စင်ကာပူမှာ အသက်(၈၁)နှစ်အရွယ် မိခင်ကို လိင်ပိုင်းဆိုင်ရာစော်ကားဖို့ ကြိုးစားတဲ့ အမျိုးသား ဖမ်းဆီးထိန်းသိမ်းခံရ

 11039

ရောင်နီ (NP News) - ဩဂုတ် ၆

စင်ကာပူမှာ အသက် (၆၀)ကျော် သားဖြစ်သူက အသက် (၈၀)ကျော် အမေဖြစ်သူကို အရက်မူးကာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ကြိုးစားခဲ့ပြီး လိင်ကိစ္စကို ငြင်းဆိုခဲ့တဲ့အတွက် အမေဖြစ်သူကိုရော၊ သူ့ရဲ့ ဇနီးကိုရော ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီအမှုအတွက် ဩဂုတ်လ ၅ ရက်က တရားရေး ကော်မရှင်နာ ခရစ္စတိုဖာတန်က အသက် (၆၁)နှစ်အရွယ် သားဖြစ်သူ တရားခံအမျိုးသားကို ကြို တင်ကာကွယ်ထိန်းသိမ်းမှုအဖြစ် ထောင်ဒဏ် (၁၄)နှစ် ချမှတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့ဖေဖော်ဝါရီလက ဖြစ်ခဲ့တာပါ။ အမျိုးသားဟာ မိခင်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အသက် ၆၀ နှစ်အရွယ် ဇနီးဖြစ်သူကို ပြင်းပြင်း ထန်ထန်နာကျင်စေမှုနဲ့ ရာဇ၀တ်မှု ကျူးလွန်မှုအတွက် စွဲချက်တစ်ခုစီအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါ့ပြင် အဆိုပါ အမျိုးသားဟာ "လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုခြင်း"လို ပြစ်မှုအမျိုးမျိုးအတွက် ၁၉၈၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း သီးခြားအကြိမ် (၁၄)ကြိမ်ထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးတယ်လို့ သိရပါတယ်။

zawgyi version
စင္ကာပူမွာ အသက္(၈၁)ႏွစ္အ႐ြယ္ မိခင္ကို လိင္ပိုင္းဆိုင္ရာေစာ္ကားဖို႔ ႀကိဳးစားတဲ့ အမ်ိဳးသား ဖမ္းဆီးထိန္းသိမ္းခံရ
ေရာင္နီ (NP News) - ဩဂုတ္ ၆

စင္ကာပူမွာ အသက္ (၆၀)ေက်ာ္ သားျဖစ္သူက အသက္ (၈၀)ေက်ာ္ အေမျဖစ္သူကို အရက္မူးကာ၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားဖို႔ ႀကိဳးစားခဲ့ၿပီး လိင္ကိစၥကို ျငင္းဆိုခဲ့တဲ့အတြက္ အေမျဖစ္သူကိုေရာ၊ သူ႔ရဲ႕ ဇနီးကိုေရာ ၾကမ္းၾကမ္းတမ္းတမ္း တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဒီအမႈအတြက္ ဩဂုတ္လ ၅ ရက္က တရားေရး ေကာ္မရွင္နာ ခရစၥတိုဖာတန္က အသက္ (၆၁)ႏွစ္အ႐ြယ္ သားျဖစ္သူ တရားခံအမ်ိဳးသားကို ႀကိဳ တင္ကာကြယ္ထိန္းသိမ္းမႈအျဖစ္ ေထာင္ဒဏ္ (၁၄)ႏွစ္ ခ်မွတ္ခဲ့ပါတယ္။ ဒီျဖစ္ရပ္ဟာ ၿပီးခဲ့ေဖေဖာ္ဝါရီလက ျဖစ္ခဲ့တာပါ။ အမ်ိဳးသားဟာ မိခင္ကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ၊ အသက္ ၆၀ ႏွစ္အ႐ြယ္ ဇနီးျဖစ္သူကို ျပင္းျပင္း ထန္ထန္နာက်င္ေစမႈနဲ႔ ရာဇ၀တ္မႈ က်ဴးလြန္မႈအတြက္ စြဲခ်က္တစ္ခုစီအတြက္ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ပါတယ္။ ဒါ့ျပင္ အဆိုပါ အမ်ိဳးသားဟာ "လူ႔အဖြဲ႕အစည္းကို အႏၲရာယ္ျပဳျခင္း"လို ျပစ္မႈအမ်ိဳးမ်ိဳးအတြက္ ၁၉၈၂ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အတြင္း သီးျခားအႀကိမ္ (၁၄)ႀကိမ္ထိ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရဖူးတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.