နေရင်းဒေသများ ပျောက်ဆုံးခြင်းနှင့် အသိုက်ပျက်စီးခြင်းများသည် ကြိုးကြာခေါင်းနီငှက်များအတွက် ခြိမ်းခြောက်မှုဖြစ်နေ

 609

စော (NP News) - ဩဂုတ် ၂

နေရင်းဒေသများ ပျောက်ဆုံးခြင်းအပါအဝင် အသိုက်ပျက်စီးခြင်းများသည် ကြိုးကြာခေါင်းနီငှက်များအတွက် ခြိမ်းခြောက်မှုဖြစ်နေကြောင်း ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့၏ အချက်အလက်များအရ သိရသည်။

၎င်းတို့အဖွဲ့၏ နှစ်စဉ်ကောက်ယူထားသောစာရင်းများကို ပြန်လည်သုံးသပ်ချက်အရ ကြိုးကြာခေါင်းနီငှက်များ အပေါ်ခြိမ်းခြောက်မှုများ နှစ်စဉ်တစ်စထက်တစ်စများပြားလာကာ အဆိုပါခြိမ်းခြောက်မှုများထဲတွင် နေရင်းဒေသများ ပျောက်ဆုံးခြင်းနှင့် အသိုက်ပျက်စီးခြင်းများသည် အဓိကကြိုး ကြာခေါင်းနီငှက်များ ရေရှည်ရှင်သန်ရပ်တည်ရေးအတွက် စိန်ခေါ်မှုများပင် ဖြစ်ကြောင်း သိရသည်။

‘ကျွန်တော်တို့ဒေသမှာရှိတဲ့ ကြိုးကြာခေါင်းနီကို ကျွန်တော်တို့ထိန်း သိမ်းတာကတော့ အသိုက်လုပ်တဲ့အချိန်မှာ ငှက်စာရင်း(စစ်တမ်း)ကောက်တယ်။ ပညာပေးလုပ်ငန်းတွေလည်း ကျွန်တော်တို့ လုပ်ဆောင်တယ်။ ခြိမ်း ခြောက်မှုကတော့ အသိုက်လုပ်တဲ့အချိန်တွေ၊ ဥတဲ့အချိန်တွေမှာ တချို့ကလည်း ပျက်စီးတယ်။ လယ်သမားတွေက မကြိုက်ကြဘူးပေါ့နော်။ လယ်ထဲမှာ အသိုက်လုပ်ရင် စပါးနည်းနည်းပါးပါးထိတော့ အဲဒါလေးတွေ မကြိုက်ဘူးပေါ့’ဟု ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကြိုးကြာခေါင်းနီငှက်များသည် တစ်နှစ်ပတ်လုံးနေထိုင်ကျက်စားပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။ သို့သော် ကြိုးကြာခေါင်းနီငှက်များ အများဆုံးနေထိုင်ကျက်စားရာနေရာမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် (၁၄)မြို့နယ်တွင် ယင်းငှက်များ ပျံ့နှံ့ကျက်စားကြောင်း အချက်အလက်များအရ သိရသည်။

ကြိုးကြာခေါင်းနီငှက်များသည် မိုးရာသီတွင် အသိုက်ဆောက်လုပ်ပြီးစီးပါက ဥခြင်းကိုစတင်ကာ ဥတစ်လုံးမှ နှစ်လုံးအထိ ဥလေ့ရှိပြီး တစ်နှစ်လျှင် တစ်ကြိမ်သာ သားပေါက်လေ့ရှိကြောင်း သိရသည်။ အဆိုပါငှက်မျိုးစိတ်ကို အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (International Union for Conservation of Nature -IUCN) က မျိုးတုံးအန္တရာယ်ကျရောက်နိုင်သောမျိုးစိတ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

zawgyi version
ေနရင္းေဒသမ်ား ေပ်ာက္ဆုံးျခင္းႏွင့္ အသိုက္ပ်က္စီးျခင္းမ်ားသည္ ႀကိဳးၾကာေခါင္းနီငွက္မ်ားအတြက္ ၿခိမ္းေျခာက္မႈျဖစ္ေန
ေစာ (NP News) - ဩဂုတ္ ၂

ေနရင္းေဒသမ်ား ေပ်ာက္ဆုံးျခင္းအပါအဝင္ အသိုက္ပ်က္စီးျခင္းမ်ားသည္ ႀကိဳးၾကာေခါင္းနီငွက္မ်ားအတြက္ ၿခိမ္းေျခာက္မႈျဖစ္ေနေၾကာင္း က်ဳံကျပင္-တက္ဆိပ္ေဒသခံ သားငွက္ထိန္းသိမ္းေရးအဖြဲ႕၏ အခ်က္အလက္မ်ားအရ သိရသည္။

၎တို႔အဖြဲ႕၏ ႏွစ္စဥ္ေကာက္ယူထားေသာစာရင္းမ်ားကို ျပန္လည္သုံးသပ္ခ်က္အရ ႀကိဳးၾကာေခါင္းနီငွက္မ်ား အေပၚၿခိမ္းေျခာက္မႈမ်ား ႏွစ္စဥ္တစ္စထက္တစ္စမ်ားျပားလာကာ အဆိုပါၿခိမ္းေျခာက္မႈမ်ားထဲတြင္ ေနရင္းေဒသမ်ား ေပ်ာက္ဆုံးျခင္းႏွင့္ အသိုက္ပ်က္စီးျခင္းမ်ားသည္ အဓိကႀကိဳး ၾကာေခါင္းနီငွက္မ်ား ေရရွည္ရွင္သန္ရပ္တည္ေရးအတြက္ စိန္ေခၚမႈမ်ားပင္ ျဖစ္ေၾကာင္း သိရသည္။

‘ကြၽန္ေတာ္တို႔ေဒသမွာရွိတဲ့ ႀကိဳးၾကာေခါင္းနီကို ကြၽန္ေတာ္တို႔ထိန္း သိမ္းတာကေတာ့ အသိုက္လုပ္တဲ့အခ်ိန္မွာ ငွက္စာရင္း(စစ္တမ္း)ေကာက္တယ္။ ပညာေပးလုပ္ငန္းေတြလည္း ကြၽန္ေတာ္တို႔ လုပ္ေဆာင္တယ္။ ၿခိမ္း ေျခာက္မႈကေတာ့ အသိုက္လုပ္တဲ့အခ်ိန္ေတြ၊ ဥတဲ့အခ်ိန္ေတြမွာ တခ်ိဳ႕ကလည္း ပ်က္စီးတယ္။ လယ္သမားေတြက မႀကိဳက္ၾကဘူးေပါ့ေနာ္။ လယ္ထဲမွာ အသိုက္လုပ္ရင္ စပါးနည္းနည္းပါးပါးထိေတာ့ အဲဒါေလးေတြ မႀကိဳက္ဘူးေပါ့’ဟု က်ဳံကျပင္-တက္ဆိပ္ေဒသခံ သားငွက္ထိန္းသိမ္းေရးအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ႀကိဳးၾကာေခါင္းနီငွက္မ်ားသည္ တစ္ႏွစ္ပတ္လုံးေနထိုင္က်က္စားၿပီး ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ပဲခူးတိုင္း၊ ဧရာဝတီ တိုင္း၊ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ မွတ္တမ္းတင္ႏိုင္ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ ႀကိဳးၾကာေခါင္းနီငွက္မ်ား အမ်ားဆုံးေနထိုင္က်က္စားရာေနရာမွာ ဧရာဝတီျမစ္ဝကြၽန္းေပၚေဒသျဖစ္ၿပီး ဧရာဝတီတိုင္းအတြင္းရွိ ၿမိဳ႕နယ္ (၁၄)ၿမိဳ႕နယ္တြင္ ယင္းငွက္မ်ား ပ်ံ႕ႏွံ႔က်က္စားေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။

ႀကိဳးၾကာေခါင္းနီငွက္မ်ားသည္ မိုးရာသီတြင္ အသိုက္ေဆာက္လုပ္ၿပီးစီးပါက ဥျခင္းကိုစတင္ကာ ဥတစ္လုံးမွ ႏွစ္လုံးအထိ ဥေလ့ရွိၿပီး တစ္ႏွစ္လွ်င္ တစ္ႀကိမ္သာ သားေပါက္ေလ့ရွိေၾကာင္း သိရသည္။ အဆိုပါငွက္မ်ိဳးစိတ္ကို အျပည္ျပည္ဆိုင္ရာ ပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕ (International Union for Conservation of Nature -IUCN) က မ်ိဳးတုံးအႏၲရာယ္က်ေရာက္ႏိုင္ေသာမ်ိဳးစိတ္အျဖစ္ သတ္မွတ္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.