ရေကြီးရေလျှံမှုကြောင့် ရပ်နားခဲ့သော ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို မနက်ဖြန်တွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမည်
545
စော (NP News) - ဩဂုတ် ၂
ရေကြီးရေလျှံမှုကြောင့် ရပ်နားခဲ့သော ရန်ကုန်-မော်လမြိုင်၊ မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များကို မနက်ဖြန်(ဩဂုတ်လ ၃ ရက်)တွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးက ယနေ့ (ဩဂုတ်လ ၂ ရက်)တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြစ်ရေမြင့်တက်မှုများကြောင့် နိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ပဲခူးတိုင်း၊ ပဲခူးဘူတာယာဒ်ဝင်းအတွင်းရှိ တံတားအမှတ်(၆ဝ)တွင် ရထားသံလမ်းပေါ်သို့ ရေကျော်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရေကြီးရေလျှံမှုကြောင့် ရထားသံလမ်းပေါ်သို့ ရေကျော်ခဲ့ရာ ရထားများဖြတ်သန်းသွားလာ၍ မရသဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်မှစ၍ အမှတ် (၈၁)အဆန်ရထားနှင့် အမှတ် (၈၂)အစုရထား ခရီးစဉ်များကို ယာယီဖျက်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပဲခူးဘူတာယာဒ်ဝင်းအတွင်းရှိ ရေများ ပြန်လည်ကျဆင်းလာပြီး ရထားဖြတ်သန်းသွားလာရာတွင် အန္တရာယ်ကင်းရှင်းပြီးဖြစ်သောကြောင့် မနက်ဖြန်( ဩဂုတ်လ ၃ရက်)နေ့မှစ၍ မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်များကို ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
“ဟုတ်ပါတယ်။ မနက်ဖြန်ကစပြီး ပြေးဆွဲမှာပါ။ ရေကတော့ ကျသွားပါပြီ။ ရထားက ရန်ကုန်-မော်လမြိုင် နဲ့ မော်လမြိုင်-ရန်ကုန် ရထားလေးပဲ ရပ်နားလိုက်ရတာပါ။ ပဲခူးနဲ့ ရန်ကုန်ကတော့ ပုံမှန်ပြေးနေပါတယ်”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ထို့ကြောင့် ဩဂုတ်လ ၃ ရက်နေ့တွင် မော်လမြိုင်ဘူတာကြီးမှ နံနက် (၈) နာရီခွဲအချိန်တွင် ထွက်ခွာမည့် အမှတ် (၈၂)အစုန်ရထားသည် လေအိတ်ရထားတွဲဆိုင်းဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြန်လည်ပြေးဆွဲမည့်ရက်အတွက် ရိုးရိုးတန်း၊ အထက်တန်း လက်မှတ်များကို မော်လမြိုင်ဘူတာကြီး၊ ရက်ကြိုလက်မှတ်ရုံ၌ နံနက် (၇)နာရီမှ မွန်းလွဲ (၃)နာရီအထိ ရောင်းချပေးနေပြီး အထက်တန်း လက်မှတ်များကို (၂)ရက်ကြို၊ (၃)ရက်ကြိုတင်ကာ ရောင်းချပေးနေကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေးထုတ်ပြန်ထားသည်။
zawgyi version
ေရႀကီးေရလွ်ံမႈေၾကာင့္ ရပ္နားခဲ့ေသာ ရန္ကုန္-ေမာ္လၿမိဳင္ ရထားခရီးစဥ္မ်ားကို မနက္ျဖန္တြင္ ပုံမွန္အတိုင္း ျပန္လည္ေျပးဆြဲမည္
ေစာ (NP News) - ဩဂုတ္ ၂
ေရႀကီးေရလွ်ံမႈေၾကာင့္ ရပ္နားခဲ့ေသာ ရန္ကုန္-ေမာ္လၿမိဳင္၊ ေမာ္လၿမိဳင္-ရန္ကုန္ ရထားခရီးစဥ္မ်ားကို မနက္ျဖန္(ဩဂုတ္လ ၃ ရက္)တြင္ ပုံမွန္အတိုင္း ျပန္လည္ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ေမာ္လၿမိဳင္ဘူတာႀကီးက ယေန႔ (ဩဂုတ္လ ၂ ရက္)တြင္ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ယခုရက္ပိုင္းအတြင္း မိုးသည္းထန္စြာ ႐ြာသြန္းျခင္းႏွင့္ ျမစ္ေရျမင့္တက္မႈမ်ားေၾကာင့္ ႏိုင္ငံတစ္ဝန္း၌ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့ၿပီး ပဲခူးတိုင္း၊ ပဲခူးဘူတာယာဒ္ဝင္းအတြင္းရွိ တံတားအမွတ္(၆ဝ)တြင္ ရထားသံလမ္းေပၚသို႔ ေရေက်ာ္သည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ေရႀကီးေရလွ်ံမႈေၾကာင့္ ရထားသံလမ္းေပၚသို႔ ေရေက်ာ္ခဲ့ရာ ရထားမ်ားျဖတ္သန္းသြားလာ၍ မရသျဖင့္ ၿပီးခဲ့သည့္ ဇူလိုင္လ ၂၉ ရက္မွစ၍ အမွတ္ (၈၁)အဆန္ရထားႏွင့္ အမွတ္ (၈၂)အစုရထား ခရီးစဥ္မ်ားကို ယာယီဖ်က္သိမ္းခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ပဲခူးဘူတာယာဒ္ဝင္းအတြင္းရွိ ေရမ်ား ျပန္လည္က်ဆင္းလာၿပီး ရထားျဖတ္သန္းသြားလာရာတြင္ အႏၲရာယ္ကင္းရွင္းၿပီးျဖစ္ေသာေၾကာင့္ မနက္ျဖန္( ဩဂုတ္လ ၃ရက္)ေန႔မွစ၍ ေမာ္လၿမိဳင္-ရန္ကုန္၊ ရန္ကုန္-ေမာ္လၿမိဳင္ရထားခရီးစဥ္မ်ားကို ျပန္လည္ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ဟုတ္ပါတယ္။ မနက္ျဖန္ကစၿပီး ေျပးဆြဲမွာပါ။ ေရကေတာ့ က်သြားပါၿပီ။ ရထားက ရန္ကုန္-ေမာ္လၿမိဳင္ နဲ႔ ေမာ္လၿမိဳင္-ရန္ကုန္ ရထားေလးပဲ ရပ္နားလိုက္ရတာပါ။ ပဲခူးနဲ႔ ရန္ကုန္ကေတာ့ ပုံမွန္ေျပးေနပါတယ္”ဟု ျမန္မာ့မီးရထားမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ထို႔ေၾကာင့္ ဩဂုတ္လ ၃ ရက္ေန႔တြင္ ေမာ္လၿမိဳင္ဘူတာႀကီးမွ နံနက္ (၈) နာရီခြဲအခ်ိန္တြင္ ထြက္ခြာမည့္ အမွတ္ (၈၂)အစုန္ရထားသည္ ေလအိတ္ရထားတြဲဆိုင္းျဖင့္ ေျပးဆြဲမည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါျပန္လည္ေျပးဆြဲမည့္ရက္အတြက္ ႐ိုး႐ိုးတန္း၊ အထက္တန္း လက္မွတ္မ်ားကို ေမာ္လၿမိဳင္ဘူတာႀကီး၊ ရက္ႀကိဳလက္မွတ္႐ုံ၌ နံနက္ (၇)နာရီမွ မြန္းလြဲ (၃)နာရီအထိ ေရာင္းခ်ေပးေနၿပီး အထက္တန္း လက္မွတ္မ်ားကို (၂)ရက္ႀကိဳ၊ (၃)ရက္ႀကိဳတင္ကာ ေရာင္းခ်ေပးေနေၾကာင္း ေမာ္လၿမိဳင္ဘူတာႀကီးက အသိေပးထုတ္ျပန္ထားသည္။