လောက်ကိုင် လေးကြိမ်မြောက် ဗုံးကြဲခံရပြီးနောက် MNDAA က သွေးရူး သွေးတန်းဖြင့် ဗမာများအပေါ် ပိုမဲလာမည့်အရေး စိုးရိမ်မှုများရှိနေ

 29259

သုတကျော် (NP News) - ဇူလိုင် ၅

MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့ကို တပ်မတော်က လေးကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် MNDAA က သွေးရူးသွေးတမ်းဖြင့် ဗမာများအပေါ် ပို “ မဲ ”လာမည့်အရေး စိုးရိမ်မှုများရှိနေကြောင်း NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၄)ရက်မှစတင်ကာ ဩဂုတ်လ (၂) ရက် ကာလအတွင်း တပ်မတော်က လေကြောင်းဖြင့် လေးကြိမ်တိုက်ခိုက်ထားပြီးဖြစ်ကာ MNDAA ကလည်း လောက်ကိုင်မြို့တွင် နေထိုင်လုပ်ကိုင်နေသော ဗမာလူမျိုး (၅၀ဝ)ခန့်ကို ပြီးခဲ့သည့်ရက်ပိုင်းများက စတင်ဖမ်းဆီးထားသည်။ ဗမာများကို မဖမ်းဆီးမီကာလကလည်း MNDAA က ၎င်းတို့ ထိန်းချုပ်ရာဒေသအတွင်း ဗမာ မဝင်ရဟု သတ်မှတ်ဖူးသည့်အပြင် ဗမာ ပိုင်ဆိုင်မှုအချို့ကို ဖျက်ဆီးမှုများလည်း ရှိခဲ့သည်။

လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင်လည်း ဗုံး၏ အရှိန်မှာပြင်းထန်ခဲ့ကြောင်း လေကြောင်း ဖြင့် ဗုံးသုံးကြိမ်ကြဲချခဲ့သည့် ကာလအတွင်း လောက်ကိုင် မြို့တွင်ရှိနေခဲ့သူ သတင်းရင်းမြစ်တစ်ဦးက ပြော သည်။ “ ပထမဦးဆုံး စကြဲတုန်းက တုန်ချိန်ကြာပန်း အဝိုင်းနားက တိုက်အဖြူကြီးပေါ့။ အပေါ်ဆုံးထပ်ကိုကျတော့ အပေါ်ဆုံးထပ်ကနေ အောက်သုံးလွှာ လောက်ကို ထုတ်ချင်းပေါက်သွားတာ။ သူ့ဘေးနား က အဆောက်အအုံငယ်လေးတွေရှိတယ်။ တစ်ထပ် တိုက်နှစ်ထပ်တိုက် လေးလုံးငါးလုံးမှာလည်း ခေါင် မိုးတွေ တစ်စစီဖြစ်သွားတယ်။ နောက်ထပ် နှစ်ရက် လောက်နေတော့ ထပ်ကြဲတာမှာ ကားလမ်းမပေါ် ကျတယ်။ တုန်ချိန်ပတ်ဝန်းကျင်က လမ်းကြားကား လမ်းပေါ်ကျတာ။ ပတ်ပတ်လည်မှာ တိုက်ခန်းတွေ ရှိတာ။ အောက်မြေပြင်ကနေ (၁၂)လွှာလောက်မှာ ရှိတဲ့ မှန်တံခါးပေါက်တွေ ကွဲထွက်ကုန်တာ။ လမ်း ပေါ်ကျတဲ့ နေရာမှာ ကျင်းဖြစ်သွားတယ်။ ပေါက် ကွဲမှု အားပြင်းတာပေါ့။ တတိယအကြိမ်တုန်းက တိုက်က ငါး လွှာလောက်ရှိတယ်။ ငါးလွှာလောက်အပေါ်ကို ကျတယ်။ အဲဒီအရှိန်ကြောင့် လမ်းဟိုဘက် ဆိုင်ခန်းတွေက လိပ်တံခါးတွေက ကွဲကုန်တယ်။ ပြီးတော့ မှန်တံခါး အထူကြီးတွေလည်း ကွဲထွက်သွား တယ်” ဟု ၎င်းက ဆိုသည်။

လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ် ပြုပြီးနောက် ပထမအကြိမ်တွင် MNDAA ဘက်က သိသိသာသာ ထိတ်လန့်ခြင်းမရှိသော်လည်း ဒုတိယ အကြိမ်ခန့်မှစတင်ကာ ဗမာများကို ဖမ်းဆီးရန် အတွက် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ဒုတိယအချိန် လာကြဲတော့ နည်းနည်းလန့်သွားတယ်ဗျ။ သူတို့ဘက်ကကြည့်ရင်တော့ မထင် ထားတဲ့ ပုံစံမျိုးပေါ့။ ပထမတစ်ခါက ရှိစေတော့ ထားလိုက်တော့ဆိုတဲ့ အနေအထားမျိုး။ ဒုတိယအကြိမ် တော့ လန့်သွားတဲ့ အနေအထားတွေ့ရတယ်။ ပြည်သူတွေကလည်း ကြောက်ပြီး နမ့်တစ်တို့ ပန်ဆန်းတို့ ဘက်ကို ပြေးသွားတာတွေ့ရတယ်။ ဒုတိယအချိန် ကြဲပြီးတဲ့နောက်မှစပြီး ဗမာလူမျိုးတွေကို စာအုပ်တွေ စစ်တာ၊ ကတ်တွေ စစ်တာလုပ်ဆောင်တယ်။ ကျွန်တော် မပြန်လာခင်အချိန်အထိ ဗုံးနောက်တစ်လုံး ကျ တဲ့အခါ ဗမာလူမျိုး အကုန်ဖမ်းဆိုတာမျိုး ဖြစ်သွားတယ်။ ဗမာလူမျိုးကို နေလို့မရတဲ့ပုံစံ တင်းကြပ် တယ်။ အလုပ်သမားတွေကို လိုက်ဖမ်းတယ်။ KTV က မိန်းကလေးတွေပေါ့။ စာအုပ်ရှိတာ၊ မရှိတာတွေ ရော၊ သူဌေးထောက်ခံတာရော၊ မထောက်ခံတာရော သူတို့က ဖမ်းတယ်” ဟု ၎င်းက ဆိုသည်။

ဗုံးကြဲပြီးနောက် MNDAA ဘက်တွင် သွေးရူး သွေးတန်းဖြစ်သွားသည်ဟုရှုမြင်မိပြီး တတိယအ ကြိမ်မြောက် ဗုံးကြဲမခံရမီတွင် နေထိုင်ခွင့်စာအုပ် ထုတ်ပေးသည့် ရုံးကိုပင် ပိတ်လိုက်ကြောင်း ၎င်းက ဆိုသည်။

“ (တတိယအကြိမ်) ဗုံးနောက်တစ်လုံးကျတဲ့ အချိန်မှာ ဗမာလူမျိုးလုံးဝ နေလို့မရဘူးဖြစ်သွား တယ်။ ကျွန်တော်ကတော့ သူတို့သွေးရူးသွေးတမ်း ဖြစ်သွားတယ်လို့ မြင်တယ်” ဟု ၎င်းက ဆိုသည်။ လောက်ကိုင်တွင် ဖမ်းဆီးခံရသည့် ဗမာများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ သတင်းကြားရခြင်းမရှိသေးပဲ ဆက်လက် ဖမ်းဆီးထားသည့် အနေအထားဖြစ်ကာ စုံစမ်းထားသည့် အချက်အလက်များအရလည်း လွတ်မြောက်လာသူမရှိသေးဟု သိရကြောင်း ၎င်းက ဆိုသည်။

“ ကျွန်တော့်စိတ်ထင်တော့ ပိုဆိုးမယ့် အလားအလာကို မြင်တယ်။ ပြီးတော့ ဖမ်းထားတဲ့သူတွေ လည်း သူတို့အတွက် အင်အားတစ်ခုခု အသုံးချမယ်လို့ ထင်နေတယ်။ ဗမာလူမျိုးရှိလို့၊ သတင်းပေးတွေ ရှိလို့ထင်နေတာဆိုတော့ အခုစတုတ္ထအကြိမ်ကြဲပြီးတဲ့နောက် ပိုဆိုးလာမယ်လို့ ထင်နေတယ်” ဟု ၎င်းက ခန့်မှန်းသည်။ ဗမာလူမျိုးများ သတင်းပေးသည်ဟု ဆိုခြင်းမှာလည်း မဖြစ်နိုင်ဘဲ ပြည်မတွင် အဆင်မပြေ သည့်အတွက် သွားရောက်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်ပြန်လာတဲ့နောက်ပိုင်းလည်း (နေတာက) ရှိတာလည်း ရှိဦးမယ်။ ပိုက်ဆံလည်း မရှိ၊ လုပ်ငန်းလည်း အဆင်မပြေတော့ နေဖို့လည်း စဉ်းစားရတယ်။ ပြန်ဖို့လည်း စဉ်းစားရတယ်။ ကြိတ်မှိတ် ပြီးနေရတဲ့သူတွေလည်း ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။ ထို့ပြင် MNDAA အနေဖြင့် လားရှိုးတိုက်ပွဲတွင် ကျဆုံးဒဏ်ရာရသူ လူဦးရေသောင်းနှင့် ချီရှိနိုင် ကြောင်းလည်း ကြားရသောသတင်းများအပေါ်မူတည်၍ ၎င်းကဆိုသည်။

“ တစ်ဆင့်ခံ ပြောတာကြားတာတော့ သူတို့ အသေအပျောက်များတယ်လို့ သိရတယ်။ လူဦးရေ နဲ့ ပြောမယ်ဆိုရင် အင်အားတစ်သောင်းလောက်၊ တစ်သောင်းခွဲလောက်ကျတယ်လို့ ပြောသံကြား တယ်” ဟု ၎င်းက ဆိုသည်။ MNDAAက ဗမာများကို ဖမ်းဆီးသည်ဆိုသောကိစ္စမှာ MNDAA ဘက်က ကလဲ့စားသဘောမျိုးဖြင့် မဲနေခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူအတွက် စိုးရိမ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းအရေး လေ့လာသူတစ်ဦးက ဆိုသည်။

“ အခုက ဖမ်းထားပြီးတော့ တစ်ခုခု လုပ်လိုက်မှာကို စိုးရိမ်တယ်။ သတ်တာမျိုးဆိုတာထက် စစ်ပွဲမှာ ခိုင်းတာမျိုး၊ ဒါမှမဟုတ် သူတို့ဆီမှာ ခိုင်းတာမျိုးပေါ့ဗျာ။ ဒါတွေမဖြစ်ဘူးလို့ ပြောနိုင်လား။ MNDAA ဘက်ကကော တာဝန်ယူမှာလား” ဟု ၎င်းက မေးခွန်းထုတ်သည်။

zawgyi version
ေလာက္ကိုင္ ေလးႀကိမ္ေျမာက္ ဗုံးႀကဲခံရၿပီးေနာက္ MNDAA က ေသြး႐ူး ေသြးတန္းျဖင့္ ဗမာမ်ားအေပၚ ပိုမဲလာမည့္အေရး စိုးရိမ္မႈမ်ားရွိေန
သုတေက်ာ္ (NP News) - ဇူလိုင္ ၅

MNDAA ထိန္းခ်ဳပ္ထားသည့္ ေလာက္ကိုင္ၿမိဳ႕ကို တပ္မေတာ္က ေလးႀကိမ္ေျမာက္ ေလေၾကာင္းတိုက္ခိုက္မႈျပဳလုပ္ၿပီးေနာက္ MNDAA က ေသြး႐ူးေသြးတမ္းျဖင့္ ဗမာမ်ားအေပၚ ပို “ မဲ ”လာမည့္အေရး စိုးရိမ္မႈမ်ားရွိေနေၾကာင္း NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ (၁၄)ရက္မွစတင္ကာ ဩဂုတ္လ (၂) ရက္ ကာလအတြင္း တပ္မေတာ္က ေလေၾကာင္းျဖင့္ ေလးႀကိမ္တိုက္ခိုက္ထားၿပီးျဖစ္ကာ MNDAA ကလည္း ေလာက္ကိုင္ၿမိဳ႕တြင္ ေနထိုင္လုပ္ကိုင္ေနေသာ ဗမာလူမ်ိဳး (၅၀ဝ)ခန႔္ကို ၿပီးခဲ့သည့္ရက္ပိုင္းမ်ားက စတင္ဖမ္းဆီးထားသည္။ ဗမာမ်ားကို မဖမ္းဆီးမီကာလကလည္း MNDAA က ၎တို႔ ထိန္းခ်ဳပ္ရာေဒသအတြင္း ဗမာ မဝင္ရဟု သတ္မွတ္ဖူးသည့္အျပင္ ဗမာ ပိုင္ဆိုင္မႈအခ်ိဳ႕ကို ဖ်က္ဆီးမႈမ်ားလည္း ရွိခဲ့သည္။

ေလေၾကာင္းျဖင့္ ဗုံးႀကဲတိုက္ခိုက္ရာတြင္လည္း ဗုံး၏ အရွိန္မွာျပင္းထန္ခဲ့ေၾကာင္း ေလေၾကာင္း ျဖင့္ ဗုံးသုံးႀကိမ္ႀကဲခ်ခဲ့သည့္ ကာလအတြင္း ေလာက္ကိုင္ ၿမိဳ႕တြင္ရွိေနခဲ့သူ သတင္းရင္းျမစ္တစ္ဦးက ေျပာ သည္။ “ ပထမဦးဆုံး စႀကဲတုန္းက တုန္ခ်ိန္ၾကာပန္း အဝိုင္းနားက တိုက္အျဖဴႀကီးေပါ့။ အေပၚဆုံးထပ္ကိုက်ေတာ့ အေပၚဆုံးထပ္ကေန ေအာက္သုံးလႊာ ေလာက္ကို ထုတ္ခ်င္းေပါက္သြားတာ။ သူ႔ေဘးနား က အေဆာက္အအုံငယ္ေလးေတြရွိတယ္။ တစ္ထပ္ တိုက္ႏွစ္ထပ္တိုက္ ေလးလုံးငါးလုံးမွာလည္း ေခါင္ မိုးေတြ တစ္စစီျဖစ္သြားတယ္။ ေနာက္ထပ္ ႏွစ္ရက္ ေလာက္ေနေတာ့ ထပ္ႀကဲတာမွာ ကားလမ္းမေပၚ က်တယ္။ တုန္ခ်ိန္ပတ္ဝန္းက်င္က လမ္းၾကားကား လမ္းေပၚက်တာ။ ပတ္ပတ္လည္မွာ တိုက္ခန္းေတြ ရွိတာ။ ေအာက္ေျမျပင္ကေန (၁၂)လႊာေလာက္မွာ ရွိတဲ့ မွန္တံခါးေပါက္ေတြ ကြဲထြက္ကုန္တာ။ လမ္း ေပၚက်တဲ့ ေနရာမွာ က်င္းျဖစ္သြားတယ္။ ေပါက္ ကြဲမႈ အားျပင္းတာေပါ့။ တတိယအႀကိမ္တုန္းက တိုက္က ငါး လႊာေလာက္ရွိတယ္။ ငါးလႊာေလာက္အေပၚကို က်တယ္။ အဲဒီအရွိန္ေၾကာင့္ လမ္းဟိုဘက္ ဆိုင္ခန္းေတြက လိပ္တံခါးေတြက ကြဲကုန္တယ္။ ၿပီးေတာ့ မွန္တံခါး အထူႀကီးေတြလည္း ကြဲထြက္သြား တယ္” ဟု ၎က ဆိုသည္။

ေလေၾကာင္းျဖင့္ ဗုံးႀကဲတိုက္ခိုက္မႈ သုံးႀကိမ္ ျပဳၿပီးေနာက္ ပထမအႀကိမ္တြင္ MNDAA ဘက္က သိသိသာသာ ထိတ္လန႔္ျခင္းမရွိေသာ္လည္း ဒုတိယ အႀကိမ္ခန႔္မွစတင္ကာ ဗမာမ်ားကို ဖမ္းဆီးရန္ အတြက္ ေဆာင္႐ြက္လာျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။

“ ဒုတိယအခ်ိန္ လာႀကဲေတာ့ နည္းနည္းလန႔္သြားတယ္ဗ်။ သူတို႔ဘက္ကၾကည့္ရင္ေတာ့ မထင္ ထားတဲ့ ပုံစံမ်ိဳးေပါ့။ ပထမတစ္ခါက ရွိေစေတာ့ ထားလိုက္ေတာ့ဆိုတဲ့ အေနအထားမ်ိဳး။ ဒုတိယအႀကိမ္ ေတာ့ လန႔္သြားတဲ့ အေနအထားေတြ႕ရတယ္။ ျပည္သူေတြကလည္း ေၾကာက္ၿပီး နမ့္တစ္တို႔ ပန္ဆန္းတို႔ ဘက္ကို ေျပးသြားတာေတြ႕ရတယ္။ ဒုတိယအခ်ိန္ ႀကဲၿပီးတဲ့ေနာက္မွစၿပီး ဗမာလူမ်ိဳးေတြကို စာအုပ္ေတြ စစ္တာ၊ ကတ္ေတြ စစ္တာလုပ္ေဆာင္တယ္။ ကြၽန္ေတာ္ မျပန္လာခင္အခ်ိန္အထိ ဗုံးေနာက္တစ္လုံး က် တဲ့အခါ ဗမာလူမ်ိဳး အကုန္ဖမ္းဆိုတာမ်ိဳး ျဖစ္သြားတယ္။ ဗမာလူမ်ိဳးကို ေနလို႔မရတဲ့ပုံစံ တင္းၾကပ္ တယ္။ အလုပ္သမားေတြကို လိုက္ဖမ္းတယ္။ KTV က မိန္းကေလးေတြေပါ့။ စာအုပ္ရွိတာ၊ မရွိတာေတြ ေရာ၊ သူေဌးေထာက္ခံတာေရာ၊ မေထာက္ခံတာေရာ သူတို႔က ဖမ္းတယ္” ဟု ၎က ဆိုသည္။

ဗုံးႀကဲၿပီးေနာက္ MNDAA ဘက္တြင္ ေသြး႐ူး ေသြးတန္းျဖစ္သြားသည္ဟုရႈျမင္မိၿပီး တတိယအ ႀကိမ္ေျမာက္ ဗုံးႀကဲမခံရမီတြင္ ေနထိုင္ခြင့္စာအုပ္ ထုတ္ေပးသည့္ ႐ုံးကိုပင္ ပိတ္လိုက္ေၾကာင္း ၎က ဆိုသည္။

“ (တတိယအႀကိမ္) ဗုံးေနာက္တစ္လုံးက်တဲ့ အခ်ိန္မွာ ဗမာလူမ်ိဳးလုံးဝ ေနလို႔မရဘူးျဖစ္သြား တယ္။ ကြၽန္ေတာ္ကေတာ့ သူတို႔ေသြး႐ူးေသြးတမ္း ျဖစ္သြားတယ္လို႔ ျမင္တယ္” ဟု ၎က ဆိုသည္။ ေလာက္ကိုင္တြင္ ဖမ္းဆီးခံရသည့္ ဗမာမ်ားႏွင့္ပတ္သက္၍ တစ္စုံတစ္ရာ သတင္းၾကားရျခင္းမရွိေသးပဲ ဆက္လက္ ဖမ္းဆီးထားသည့္ အေနအထားျဖစ္ကာ စုံစမ္းထားသည့္ အခ်က္အလက္မ်ားအရလည္း လြတ္ေျမာက္လာသူမရွိေသးဟု သိရေၾကာင္း ၎က ဆိုသည္။

“ ကြၽန္ေတာ့္စိတ္ထင္ေတာ့ ပိုဆိုးမယ့္ အလားအလာကို ျမင္တယ္။ ၿပီးေတာ့ ဖမ္းထားတဲ့သူေတြ လည္း သူတို႔အတြက္ အင္အားတစ္ခုခု အသုံးခ်မယ္လို႔ ထင္ေနတယ္။ ဗမာလူမ်ိဳးရွိလို႔၊ သတင္းေပးေတြ ရွိလို႔ထင္ေနတာဆိုေတာ့ အခုစတုတၳအႀကိမ္ႀကဲၿပီးတဲ့ေနာက္ ပိုဆိုးလာမယ္လို႔ ထင္ေနတယ္” ဟု ၎က ခန႔္မွန္းသည္။ ဗမာလူမ်ိဳးမ်ား သတင္းေပးသည္ဟု ဆိုျခင္းမွာလည္း မျဖစ္ႏိုင္ဘဲ ျပည္မတြင္ အဆင္မေျပ သည့္အတြက္ သြားေရာက္လုပ္ကိုင္ၾကျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။

“ကြၽန္ေတာ္ျပန္လာတဲ့ေနာက္ပိုင္းလည္း (ေနတာက) ရွိတာလည္း ရွိဦးမယ္။ ပိုက္ဆံလည္း မရွိ၊ လုပ္ငန္းလည္း အဆင္မေျပေတာ့ ေနဖို႔လည္း စဥ္းစားရတယ္။ ျပန္ဖို႔လည္း စဥ္းစားရတယ္။ ႀကိတ္မွိတ္ ၿပီးေနရတဲ့သူေတြလည္း ရွိတယ္” ဟု ၎က ရွင္းျပသည္။ ထို႔ျပင္ MNDAA အေနျဖင့္ လားရႈိးတိုက္ပြဲတြင္ က်ဆုံးဒဏ္ရာရသူ လူဦးေရေသာင္းႏွင့္ ခ်ီရွိႏိုင္ ေၾကာင္းလည္း ၾကားရေသာသတင္းမ်ားအေပၚမူတည္၍ ၎ကဆိုသည္။

“ တစ္ဆင့္ခံ ေျပာတာၾကားတာေတာ့ သူတို႔ အေသအေပ်ာက္မ်ားတယ္လို႔ သိရတယ္။ လူဦးေရ နဲ႔ ေျပာမယ္ဆိုရင္ အင္အားတစ္ေသာင္းေလာက္၊ တစ္ေသာင္းခြဲေလာက္က်တယ္လို႔ ေျပာသံၾကား တယ္” ဟု ၎က ဆိုသည္။ MNDAAက ဗမာမ်ားကို ဖမ္းဆီးသည္ဆိုေသာကိစၥမွာ MNDAA ဘက္က ကလဲ့စားသေဘာမ်ိဳးျဖင့္ မဲေနျခင္းျဖစ္ၿပီး ဖမ္းဆီးခံရသူအတြက္ စိုးရိမ္ေၾကာင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းအေရး ေလ့လာသူတစ္ဦးက ဆိုသည္။

“ အခုက ဖမ္းထားၿပီးေတာ့ တစ္ခုခု လုပ္လိုက္မွာကို စိုးရိမ္တယ္။ သတ္တာမ်ိဳးဆိုတာထက္ စစ္ပြဲမွာ ခိုင္းတာမ်ိဳး၊ ဒါမွမဟုတ္ သူတို႔ဆီမွာ ခိုင္းတာမ်ိဳးေပါ့ဗ်ာ။ ဒါေတြမျဖစ္ဘူးလို႔ ေျပာႏိုင္လား။ MNDAA ဘက္ကေကာ တာဝန္ယူမွာလား” ဟု ၎က ေမးခြန္းထုတ္သည္။

Related news

© 2021. All rights reserved.