သောင်းကျန်းသူများ နှင့် လောက်ကောင်များကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး နိုင်ငံတဝှမ်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု နစက ဥက္ကဌ အတိအလင်း ပြောကြား
14318
သုတကျော် (NP News) - ဩဂုတ်လ ၅
သောင်းကျန်သူများ နှင့် ပြည်သူများ အားလျှော့အောင် လုပ်နေသော လောက်ကောင်များကို ဘုံရန်သူ အဖြစ် သတ်မှတ်ပြီး နိုင်ငံတဝှမ်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိသည် အထိ ကြိုးပမ်း ဆောင်ရွက်သွားမည် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (ဩဂုတ်လ ၅ ရက်) ညနေပိုင်းတွင် ပြောကြားသည့် မိန့်ခွန်း အတွင်း အတိအလင်း ထည့်သွင်း ပြောကြားခဲ့သည်။
“ရှမ်းပြည်နယ် မြောက်ပိုင်း အခြေအနေနဲ့ ပတ်သက်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်ရှိနေရာများရဲ့ လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေတဲ့ ပြည်သူများရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးကို ဦးစားပေး စဉ်းစားပြီး ဆုတ်ခွာခဲ့ရတာလည်း ရှိပါတယ်။ ဒါကို MNDAA၊ TNLA သောင်းကျန်းသူ ပူးပေါင်း အဖွဲ့တွေနဲ့ နောက်ကွယ်ကနေ အားပေး အားမြှောက်ပြုနေတဲ့ လောက်ကောင်တွေနဲ့ ချိတ်ဆက်ပြီး သူတို့ခိုင်းစေတဲ့ နိုင်ငံများရဲ့ အလိုကျ မြန်မာပြည်သူလူထု စိတ်မချမ်းမသာဖြစ်အောင်၊ အင်အားလျော့လာအောင် ဝါဒဖြန့်ချီတာတွေ လုပ်လာပါတယ်။ လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးအရ မဖြေရှင်းပဲ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖြေရှင်းနေတာတွေကို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအနေနဲ့ လုံးဝ လက်ခံလို့မရတာကြောင့် ဘုံရန်သူ အဖြစ် သတ်မှတ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းကိုသာမဟုတ်ပဲ နိုင်ငံတဝှမ်းလုံး တည်ငြိမ်အေးချမ်းမှု ရရှိတဲ့အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌက ပြောသည်။
တရုတ် - မြန်မာ နယ်စပ်ဒေသရှိ EAOs ဒေသအချို့တွင် လက်နက်ခဲယမ်း စက်ရုံများ တည်ထောင်ထားပြီး လက်နက်ခဲယမ်းများ၊ ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်နေသည်ကို တွေ့ရပြီး PDF များ နှင့် အခြား EAOs များထံ ရောင်းချနေသည်ကို တွေ့ရကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိသော လက်နက်ခဲယမ်း အများစုမှာလည်း အဆိုပါ စက်ရုံများက ထုတ်လုပ်သော လက်နက်အများစု ဖြစ်သည်ကို တွေ့ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“ဒီလို လက်နက်ခဲယမ်း၊ မီးကျောက် စက်ရုံ တည်ထောင်နိုင်ဖို့ ဆိုတာ သာမန် အခြေအနေနဲ့ မရနိုင်ပါဘူး။ ငွေကြေး အင်အားနဲ့ နည်းပညာ အင်အားများများစွာ လိုအပ်တာ ဖြစ်တာကြောင့် ဒီစက်ရုံတွေ လည်ပတ်ဖို့ ငွေကြေးနဲ့ နည်းပညာ အင်အား ဘယ်နေရာက ရရှိတာလည်း ဆိုတာကိုလည်း ဆန်းစစ်သွားရမှာလည်း ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားသည်။
MNDAA၊ TNLA နှင့် ဆက်စပ် အဖွဲ့ဝင်များ သုံးနေသော Drop ဗုံးများ၊ ရှော့တိုက်ဒုံးများသည် နည်းပညာအရ အဆင့်မြှင့်တင် ပြင်ဆင်ထားကြောင်း တွေ့ရှိရပြီး ၎င်းတို့ သုံးစွဲနေသော ဒရုန်းများကို ပြင်ပ စျေးကွက်တွင် ဝယ်ယူ နိုင်သော်လည်း ပြင်ပ ကြေးစား နည်းပညာရှင်များနှင့် ပူးပေါင်းပြီး နည်းပညာအရ အဆင့်မြှင့်တင်ထားခြင်းများ၊ ပြုပြင်ထားခြင်းများကို တွေ့ရကြောင်းလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌက ပြောသည်။
“သောင်းကျန်းသူ ခေါင်းဆောင်တွေရဲ့ စစ်ဘုရင်ဝါဒ ပြန်လည် ကြီးစိုးလာမှုနဲ့ အတူ ဒီဒေသခံတွေဟာ ဟိုးယခင်က စစ်ဘုရင်ဝါဒ ကြီးစိုးခဲ့တဲ့ ကာလတွေလို ဥပဒေ အနိုင်ကျင့်ခံရမှုတွေ၊ တရားမဲ့ သတ်ဖြတ်ခံရမှုတွေ၊ မှန်ကန်တဲ့ စီးပွားရေး လုပ်ငန်းတွေနေရာမှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းတွေ၊ ကြံအစား ဘိန်း စိုက်ပျိုးရမှုတွေ၊ လူငယ်တွေဟာလည်း စာအုပ်နဲ့ ဘောပင်အစား သေနတ်ကိုင်ရင်းနဲ့ ပြန်လည် ရှင်သန်ရတော့မှာပဲ ဖြစ်ပါတယ်။ အလင်းအထဲကနေ အမှောင်ထဲကို ပြန်ရောက်ရတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း ဒီလို အခြေအနေကို ပြန်ရောက်ချင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ မြန်မာ့တပ်မတော် အနေနဲ့ ပြည်သူတွေ ဒီလို အခြေအနေရောက်မှာကိုလည်း လုံးဝ ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟုလည်း မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
ေသာင္းက်န္းသူမ်ား ႏွင့္ ေလာက္ေကာင္မ်ားကို ဘုံရန္သူအျဖစ္ သတ္မွတ္ၿပီး ႏိုင္ငံတဝွမ္းလုံး တည္ၿငိမ္ေအးခ်မ္းမႈ ျပန္လည္ရရွိသည္အထိ ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ဟု နစက ဥကၠဌ အတိအလင္း ေျပာၾကား
သုတေက်ာ္ (NP News) - ဩဂုတ္လ ၅
ေသာင္းက်န္သူမ်ား ႏွင့္ ျပည္သူမ်ား အားေလွ်ာ့ေအာင္ လုပ္ေနေသာ ေလာက္ေကာင္မ်ားကို ဘုံရန္သူ အျဖစ္ သတ္မွတ္ၿပီး ႏိုင္ငံတဝွမ္းလုံး တည္ၿငိမ္ေအးခ်မ္းမႈ ျပန္လည္ ရရွိသည္ အထိ ႀကိဳးပမ္း ေဆာင္႐ြက္သြားမည္ ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠဌ၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔ (ဩဂုတ္လ ၅ ရက္) ညေနပိုင္းတြင္ ေျပာၾကားသည့္ မိန႔္ခြန္း အတြင္း အတိအလင္း ထည့္သြင္း ေျပာၾကားခဲ့သည္။
“ရွမ္းျပည္နယ္ ေျမာက္ပိုင္း အေျခအေနနဲ႔ ပတ္သက္ၿပီး လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြအေနနဲ႔ လက္ရွိေနရာမ်ားရဲ႕ လုံၿခဳံေရးနဲ႔ လာေရာက္ခိုလႈံေနတဲ့ ျပည္သူမ်ားရဲ႕ ေဘးအႏၲရာယ္ ကင္းရွင္းေရးကို ဦးစားေပး စဥ္းစားၿပီး ဆုတ္ခြာခဲ့ရတာလည္း ရွိပါတယ္။ ဒါကို MNDAA၊ TNLA ေသာင္းက်န္းသူ ပူးေပါင္း အဖြဲ႕ေတြနဲ႔ ေနာက္ကြယ္ကေန အားေပး အားေျမႇာက္ျပဳေနတဲ့ ေလာက္ေကာင္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး သူတို႔ခိုင္းေစတဲ့ ႏိုင္ငံမ်ားရဲ႕ အလိုက် ျမန္မာျပည္သူလူထု စိတ္မခ်မ္းမသာျဖစ္ေအာင္၊ အင္အားေလ်ာ့လာေအာင္ ဝါဒျဖန႔္ခ်ီတာေတြ လုပ္လာပါတယ္။ လက္နက္ကိုင္ ပဋိပကၡကို ႏိုင္ငံေရးအရ မေျဖရွင္းပဲ အၾကမ္းဖက္တိုက္ခိုက္မႈနဲ႔ ေျဖရွင္းေနတာေတြကို ယဥ္ေက်းတဲ့ လူ႔အဖြဲ႕အစည္းအေနနဲ႔ လုံးဝ လက္ခံလို႔မရတာေၾကာင့္ ဘုံရန္သူ အျဖစ္ သတ္မွတ္ၿပီး ရွမ္းျပည္နယ္ ေျမာက္ပိုင္းကိုသာမဟုတ္ပဲ ႏိုင္ငံတဝွမ္းလုံး တည္ၿငိမ္ေအးခ်မ္းမႈ ရရွိတဲ့အထိ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္” ဟု ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠဌက ေျပာသည္။
တ႐ုတ္ - ျမန္မာ နယ္စပ္ေဒသရွိ EAOs ေဒသအခ်ိဳ႕တြင္ လက္နက္ခဲယမ္း စက္႐ုံမ်ား တည္ေထာင္ထားၿပီး လက္နက္ခဲယမ္းမ်ား၊ ေဖာက္ခြဲေရး ပစၥည္းမ်ား ထုတ္လုပ္ေနသည္ကို ေတြ႕ရၿပီး PDF မ်ား ႏွင့္ အျခား EAOs မ်ားထံ ေရာင္းခ်ေနသည္ကို ေတြ႕ရေၾကာင္း၊ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးရမိေသာ လက္နက္ခဲယမ္း အမ်ားစုမွာလည္း အဆိုပါ စက္႐ုံမ်ားက ထုတ္လုပ္ေသာ လက္နက္အမ်ားစု ျဖစ္သည္ကို ေတြ႕ရေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။
“ဒီလို လက္နက္ခဲယမ္း၊ မီးေက်ာက္ စက္႐ုံ တည္ေထာင္ႏိုင္ဖို႔ ဆိုတာ သာမန္ အေျခအေနနဲ႔ မရႏိုင္ပါဘူး။ ေငြေၾကး အင္အားနဲ႔ နည္းပညာ အင္အားမ်ားမ်ားစြာ လိုအပ္တာ ျဖစ္တာေၾကာင့္ ဒီစက္႐ုံေတြ လည္ပတ္ဖို႔ ေငြေၾကးနဲ႔ နည္းပညာ အင္အား ဘယ္ေနရာက ရရွိတာလည္း ဆိုတာကိုလည္း ဆန္းစစ္သြားရမွာလည္း ျဖစ္ပါတယ္” ဟု ထည့္သြင္းေျပာၾကားသည္။
MNDAA၊ TNLA ႏွင့္ ဆက္စပ္ အဖြဲ႕ဝင္မ်ား သုံးေနေသာ Drop ဗုံးမ်ား၊ ေရွာ့တိုက္ဒုံးမ်ားသည္ နည္းပညာအရ အဆင့္ျမႇင့္တင္ ျပင္ဆင္ထားေၾကာင္း ေတြ႕ရွိရၿပီး ၎တို႔ သုံးစြဲေနေသာ ဒ႐ုန္းမ်ားကို ျပင္ပ ေစ်းကြက္တြင္ ဝယ္ယူ ႏိုင္ေသာ္လည္း ျပင္ပ ေၾကးစား နည္းပညာရွင္မ်ားႏွင့္ ပူးေပါင္းၿပီး နည္းပညာအရ အဆင့္ျမႇင့္တင္ထားျခင္းမ်ား၊ ျပဳျပင္ထားျခင္းမ်ားကို ေတြ႕ရေၾကာင္းလည္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠဌက ေျပာသည္။
“ေသာင္းက်န္းသူ ေခါင္းေဆာင္ေတြရဲ႕ စစ္ဘုရင္ဝါဒ ျပန္လည္ ႀကီးစိုးလာမႈနဲ႔ အတူ ဒီေဒသခံေတြဟာ ဟိုးယခင္က စစ္ဘုရင္ဝါဒ ႀကီးစိုးခဲ့တဲ့ ကာလေတြလို ဥပေဒ အႏိုင္က်င့္ခံရမႈေတြ၊ တရားမဲ့ သတ္ျဖတ္ခံရမႈေတြ၊ မွန္ကန္တဲ့ စီးပြားေရး လုပ္ငန္းေတြေနရာမွာ မူးယစ္ေဆးဝါးနဲ႔ ေလာင္းကစားလုပ္ငန္းေတြ၊ ႀကံအစား ဘိန္း စိုက္ပ်ိဳးရမႈေတြ၊ လူငယ္ေတြဟာလည္း စာအုပ္နဲ႔ ေဘာပင္အစား ေသနတ္ကိုင္ရင္းနဲ႔ ျပန္လည္ ရွင္သန္ရေတာ့မွာပဲ ျဖစ္ပါတယ္။ အလင္းအထဲကေန အေမွာင္ထဲကို ျပန္ေရာက္ရေတာ့မယ့္ အေျခအေန ျဖစ္ပါတယ္။ ျပည္သူေတြကလည္း ဒီလို အေျခအေနကို ျပန္ေရာက္ခ်င္မွာ မဟုတ္ဘူးလို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ ျမန္မာ့တပ္မေတာ္ အေနနဲ႔ ျပည္သူေတြ ဒီလို အေျခအေနေရာက္မွာကိုလည္း လုံးဝ ခြင့္ျပဳမွာ မဟုတ္ပါဘူး” ဟုလည္း မိန႔္ခြန္းအတြင္း ထည့္သြင္းေျပာၾကားခဲ့သည္။