ရုရှားနိုင်ငံက Doomsday drone’ ကို ထုတ်ဖော်ပြသ
2489
ဂျန်ဇက် (NP News) - ဩဂုတ် ၅
ရုရှားနိုင်ငံဟာ ‘နျူကလီးယား စစ်ပွဲဖြစ်ပွားနေချိန်ကာလအတွင်းမှာပဲ ကင်းထောက်ခြင်းတွေကို လုပ်ဆောင်နိုင်စွမ်းရှိမယ့် Doomsday drone’ကို ထုတ်ဖော်ပြသလိုက်ကြောင်းသိရပါတယ်။
ရုရှား the Center of Comprehensive Unmanned Solutions အဖွဲ့အကြီးအကဲက အဆိုပါဒရုန်းကို ပတ်ဝန်းကျင်ညစ်ညမ်းမှုကနေ လူတွေကိုဘေးကင်းစေဖို့နဲ့ ရေဒီယိုသတ္တိကြွမှုတွေကို စောင့်ကြည့်ရာမှာ အဓိကထားအသုံးပြုနိုင်မယ်လို့ ပြောပါတယ်။ အဲဒီဒရုန်းဟာ အကွာအဝေး (၅၀၀)မီတာကနေ (၂)ကီလိုမီတာအထိ ပဲ့ထိန်းလမ်းညွှန်စနစ်နဲ့ ပျံသန်းနိုင်မှာဖြစ်ပြီး လေထဲမှာအနည်းဆုံးမိနစ် (၂၀)ကြာနေနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။အဲဒီဒရုန်းတွေဟာ နျူကလီးယားတိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့တဲ့ ဒေသမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖွယ်ရှိနေကြောင်း၊ နျူကလီးယားတိုက်ခိုက်ခံရတဲ့ မြို့တွေ၊ နဲ့ မြေပြင်အခြေနေတွေကို စုံစမ်းထောက်လှမ်းနိုင်မှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။ အဆိုပါဒရုန်းဟာအသေးစားဒရုန်းအမျိုးအစားဖြစ်ပြီး ကင်းထောက်ရေးအတွက် အဓိကထားအသုံးပြုနိုင်ကြောင်း ရုရှားအာဏာပိုင်တွေကပြောပါတယ်။
၎င်းက "ကမ္ဘာကြီးမှာ နျူကလီးယား လက်နက်အသုံးပြုတာမျိုးကို ဘယ် တော့မှခွင့်မပြုပါဘူး၊ အဲဒါဆိုရင် ကျွန်တော်တို့ဖန်တီးထားတဲ့ Doomsday drone’ လည်းလိုအပ်မှုရှိမှာမဟုတ်ဘူး၊ ဒါပေမဲ့ နျူကလီးယားတိုက်ခိုက်မှုတွေဖြစ်လာရင်တော့ အဲဒီဒရုန်းကလိုအပ်လာမှာပါ၊ ကမ္ဘာကြီးမှာအဆိုးရွားဆုံးဘေးဆိုးတွေကျရောက်လာမယ့် အခြေအနေတွေအတွက် မပြင်ဆင်ဘဲထားလို့မရဘူး"လို့ ပြောပါတယ်။
zawgyi version
႐ုရွားႏိုင္ငံက Doomsday drone’ ကို ထုတ္ေဖာ္ျပသ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၅
႐ုရွားႏိုင္ငံဟာ ‘န်ဴကလီးယား စစ္ပြဲျဖစ္ပြားေနခ်ိန္ကာလအတြင္းမွာပဲ ကင္းေထာက္ျခင္းေတြကို လုပ္ေဆာင္ႏိုင္စြမ္းရွိမယ့္ Doomsday drone’ကို ထုတ္ေဖာ္ျပသလိုက္ေၾကာင္းသိရပါတယ္။
႐ုရွား the Center of Comprehensive Unmanned Solutions အဖြဲ႕အႀကီးအကဲက အဆိုပါဒ႐ုန္းကို ပတ္ဝန္းက်င္ညစ္ညမ္းမႈကေန လူေတြကိုေဘးကင္းေစဖို႔နဲ႔ ေရဒီယိုသတၱိႂကြမႈေတြကို ေစာင့္ၾကည့္ရာမွာ အဓိကထားအသုံးျပဳႏိုင္မယ္လို႔ ေျပာပါတယ္။ အဲဒီဒ႐ုန္းဟာ အကြာအေဝး (၅၀၀)မီတာကေန (၂)ကီလိုမီတာအထိ ပဲ့ထိန္းလမ္းၫႊန္စနစ္နဲ႔ ပ်ံသန္းႏိုင္မွာျဖစ္ၿပီး ေလထဲမွာအနည္းဆုံးမိနစ္ (၂၀)ၾကာေနႏိုင္မွာျဖစ္တယ္လို႔ ေျပာပါတယ္။အဲဒီဒ႐ုန္းေတြဟာ န်ဴကလီးယားတိုက္ခိုက္မႈကို ရင္ဆိုင္ခဲ့တဲ့ ေဒသမွာ ပတ္ဝန္းက်င္ညစ္ညမ္းမႈေတြကို စုံစမ္းစစ္ေဆးႏိုင္ဖြယ္ရွိေနေၾကာင္း၊ န်ဴကလီးယားတိုက္ခိုက္ခံရတဲ့ ၿမိဳ႕ေတြ၊ နဲ႔ ေျမျပင္အေျခေနေတြကို စုံစမ္းေထာက္လွမ္းႏိုင္မွာျဖစ္ေၾကာင္း ၎ကေျပာပါတယ္။ အဆိုပါဒ႐ုန္းဟာအေသးစားဒ႐ုန္းအမ်ိဳးအစားျဖစ္ၿပီး ကင္းေထာက္ေရးအတြက္ အဓိကထားအသုံးျပဳႏိုင္ေၾကာင္း ႐ုရွားအာဏာပိုင္ေတြကေျပာပါတယ္။
၎က "ကမာၻႀကီးမွာ န်ဴကလီးယား လက္နက္အသုံးျပဳတာမ်ိဳးကို ဘယ္ ေတာ့မွခြင့္မျပဳပါဘူး၊ အဲဒါဆိုရင္ ကြၽန္ေတာ္တို႔ဖန္တီးထားတဲ့ Doomsday drone’ လည္းလိုအပ္မႈရွိမွာမဟုတ္ဘူး၊ ဒါေပမဲ့ န်ဴကလီးယားတိုက္ခိုက္မႈေတြျဖစ္လာရင္ေတာ့ အဲဒီဒ႐ုန္းကလိုအပ္လာမွာပါ၊ ကမာၻႀကီးမွာအဆိုး႐ြားဆုံးေဘးဆိုးေတြက်ေရာက္လာမယ့္ အေျခအေနေတြအတြက္ မျပင္ဆင္ဘဲထားလို႔မရဘူး"လို႔ ေျပာပါတယ္။