တယ်။ အပြင်မှာ ဝယ်တာ ထက်တော့ ကုမ္ပဏီက တိုက်ရိုက်ရောင်းတာဆိုတော့ ကိုယ်တွေအတွက် ဈေးသက်သာတယ်။ ဈေးက ၁ဝ ရာခိုင်နှုန်းတော့ ကွာလိမ့်မယ်တော့ ထင်တာပါပဲ။ ဆေးဆိုင်တွေကလည်း ဆေးတွေက အမျိုးမျိုးဈေးအတက်အကျ ရှိတော့လေ။ အတိအကျတော့ မသိဘူး” ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထို့ပြင် သောက်သုံးနေသည့်ဆေးဝါးများသည် အပြင်ဆေးဆိုင်များတွင် ပြတ်လပ်မှုများကြောင့် ဆေးအရောင်း ပြခန်းတွင် လာရောက်ဝယ်ယူခြင်းများလည်း ရှိကြောင်း သိရသည်။
“စိတ်ဝေသနာသမားရှိတော့ နောက်ပြီး ဆေးချိုကော၊ သွေးတိုးကောရှိတော့ အဲဒီတွေကို အဓိကထားဝယ်တာ။ ဒီမှာက ဈေးသက်သာလို့ပါ။ ဒီမှာတော့ လိုချင်တဲ့ဆေးအကုန်မရဘူး။ သုံးမျိုးလောက်ဝယ်ရင် နှစ်မျိုးလောက်ပဲ ရခဲ့တယ်” ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

Zawgyi Version;
သက္သာေသာေဈးႏႈန္းျဖင့္ ေဆးကုမၸဏီမ်ားမွ ေဆးဝါးမ်ား တိုက္႐ိုက္ေရာင္းခ်ပြဲသို႔ စိတ္ဝင္တစားျဖင့္ လာေရာက္သူ မ်ားျပား
ေစာ (NP News) - ဩဂုတ္ ၂

သက္သာေသာေဈးႏႈန္းျဖင့္ ေဆးကုမၸဏီမ်ားမွ ေဆးဝါးမ်ား တိုက္႐ိုက္ေရာင္းခ်ပြဲသို႔ စိတ္ဝင္တစားျဖင့္ လာေရာက္သူ မ်ားျပားေနေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ ေဆးႏွင့္ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္းမွ ဦးေဆာင္၍ ေဆးကုမၸဏီမ်ားမွ ျပည္သူမ်ားအတြက္ သင့္တင့္မွ်တေသာေဈးႏႈန္းမ်ားျဖင့္ ဇူလိုင္လ(၂၉)ရက္ေန႔မွ ၾသဂုတ္(၃)ရက္အထိ ပန္းဘဲတန္းၿမိဳ႕နယ္ ႏွင့္ မရမ္းကုန္းၿမိဳ႕နယ္တို႔တြင္ တိုက္႐ိုက္ဖြင့္လွစ္ေရာင္းခ်ျခင္းျဖစ္သည္။

“ဒီပြဲမွာ မ်ားေသာအားျဖင့္ အိမ္သုံးဖို႔ လာဝယ္တဲ့လူကမ်ားေနတယ္။ ဘာျဖစ္လို႔ဆို NET ေဈးနဲ႔ကို တစ္ဗူးခ်င္းစီနဲ႔ပဲ ေရာင္းေပးတာဆိုေတာ့ေလ အိမ္သုံးတဲ့လူက ပိုမ်ားတယ္။ ကဒ္မ်ားတဲ့‌ဗူးေတြက်ေတာ့ တစ္ကဒ္ခ်င္းစီ NET ေဈးနဲ႔ တြက္ၿပီးေတာ့ ေရာင္းေပးပါတယ္။ စိတ္ဝင္စားတဲ့လူရွိတယ္။ ဒီထဲမွာတင္လာၿပီးေတာ့ ေမးတယ္။ စမ္းတယ္။ တစ္ခ်ိဳ႕ေတြက ဝယ္ၾကတယ္” ဟု Five Shark ကုမၸဏီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ထိုသို႔ ေဆးအေရာင္းျပခန္းတြင္ ေဆးမ်ားေရာင္းခ်ရာ၌ ဆရာဝန္လက္မွတ္ပါသည့္ ေဆးအေရအတြက္အတိုင္း ေရာင္းခ်ေပးျခင္း၊ အားေဆး စသည့္ေဆးမ်ားကို တစ္ႏိုင္တစ္ပိုင္ေရာင္းခ်ျခင္းႏွင့္ ေဆးကုမၸဏီတစ္ခုခ်င္းစီ၏ သတ္မွတ္ခ်က္မ်ားအတိုင္း ေဆးမ်ားကို ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။

“တကယ္ေဆးေသာက္သုံးသူေတြအတြက္ အဓိက ေရာင္းခ်င္တာ။ ဆိုင္ေတြကို ၅ ဗူး။ ၁၀ ဗူး ေပးတဲ့အခါက်ေတာ့ တစ္ခ်ိဳ႕ တကယ္ေဆးေသာက္သုံးသူေတြက မရေတာ့ဘူး။ အဲဒီအခါက်ေတာ့ ဒီပြဲမွာေတာ့ ဒါေတြကို တစ္ေယာက္ကို တစ္ဗူးႏႈန္းနဲ႔ ေရာင္းတယ္။ ေဆးတင္သြင္းတာက်ေတာ့ အခုေလာေလာဆယ္ေတာ့ အခက္အခဲေတြကေတာ့ အမ်ားႀကီးပဲ။ အဲဒါေၾကာင့္မို႔လည္း ခြဲတမ္းေတြျဖစ္ေနတာေပ့ါ။ အစ္မတိုကုမၸဏီက item list ေတြက အမ်ားႀကီးပဲ ဒါက ေရာင္းရတဲ့ item ေတြပဲ ထုတ္ေရာင္းတာ၊ အေရးႀကီးတဲ့ဟာရယ္၊ ေဈးကြက္မွာ နည္းနည္းရွားေနတာပဲ ‌ေရာင္းခ်ေပးတာေပါ့။ အစ္မတို႔က ကုမၸဏီကေဈးပဲေရာင္းတာ၊ တစ္ခ်ိဳ႕ဟာေတြဆို NET ေဈးနဲ႔ေရာင္းတာပါ။ ဆရာဝန္ေဆးစာအုပ္ နဲ႔ လာဝယ္တာမ်ားတယ္” ဟု MEGA WE CARE ကုမၸဏီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ေဆးအေရာင္းျပခန္းကို လာေရာက္ဝယ္ယူမ်ားအေနျဖင့္ အမွန္တကယ္လိုအပ္သည့္ေဆးမ်ားကို ဝယ္ယူမရရွိေသာ ေၾကာင့္ အမ်ိဳးအစားတူေသာ ေဆးမ်ားကိုသာ ဝယ္ယူခဲ့ျခင္းမ်ားလည္းရွိေၾကာင္း သိရသည္။
“အန္တီတို႔အၿမဲေသာက္ေနတဲ့‌‌ေဆးရယ္၊ ကေလးေတြအတြက္ေဆးေတြ အဓိက ထားဝယ္တယ္။ အျပင္မွာ ဝယ္တာ ထက္ေတာ့ ကုမၸဏီက တိုက္႐ိုက္ေရာင္းတာဆိုေတာ့ ကိုယ္ေတြအတြက္ ေဈးသက္သာတယ္။ ေဈးက ၁ဝ ရာခိုင္ႏႈန္းေတာ့ ကြာလိမ့္မယ္ေတာ့ ထင္တာပါပဲ။ ေဆးဆိုင္ေတြကလည္း ေဆးေတြက အမ်ိဳးမ်ိဳးေဈးအတက္အက် ရွိေတာ့ေလ။ အတိအက်ေတာ့ မသိဘူး” ဟု ကမာ႐ြတ္ၿမိဳ႕နယ္တြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။

ထို႔ျပင္ ေသာက္သုံးေနသည့္ေဆးဝါးမ်ားသည္ အျပင္ေဆးဆိုင္မ်ားတြင္ ျပတ္လပ္မႈမ်ားေၾကာင့္ ေဆးအေရာင္း ျပခန္းတြင္ လာေရာက္ဝယ္ယူျခင္းမ်ားလည္း ရွိေၾကာင္း သိရသည္။
“စိတ္ေဝသနာသမားရွိေတာ့ ေနာက္ၿပီး ေဆးခ်ိဳေကာ၊ ေသြးတိုးေကာရွိေတာ့ အဲဒီေတြကို အဓိကထားဝယ္တာ။ ဒီမွာက ေဈးသက္သာလို႔ပါ။ ဒီမွာေတာ့ လိုခ်င္တဲ့ေဆးအကုန္မရဘူး။ သုံးမ်ိဳးေလာက္ဝယ္ရင္ ႏွစ္မ်ိဳးေလာက္ပဲ ရခဲ့တယ္” ဟု မရမ္းကုန္းၿမိဳ႕နယ္တြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။

Picture

09885126887

03/08/2024 09:32

ကိုယ်တိုင်သတင်းရယူတာဟုတ်ရဲ့လားခင်ဗျာ၊ပုံတွေကဆေးရောင်းတဲ့သူတွေချည်းထိုင်နေပုံတွေပါ၊ဦးသုံးခေါက်ရောက်တာတော့လူရှင်းနေတာများတယ်၊Denkဆေးတွေတော့ရွှေအိုးဆိုင်ကဈေးအတိုင်းပါဘဲ့၊ရှားပါးဆေးတွေမရပါ၊ရှားရှားပါးပါးAzagaရေတိမ်မျက်စဉ်းဆေးရတာတော့ကျေးဇူးပါ၊Bioflor,Veltrideဈေးချိုပါတယ်၊ဝယ်လိုတဲ့ဆေး၂၀%ပဲရခဲ့ပါတယ်၊

Related news

© 2021. All rights reserved.