စားအုန်းဆီ အခြေခံရည်ညွှန်းဈေး တစ်ပိဿာလျှင် ကျပ် (၃၀၀)နီးပါး မြင့်တက်လာ
1621
စော (NP News) - ဩဂုတ် ၅
ယခုတစ်ပတ်အတွက် စားအုန်းဆီ အခြေခံရည်ညွှန်းဈေး တစ်ပိဿာလျှင် ငွေကျပ် (၅၇၀၀)ကျော်ဖြစ်လာပြီး ကျပ် (၃၀၀)နီးပါးမြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ယနေ့ ဩဂုတ်လ ၅ ရက်မှ ၁၁ ရက်အထိ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးကို တစ်ပိဿာလျှင် ငွေကျပ် (၅၇၈၀) ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လ ၄ ရက်အထိ တစ်ပတ်တာအတွက် စားအုန်းဆီရည်ညွှန်းဈေးသည် တစ်ပိဿာလျှင် (၅၄၈၅) ကျပ်ဖြစ်သည့် အတွက် ယခုတစ်ပတ်တွင် စားအုန်းဆီဈေးနှုန်း (၂၉၅)ကျပ် မြင့်တက်လာကြောင်း သိရသည်။ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် တစ်လလျှင် အိမ်ထောင်စု(၃၀၀၀၀)နီးပါးကို အိမ်တိုင်ရာရောက်စနစ်ဖြင့် စားအုန်းဆီများ ရောင်းချပေးမည်ဖြစ်ပြီး သယ်ယူစရိတ်သက်သာစေရန်လည်း ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ဆီများကိုဝယ်ယူနိုင်ရေးအတွက် Call Center ဖုန်းနံပါတ် ၀၁-၂၃၉၉၂၂၂ ကို လိုင်းခွဲ(၇)လိုင်း ဖွင့်လှစ်၍ အော်ဒါလက်ခံသွားမည်ဖြစ်ပြီး အော်ဒါတင်ပြီး သုံးရက်အတွင်း ပို့ဆောင်ပေးမည်ဖြစ်ကာ နံနက်(၉)နာရီမှ ညနေ(၃)နာရီခွဲအချိန်အတွင်း တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များမှလွဲ၍ ကျန်ရက်များတွင် မှာယူနိုင်ကြောင်း ဆိုထားသည်။
အဆိုပါ စနစ်အရ အိမ်ထောင်စုတစ်စုအတွက် တစ်လတစ်ကြိမ် ဆီ(၂) ပိဿာနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ခကို ဝယ်ယူသူဘက်က ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
zawgyi version
စားအုန္းဆီ အေျခခံရည္ၫႊန္းေဈး တစ္ပိႆာလွ်င္ က်ပ္ (၃၀၀)နီးပါး ျမင့္တက္လာ
ေစာ (NP News) - ဩဂုတ္ ၅
ယခုတစ္ပတ္အတြက္ စားအုန္းဆီ အေျခခံရည္ၫႊန္းေဈး တစ္ပိႆာလွ်င္ ေငြက်ပ္ (၅၇၀၀)ေက်ာ္ျဖစ္လာၿပီး က်ပ္ (၃၀၀)နီးပါးျမင့္တက္လာေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
စားသုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္း လုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီအေနျဖင့္ ယေန႔ ဩဂုတ္လ ၅ ရက္မွ ၁၁ ရက္အထိ စားအုန္းဆီ အေျခခံလက္ကားရည္ၫႊန္းေဈးကို တစ္ပိႆာလွ်င္ ေငြက်ပ္ (၅၇၈၀) ျဖစ္ေၾကာင္း ထုတ္ျပန္ ေၾကညာထားသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ ၂၉ ရက္မွ ဩဂုတ္လ ၄ ရက္အထိ တစ္ပတ္တာအတြက္ စားအုန္းဆီရည္ၫႊန္းေဈးသည္ တစ္ပိႆာလွ်င္ (၅၄၈၅) က်ပ္ျဖစ္သည့္ အတြက္ ယခုတစ္ပတ္တြင္ စားအုန္းဆီေဈးႏႈန္း (၂၉၅)က်ပ္ ျမင့္တက္လာေၾကာင္း သိရသည္။ ျပည္တြင္းေဈးကြက္အတြင္း ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္း၊ ေဈးကစားရန္ ရည္႐ြယ္ခ်က္ျဖင့္ သိုေလွာင္ျခင္းအပါအဝင္ မသမာသည့္ လုပ္ေဆာင္မႈမ်ားျပဳလုပ္ပါက အေရးႀကီးကုန္စည္ ႏွင့္ ဝန္ေဆာင္မႈဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
ထို႔ျပင္ တစ္လလွ်င္ အိမ္ေထာင္စု(၃၀၀၀၀)နီးပါးကို အိမ္တိုင္ရာေရာက္စနစ္ျဖင့္ စားအုန္းဆီမ်ား ေရာင္းခ်ေပးမည္ျဖစ္ၿပီး သယ္ယူစရိတ္သက္သာေစရန္လည္း ေဆာင္႐ြက္ထားေၾကာင္း ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းထံမွ သိရသည္။
ဆီမ်ားကိုဝယ္ယူႏိုင္ေရးအတြက္ Call Center ဖုန္းနံပါတ္ ၀၁-၂၃၉၉၂၂၂ ကို လိုင္းခြဲ(၇)လိုင္း ဖြင့္လွစ္၍ ေအာ္ဒါလက္ခံသြားမည္ျဖစ္ၿပီး ေအာ္ဒါတင္ၿပီး သုံးရက္အတြင္း ပို႔ေဆာင္ေပးမည္ျဖစ္ကာ နံနက္(၉)နာရီမွ ညေန(၃)နာရီခြဲအခ်ိန္အတြင္း တနဂၤေႏြေန႔ႏွင့္ အစိုးရ႐ုံးပိတ္ရက္မ်ားမွလြဲ၍ က်န္ရက္မ်ားတြင္ မွာယူႏိုင္ေၾကာင္း ဆိုထားသည္။
အဆိုပါ စနစ္အရ အိမ္ေထာင္စုတစ္စုအတြက္ တစ္လတစ္ႀကိမ္ ဆီ(၂) ပိႆာႏႈန္းျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ၿပီး သယ္ယူပို႔ေဆာင္ခကို ဝယ္ယူသူဘက္က ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။