ရန်ကုန်-မော်လမြိုင် ရထားလမ်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲ

 407

NP News - ဩဂုတ် ၃

မိုးရွာသွန်းမှုကြောင့် ပဲခူးဘူတာအတွင်းရေများ ဝင်ရောက်လာခြင်းကြောင့် မီရထားခရီးစဉ်များ ယာယီရပ်နားခဲ့ရာ ယနေ့ (ဩဂုတ်လ ၃ ရက်နေ့)တွင် ပြန်လည်ပြေးဆွဲနေကြောင်း မြန်မာ့မီးရထားမှသိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများရေကျော်နေခြင်းကြောင့် ခရီးစဉ်များရပ်ဆိုင်းထားရာမှ ယနေ့ပြန်လည်စတင်ပြေးဆွဲနေခြင်းဖြစ်သည်။ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် လတ်တလော၌ တံတားများကြံခိုင်မှုစစ်ဆေးပြီး ရထားကို တဖြည်းဖြည်းမောင်းနှင်စေကြောင်း သိရသည်။ မော်လမြိုင်ဘူတာမှ နံနက် (၈)နာရီခွဲတွင်ထွက်ခွာသည့် အမှတ် ၈၂ အစုန်ရထား နှင့် ရန်ကုန်ဘူတာမှထွက်ခွာသည့် အမှတ် ၈၁ အဆန် ရထားများစတင်ပြေးဆွဲနေပြီဖြစ်သည်။

“ရထားလမ်းခရီးစဉ် အကုန်လုံးတော့ မပြေးနိုင်သေးဘူး ပုသိမ်-ဟင်္သတ-ကြံခင်းလမ်းပိုင်း ပိတ်ထားရဆဲဘဲ။ ရန်ကုန်-ပြည်လမ်းပိုင်းကတော့လာမယ့်ရက်ပိုင်းအတွင်း ပြန်ပြေးနိုင်မှာပါ”ဟု မြန်မာမီးရထားမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် တိုင်ဒေသကြီးနှင့်ပြည်နယ် (၁၀)ခုတွင် ရေဘေးရှောင်စခန်း (၆၀၀)ကျော် ဖွင့်လှစ်ထားပြီး အိမ်ထောင်စုပေါင်း ငါးသောင်းကျော်၊ လူပေါင်း နှစ်ထောင်ကျော် ပြောင်းရွှေ့နေထိုင်နေကြောင်း သိရသည်။

zawgyi version
ရန္ကုန္-ေမာ္လၿမိဳင္ ရထားလမ္း ခရီးစဥ္မ်ား ျပန္လည္ေျပးဆြဲ
NP News - ဩဂုတ္ ၃

မိုး႐ြာသြန္းမႈေၾကာင့္ ပဲခူးဘူတာအတြင္းေရမ်ား ဝင္ေရာက္လာျခင္းေၾကာင့္ မီရထားခရီးစဥ္မ်ား ယာယီရပ္နားခဲ့ရာ ယေန႔ (ဩဂုတ္လ ၃ ရက္ေန႔)တြင္ ျပန္လည္ေျပးဆြဲေနေၾကာင္း ျမန္မာ့မီးရထားမွသိရသည္။

ရန္ကုန္-မႏၲေလး ရထားလမ္းပိုင္း ႏွင့္ ရန္ကုန္-ေမာ္လၿမိဳင္လမ္းပိုင္းမ်ားေရေက်ာ္ေနျခင္းေၾကာင့္ ခရီးစဥ္မ်ားရပ္ဆိုင္းထားရာမွ ယေန႔ျပန္လည္စတင္ေျပးဆြဲေနျခင္းျဖစ္သည္။ ရန္ကုန္-မႏၲေလး ရထားလမ္းပိုင္းတြင္ လတ္တေလာ၌ တံတားမ်ားႀကံခိုင္မႈစစ္ေဆးၿပီး ရထားကို တျဖည္းျဖည္းေမာင္းႏွင္ေစေၾကာင္း သိရသည္။ ေမာ္လၿမိဳင္ဘူတာမွ နံနက္ (၈)နာရီခြဲတြင္ထြက္ခြာသည့္ အမွတ္ ၈၂ အစုန္ရထား ႏွင့္ ရန္ကုန္ဘူတာမွထြက္ခြာသည့္ အမွတ္ ၈၁ အဆန္ ရထားမ်ားစတင္ေျပးဆြဲေနၿပီျဖစ္သည္။

“ရထားလမ္းခရီးစဥ္ အကုန္လုံးေတာ့ မေျပးႏိုင္ေသးဘူး ပုသိမ္-ဟသၤတ-ႀကံခင္းလမ္းပိုင္း ပိတ္ထားရဆဲဘဲ။ ရန္ကုန္-ျပည္လမ္းပိုင္းကေတာ့လာမယ့္ရက္ပိုင္းအတြင္း ျပန္ေျပးႏိုင္မွာပါ”ဟု ျမန္မာမီးရထားမွ အႀကီးတန္းအရာရွိတစ္ဦးက ေျပာသည္။

ျမန္မာႏိုင္ငံတစ္ဝန္း ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ တိုင္ေဒသႀကီးႏွင့္ျပည္နယ္ (၁၀)ခုတြင္ ေရေဘးေရွာင္စခန္း (၆၀၀)ေက်ာ္ ဖြင့္လွစ္ထားၿပီး အိမ္ေထာင္စုေပါင္း ငါးေသာင္းေက်ာ္၊ လူေပါင္း ႏွစ္ေထာင္ေက်ာ္ ေျပာင္းေ႐ႊ႕ေနထိုင္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.