တိုက်ပွဲအပေါ် အာရုံစိုက်ထားသဖြင့် ဟိုင်ဂင်ကို နစကဘက်က သွားတက်ရန် မသေချာ
4553
မြူနစ် (NP News) - ဩဂုတ် ၅
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့နှင့် နေရာအချို့ကို ပြန်လည်တည်ငြိမ်ရေးဦးစားပေးနေ သည့်အတွက် ဟိုင်ဂင်ဆွေးနွေးပွဲကို နစကအနေဖြင့် တက်ရောက်နိုင်ဖွယ်မရှိကြောင်း သိရသည်။
နစကနှင့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် အဖွဲ့များဖြစ်သော MNDAA၊ TNLA၊ AA တို့ ကြား (၆)ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲကို လာမည့် ဩဂုတ်လ (၈) ရက်တွင် တရုတ်နိုင်ငံ၌ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် တအောင်းလက်နက် ကိုင်အဖွဲ့ TNLA တို့သည် ဟိုင်ဂင် စာချုပ်ကိုချိုးဖောက်၍ ဇူလိုင်လဆန်းမှ စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့၊ ကျောက်မဲမြို့၊ နောင်ချိုမြို့နှင့် သီပေါမြို့တို့တွင် တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့ကြသည်။
တရုတ်နိုင်ငံတွင်ကျင်းပမည့် ဟိုင်ဂင်ဆွေးနွေးပွဲသို့ နစကဘက်က တက်ရောက်ရန် ရှိ၊ မရှိ NP News က နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက “အခုလက်ရှိအခြေအနေမှာတော့ ကျွန်တော်တို့အနေနဲ့ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ လားရှိုး လုံခြုံရေး၊ ပြန်လည်တည်ငြိမ်ရေးကို ဦးစားပေးဆောင် ရွက်ရမှာဖြစ်ပါတယ်။ ကျန်တဲ့ ကိစ္စတွေကိုတော့ ဒီလုပ်ငန်းတွေ ဆောင်ရွက်ပြီးချိန်မှပဲ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဟိုင်ဂင်တွင် သွားရောက်ဆွေးနွေးနေခြင်းထက် လားရှိုး၊ မိုးကုတ် အစရှိသော နယ်မြေများရှိ တိုက်ပွဲများကို အဆုံးသတ်နိုင်ရေးအပေါ်တွင် အာရုံစိုက်ထားသည်ဟု ဆိုလိုခြင်းလည်းဖြစ်သည်။ ပြီးခဲ့သော (၂၀၂၃) ခုနှစ် အောက်တိုဘာလ (၂၇)ရက်တွင် MNDAA၊ TNLA၊ AA လက်နက်ကိုင် အဖွဲ့များသည် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များတွင် တိုက်ပွဲများကို အပြင်းအထန်ဖော်ဆောင်ခဲ့ကြသည်။
အဆိုပါ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြို့ အချို့မှ နစက၏ အုပ်ချုပ်ရေးအာဏာ ဆုတ်ခွာ ပေးခဲ့ရပြီးနောက် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုဖြင့် ဟိုင်ဂင်အမည်ရှိသော သဘောတူညီချက်အရ တပ်မတော်နှင့် မြောက်ပိုင်းအဖွဲ့များကြားတွင် ရှမ်းမြောက်၌ အပစ်အခတ်ရပ်စဲခဲ့ကြသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၌ နှစ်ဖက်အပစ်အခတ် ရပ်စဲရန်သဘောတူခဲ့ကြသော်လည်း TNLA နှင့် MNDAA အဖွဲ့တို့သည် (၂၀၂၄) ခုနှစ် ဇွန်လကုန် ပိုင်းမှစတင်ကာ ၁၀၂၇ စစ်ဆင်ရေး(အပိုင်း-၂) အမည်ဖြင့် တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည်ဖော်လာခဲ့ခြင်းလည်းဖြစ်သည်။
လက်ရှိတွင် အင်အားကြီး လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သော “ဝ”လက်နက်ကိုင်အဖွဲ့ UWSAက ရှမ်းပြည်နယ်မြောက်ပိုင်းမှစ၍ နိုင်ငံအနှံ့ဖြစ်ပွားနေသော ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် တိုက်တွန်းထားသကဲ့သို့ ရှမ်းလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သော RCSS ကလည်း ယင်းကဲ့သို့ တိုက်တွန်းထားသည်။
zawgyi version
တိုက္ပြဲအေပၚ အာ႐ုံစိုက္ထားသျဖင့္ ဟိုင္ဂင္ကို နစကဘက္က သြားတက္ရန္ မေသခ်ာ
ျမဴနစ္ (NP News) - ဩဂုတ္ ၅
ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ လားရႈိးၿမိဳ႕ႏွင့္ ေနရာအခ်ိဳ႕ကို ျပန္လည္တည္ၿငိမ္ေရးဦးစားေပးေန သည့္အတြက္ ဟိုင္ဂင္ေဆြးေႏြးပြဲကို နစကအေနျဖင့္ တက္ေရာက္ႏိုင္ဖြယ္မရွိေၾကာင္း သိရသည္။
နစကႏွင့္ ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္ အဖြဲ႕မ်ားျဖစ္ေသာ MNDAA၊ TNLA၊ AA တို႔ ၾကား (၆)ႀကိမ္ေျမာက္ ဟိုင္ဂင္ေဆြးေႏြးပြဲကို လာမည့္ ဩဂုတ္လ (၈) ရက္တြင္ တ႐ုတ္ႏိုင္ငံ၌ က်င္းပရန္ စီစဥ္ထားျခင္းျဖစ္သည္။
ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ႏွင့္ တေအာင္းလက္နက္ ကိုင္အဖြဲ႕ TNLA တို႔သည္ ဟိုင္ဂင္ စာခ်ဳပ္ကိုခ်ိဳးေဖာက္၍ ဇူလိုင္လဆန္းမွ စတင္ၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ လားရႈိးၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕၊ ေနာင္ခ်ိဳၿမိဳ႕ႏွင့္ သီေပါၿမိဳ႕တို႔တြင္ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ားကို ျပန္လည္ေဖာ္ေဆာင္ခဲ့ၾကသည္။
တ႐ုတ္ႏိုင္ငံတြင္က်င္းပမည့္ ဟိုင္ဂင္ေဆြးေႏြးပြဲသို႔ နစကဘက္က တက္ေရာက္ရန္ ရွိ၊ မရွိ NP News က နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းအား ဆက္သြယ္ေမးျမန္းရာတြင္ ၎က “အခုလက္ရွိအေျခအေနမွာေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ ေက်ာက္မဲ၊ သီေပါ၊ ေနာင္ခ်ိဳ၊ လားရႈိး လုံၿခဳံေရး၊ ျပန္လည္တည္ၿငိမ္ေရးကို ဦးစားေပးေဆာင္ ႐ြက္ရမွာျဖစ္ပါတယ္။ က်န္တဲ့ ကိစၥေတြကိုေတာ့ ဒီလုပ္ငန္းေတြ ေဆာင္႐ြက္ၿပီးခ်ိန္မွပဲ ေဆာင္႐ြက္ႏိုင္မွာ ျဖစ္ပါတယ္”ဟု ျပန္လည္ေျဖၾကားခဲ့သည္။
ဟိုင္ဂင္တြင္ သြားေရာက္ေဆြးေႏြးေနျခင္းထက္ လားရႈိး၊ မိုးကုတ္ အစရွိေသာ နယ္ေျမမ်ားရွိ တိုက္ပြဲမ်ားကို အဆုံးသတ္ႏိုင္ေရးအေပၚတြင္ အာ႐ုံစိုက္ထားသည္ဟု ဆိုလိုျခင္းလည္းျဖစ္သည္။ ၿပီးခဲ့ေသာ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလ (၂၇)ရက္တြင္ MNDAA၊ TNLA၊ AA လက္နက္ကိုင္ အဖြဲ႕မ်ားသည္ ၁၀၂၇ စစ္ဆင္ေရးအမည္ျဖင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ၿမိဳ႕မ်ားတြင္ တိုက္ပြဲမ်ားကို အျပင္းအထန္ေဖာ္ေဆာင္ခဲ့ၾကသည္။
အဆိုပါ ၁၀၂၇ စစ္ဆင္ေရးကာလအတြင္း ၿမိဳ႕ အခ်ိဳ႕မွ နစက၏ အုပ္ခ်ဳပ္ေရးအာဏာ ဆုတ္ခြာ ေပးခဲ့ရၿပီးေနာက္ တ႐ုတ္ႏိုင္ငံက ၾကားဝင္ေစ့စပ္ေပးမႈျဖင့္ ဟိုင္ဂင္အမည္ရွိေသာ သေဘာတူညီခ်က္အရ တပ္မေတာ္ႏွင့္ ေျမာက္ပိုင္းအဖြဲ႕မ်ားၾကားတြင္ ရွမ္းေျမာက္၌ အပစ္အခတ္ရပ္စဲခဲ့ၾကသည္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း၌ ႏွစ္ဖက္အပစ္အခတ္ ရပ္စဲရန္သေဘာတူခဲ့ၾကေသာ္လည္း TNLA ႏွင့္ MNDAA အဖြဲ႕တို႔သည္ (၂၀၂၄) ခုႏွစ္ ဇြန္လကုန္ ပိုင္းမွစတင္ကာ ၁၀၂၇ စစ္ဆင္ေရး(အပိုင္း-၂) အမည္ျဖင့္ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ားကို ျပန္လည္ေဖာ္လာခဲ့ျခင္းလည္းျဖစ္သည္။
လက္ရွိတြင္ အင္အားႀကီး လက္နက္ကိုင္အဖြဲ႕ တစ္ခုျဖစ္ေသာ “ဝ”လက္နက္ကိုင္အဖြဲ႕ UWSAက ရွမ္းျပည္နယ္ေျမာက္ပိုင္းမွစ၍ ႏိုင္ငံအႏွံ႔ျဖစ္ပြားေနေသာ ပဋိပကၡမ်ားကို ေတြ႕ဆုံေဆြးေႏြးေျဖရွင္းၾကရန္ တိုက္တြန္းထားသကဲ့သို႔ ရွမ္းလက္နက္ကိုင္ အဖြဲ႕တစ္ခုျဖစ္ေသာ RCSS ကလည္း ယင္းကဲ့သို႔ တိုက္တြန္းထားသည္။