ဖျာပုံတွင် ကုန်တင်စက်လှေပေါ်မှ မလေးရှားသို့ ပို့ဆောင်မည့် ငွေကျပ်(၆၉) ဘီလျံတန်ဖိုးရှိ အိုက်စ်နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းမိ

 1333

သန့်ဇင် (NP News) - ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင် ကုန်တင်စက်လှေပေါ်မှ မလေးရှားနိုင်ငံ ပင်လယ်ရေပြင်သို့ ပို့ဆောင်မည့် ငွေကျပ် (၆၉)ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ် အဖက်တမင်း)နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီအချိန်တွင် ဖျာပုံမြို့နယ်၊ ကမ်းနားကွင်းကျေးရွာ၊ ခါးပြတ်ချောင်းအတွင်း၌ စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါချောင်းအတွင်း မောင်းနှင်လာသည့် ကုန်တင်စက်လှေကို လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ အရှိန်တင်မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဌေးအောင်၊ ကျော်မြင့်နိုင်၊ ရဲဝင်းနိုင်၊ စောဟန် နှင့် ဆိတ်ဖေတို့ (၅)ဦးအား ငွေကျပ် (၆၉)ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၃ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်၊ မြရတနာ(၈)လမ်းရှိ ဖမ်းဆီးရမိသော စက်လှေပိုင်ရှင် လှမောင်ကြီး၏နေအိမ်မှ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၅၀ တောင့်နှင့်အတူ ထွန်းအောင်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် သိမ်းဆည်းရမိသည့် အိုက်စ်များသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ များဖြစ်သော သန်းဌေး(ခ)အရှည်ကြီးအား ဖျာပုံမြို့နယ်၊ ဆင်မကျေးရွာနှင့် စက်လှေပိုင်ရှင် လှမောင်ကြီး နှင့် ပဲ့နင်းသားကြီး(ခ)ဇော်သိန်းလှိုင်တို့အား လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ (၁၁)ရပ်ကွက်တို့တွင် PRADO ကားတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာ ကျေးရွာတွင် မင်းမျိုးထွန်း(ခ)ကိုမျိုးကို မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကျပ်သိန်း ၁၉၀ နှင့်လည်းကောင်း၊ အောင်ဆင့်ထွန်း(ခ)ကိုဆင့်(ခ)ကိုစိုင်း နှင့် ထိန်လင်းအောင်(ခ)ရောဘတ်(ခ)ခွန်ရဲလင်းဦးတို့အား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ပြည်ထောင်စုလမ်းမရှိ ဧည့်ရိပ်သာတွင် TOYOTA LANDCRUISER မော်တော်ယာဉ် ၁ စီး၊ HILUX SURF မော်တော်ယာဉ် ၂ စီးနှင့် လည်း ကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မလေးရှားနိုင်ငံ ပင် လယ်ရေပြင်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ၎င်းတို့အား သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးနှင့်စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း နှင့် အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ဖ်ာပုံတြင္ ကုန္တင္စက္ေလွေပၚမွ မေလးရွားသို႔ ပို႔ေဆာင္မည့္ ေငြက်ပ္(၆၉) ဘီလ်ံတန္ဖိုးရွိ အိုက္စ္ႏွင့္အတူ မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕အား ဖမ္းမိ

သန႔္ဇင္ (NP News) - ဩဂုတ္ ၃

ဧရာဝတီတိုင္းေဒသႀကီး၊ ဖ်ာပုံၿမိဳ႕နယ္တြင္ ကုန္တင္စက္ေလွေပၚမွ မေလးရွားႏိုင္ငံ ပင္လယ္ေရျပင္သို႔ ပို႔ေဆာင္မည့္ ေငြက်ပ္ (၆၉)ဘီလ်ံတန္ဖိုးရွိ အိုက္စ္(မက္သ္ အဖက္တမင္း)ႏွင့္အတူ မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕အား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဇူလိုင္လ ၂၂ ရက္၊ မြန္းလြဲ ၁ နာရီအခ်ိန္တြင္ ဖ်ာပုံၿမိဳ႕နယ္၊ ကမ္းနားကြင္းေက်း႐ြာ၊ ခါးျပတ္ေခ်ာင္းအတြင္း၌ စတင္ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေခ်ာင္းအတြင္း ေမာင္းႏွင္လာသည့္ ကုန္တင္စက္ေလွကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က စစ္ေဆးရန္ ရပ္တန႔္ခိုင္းစဥ္ ရပ္တန႔္ျခင္းမရွိဘဲ အရွိန္တင္ေမာင္းႏွင္ ထြက္ေျပးသျဖင့္ လိုက္လံဖမ္းဆီးခဲ့ရာ ေဌးေအာင္၊ ေက်ာ္ျမင့္ႏိုင္၊ ရဲဝင္းႏိုင္၊ ေစာဟန္ ႏွင့္ ဆိတ္ေဖတို႔ (၅)ဦးအား ေငြက်ပ္ (၆၉)ဘီလ်ံတန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး အိုက္စ္(မက္သ္အဖက္တမင္း) ၂ ဒသမ ၃ တန္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ စစ္ေဆးေဖာ္ထုတ္ခ်က္အရ ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ခ)ရပ္ကြက္၊ ျမရတနာ(၈)လမ္းရွိ ဖမ္းဆီးရမိေသာ စက္ေလွပိုင္ရွင္ လွေမာင္ႀကီး၏ေနအိမ္မွ ပစၥတိုေသနတ္ ၁ လက္၊ က်ည္အိမ္ ၁ ခု၊ ၉ မမက်ည္ ၅၀ ေတာင့္ႏွင့္အတူ ထြန္းေအာင္ကို ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ သိမ္းဆည္းရမိသည့္ အိုက္စ္မ်ားသယ္ေဆာင္ရာ၌ ပူးေပါင္းပါဝင္သူ မ်ားျဖစ္ေသာ သန္းေဌး(ခ)အရွည္ႀကီးအား ဖ်ာပုံၿမိဳ႕နယ္၊ ဆင္မေက်း႐ြာႏွင့္ စက္ေလွပိုင္ရွင္ လွေမာင္ႀကီး ႏွင့္ ပဲ့နင္းသားႀကီး(ခ)ေဇာ္သိန္းလႈိင္တို႔အား လႈိင္သာယာ (အေနာက္ပိုင္း)ၿမိဳ႕နယ္၊ (၁၁)ရပ္ကြက္တို႔တြင္ PRADO ကားတစ္စီးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ျပင္စာ ေက်း႐ြာတြင္ မင္းမ်ိဳးထြန္း(ခ)ကိုမ်ိဳးကို မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္ရာမွရရွိသည့္ ေငြက်ပ္သိန္း ၁၉၀ ႏွင့္လည္းေကာင္း၊ ေအာင္ဆင့္ထြန္း(ခ)ကိုဆင့္(ခ)ကိုစိုင္း ႏွင့္ ထိန္လင္းေအာင္(ခ)ေရာဘတ္(ခ)ခြန္ရဲလင္းဦးတို႔အား ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္၊ ျပည္ေထာင္စုလမ္းမရွိ ဧည့္ရိပ္သာတြင္ TOYOTA LANDCRUISER ေမာ္ေတာ္ယာဥ္ ၁ စီး၊ HILUX SURF ေမာ္ေတာ္ယာဥ္ ၂ စီးႏွင့္ လည္း ေကာင္း ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ သိမ္းဆည္းရမိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားအား ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ မေလးရွားႏိုင္ငံ ပင္ လယ္ေရျပင္သို႔ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ၎တို႔အား သက္ဆိုင္ရာၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးႏွင့္စိတ္ကိုေျပာင္းလဲေစ ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရအမႈဖြင့္ အေရးယူထားၿပီး ကြင္းဆက္က်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ႏွင့္ အမႈတြင္ဆက္စပ္ပါဝင္သူမ်ား၏ ေငြေၾကးအက်ိဳးအျမတ္မ်ားႏွင့္ ပိုင္ဆိုင္မႈမ်ားကို ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒအရ ဆက္လက္အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.