ကားလမ်းမပေါ်တွင်အရက်ထိုင်သောက်သည့် လူ(၃)ဦး ကားတိုက်ခံရ၍ တစ်ဦးသေဆုံးကာ (၂)ဦးထိခိုက်ဒဏ်ရာရ
15728
သန့်ဇင် (NP News) - ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ ကားလမ်းမပေါ်တွင်အရက်ထိုင်သောက်သည့် လူ(၃)ဦး ကားတိုက်ခံရ၍ တစ်ဦးသေဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဝန်းရံမှူးလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၄ ရက်)၊ ည ၁၂နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမပေါ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လမ်းပေါ်မှာထိုင်သောက်တာက နယ်ကတက်လာတဲ့ ပန်းရံအလုပ် သမား (၃)ယောက်ထိုင်သောက်နေတာ။ ကားကလည်းတိုက်ပြီး မောင်းပြေးသွားတာ။ အဲဒီနေရာက အရက်သောက်လို့ကောင်းတဲ့နေရာမှမဟုတ်တာ။ ပြီးတော့လမ်းလယ်မျဉ်းပေါ်အရက်ထိုင်သောက်တာက ဘယ်လိုလုပ် ထိုင်သောက်သင့်မှာလဲ”ဟု ဝန်းရံမှူးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၂၅)နှစ်အရွယ် အမျိုသားတစ်ဦးတွင် ထိခိုက်ဒဏ်ရာများပြင်းထန်စွာရရှိကာ မေဓာဝီဆေးရုံကြီးတွင် ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။ “(၃)ယောက်မှာ တစ်ယောက်ဆေးရုံရောက်မှဆုံးတာ။ အခင်းဖြစ်တဲ့နေရာမှာတည်းက အခြေအနေမကောင်းတာ။ ကျန်တဲ့(၂)ယောက်ထဲက တစ်ယောက်တော့ ခေါင်းထိတယ်ဆိုတော့ ပြင်းတယ်ပေါ့။ တစ်ယောက်ကတော့ ပွန်းပဲ့လောက်ရတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဝန်းရံမှူးလူမှုကူညီရေးအသင်းမှ မေဓာဝီဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
zawgyi version
ကားလမ္းမေပၚတြင္အရက္ထိုင္ေသာက္သည့္ လူ(၃)ဦး ကားတိုက္ခံရ၍ တစ္ဦးေသဆုံးကာ (၂)ဦးထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ဩဂုတ္ ၅
ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဒဂုံၿမိဳ႕နယ္ရွိ ကားလမ္းမေပၚတြင္အရက္ထိုင္ေသာက္သည့္ လူ(၃)ဦး ကားတိုက္ခံရ၍ တစ္ဦးေသဆုံးကာ (၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ဝန္းရံမႉးလူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဩဂုတ္လ ၄ ရက္)၊ ည ၁၂နာရီအခ်ိန္တြင္ ေျမာက္ဒဂုံၿမိဳ႕နယ္၊ ပင္လုံလမ္းမေပၚတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“လမ္းေပၚမွာထိုင္ေသာက္တာက နယ္ကတက္လာတဲ့ ပန္းရံအလုပ္ သမား (၃)ေယာက္ထိုင္ေသာက္ေနတာ။ ကားကလည္းတိုက္ၿပီး ေမာင္းေျပးသြားတာ။ အဲဒီေနရာက အရက္ေသာက္လို႔ေကာင္းတဲ့ေနရာမွမဟုတ္တာ။ ၿပီးေတာ့လမ္းလယ္မ်ဥ္းေပၚအရက္ထိုင္ေသာက္တာက ဘယ္လိုလုပ္ ထိုင္ေသာက္သင့္မွာလဲ”ဟု ဝန္းရံမႉးလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အသက္(၂၅)ႏွစ္အ႐ြယ္ အမ်ိဳသားတစ္ဦးတြင္ ထိခိုက္ဒဏ္ရာမ်ားျပင္းထန္စြာရရွိကာ ေမဓာဝီေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူစဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ “(၃)ေယာက္မွာ တစ္ေယာက္ေဆး႐ုံေရာက္မွဆုံးတာ။ အခင္းျဖစ္တဲ့ေနရာမွာတည္းက အေျခအေနမေကာင္းတာ။ က်န္တဲ့(၂)ေယာက္ထဲက တစ္ေယာက္ေတာ့ ေခါင္းထိတယ္ဆိုေတာ့ ျပင္းတယ္ေပါ့။ တစ္ေယာက္ကေတာ့ ပြန္းပဲ့ေလာက္ရတယ္”ဟု ၎ကဆက္လက္ေျပာသည္။
ေသဆုံးသူအမ်ိဳးသားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ဝန္းရံမႉးလူမႈကူညီေရးအသင္းမွ ေမဓာဝီေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။