ဗဟိုဘဏ်က နိုင်ငံခြားငွေများ ဆက်တိုက်ရောင်းချပေးနေ
6696
NP News - ဩဂုတ် ၄
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လာမည့်ရက်ပိုင်းအတွင်း ငွေလဲလိုင်စင်ရဘဏ်များမှတဆင့် ဈေးကွက်အတွင်းသို့ နိုင်ငံခြားငွေများ ဆက်တိုက်ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်ငွေကြေးလုပ်ငန်းဌာနမှ သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လာမည့်ရက်သတ္တပတ်အတွင်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီ ကဏ္ဍ၊ စားသုံးဆီကဏ္ဍနှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်း နှင့် တရုတ်ယွမ် ၅ သန်း တို့ကို ရောင်းချပေးမည်ဖြစ်သည်။
“ပြင်ပဈေးကွက်ထဲမှာ ဒေါ်လာဈေးဆက်တိုက်တက်နေတော့ ဗဟိုဘဏ်ကရောင်းပေးတဲ့သဘောပဲ၊ ဒါပေမယ့် ပြင်ပဈေးက တအားကျဖို့ မရှိဘူး၊ ဗဟိုဘဏ်ဈေးက အမေရိကန်တစ်ဒေါ်လာကို ၃၃၈၁ ကျပ်ပဲရှိတယ်။ ပြင်ပဈေး က ၅၃၈၀ ရှိတယ်။ ကွာခြားချက်က နှစ်ထောင်လောက်ဆိုတော့ အပြင်ဈေးကျလဲ နည်းနည်းပဲ” ဟု ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။
ဩဂုတ်လ ၁ ရက် နှင့် ၂ ရက်များတွင် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၅.၆၁၅ သန်းကို တစ်ဒေါ်လာလျှင် ၃၃၈၁ ကျပ်ဈေးဖြင့် ဈေးကွက်အတွင်း ပြန်လည်ရောင်းချထားကြောင်း သိရသည်။
ထို့အပြင် Fx Trading Platform မှတစ်ဆင့် ထိုင်းဘတ် ၆၉ သန်း နှင့် တရုတ်ယွမ် ၉ သန်းတို့အား ရောင်းချ ပေးထားကြောင်း သိရသည်။
Zawgyi Version;
ဗဟိုဘဏ္က ႏိုင္ငံျခားေငြမ်ား ဆက္တိုက္ေရာင္းခ်ေပးေန
NP News - ဩဂုတ္ ၄
ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က လာမည့္ရက္ပိုင္းအတြင္း ေငြလဲလိုင္စင္ရဘဏ္မ်ားမွတဆင့္ ေဈးကြက္အတြင္းသို႔ ႏိုင္ငံျခားေငြမ်ား ဆက္တိုက္ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္ေငြေၾကးလုပ္ငန္းဌာနမွ သိရသည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ လာမည့္ရက္သတၱပတ္အတြင္း ႏိုင္ငံျခားေငြေၾကးေဈးကြက္တြင္ စက္သုံးဆီ က႑၊ စားသုံးဆီက႑ႏွင့္ ေဆးဝါးက႑မ်ားအတြက္ FX Trading Platform မွတစ္ဆင့္ အေမရိကန္ေဒၚလာ ၅ သန္း ႏွင့္ တ႐ုတ္ယြမ္ ၅ သန္း တို႔ကို ေရာင္းခ်ေပးမည္ျဖစ္သည္။
“ျပင္ပေဈးကြက္ထဲမွာ ေဒၚလာေဈးဆက္တိုက္တက္ေနေတာ့ ဗဟိုဘဏ္ကေရာင္းေပးတဲ့သေဘာပဲ၊ ဒါေပမယ့္ ျပင္ပေဈးက တအားက်ဖို႔ မရွိဘူး၊ ဗဟိုဘဏ္ေဈးက အေမရိကန္တစ္ေဒၚလာကို ၃၃၈၁ က်ပ္ပဲရွိတယ္။ ျပင္ပေဈး က ၅၃၈၀ ရွိတယ္။ ကြာျခားခ်က္က ႏွစ္ေထာင္ေလာက္ဆိုေတာ့ အျပင္ေဈးက်လဲ နည္းနည္းပဲ” ဟု ေငြလဲလုပ္ငန္း လုပ္ကိုင္သူတစ္ဦးက ဆိုသည္။
ဩဂုတ္လ ၁ ရက္ ႏွင့္ ၂ ရက္မ်ားတြင္ ဗဟိုဘဏ္က အေမရိကန္ေဒၚလာ ၁၅.၆၁၅ သန္းကို တစ္ေဒၚလာလွ်င္ ၃၃၈၁ က်ပ္ေဈးျဖင့္ ေဈးကြက္အတြင္း ျပန္လည္ေရာင္းခ်ထားေၾကာင္း သိရသည္။
ထို႔အျပင္ Fx Trading Platform မွတစ္ဆင့္ ထိုင္းဘတ္ ၆၉ သန္း ႏွင့္ တ႐ုတ္ယြမ္ ၉ သန္းတို႔အား ေရာင္းခ် ေပးထားေၾကာင္း သိရသည္။