နစက ၏ ပြည်ထဲရေးဒုဝန်ကြီး၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်အား မူလစစ်ဘက်တာဝန် ပြန်လည်ထမ်းဆောင်

 10253

NP News - ဩဂုတ် ၄

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် မြန်မာနိုင်ငံ ရဲချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် အား မူလ စစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ရန် ယမန်နေ့က ထုတ်ပြန်ကြေညာသည်။
၄င်းသည် လွန်ခဲ့သော ၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လက ပြည်ထဲရေးဒုဝန်ကြီး နှင့် ရဲချုပ်တာဝန်များ ပူးတွဲခန့်အပ်ခံခဲ့ရသူဖြစ်သည်။ လက်ရှိတွင် အဆိုပါတာဝန်မှ ဖယ်ရှားပြီး မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်စေခြင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် စစ်တက္ကသိုလ် အပတ်စဉ်(၃၇) ဆင်းဖြစ်ပြီး၊ အရှေပိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အရှေအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
နစက၏ ထုတ်ပြန်ချက်ထဲတွင် လားရှိုးဆေးရုံအတွင်း တက်ရောက်နေသော လူနာများနှင့် ပြည်သူများကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက သတ်ဖြတ်ခဲ့ကြောင်း နှင့် ယင်းဖြစ်စဉ်အပေါ် ကန့်ကွက်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့ပြန်ကြားရေး မီဒီယာများက ဖော်ပြနေသော်လည်း လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း နေပြည်တော်ရှိ သတင်းအရင်းအမြစ်များက ပြောကြားသည်။

Zawgyi Version;
နစက ၏ ျပည္ထဲေရးဒုဝန္ႀကီး၊ ရဲခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးနီလင္းေအာင္အား မူလစစ္ဘက္တာဝန္ ျပန္လည္ထမ္းေဆာင္
NP News - ဩဂုတ္ ၄

ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ႏွင့္ ျမန္မာႏိုင္ငံ ရဲခ်ဳပ္အျဖစ္တာဝန္ထမ္းေဆာင္ေနသူ ဒုတိယဗိုလ္ခ်ဳပ္ႀကီး နီလင္းေအာင္ အား မူလ စစ္ဘက္တာဝန္မ်ား ျပန္လည္ထမ္းေဆာင္ရန္ ယမန္ေန႔က ထုတ္ျပန္ေၾကညာသည္။
၄င္းသည္ လြန္ခဲ့ေသာ ၂ဝ၂၃ ခုႏွစ္၊ ဇူလိုင္လက ျပည္ထဲေရးဒုဝန္ႀကီး ႏွင့္ ရဲခ်ဳပ္တာဝန္မ်ား ပူးတြဲခန႔္အပ္ခံခဲ့ရသူျဖစ္သည္။ လက္ရွိတြင္ အဆိုပါတာဝန္မွ ဖယ္ရွားၿပီး မူလစစ္ဘက္တာဝန္မ်ား ျပန္လည္ထမ္းေဆာင္ေစျခင္းျဖစ္သည္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီး နီလင္းေအာင္သည္ စစ္တကၠသိုလ္ အပတ္စဥ္(၃၇) ဆင္းျဖစ္ၿပီး၊ အေရွပိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ အေရွအလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးတာဝန္မ်ားကို ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ေၾကာင္း သိရသည္။
နစက၏ ထုတ္ျပန္ခ်က္ထဲတြင္ လားရႈိးေဆး႐ုံအတြင္း တက္ေရာက္ေနေသာ လူနာမ်ားႏွင့္ ျပည္သူမ်ားကို တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ားက သတ္ျဖတ္ခဲ့ေၾကာင္း ႏွင့္ ယင္းျဖစ္စဥ္အေပၚ ကန႔္ကြက္ေၾကာင္း ထည့္သြင္း ေဖာ္ျပထားသည္။

လားရႈိးၿမိဳ႕ရွိ အေရွ႕ေျမာက္ပိုင္းစစ္ဌာနခ်ဳပ္ကို အၿပီးသတ္သိမ္းပိုက္လိုက္ေၾကာင္း MNDAA ကိုးကန႔္တပ္ဖြဲ႕ျပန္ၾကားေရး မီဒီယာမ်ားက ေဖာ္ျပေနေသာ္လည္း လက္ရွိအခ်ိန္အထိ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ေၾကာင္း ေနျပည္ေတာ္ရွိ သတင္းအရင္းအျမစ္မ်ားက ေျပာၾကားသည္။

Related news

© 2021. All rights reserved.