ကျစ်ဆံမြီး ဧရာဝတီ (AYARWADDY The BRAIDED HAIR River) (အခန်းဆက်ဆောင်းပါးရှည်) အပိုင်း-၇ (ဇာတ်သိမ်းပိုင်း)
564
ဇာမဏီစံမောင် (NP News) - ဩဂုတ် ၂
သည်နေရာတွင် မူလ ကျစ်ဆံမြီးသတို့ သမီးကြီး၏ရှုပ်ပွေညစ်ပေနေသော အဓိကအ ကြောင်း(၈)ချက်ကိုဖြေရှင်းကြဖို့ ပြည်တွင်းက နိုင်ငံတကာသိ မြန်မာပညာရှင်တစ်စု၏ နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ်မျက်နှာမူခဲ့သည့် စစ်တမ်းအခြေအ နေကို အနည်းငယ်မျှသာတင်ပြလိုပြီး အကျယ်ကို နောင်တက်လာမည့်အစိုးရများက ဆောလျင်စွာ ပြည်သူ့ဆက်ဆံရေးကော်မတီတစ်ခုအောက်တွင် ဧရာဝ တီမြစ်ကြောင်းဆိုင်ရာ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ကထုတ်ပြန်သင့်သည့်အချက်များကို တင်ပြလိုပါသည်။
မြန်မာနိုင်ငံသားအများစု၏ နိုင်ငံသား တာ ဝန် မသိမမြင်ကြ၊ နှစ်ရာချီနေသည့် မလှမပ မြစ်ကျ ဆုံးခန်းသို့ဦးတည်နေသည့် ကျစ်ဆံမြီးကိစ္စများ၊ EISIA ကိစ္စများ ၊ Ayawaddy Basin Products and Resources ကိစ္စများအထိကို ရေအား လျှပ်စစ် ပညာရှင်များက ရှေ့တက်ပြီး ပဲခူးဆားလို နေရာတ ကာဝင်ပါကြ၊ ဆရာကြီးလုပ်နေကြရသည်။ နေရာတ ကာ ထိပ်တိုက်ချည်းတိုးနေပါတော့သည်။ အစိုးရအ ဆက်ဆက် လျှပ်စစ်ကိစ္စကို ရှေ့တန်းအမြဲတင်ကာ အစိုးရစီမံကိန်းများသည် လောဘဇောတိုက်သလိုလုပ် သဖြင့် နယ်ပယ်စုံက တရုတ်မြန်မာ နိုင်ငံတကာအဆင့် မူလကပင်ရှိနေသည့် နှစ်နိုင်ငံတာဝန်ရှိသူချင်း ပညာ ရှင်များအချင်းချင်းအကျေအလည် ညှိနှိုင်းဆွေးနွေး ရမည့် နှစ်ပါးသွားခွင်ထွက်ရမည့်အချိန်ကာလနည်းပါးကာ တိုင်းရင်းသားအခွင့်အရေးနှင့် နိုင်ငံသားအ ခွင့်အရေးကို ရှေ့တန်းတင်ထားသည့် လွတ်လပ်စွာ ထုတ်ဖော်ခွင့် တလွဲသုံးလာ၏။ အခြေခံဥပဒေပါ နိုင်ငံ သားတာဝန်များ၊ ပြည်သူ့နီတိကတိကဝတ်များကို ဘာသာပြန်လွဲနေသည့် ပြည်သူ့ မျက်ရည်ပြဇာတ်ကြီး ကို ဇာတ်ညွှန်းမပါ၊ ဒါရိုက်တာမပါ၊ နောက်ခံဇာတ် လမ်းမသိ၊ ထုတ်လုပ်သူမရှိ၊ ဟိုတယ်အသီးသီးပေါ်ကနေ သရုပ်ဆောင် ဖြတ်လျှောက်များစွာဖိတ်ခေါ်ပြီး နေ့စဉ် ပါဒိယမ်ပေး၊ ဘူဖေးကျွေးပြီး ရုံတင်လိုက်မိ သည့် "မြစ်ဆုံကို ပြည်သူ့မျက်ရည်နှင့်မလဲ" နိုင်သည့် ကြော်ငြာကြီး ဇူဇူရဲ့ဆိုရှယ်မီဒီယာပေါ်မှ ပေါက် သွားပါတော့သည်။
အာဏာရခဲ့သည့် ပြည်သူ့ကိုယ်စားပြု အစိမ်းပါတီနှင့်အနီပါတီတို့ကလည်း သည်နေရာတွင် ဘုံသဘောတူညီချက်ကတော့ ခေတ်စကားအရဆိုရင် လန်ထွက်နေပါတော့သည်။ မြစ်ဆုံတည်ကြက်အပေါ် နိုင်ငံရေးကစားပွဲလုပ်သည်။ ကျစ်ဆံမြီးသတို့သမီး အတွက်မဟုတ်ဘဲ မြစ်ဆုံလျော်ကြေးဟုဆိုကာ သတို့ သမီးအတွက်" ပြည်သူ့မျက်ရည်ပြဇာတ် ရုံဝင်ခ "မှာ လည်း မြန်မာနိုင်ငံသားတစ်ယောက် ကျပ် (၁၀ဝဝ) စုပေးမည်ဆိုသူများမှသည် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်းတစ်ရာထုတ်ချေးရနိုင်ခဲ့သည်အထိ ဒေါ်လာ သန်းတစ်ရာ နှောင်ကြိုးများရလဒ်ဟုထင်ရသော ဌာန ဆိုင်ရာအရေးယူအပြစ်ပေးခံရသည့် ဝန်ထမ်း ကြီး ငယ်လတ်မကျန် ပြုတ်ကုန်ရသည်ကိုလည်း လေ့လာ သိရှိနိုင်ပါသည်။
တစ်နာရီ ၁၂ မိုင်မျှ ရေစုံစီးသည့်သင်္ဘော ပေါ်သို့ ပါတော်မူအရှင်နှစ်ပါးကို ကုန်းဘောင်ပြားပါးပါး ပေါ် ဆွဲတင်ရုံမျှဖြင့် စာရေးသူတို့ လွတ်လပ်ရေးဆုံးရှုံး သူ့ကျွန်လုံးလုံးဖြစ်ခဲ့ရသည့် မိခင် ဧရာဝတီ၏ ယနေ့ ရေစူးပျောက် ကျစ်ဆံမြီးရောက်နေသည့် အရုပ်ဆိုးအကျည်းတန်မှုကိုကုစားဖို့ သတိပြုမိကြပါ။ အသိသတိရှိကြပါ။ မြစ်ဆုံမဖြစ်ရေးကိုရှေ့တန်းတင်ပြီး ကျစ် ဆံမြီးနဲ့သာ နှစ်ပေါင်းရာချီခံစားခဲ့ရသည့် မဖြီး၊ မသင်၊ မရှင်း၊ မလင်း၊ မဖြည်ချနိုင်ခဲ့ပါသော နုန်းအနည်များ။ သဲသောင်ခုံများ၊ ရေတိမ်ရေနက်ရေလွှမ်းလယ်များစုံ နေရပါသော"ရာဇဝင်ထဲကသတို့သမီး ကျစ်ဆံမြီးဧရာဝတီ"အတွက် ဇာတ်ပေါင်းရပါသော် . . . မြစ်ဆုံလေ့ လာသုံးသပ်ရေးကော်မရှင် ဘိုလိုပြောရရင်တော့ (Commission of enquiry for the proposed hydropower projects in the confluence and upper ridges of Ayeyarwady River Basin )။ ထိုကော်မရှင်က Technical Team ၏ Coordination Meeting (၁/၂၀၁၆)ကို ၂၀၁၆ ခုနှစ် စက် တင်ဘာလ(၁၃)ရက်ကခေါ်ယူခဲ့ရာတွင် ပညာရှင် (၂၀)ဦးပါဝင်ခဲ့ပြီး ထိုစဉ်က မြန်မာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးအင်စတီကျုခေါင်းဆောင်(မြစ်ဆုံကော်မရှင် အဖွဲ့ဝင်မဟုတ်သူ)ခေါင်းဆောင်ပြီး လုပ်ငန်းစဉ်(၈) ရပ်ချမှတ်ခဲ့သည်။ ယင်း ကော်မရှင်တွက်ပညာရှင်များ ၏အစီရင်ခံစာ အသီးအသီးထွက်ပေါ်လာပြီး မြစ်ဆုံ ကော်မရှင်သို့ မိမိတို့ခေါင်းဆောင်လုပ်သူ၏စစ်တမ်း လေ့လာရေးအဖွဲ့များသို့ အမှာစကားမှာ အင်မတန် ပညာရှင်မာနနှင့် ပညာရှင်သစ္စာရှိရှိ ကတိတည်တည် အမှန်ကိုဆုံးဖြတ်ရဲခဲ့ကြပါပေသည်။
ပညာရှင်ကော်မတီခေါင်းဆောင်ပြောခဲ့ သည်မှာ "ပြည်သူတွေ ဆန္ဒမစောမိစေဖို့၊ (ဆိုရှယ် မီဒီယာကို လက်ဦးမှုယူကာ Black Handed များက ပြည်သူကိုဂျင်းထည့်မှာစိုးလို့ပါ)ဆရာ၊ ဆရာမတို့ အလုပ်က A-screening B-scoping /C-field survey & rapid assessmentအေ/ဘီ/စီသုံးစုခွဲ လေ့လာအစီရင်ခံရပါမည်။ မှန်မှန်ကန်ကန် ကိုယ် ကျွမ်းကျင်တဲ့ပညာရပ်ကိုပဲ မျက်နှာမူပြီးလုပ်ကြပါ။ပညာနဲ့ သစ္စာရှိရှိ ပိုင်ပိုင်နိုင်နိုင် လေ့လာဆန်းစစ်ပြီးမှ အကျိုးတူ တရုတ်ပညာရှင်များနှင့်တွေ့မည်။ ဧရာဝ တီမြစ်ဝှမ်းဆိုင်ရာအာဏာပိုင်အဖွဲ့ကြီးရှိသင့်နေပါ သည်။ ဒါကို သုတေသနလုပ်ရင်းနဲ့ ရှင်သန်နေကြပါ။ ဧရာဝတီမြစ်ဆုံနဲ့မြစ်ဆုံအထက်ပိုင်းကလျှပ်စစ်ဓါတ်အားထုတ်ယူမှုဆိုင်ရာစီမံကိန်းတွေကို တရားမျှတတဲ့ သိပ္ပံနည်းကျ တရားမျှတတဲ့ ဆုံးဖြတ်ချက်တွေကို ပညာရှင်တွေက လုပ်ပေးကြပါ။ မြစ်ဆုံနဲ့ပတ်သက်တဲ့ တွေ့ရှိချက်တွေကို ကော်မရှင်ကသာ ထုတ်ပြန်ကြေ ညာနိုင်ပြီး ဆရာတို့က ပြောဆိုခွင့်လုံးဝမရှိပါဆိုတဲ့ စကားလုံးများသာ ဖြစ်ပါသည်။
မိမိတို့ပညာရှင်များ၏အစီရင်ခံစာများကို သိမ်းသွားသူက အချိန်မီတင်သွင်းခဲ့ပါသည်။ ထိုစဉ် က ပြည်ထောင်စုလွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဆိုသူ၏ ပညာ ရှင်များအပေါ်သုံးခဲ့သည့် လက်သုံးစကားဝစီကံကို ဖော်ပြရသော် "ဆရာတို့အပိုင်းပြီးပြီ။ မူလစည်းကမ်း ချက်အရ ဘာမှထုတ်မပြော ထပ်မပြောပါနဲ့။ ကျန်တာ က ကျွန်တော်တို့နိုင်ငံရေးအပိုင်း" တဲ့ခင်ဗျာ။ ပညာ ရှင်များကို မူလက စစ်တမ်းထုတ်ရမည့်ခေါင်းဆောင် လုပ်သူကမှာခဲ့ရာတွင် အောက်ပါစကားလုံးများ တရားဝင်မှာခဲ့ပြီးဖြစ်ပါသည်။ ထိုကာလက လွှတ်တော်ရေးရာဥက္ကဋ္ဌဆိုသူ ရေမျောကမ်းတင် နိုင်ငံရေး သမားကလည်း မသိမကြား၊ ကြားလည်း မသိချင် ယောင်ဆောင်နေသည်ပေကိုး။ တာဝန်မဲ့ပေစွ၊ ပညာ ရှင်အပေါင်းကိုလည်း အရှက်ရစေပါသည်။
မြန်မာနိုင်ငံတော်ကို နှစ်ထောင်ချီ အဓွန့် ရှည်တည်တံ့ခိုင်မြဲရေးကို စာဖတ်ရှုသူတို့လိုလားပါ သည်။ ထို့အတူ သတို့သမီးကြီးဧရာဝတီကိုလည်း သင်တို့ ဆက်လက်ရှင်သန်စေချင်ကြပါသည်။ ယခု ဆောင်းပါးကို စာရေးသူကျွန်တော်နိဂုံးချုပ်ဖို့ မိနစ် ပိုင်းသာလိုပါတော့သည်။ ထိုစဉ် ကချင်ပြည်နယ် မြစ် ဆုံကို မဖြစ်မြောက်ရေးဝိုင်းအော်ကြစဉ်က လုပ်ငန်း နှေးကွေးသည့်ကာလတစ်ခု စပွန်ဆာဆရာကြီးတို့ကို တစ်ဖက်လှည့်ဖြင့် အသာစီးအကျိုးအမြတ်ထုတ်ယူ ကာရသွားကြပါသည်။ နှစ်နိုင်ငံဘက်က ဝိသမလော ဘ ဆရာကြီးရသည့်ကာလသည် ကျစ်ဆံမြီး သတို့သမီး ကြီး၏ အပျိုစင်ဘဝနေရာဖြစ်ပါသော မိမိတို့ပြည် ထောင်စုသားစစ်စစ် ညီအစ်ကို မောင်နှမ ကချင်ပြည် နယ်တွင်းက ရေဝေရေလဲ သစ်တောများနှင့်သဘာဝ ဝန်းကျင်ကို စိတ်ကြိုက်ချယ်လှယ် ကိုယ်ကျိုးအတ္တ တစ်ခုထည်းကြည့်ကာ ဖျက်ဆီးခဲ့သည့် အကျိုးဆက် အဖြစ်နှင့် ယခုစာရေးနေစဉ်မှာပင် သတို့သမီးဧရာ ဝတီကြီးက ပြည်သူ့မျက်ရည်အစစ်ဖြစ်မည့် ရန်သူမျိုး ငါးပါးတွင် ထိပ်ဆုံးရှိနေသည့် ရေကြီးခြင်း ရန်သူစစ် စစ်ကို မြစ်ကြီးနားမြို့နှင့်ဝိုင်းမော် မြို့သူမြို့သားများ၊ အိုးအိမ်များ ရေဘေးသင့်နေကြကာ တစ်မုဟုတ်ချင်း ပျက်စီးမည့်အပြင် ပထမဧရာဝတီမြစ်ကူးတံတားကြီး ဗလမင်းထင်တံတားကြီးကိုပင် ခြိမ်းခြောက်နေသည့် ရုပ်သံတိုက်ရိုက်သတင်းများမြင်နေရပါပြီ။
မိမိတို့အိမ်နီးချင်း တရုတ်လူမျိုးများ သန်းချီ ရေဘေးသင့်သေကျေ ပျက်စီးခဲ့ရမှုကို ရာစုနှစ်ချီကာ ခံစားရခဲ့ကြပြီးမှ တရုတ်တို့ယန်စီနှင့်မြစ်ဝါမြစ်ကြီးကို တရုတ် နိုင်ငံကြီးသားတို့ ညီညွတ်စည်းလုံး တတ်သိ သောပညာများဖြင့် ယဉ်ပါးပြုပြင်ခဲ့ကြသည့် သာဓက တင်ပြခဲ့ပြီး စာဖတ်ရှုသူတို့သိရှိခဲ့ပါသည်။ ထိုထိုသော လူ့သမိုင်းသင်ခန်းစာများကို လက်ငင်းသတိမူ ဆင် ခြင်လေ့လာ အတုယူနိုင်ကြပါသည်။ ဘေးအပေါင်းမှ မြန်မာနိုင်ငံသားတို့ လွတ်မြောက်အသိသတိရှိကြဖို့ ပညာရှင်တို့၏ သမ္ပဇဉ်များဖြင့်သာ သီလ၊ သမာဓိ၊ ပညာဖြင့်ထိန်းချုပ်အမှန်ကိုဖော်ထုတ်ကြရာတွင် အဂတိတရားလေးပါးဖြစ်သည့် ----------
ဆန္ဒာဂတိ = ချစ်ခင်သဖြင့် မလိုက်သင့်သည့်ဘက် သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။
ဒေါသာဂတိ = စိတ်ဆိုးသဖြင့် မလိုက်သင့်သည့်ဘက် သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။
မောဟာဂတိ = ဆင်ခြင်တုံတရားမရှိဘဲ မိုက်မဲတွေဝေ သဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့် သည်ကို ပြုခြင်း။
ဘယာဂတိ = ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။
တို့ကို စိုးစဉ်းမျှမလိုက်သည့် စာရေးသူ၏ ရည်ရွယ် ချက်နှင့်ရည်မှန်းချက်များ ဧရာဝတီသတို့သမီးကြီးအ ပေါ် ရာဇဝင်တွင်စေမည့်စေတနာတို့ကို ဧရာဝတီချစ် စာရှုသူနိုင်ငံသားတို့ မြင်လောက်ပြီဟုထင်မိပါသည်။
အမိနိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် ပြည်ထောင်စု မြန်မာနိုင်ငံသားတို့ အချိန်မီ ကျေးဇူး ဆပ်သင့်ချိန်ကျော်လွန်နေပြီဖြစ်ပါသော ရာဇဝင်ထဲ ကသတို့သမီး ကျစ်ဆံမြီးဧရာဝတီကြီးအတွက် ၂၁ ရာစုအဝင် ပထမ ၂၅ နှစ်တာကာလကို ရေခဲတောင် သီအိုရီအရ သိကြားရသမျှအနည်းငယ်မျှသာ ဖြစ် ကြောင်းနှင့် အသေးစိတ်သိလိုပါကလည်း ထိုထိုသော သမိုင်းဖြတ်သန်းချိန်များကို နိုင်ငံကြီးသားတို့ တာဝန် အရ တွေ့ဆုံမေးမြန်းတူးဖော်ကြပါရန် နိဂုံးချုပ်အပ်ပါ သည်။
ကိုးကား
၁။ အမျိုးသားရေအရင်းအမြစ်ကော်မတီ NWRC ၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာ
၂။ ယန်စီနှင့်မြစ်ဝါမြစ်တည်ဆောက်ရေးကာလ အတွေ့အကြုံများ ( ၁၉၁၁ မှ ၂၀၁၁ ခုနှစ်အထိ အခက်အခဲ အနှောင့်အယှက်များ)
၃။ ဒေါ်လာလေးဘီလျံတန်ဆောက်လုပ်ရေး ကုန် ကြမ်းသဲနှင့် ကျောက်စရစ်များ ကျွန်တော်တို့ ပတ်ပတ် လည် မြေတွေပြိုနေပြီ (ဝါ) မြစ်သဲများ တရားလွန် ထုတ်ခံနေရသော ဧရာဝတီ ဆောင်းပါး (ဖရွန်တီယာ မြန်မာ)
၄။ တစ်သျှူးငှက်ပျောနှင့်လူမှုရေးဖောက်ပြန်ရှုပ်ရှင်း အေအိုင်ဒီအက်စ် ရောဂါရသွားသည့်တိုင်းရင်းသူနှင့် တရုတ်လုပ်ငန်းရှင်များ
၅။ မြစ်ကြောင်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဒေသဆိုင်ရာ အစည်းအဝေးမှတ်တမ်းများထုတ်ပြန်ချက်များ
၆။ ဧရာဝတီဆိုင်ရာ အစိုးရနှင့် Registered CSO NGOs အရပ်ဘက်ဆိုင်ရာ ထုတ်ပြန်ကြေညာချက် များ (ပြည်တွင်း) ပြည်ပသတင်းများ
၇။ အီးစီးမော့အဖွဲ့ကြီး၏ အစီရင်ခံစာများနှင့် ရန်ကုန် မြို့တွင်ကျင်းပခဲ့သည့် အမြဲတမ်းအဖွဲ့ဝင်များ၏ တရားဝင်မှတ်ချက်များ
၈။ ဒေသခံ တိုင်းရင်းသားအလွှာအသီးသီး၏ ဧရာ ဝတီပေါ်ထားရှိသည့် သဘောထားအမြင်နှင့် မျှော် လင့်ချက်များ
၉။ ပဒေသရာဇ်ဇာတ်သိမ်းနှင့် ၁၈၈၅ ခုနှစ် မြန်မာ့ နိုင်ငံအခြေအနေ (ဒေါ်ကြန်သမိုင်းသုတေသီ)၊ နိုင်ငံ့ သမိုင်းသုတေသနအဖွဲ့
၁၀။ မြစ်ဆုံကော်မရှင်၏ သီခြားလေ့လာသုံးသပ်ရေး ဆိုင်ရာကော်မတီ (Geographic Information System for Ayawaddy)
၁၁။ ဧရာဝတီမြစ်ကြောင်းဆိုင်ရာ အချက်အလက် များနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာဆွေးနွေးပွဲများ (၂၀ဝ၂ မှ ၂၀၂၄ )အထိ
၁၂။ ဧရာဝတီ စီးပွားရေးရပ်ဝန်းနှင့်လမ်းမတစ်ခု စီး ပွားရေးရပ်ဝန်းတစ်ခု စီမံကိန်း တရုတ်နိုင်ငံတကာရင်း နှီးမြှုပ်နှံမှုအချက်အလက်များ
၁၃။ တရုတ်ပြည်သူ့သမ္မတနိုင်ငံလုံးဆိုင်ရာ တရုတ် ကွန်မြူနစ်ပါတီ ပြည်သူ့ညီလာခံထုတ်ပြန်ချက်များ ၂၀ဝ၀ မှ ၂၀၁၆ ခုနှစ်
၁၄။ ယူနန်ပြည်နယ်အစိုးရနှင့် တရုတ်မြန်မာ ကုန် သွယ်မှုဆိုင်ရာ နယ်စပ်ဒေသ နောက်ဆုံးအခြေအ နေများ ၁၉၉၀ မှ ၂၀၂၀ ပြည့်နှစ်အထိ
၁၅။ မြန်မာ့ပထဝီအချက်အလက်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြံပေးသူ ဆရာဦးမောင်ကို ၏ ကိုယ်တွေ့အဆိုအမိန့်များ
zawgyi version
က်စ္ဆံၿမီး ဧရာဝတီ (AYARWADDY The BRAIDED HAIR River) (အခန္းဆက္ေဆာင္းပါးရွည္) အပိုင္း-၇ (ဇာတ္သိမ္းပိုင္း)
ဇာမဏီစံေမာင္ (NP News) - ဩဂုတ္ ၂
သည္ေနရာတြင္ မူလ က်စ္ဆံၿမီးသတို႔ သမီးႀကီး၏ရႈပ္ေပြညစ္ေပေနေသာ အဓိကအ ေၾကာင္း(၈)ခ်က္ကိုေျဖရွင္းၾကဖို႔ ျပည္တြင္းက ႏိုင္ငံတကာသိ ျမန္မာပညာရွင္တစ္စု၏ ႏိုင္ငံေတာ္ႏွင့္ႏိုင္ငံသားမ်ားအေပၚမ်က္ႏွာမူခဲ့သည့္ စစ္တမ္းအေျခအ ေနကို အနည္းငယ္မွ်သာတင္ျပလိုၿပီး အက်ယ္ကို ေနာင္တက္လာမည့္အစိုးရမ်ားက ေဆာလ်င္စြာ ျပည္သူ႔ဆက္ဆံေရးေကာ္မတီတစ္ခုေအာက္တြင္ ဧရာဝ တီျမစ္ေၾကာင္းဆိုင္ရာ အုပ္ခ်ဳပ္မႈအာဏာပိုင္အဖြဲ႕ကထုတ္ျပန္သင့္သည့္အခ်က္မ်ားကို တင္ျပလိုပါသည္။
ျမန္မာႏိုင္ငံသားအမ်ားစု၏ ႏိုင္ငံသား တာ ဝန္ မသိမျမင္ၾက၊ ႏွစ္ရာခ်ီေနသည့္ မလွမပ ျမစ္က် ဆုံးခန္းသို႔ဦးတည္ေနသည့္ က်စ္ဆံၿမီးကိစၥမ်ား၊ EISIA ကိစၥမ်ား ၊ Ayawaddy Basin Products and Resources ကိစၥမ်ားအထိကို ေရအား လွ်ပ္စစ္ ပညာရွင္မ်ားက ေရွ႕တက္ၿပီး ပဲခူးဆားလို ေနရာတ ကာဝင္ပါၾက၊ ဆရာႀကီးလုပ္ေနၾကရသည္။ ေနရာတ ကာ ထိပ္တိုက္ခ်ည္းတိုးေနပါေတာ့သည္။ အစိုးရအ ဆက္ဆက္ လွ်ပ္စစ္ကိစၥကို ေရွ႕တန္းအၿမဲတင္ကာ အစိုးရစီမံကိန္းမ်ားသည္ ေလာဘေဇာတိုက္သလိုလုပ္ သျဖင့္ နယ္ပယ္စုံက တ႐ုတ္ျမန္မာ ႏိုင္ငံတကာအဆင့္ မူလကပင္ရွိေနသည့္ ႏွစ္ႏိုင္ငံတာဝန္ရွိသူခ်င္း ပညာ ရွင္မ်ားအခ်င္းခ်င္းအေက်အလည္ ညႇိႏႈိင္းေဆြးေႏြး ရမည့္ ႏွစ္ပါးသြားခြင္ထြက္ရမည့္အခ်ိန္ကာလနည္းပါးကာ တိုင္းရင္းသားအခြင့္အေရးႏွင့္ ႏိုင္ငံသားအ ခြင့္အေရးကို ေရွ႕တန္းတင္ထားသည့္ လြတ္လပ္စြာ ထုတ္ေဖာ္ခြင့္ တလြဲသုံးလာ၏။ အေျခခံဥပေဒပါ ႏိုင္ငံ သားတာဝန္မ်ား၊ ျပည္သူ႔နီတိကတိကဝတ္မ်ားကို ဘာသာျပန္လြဲေနသည့္ ျပည္သူ႔ မ်က္ရည္ျပဇာတ္ႀကီး ကို ဇာတ္ၫႊန္းမပါ၊ ဒါ႐ိုက္တာမပါ၊ ေနာက္ခံဇာတ္ လမ္းမသိ၊ ထုတ္လုပ္သူမရွိ၊ ဟိုတယ္အသီးသီးေပၚကေန သ႐ုပ္ေဆာင္ ျဖတ္ေလွ်ာက္မ်ားစြာဖိတ္ေခၚၿပီး ေန႔စဥ္ ပါဒိယမ္ေပး၊ ဘူေဖးေကြၽးၿပီး ႐ုံတင္လိုက္မိ သည့္ "ျမစ္ဆုံကို ျပည္သူ႔မ်က္ရည္ႏွင့္မလဲ" ႏိုင္သည့္ ေၾကာ္ျငာႀကီး ဇူဇူရဲ႕ဆိုရွယ္မီဒီယာေပၚမွ ေပါက္ သြားပါေတာ့သည္။
အာဏာရခဲ့သည့္ ျပည္သူ႔ကိုယ္စားျပဳ အစိမ္းပါတီႏွင့္အနီပါတီတို႔ကလည္း သည္ေနရာတြင္ ဘုံသေဘာတူညီခ်က္ကေတာ့ ေခတ္စကားအရဆိုရင္ လန္ထြက္ေနပါေတာ့သည္။ ျမစ္ဆုံတည္ၾကက္အေပၚ ႏိုင္ငံေရးကစားပြဲလုပ္သည္။ က်စ္ဆံၿမီးသတို႔သမီး အတြက္မဟုတ္ဘဲ ျမစ္ဆုံေလ်ာ္ေၾကးဟုဆိုကာ သတို႔ သမီးအတြက္" ျပည္သူ႔မ်က္ရည္ျပဇာတ္ ႐ုံဝင္ခ "မွာ လည္း ျမန္မာႏိုင္ငံသားတစ္ေယာက္ က်ပ္ (၁၀ဝဝ) စုေပးမည္ဆိုသူမ်ားမွသည္ ကမာၻ႔ဘဏ္မွ ေဒၚလာ သန္းတစ္ရာထုတ္ေခ်းရႏိုင္ခဲ့သည္အထိ ေဒၚလာ သန္းတစ္ရာ ေႏွာင္ႀကိဳးမ်ားရလဒ္ဟုထင္ရေသာ ဌာန ဆိုင္ရာအေရးယူအျပစ္ေပးခံရသည့္ ဝန္ထမ္း ႀကီး ငယ္လတ္မက်န္ ျပဳတ္ကုန္ရသည္ကိုလည္း ေလ့လာ သိရွိႏိုင္ပါသည္။
တစ္နာရီ ၁၂ မိုင္မွ် ေရစုံစီးသည့္သေဘၤာ ေပၚသို႔ ပါေတာ္မူအရွင္ႏွစ္ပါးကို ကုန္းေဘာင္ျပားပါးပါး ေပၚ ဆြဲတင္႐ုံမွ်ျဖင့္ စာေရးသူတို႔ လြတ္လပ္ေရးဆုံးရႈံး သူ႔ကြၽန္လုံးလုံးျဖစ္ခဲ့ရသည့္ မိခင္ ဧရာဝတီ၏ ယေန႔ ေရစူးေပ်ာက္ က်စ္ဆံၿမီးေရာက္ေနသည့္ အ႐ုပ္ဆိုးအက်ည္းတန္မႈကိုကုစားဖို႔ သတိျပဳမိၾကပါ။ အသိသတိရွိၾကပါ။ ျမစ္ဆုံမျဖစ္ေရးကိုေရွ႕တန္းတင္ၿပီး က်စ္ ဆံၿမီးနဲ႔သာ ႏွစ္ေပါင္းရာခ်ီခံစားခဲ့ရသည့္ မၿဖီး၊ မသင္၊ မရွင္း၊ မလင္း၊ မျဖည္ခ်ႏိုင္ခဲ့ပါေသာ ႏုန္းအနည္မ်ား။ သဲေသာင္ခုံမ်ား၊ ေရတိမ္ေရနက္ေရလႊမ္းလယ္မ်ားစုံ ေနရပါေသာ"ရာဇဝင္ထဲကသတို႔သမီး က်စ္ဆံၿမီးဧရာဝတီ"အတြက္ ဇာတ္ေပါင္းရပါေသာ္ . . . ျမစ္ဆုံေလ့ လာသုံးသပ္ေရးေကာ္မရွင္ ဘိုလိုေျပာရရင္ေတာ့ (Commission of enquiry for the proposed hydropower projects in the confluence and upper ridges of Ayeyarwady River Basin )။ ထိုေကာ္မရွင္က Technical Team ၏ Coordination Meeting (၁/၂၀၁၆)ကို ၂၀၁၆ ခုႏွစ္ စက္ တင္ဘာလ(၁၃)ရက္ကေခၚယူခဲ့ရာတြင္ ပညာရွင္ (၂၀)ဦးပါဝင္ခဲ့ၿပီး ထိုစဥ္က ျမန္မာ့ပတ္ဝန္းက်င္ထိန္း သိမ္းေရးအင္စတီက်ဳေခါင္းေဆာင္(ျမစ္ဆုံေကာ္မရွင္ အဖြဲ႕ဝင္မဟုတ္သူ)ေခါင္းေဆာင္ၿပီး လုပ္ငန္းစဥ္(၈) ရပ္ခ်မွတ္ခဲ့သည္။ ယင္း ေကာ္မရွင္တြက္ပညာရွင္မ်ား ၏အစီရင္ခံစာ အသီးအသီးထြက္ေပၚလာၿပီး ျမစ္ဆုံ ေကာ္မရွင္သို႔ မိမိတို႔ေခါင္းေဆာင္လုပ္သူ၏စစ္တမ္း ေလ့လာေရးအဖြဲ႕မ်ားသို႔ အမွာစကားမွာ အင္မတန္ ပညာရွင္မာနႏွင့္ ပညာရွင္သစၥာရွိရွိ ကတိတည္တည္ အမွန္ကိုဆုံးျဖတ္ရဲခဲ့ၾကပါေပသည္။
ပညာရွင္ေကာ္မတီေခါင္းေဆာင္ေျပာခဲ့ သည္မွာ "ျပည္သူေတြ ဆႏၵမေစာမိေစဖို႔၊ (ဆိုရွယ္ မီဒီယာကို လက္ဦးမႈယူကာ Black Handed မ်ားက ျပည္သူကိုဂ်င္းထည့္မွာစိုးလို႔ပါ)ဆရာ၊ ဆရာမတို႔ အလုပ္က A-screening B-scoping /C-field survey & rapid assessmentေအ/ဘီ/စီသုံးစုခြဲ ေလ့လာအစီရင္ခံရပါမည္။ မွန္မွန္ကန္ကန္ ကိုယ္ ကြၽမ္းက်င္တဲ့ပညာရပ္ကိုပဲ မ်က္ႏွာမူၿပီးလုပ္ၾကပါ။ပညာနဲ႔ သစၥာရွိရွိ ပိုင္ပိုင္ႏိုင္ႏိုင္ ေလ့လာဆန္းစစ္ၿပီးမွ အက်ိဳးတူ တ႐ုတ္ပညာရွင္မ်ားႏွင့္ေတြ႕မည္။ ဧရာဝ တီျမစ္ဝွမ္းဆိုင္ရာအာဏာပိုင္အဖြဲ႕ႀကီးရွိသင့္ေနပါ သည္။ ဒါကို သုေတသနလုပ္ရင္းနဲ႔ ရွင္သန္ေနၾကပါ။ ဧရာဝတီျမစ္ဆုံနဲ႔ျမစ္ဆုံအထက္ပိုင္းကလွ်ပ္စစ္ဓါတ္အားထုတ္ယူမႈဆိုင္ရာစီမံကိန္းေတြကို တရားမွ်တတဲ့ သိပၸံနည္းက် တရားမွ်တတဲ့ ဆုံးျဖတ္ခ်က္ေတြကို ပညာရွင္ေတြက လုပ္ေပးၾကပါ။ ျမစ္ဆုံနဲ႔ပတ္သက္တဲ့ ေတြ႕ရွိခ်က္ေတြကို ေကာ္မရွင္ကသာ ထုတ္ျပန္ေၾက ညာႏိုင္ၿပီး ဆရာတို႔က ေျပာဆိုခြင့္လုံးဝမရွိပါဆိုတဲ့ စကားလုံးမ်ားသာ ျဖစ္ပါသည္။
မိမိတို႔ပညာရွင္မ်ား၏အစီရင္ခံစာမ်ားကို သိမ္းသြားသူက အခ်ိန္မီတင္သြင္းခဲ့ပါသည္။ ထိုစဥ္ က ျပည္ေထာင္စုလႊတ္ေတာ္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုင္ရာေကာ္မတီဥကၠ႒ ဆိုသူ၏ ပညာ ရွင္မ်ားအေပၚသုံးခဲ့သည့္ လက္သုံးစကားဝစီကံကို ေဖာ္ျပရေသာ္ "ဆရာတို႔အပိုင္းၿပီးၿပီ။ မူလစည္းကမ္း ခ်က္အရ ဘာမွထုတ္မေျပာ ထပ္မေျပာပါနဲ႔။ က်န္တာ က ကြၽန္ေတာ္တို႔ႏိုင္ငံေရးအပိုင္း" တဲ့ခင္ဗ်ာ။ ပညာ ရွင္မ်ားကို မူလက စစ္တမ္းထုတ္ရမည့္ေခါင္းေဆာင္ လုပ္သူကမွာခဲ့ရာတြင္ ေအာက္ပါစကားလုံးမ်ား တရားဝင္မွာခဲ့ၿပီးျဖစ္ပါသည္။ ထိုကာလက လႊတ္ေတာ္ေရးရာဥကၠ႒ဆိုသူ ေရေမ်ာကမ္းတင္ ႏိုင္ငံေရး သမားကလည္း မသိမၾကား၊ ၾကားလည္း မသိခ်င္ ေယာင္ေဆာင္ေနသည္ေပကိုး။ တာဝန္မဲ့ေပစြ၊ ပညာ ရွင္အေပါင္းကိုလည္း အရွက္ရေစပါသည္။
ျမန္မာႏိုင္ငံေတာ္ကို ႏွစ္ေထာင္ခ်ီ အဓြန႔္ ရွည္တည္တံ့ခိုင္ၿမဲေရးကို စာဖတ္ရႈသူတို႔လိုလားပါ သည္။ ထို႔အတူ သတို႔သမီးႀကီးဧရာဝတီကိုလည္း သင္တို႔ ဆက္လက္ရွင္သန္ေစခ်င္ၾကပါသည္။ ယခု ေဆာင္းပါးကို စာေရးသူကြၽန္ေတာ္နိဂုံးခ်ဳပ္ဖို႔ မိနစ္ ပိုင္းသာလိုပါေတာ့သည္။ ထိုစဥ္ ကခ်င္ျပည္နယ္ ျမစ္ ဆုံကို မျဖစ္ေျမာက္ေရးဝိုင္းေအာ္ၾကစဥ္က လုပ္ငန္း ေႏွးေကြးသည့္ကာလတစ္ခု စပြန္ဆာဆရာႀကီးတို႔ကို တစ္ဖက္လွည့္ျဖင့္ အသာစီးအက်ိဳးအျမတ္ထုတ္ယူ ကာရသြားၾကပါသည္။ ႏွစ္ႏိုင္ငံဘက္က ဝိသမေလာ ဘ ဆရာႀကီးရသည့္ကာလသည္ က်စ္ဆံၿမီး သတို႔သမီး ႀကီး၏ အပ်ိဳစင္ဘဝေနရာျဖစ္ပါေသာ မိမိတို႔ျပည္ ေထာင္စုသားစစ္စစ္ ညီအစ္ကို ေမာင္ႏွမ ကခ်င္ျပည္ နယ္တြင္းက ေရေဝေရလဲ သစ္ေတာမ်ားႏွင့္သဘာဝ ဝန္းက်င္ကို စိတ္ႀကိဳက္ခ်ယ္လွယ္ ကိုယ္က်ိဳးအတၱ တစ္ခုထည္းၾကည့္ကာ ဖ်က္ဆီးခဲ့သည့္ အက်ိဳးဆက္ အျဖစ္ႏွင့္ ယခုစာေရးေနစဥ္မွာပင္ သတို႔သမီးဧရာ ဝတီႀကီးက ျပည္သူ႔မ်က္ရည္အစစ္ျဖစ္မည့္ ရန္သူမ်ိဳး ငါးပါးတြင္ ထိပ္ဆုံးရွိေနသည့္ ေရႀကီးျခင္း ရန္သူစစ္ စစ္ကို ျမစ္ႀကီးနားၿမိဳ႕ႏွင့္ဝိုင္းေမာ္ ၿမိဳ႕သူၿမိဳ႕သားမ်ား၊ အိုးအိမ္မ်ား ေရေဘးသင့္ေနၾကကာ တစ္မုဟုတ္ခ်င္း ပ်က္စီးမည့္အျပင္ ပထမဧရာဝတီျမစ္ကူးတံတားႀကီး ဗလမင္းထင္တံတားႀကီးကိုပင္ ၿခိမ္းေျခာက္ေနသည့္ ႐ုပ္သံတိုက္႐ိုက္သတင္းမ်ားျမင္ေနရပါၿပီ။
မိမိတို႔အိမ္နီးခ်င္း တ႐ုတ္လူမ်ိဳးမ်ား သန္းခ်ီ ေရေဘးသင့္ေသေက် ပ်က္စီးခဲ့ရမႈကို ရာစုႏွစ္ခ်ီကာ ခံစားရခဲ့ၾကၿပီးမွ တ႐ုတ္တို႔ယန္စီႏွင့္ျမစ္ဝါျမစ္ႀကီးကို တ႐ုတ္ ႏိုင္ငံႀကီးသားတို႔ ညီၫြတ္စည္းလုံး တတ္သိ ေသာပညာမ်ားျဖင့္ ယဥ္ပါးျပဳျပင္ခဲ့ၾကသည့္ သာဓက တင္ျပခဲ့ၿပီး စာဖတ္ရႈသူတို႔သိရွိခဲ့ပါသည္။ ထိုထိုေသာ လူ႔သမိုင္းသင္ခန္းစာမ်ားကို လက္ငင္းသတိမူ ဆင္ ျခင္ေလ့လာ အတုယူႏိုင္ၾကပါသည္။ ေဘးအေပါင္းမွ ျမန္မာႏိုင္ငံသားတို႔ လြတ္ေျမာက္အသိသတိရွိၾကဖို႔ ပညာရွင္တို႔၏ သမၸဇဥ္မ်ားျဖင့္သာ သီလ၊ သမာဓိ၊ ပညာျဖင့္ထိန္းခ်ဳပ္အမွန္ကိုေဖာ္ထုတ္ၾကရာတြင္ အဂတိတရားေလးပါးျဖစ္သည့္ ----------
ဆႏၵာဂတိ = ခ်စ္ခင္သျဖင့္ မလိုက္သင့္သည့္ဘက္ သို႔ လိုက္ျခင္း၊ မျပဳသင့္သည္ကို ျပဳျခင္း။
ေဒါသာဂတိ = စိတ္ဆိုးသျဖင့္ မလိုက္သင့္သည့္ဘက္ သို႔ လိုက္ျခင္း၊ မျပဳသင့္သည္ကို ျပဳျခင္း။
ေမာဟာဂတိ = ဆင္ျခင္တုံတရားမရွိဘဲ မိုက္မဲေတြေဝ သျဖင့္ မလိုက္သင့္သည့္ဘက္သို႔ လိုက္ျခင္း၊ မျပဳသင့္ သည္ကို ျပဳျခင္း။
ဘယာဂတိ = ေၾကာက္႐ြံ႕သျဖင့္ မလိုက္သင့္သည့္ ဘက္သို႔ လိုက္ျခင္း၊ မျပဳသင့္သည္ကို ျပဳျခင္း။
တို႔ကို စိုးစဥ္းမွ်မလိုက္သည့္ စာေရးသူ၏ ရည္႐ြယ္ ခ်က္ႏွင့္ရည္မွန္းခ်က္မ်ား ဧရာဝတီသတို႔သမီးႀကီးအ ေပၚ ရာဇဝင္တြင္ေစမည့္ေစတနာတို႔ကို ဧရာဝတီခ်စ္ စာရႈသူႏိုင္ငံသားတို႔ ျမင္ေလာက္ၿပီဟုထင္မိပါသည္။
အမိႏိုင္ငံေတာ္ႏွင့္ႏိုင္ငံသားတို႔အတြက္ ျပည္ေထာင္စု ျမန္မာႏိုင္ငံသားတို႔ အခ်ိန္မီ ေက်းဇူး ဆပ္သင့္ခ်ိန္ေက်ာ္လြန္ေနၿပီျဖစ္ပါေသာ ရာဇဝင္ထဲ ကသတို႔သမီး က်စ္ဆံၿမီးဧရာဝတီႀကီးအတြက္ ၂၁ ရာစုအဝင္ ပထမ ၂၅ ႏွစ္တာကာလကို ေရခဲေတာင္ သီအိုရီအရ သိၾကားရသမွ်အနည္းငယ္မွ်သာ ျဖစ္ ေၾကာင္းႏွင့္ အေသးစိတ္သိလိုပါကလည္း ထိုထိုေသာ သမိုင္းျဖတ္သန္းခ်ိန္မ်ားကို ႏိုင္ငံႀကီးသားတို႔ တာဝန္ အရ ေတြ႕ဆုံေမးျမန္းတူးေဖာ္ၾကပါရန္ နိဂုံးခ်ဳပ္အပ္ပါ သည္။
ကိုးကား
၁။ အမ်ိဳးသားေရအရင္းအျမစ္ေကာ္မတီ NWRC ၏ ၂၀၁၇ ခုႏွစ္ အစီရင္ခံစာ
၂။ ယန္စီႏွင့္ျမစ္ဝါျမစ္တည္ေဆာက္ေရးကာလ အေတြ႕အႀကဳံမ်ား ( ၁၉၁၁ မွ ၂၀၁၁ ခုႏွစ္အထိ အခက္အခဲ အေႏွာင့္အယွက္မ်ား)
၃။ ေဒၚလာေလးဘီလ်ံတန္ေဆာက္လုပ္ေရး ကုန္ ၾကမ္းသဲႏွင့္ ေက်ာက္စရစ္မ်ား ကြၽန္ေတာ္တို႔ ပတ္ပတ္ လည္ ေျမေတြၿပိဳေနၿပီ (ဝါ) ျမစ္သဲမ်ား တရားလြန္ ထုတ္ခံေနရေသာ ဧရာဝတီ ေဆာင္းပါး (ဖ႐ြန္တီယာ ျမန္မာ)
၄။ တစ္သွ်ဴးငွက္ေပ်ာႏွင့္လူမႈေရးေဖာက္ျပန္ရႈပ္ရွင္း ေအအိုင္ဒီအက္စ္ ေရာဂါရသြားသည့္တိုင္းရင္းသူႏွင့္ တ႐ုတ္လုပ္ငန္းရွင္မ်ား
၅။ ျမစ္ေၾကာင္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနေဒသဆိုင္ရာ အစည္းအေဝးမွတ္တမ္းမ်ားထုတ္ျပန္ခ်က္မ်ား
၆။ ဧရာဝတီဆိုင္ရာ အစိုးရႏွင့္ Registered CSO NGOs အရပ္ဘက္ဆိုင္ရာ ထုတ္ျပန္ေၾကညာခ်က္ မ်ား (ျပည္တြင္း) ျပည္ပသတင္းမ်ား
၇။ အီးစီးေမာ့အဖြဲ႕ႀကီး၏ အစီရင္ခံစာမ်ားႏွင့္ ရန္ကုန္ ၿမိဳ႕တြင္က်င္းပခဲ့သည့္ အၿမဲတမ္းအဖြဲ႕ဝင္မ်ား၏ တရားဝင္မွတ္ခ်က္မ်ား
၈။ ေဒသခံ တိုင္းရင္းသားအလႊာအသီးသီး၏ ဧရာ ဝတီေပၚထားရွိသည့္ သေဘာထားအျမင္ႏွင့္ ေမွ်ာ္ လင့္ခ်က္မ်ား
၉။ ပေဒသရာဇ္ဇာတ္သိမ္းႏွင့္ ၁၈၈၅ ခုႏွစ္ ျမန္မာ့ ႏိုင္ငံအေျခအေန (ေဒၚၾကန္သမိုင္းသုေတသီ)၊ ႏိုင္ငံ့ သမိုင္းသုေတသနအဖြဲ႕
၁၀။ ျမစ္ဆုံေကာ္မရွင္၏ သီျခားေလ့လာသုံးသပ္ေရး ဆိုင္ရာေကာ္မတီ (Geographic Information System for Ayawaddy)
၁၁။ ဧရာဝတီျမစ္ေၾကာင္းဆိုင္ရာ အခ်က္အလက္ မ်ားႏွင့္ပတ္သက္၍ နည္းပညာဆိုင္ရာေဆြးေႏြးပြဲမ်ား (၂၀ဝ၂ မွ ၂၀၂၄ )အထိ
၁၂။ ဧရာဝတီ စီးပြားေရးရပ္ဝန္းႏွင့္လမ္းမတစ္ခု စီး ပြားေရးရပ္ဝန္းတစ္ခု စီမံကိန္း တ႐ုတ္ႏိုင္ငံတကာရင္း ႏွီးျမႇဳပ္ႏွံမႈအခ်က္အလက္မ်ား
၁၃။ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံလုံးဆိုင္ရာ တ႐ုတ္ ကြန္ျမဴနစ္ပါတီ ျပည္သူ႔ညီလာခံထုတ္ျပန္ခ်က္မ်ား ၂၀ဝ၀ မွ ၂၀၁၆ ခုႏွစ္
၁၄။ ယူနန္ျပည္နယ္အစိုးရႏွင့္ တ႐ုတ္ျမန္မာ ကုန္ သြယ္မႈဆိုင္ရာ နယ္စပ္ေဒသ ေနာက္ဆုံးအေျခအ ေနမ်ား ၁၉၉၀ မွ ၂၀၂၀ ျပည့္ႏွစ္အထိ
၁၅။ ျမန္မာ့ပထဝီအခ်က္အလက္ႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာအႀကံေပးသူ ဆရာဦးေမာင္ကို ၏ ကိုယ္ေတြ႕အဆိုအမိန႔္မ်ား