ဗြိတိန်ရေငုပ်သင်္ဘောတည်ဆောက်ရေးအတွက် ငှားရမ်းထားသည့်ကုမ္ပဏီက ဆော့ဖ်ဝဲဒီဇိုင်းအတွက် ရုရှားနှင့် ဘယ်လာရုစ်ရှိ ပရိဂရမ်မာများထံ အလုပ်အပ်နှံခဲ့

 2734

ALynn (NP News) - သြဂုတ် ၄

ဗြိတိန်ရေငုပ်သင်္ဘောတည်ဆောက်ရေးအတွက် ဆော့ဖ်ဝဲလ်ဒီဇိုင်းထုတ်ရန် ငှားရမ်းထားသည့် ကုမ္ပဏီတစ်ခုက ဘီလာရုစ် နှင့် ရုရှားနိုင်ငံရှိ ပရိုဂရမ်မာများထံ အလုပ်အပ်နှံခဲ့သည်ဟု The Telegraph က သောကြာနေ့ (ဩဂုတ်လ ၂ ရက်) တွင် ဖော်ပြခဲ့သည်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းစာမှာ တွေ့ရသည့်စာရွက်စာတမ်းများ အရ ကုမ္ပဏီက လုံခြုံရေးချိုးဖောက်မှုကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြောင်း သိရသည်။

WM Reply ဟုခေါ်သော ဒစ်ဂျစ်တယ်အတိုင်ပင်ခံကုမ္ပဏီကို Rolls-Royce ရေငုပ်သင်္ဘောအတွက် အင်ထရာနက် တည်ဆောက်ရန် ၂၀၂၀ ပြည့်နှစ်တွင် ငှားရမ်းခဲ့သည်ဟု The Telegraph က ဖော်ပြခဲ့သည်။ တော်ဝင်ရေတပ် အတွက် တစ်ခုတည်းသော ရေငုပ်သင်္ဘောများကို ဒီဇိုင်းထုတ်သည့် Rolls-Royce ၏ နျူကလီးယားအင်ဂျင်နီယာ များသည် ကျယ်ပြန့်သော အင်တာနက်ကို ချိတ်ဆက်ရန် လုံခြုံရေးခြိမ်းခြောက်မှုနည်းသော အင်ထရာနက်ကို အသုံးပြုမည် ဖြစ်သည်။
Rolls-Royce ရေငုပ်သင်္ဘော၏ ထိလွယ်ရှလွယ် သဘောသဘာဝအရသော်လည်းကောင်း၊ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာန၏ စည်းမျဉ်းများအရသော်လည်းကောင်း အဆိုပါအင်ထရာနက်အား လုံခြုံရေးမှုရှိစေရန် ဗြိတိန် အခြေစိုက်ဝန်ထမ်းများဖြင့်သာ ဒီဇိုင်းထုတ်လိုကြောင်း သိရသည်။ သို့သော် WM Reply ကုမ္ပဏီသည် ယင်းအစား ဘယ်လာရုစ်ရှိ coder များ နှင့် ဆိုက်ဘေးရီးယားရှိ ပရိုဂရမ်မာများထံ အလုပ်အပ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းတွင် WM Reply မှ ဝန်ထမ်းများက ဗြိတိန်၏ ရန်ဘက်ဖြစ်သော အခြားနိုင်ငံများမှ ကုမ္ပဏီများကိုအသုံးပြုခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခဲ့ကြရသည်။ ကာကွယ်ရေးဝန်ကြီးဌာန စုံစမ်းစစ်ဆေးရေး မှူးများထံ ပေးပို့ထားသည့် ကွန်ဖရင့်မှတ်တမ်းများအရ ကုမ္ပဏီသည် ပေါင် ၅၀၀,၀၀၀ တန်ကြေးရှိသောစာချုပ်ကို ဖျက်သိမ်းမည်ကို စိုးရိမ်၍ Rolls Royce အား ပြင်ပလုပ်ငန်းအကြောင်း မပြောရန် တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားသည်။
နောက်ဆုံးတွင် Rolls Royce သည် နိုင်ငံခြားမှ coder အချို့ကို အသုံးပြုမည်ဟု သိရသော်လည်း အဆိုပါ coder များသည် ရုရှားနှင့် ဘီလာရုစ်တို့မှဖြစ်ကြောင်း မသိရှိခဲ့ရပါ။ ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာနထံ လွှဲပြောင်း ပေးထားသည့် စာရွက်စာတမ်းများတွင်လည်း ဖော်ပြ အသိပေးခြင်းမရှိခဲ့ပါ။
Rolls Royce သည် ယင်းအမှုကို ၂၀၂၁ ခုနှစ်တွင် စတင်စုံစမ်းစစ်ဆေးခဲ့ပြီး နောက်နှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန၌ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့သည်။ Rolls Royce သည် ယခုကတည်းက WM Reply ကုမ္ပဏီနှင့် အဆက်အသွယ်ဖြတ်လိုက်ပြီဖြစ်ပြီး ရေငုပ်သင်္ဘောထုတ်လုပ်သူ၏ ပြောရေးဆိုခွင့်ရှိသူက The Telegraph သို့ "လူတစ်ဦးချင်းစီအား ဝင်ရောက်ကြည့်ရှုခြင်း (သို့မဟုတ်) ဒေတာများရယူခြင်းဖြင့် စသော လုံခြုံရေးအန္တရာယ်များ မရှိစေရပါ" ဟု ၎င်းတို့၏ ကတိကဝတ်ကို ဖော်ပြခဲ့သည်။

Zawgyi Version;
ၿဗိတိန္ေရငုပ္သေဘၤာတည္ေဆာက္ေရးအတြက္ ငွားရမ္းထားသည့္ကုမၸဏီက ေဆာ့ဖ္ဝဲဒီဇိုင္းအတြက္ ႐ုရွားႏွင့္ ဘယ္လာ႐ုစ္ရွိ ပရိဂရမ္မာမ်ားထံ အလုပ္အပ္ႏွံခဲ့
ALynn (NP News) - ၾသဂုတ္ ၄

ၿဗိတိန္ေရငုပ္သေဘၤာတည္ေဆာက္ေရးအတြက္ ေဆာ့ဖ္ဝဲလ္ဒီဇိုင္းထုတ္ရန္ ငွားရမ္းထားသည့္ ကုမၸဏီတစ္ခုက ဘီလာ႐ုစ္ ႏွင့္ ႐ုရွားႏိုင္ငံရွိ ပ႐ိုဂရမ္မာမ်ားထံ အလုပ္အပ္ႏွံခဲ့သည္ဟု The Telegraph က ေသာၾကာေန႔ (ဩဂုတ္လ ၂ ရက္) တြင္ ေဖာ္ျပခဲ့သည္။ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက သတင္းစာမွာ ေတြ႕ရသည့္စာ႐ြက္စာတမ္းမ်ား အရ ကုမၸဏီက လုံၿခဳံေရးခ်ိဳးေဖာက္မႈကို ဖုံးကြယ္ဖို႔ ႀကိဳးစားခဲ့ေၾကာင္း သိရသည္။

WM Reply ဟုေခၚေသာ ဒစ္ဂ်စ္တယ္အတိုင္ပင္ခံကုမၸဏီကို Rolls-Royce ေရငုပ္သေဘၤာအတြက္ အင္ထရာနက္ တည္ေဆာက္ရန္ ၂၀၂၀ ျပည့္ႏွစ္တြင္ ငွားရမ္းခဲ့သည္ဟု The Telegraph က ေဖာ္ျပခဲ့သည္။ ေတာ္ဝင္ေရတပ္ အတြက္ တစ္ခုတည္းေသာ ေရငုပ္သေဘၤာမ်ားကို ဒီဇိုင္းထုတ္သည့္ Rolls-Royce ၏ န်ဴကလီးယားအင္ဂ်င္နီယာ မ်ားသည္ က်ယ္ျပန႔္ေသာ အင္တာနက္ကို ခ်ိတ္ဆက္ရန္ လုံၿခဳံေရးၿခိမ္းေျခာက္မႈနည္းေသာ အင္ထရာနက္ကို အသုံးျပဳမည္ ျဖစ္သည္။
Rolls-Royce ေရငုပ္သေဘၤာ၏ ထိလြယ္ရွလြယ္ သေဘာသဘာဝအရေသာ္လည္းေကာင္း၊ ၿဗိတိန္ ကာကြယ္ေရး ဝန္ႀကီးဌာန၏ စည္းမ်ဥ္းမ်ားအရေသာ္လည္းေကာင္း အဆိုပါအင္ထရာနက္အား လုံၿခဳံေရးမႈရွိေစရန္ ၿဗိတိန္ အေျခစိုက္ဝန္ထမ္းမ်ားျဖင့္သာ ဒီဇိုင္းထုတ္လိုေၾကာင္း သိရသည္။ သို႔ေသာ္ WM Reply ကုမၸဏီသည္ ယင္းအစား ဘယ္လာ႐ုစ္ရွိ coder မ်ား ႏွင့္ ဆိုက္ေဘးရီးယားရွိ ပ႐ိုဂရမ္မာမ်ားထံ အလုပ္အပ္ခဲ့သည္။
၂၀၂၀ ျပည့္ႏွစ္ေႏွာင္းပိုင္းတြင္ WM Reply မွ ဝန္ထမ္းမ်ားက ၿဗိတိန္၏ ရန္ဘက္ျဖစ္ေသာ အျခားႏိုင္ငံမ်ားမွ ကုမၸဏီမ်ားကိုအသုံးျပဳျခင္းႏွင့္ပတ္သက္၍ စိုးရိမ္ပူပန္ခဲ့ၾကရသည္။ ကာကြယ္ေရးဝန္ႀကီးဌာန စုံစမ္းစစ္ေဆးေရး မႉးမ်ားထံ ေပးပို႔ထားသည့္ ကြန္ဖရင့္မွတ္တမ္းမ်ားအရ ကုမၸဏီသည္ ေပါင္ ၅၀၀,၀၀၀ တန္ေၾကးရွိေသာစာခ်ဳပ္ကို ဖ်က္သိမ္းမည္ကို စိုးရိမ္၍ Rolls Royce အား ျပင္ပလုပ္ငန္းအေၾကာင္း မေျပာရန္ တိုက္တြန္းခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ေနာက္ဆုံးတြင္ Rolls Royce သည္ ႏိုင္ငံျခားမွ coder အခ်ိဳ႕ကို အသုံးျပဳမည္ဟု သိရေသာ္လည္း အဆိုပါ coder မ်ားသည္ ႐ုရွားႏွင့္ ဘီလာ႐ုစ္တို႔မွျဖစ္ေၾကာင္း မသိရွိခဲ့ရပါ။ ထို႔ျပင္ ကာကြယ္ေရးဝန္ႀကီးဌာနထံ လႊဲေျပာင္း ေပးထားသည့္ စာ႐ြက္စာတမ္းမ်ားတြင္လည္း ေဖာ္ျပ အသိေပးျခင္းမရွိခဲ့ပါ။
Rolls Royce သည္ ယင္းအမႈကို ၂၀၂၁ ခုႏွစ္တြင္ စတင္စုံစမ္းစစ္ေဆးခဲ့ၿပီး ေနာက္ႏွစ္တြင္ ကာကြယ္ေရး ဝန္ႀကီးဌာန၌ စုံစမ္းစစ္ေဆးမႈတစ္ခု စတင္ခဲ့သည္။ Rolls Royce သည္ ယခုကတည္းက WM Reply ကုမၸဏီႏွင့္ အဆက္အသြယ္ျဖတ္လိုက္ၿပီျဖစ္ၿပီး ေရငုပ္သေဘၤာထုတ္လုပ္သူ၏ ေျပာေရးဆိုခြင့္ရွိသူက The Telegraph သို႔ "လူတစ္ဦးခ်င္းစီအား ဝင္ေရာက္ၾကည့္ရႈျခင္း (သို႔မဟုတ္) ေဒတာမ်ားရယူျခင္းျဖင့္ စေသာ လုံၿခဳံေရးအႏၲရာယ္မ်ား မရွိေစရပါ" ဟု ၎တို႔၏ ကတိကဝတ္ကို ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.