မြောက်ကိုရီးယားရေဘေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်လိုတယ်လို့ ပူတင် ကမ်းလှမ်း
969
Pika (NP News) - သြဂုတ် ၄
မြောက်ကိုရီးယားနိုင်ငံမှာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ရေကြီးမှုအတွင်း နေအိမ်ထောင်ချီပျက်စီးခဲ့ပြီး လူအသေ အပျောက်တွေရှိခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း ရုရှားသမ္မတပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ပြောကြားခဲ့တယ်လို့ ရုရှားအစိုးရက ဩဂုတ်လ(၃)ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားရဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကူညီဖို့အတွက် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာအကူအညီတွေကို ပူတင်က ကမ်းလှမ်းခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက ဩဂုတ်လ(၃)ရက်မှာ ပြောကြားခဲ့ပါတယ်။ အဲဒီကမ်းလှမ်းမှုတွေနဲ့ပတ်သက်ပြီး ပူတင်ရဲ့မိတ်ဆွေအပေါ်ထားတဲ့ နက်ရှိုင်းတဲ့ခံစားချက်ကို ခံစားမိတယ်လို့ ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။ ဇူလိုင်လ(၂၇)ရက်က တရုတ်နယ်စပ်အနီးမှာရှိတဲ့ မြောက်ကိုရီးယားဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေဖြစ်ပွားခဲ့ပြီး လူအသေအပျောက် တွေရှိခဲ့သလို နေအိမ်တွေပျက်စီးခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက ယခုသီတင်းပတ်အစောပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပူတင်က "ဒီဖြစ်ရပ်ဆိုးအတွင်း ချစ်ရတဲ့သူတွေကို ဆုံးရှုံးသွားခဲ့တဲ့လူတွေအားလုံးကို ကိုယ်ချင်းစာတဲ့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးအပ်ဖို့ ကျွန်တော်တို့ဖက်က ကမ်းလှမ်းပါတယ်။ ကျွန်တော်တို့ရဲ့ပံ့ပိုးကူညီမှုတွေကို အမြဲတမ်းအားကိုးလို့ရပါတယ်” လို့ စာပေးပို့ခဲ့ပါတယ်။
ရုရှားအစိုးရဟာ အဲဒီစာကို ဩဂုတ်လ(၃)ရက်မှာ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့ခဲ့ပြီး ကင်ဂျုံအန်း ဆီကို ချက်ချင်းရောက်ရှိသွားခဲ့တယ်လို့ မြောက်ကိုရီးယားအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ရုရှားသမ္မတပူတင်ရဲ့အကူအညီတွေ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်မိတယ်လို့ ကင်ဂျုံအန်းက ပြန်လည် တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယခုအချိန်မှာ နိုင်ငံတော်အရေးအဖြစ် စီစဉ်ထားတဲ့အတိုင်း ရေဘေးကယ်ဆယ်ရေးတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ကင်ဂျုံအန်းက ထပ်မံပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အကူအညီတွေ လိုအပ်လာခဲ့မယ်ဆိုရင် ရုရှားမှာရှိတဲ့ စစ်မှန်တဲ့ မိတ်ဖက်တွေဆီကနေ အကူအညီတွေ တောင်းခံသွားမယ်လို့ ကင်ဂျုံအန်းက ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။