လားရှိုးတိုက်ပွဲများအတွင်း MNDAA (၁၀ဝဝဝ) နီးပါး သေဆုံးထားပြီး BPLA မှ အညာသား ဗမာအများဆုံး ပါဝင်

 92993

Iris (NP News) - ဩဂုတ် ၆

လားရှိုးတိုက်ပွဲများအတွင်း၌ MNDAA တပ်သားခေါင်းစဉ်အောက်မှ တိုက်ခိုက်နေသူ (၁၀ဝဝဝ) ထက်မနည်း သေဆုံးမှုများရှိနေပြီး မောင် ဆောင်းခ၏ ခါးပိုက်ဆောင်တပ် BPLA အညာသားများ အများဆုံး သေဆုံးနေရကြောင်း သတင်းရင်းမြစ် များစွာထံမှ သိရှိရသည်။

ဇူလိုင် (၃)ရက်မှစ၍ ဩဂုတ်လ(၂) ရက် အထိ တစ်လနီးပါးရှိလာပြီဖြစ်သော လားရှိုးတိုက်ပွဲ များအတွင်း၌ MNDAA က ၎င်းတို့အနိုင်ရရှိနေသည့်သဘောမျိုး ဝါဒဖြန့်ချိနေသော်လည်း တိုက်ပွဲအတွင်း သေဆုံးစာရင်းများကိုမူ လူသိမခံရဲဘဲ အင်အားအကုန်နီးပါး ပုံအောသုံးစွဲနေကြကြောင်းလည်း တိုက်ပွဲ အတွင်းရှိသတင်းရင်းမြစ်အချို့ထံမှ ကြားသိရသည်။

MNDAA ၏ ထုတ်ပြန်ချက်များတွင် လားရှိုးမြို့ပေါ်၌ ကင်းလှည့်နေသည့်ဓာတ်ပုံများ၊ တပ် မတော် စခန်းကုန်းနှင့် တပ်ရင်းကုန်းများကို သိမ်းပိုက်ရရှိထားပြီဆိုသော ဓာတ်ပုံဗီဒီယိုများကိုပါ တွေ့နေ ရသော်လည်း အခြားတစ်ဖက်တွင် အဆိုပါ မှတ်တမ်းဓာတ်ပုံများ ရရှိရေးအတွက် သေဆုံးပေးလိုက်ရ သည့် ထိုးကျွေးလိုက်သော အသုံးချခံတပ်သားစာရင်းကိုမူ အသိအမှတ်ပြုဖော်ပြခဲ့ခြင်းမရှိပေ။

“ အထဲမှာ တော်တော်များများ သေနေတယ်။ မောင်ဆောင်းခ အဖွဲ့ဘက်က အများဆုံးသေ တယ်။ (၁၀ဝဝဝ)လောက် သေတယ်လို့ အကြမ်းဖျင်း သိထားတယ်။ သေတာ ဗမာတွေချည်းပဲ အများ ဆုံး။ လာတိုက်တဲ့ အင်အားကလည်း (၃၀ဝဝဝ)လောက် ရှိတယ်။ မြို့ထဲက တိုက်တွေထဲမှာ လမ်းကြား တွေမှာ MNDAA အလောင်းတွေက ပုပ်စော်တောင် နံနေတယ်။ တချို့နေရာတွေမှာ အလောင်းကိုဘယ် ဘက်ကမှန်းမသိအောင် ပုံဖျက်ထားကြတယ်။ တပ်က မြို့ထဲဧရိယာမှာ နဂိုကတည်းက ဝင်ထိုင်တာ သိပ် မရှိတော့ တပ်ဘက်က မဟုတ်မှန်း မြို့ခံတွေတိုင်း သိတယ်” ဟု လားရှိုးတိုက်ပွဲကာလအတွင်း ရှိနေခဲ့သော NP News ၏ သတင်းရင်းမြစ်က အတည်ပြုပြောကြားသည်။ ၎င်းကိုယ်တိုင်မှာမူ လွန်ခဲ့သည့်ရက် အနည်း ငယ်က လားရှိုးမှ ထွက်ခွာလာခဲ့ပြီဖြစ်ကြောင်းပြောသည်။ စစ်ကိုင်း၊ မကွေးဘက်သို့ လူမှုကူညီရေး လုပ်ငန်းများလုပ်ကိုင်ခဲ့ဖူးသူ NGO သမားတစ်ဦး၏ အဆိုအရ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးဘက်မှ အညာသားများက ကျောက်ပန်းတောင်းသားဖြစ်သူ မောင်ဆောင်းခ၏ BPLA ထဲသို့ သွား ရောက်ပူးပေါင်းခဲ့ကြသည်ဟု ဆိုသည်။ အထူးသဖြင့် တိုင်းရင်းသားနယ်မြေများသို့ စစ်ပညာသင် ကြားရန် သွားရောက်ခြင်းမျိုးဖြစ်ပြီး ရရှိသောအင်အားများအပေါ် မူတည်ကာ တပ်မတော်ကို ပြန်လည် တိုက်ခိုက်သွားရန် ဆုံးဖြတ်ကြခြင်းမျိုးဖြစ်ကြောင်း ကြားသိရသည်။

“ တစ်ရွာကို လူ(၃၀)၊(၄၀)လောက် သွားကြတယ်။ ရွာခံ PDF အဖြစ် ကျန်ခဲ့တာရှိသလို မောင် ဆောင်းခဆီ သွားကြတာတွေလည်းရှိတယ်။ တချို့ ကျတော့ စစ်သင်တန်းတက်ပြီးရင် ရွာတွေကို ပြန်လာကြတာလည်း ရှိတယ်။ အလှည့်ကျပုံစံ လွှတ်ပေးတာမျိုးတွေလည်း ရှိတယ်” ဟု အဆိုပါ သတင်း ရင်းမြစ်က ပြောသည်။

စစ်ကိုင်းနှင့် မကွေးဒေသတွင် ကျေးရွာ အုပ်စုပေါင်း(၃၃၀ဝ)ကျော်၊ ကျေးရွာပေါင်း (၁၀၇၀ဝ) ကျော် ရှိထားသဖြင့် မောင်ဆောင်းခအပါအဝင် အညာသားများကို အခြေပြုသော ပုန်ကန်ရေးအဖွဲ့များအတွက် ကြီးမားသော စစ်သားအင်အားမျိုး ရရှိစေနိုင်သည်။ တစ်နည်းအားဖြင့် တစ်ရွာလျှင်(၃၀)ဦးသာ လက်နက်ကိုင်ပါက စစ်သားစုဆောင်းရရှိမှု တစ်သိန်း အထက်တွင်သာ ရှိနေမည့်သဘောမျိုးလည်း ဖြစ် သည်။ အဆိုပါအင်အားကို MNDAA က မောင်ဆောင်းခမှတစ်ဆင့် ရရှိသွားခြင်းမျိုးဖြစ်ပြီး လားရှိုး တိုက်ပွဲကိုလည်း မောင်ဆောင်းခတို့၏ BPLA အပေါ် ပုံအပ်တိုက်ခိုက်ခြင်းမျိုးဖြစ်လာသည်။

“ မောင်ဆောင်းခဘက်က လူတွေက MNDAA တံဆိပ်ကို ပြောင်းဝတ်ကြတာများတယ်။ BPLA တံဆိပ်က ဓာတ်ပုံရိုက်တဲ့အချိန်လောက်ပဲသုံးတာများတယ်” ဟု တိုက်ပွဲအတွင်းရှိနေခဲ့သူလား ရှိုးသတင်း ရင်းမြစ်ကလည်း ပြောသည်။ ခိုင်မာသည့် အချက်တစ်ခုအဖြစ် ရှိနေသည်မှာ လားရှိုးမြို့ပေါ်၌ MNDAA တို့ လွှင့်ထူနေသောအလံများသည် မြန်မာနိုင်ငံတော်အလံလည်း မဟုတ်သကဲ့သို့ မောင်ဆောင်းခ BPLA နှင့်NUG တို့အလံများလည်း မဟုတ်ကြောင်း တွေ့မြင်နေရသည်။

“ ကျွန်တော်တို့ ပခုက္ကူဘက်မှာ (၁၆)နှစ်ကနေ(၄၀)ကြားအရွယ်တွေ(၈၀)ရာခိုင်နှုန်းထက်မနည်း ဟိုဘက်ကိုရောက်သွားကြတာ။ ကျွန်တော့် သူငယ်ချင်း ညီအစ်ကိုနှစ်ယောက်ဆိုရင် လားရှိုး တိုက်ပွဲမှာ ကျတယ်။ သူ့အမေကိုယ်တိုင် ဖေ့စ်ဘွတ်ခ်မှာ တင်ထားသေးတယ်။ BPLA ထဲမှာ ကျွန်တော့် သူငယ်ချင်း တွေ အများကြီးပဲ။ လားရှိုးက တိုက်တွေကြားမှာ ပုပ်ပွကုန်တယ်လို့ ပြန်ကြားရတယ်”ဟု ပခုက္ကူ ဒေသခံ တစ်ဦးက NP News ကို ပြောသည်။ လားရှိုး တိုက်ပွဲအပေါ် MNDAA က ၎င်းတို့ မဟာမိတ်များ၏ အကူ အညီဖြင့် ပုံအော တိုက်ခိုက်ခြင်းမျိုးဖြစ်ပြီး လောက်ကိုင်မြို့နှင့် အခြား‌သော ၎င်း တို့ ထိန်းချုပ်ထား နိုင်သည့်မြို့များတွင် ကိုးကန့်စစ်သည် အနည်းငယ်သာ ကျန်နေခဲ့ကြောင်း ကြားသိရသည်။ အထူးသဖြင့် လောက်ကိုင်နှင့် သိန္ဒီမြို့တို့သည် လားရှိုးတိုက်ပွဲအတွက် အဓိကထိန်းချုပ်ညွှန်ကြားရာ နေရာများ ဖြစ်ခဲ့ပြီး တပ်မတော်ဘက်က လေကြောင်းထိုးစစ်ဆင်ခြင်းကိုလည်း ဩဂုတ်လ(၂)ရက် အထိ ခံနေရသည်။

“လောက်ကိုင်မှာ ကိုးကန့်စစ်သား သိပ်မရှိတော့ဘူး။ လားရှိုးမှာ တော်တော်လေးကျတယ်လို့ ကြားတယ်။ သောင်းဂဏန်းလောက်အထိ ကျသွားတယ်လို့ ကြားနေရတာ။ လေယာဉ်နဲ့လာပစ်ခံရတာမှာလည်း အရာရှိပိုင်းတွေ တော်တော်လေး သေတယ်လို့ ကြားတယ်” ဟု လောက်ကိုင်မြို့တွင် လွန် ခဲ့သောနှစ်ရက်အထိ ရှိနေခဲ့သူ သတင်းရင်းမြစ်တစ်ဦးက NP News ကိုပြောသည်။

MNDAA တို့ ရရှိခဲ့သည်ဆိုသော လောက်ကိုင်မြို့သည်လည်း မြို့ပျက်ကြီးသဖွယ် ဖြစ်နေပြီး ကိုးကန့် ထိပ်ပိုင်းခေါင်းဆောင်များကလည်း ဇူလိုင်(၂၀)ရက်နောက်ပိုင်းမှစ၍ မိုင်းလားဘက်သို့ အသည်း အသန် ပြောင်းရွှေ့သွားကြကြောင်း ကြားသိရသည်။ ယင်းအပြင် အနိုင်ရနေပြီဟု သတင်းလွှင့် ထားသော် လည်း လားရှိုးတိုက်ပွဲများ၌ အထိနာနေမှုကြောင့် UWSA “ဝ” တပ်ဖွဲ့ထံ ဇူလိုင်လ လယ်ပိုင်းက အကူအညီ တောင်းခံမှုများ လုပ်ဆောင်ခဲ့သည်ဟု သတင်းရင်းမြစ်အချို့က ပြောသည်။

“ “ ဝ ” တပ်ဖွဲ့တွေ လားရှိုးထဲကို ဝင်လာတာက ကိုးကန့်တွေအတွက်လက်နက်နဲ့ ရိက္ခာလာ ကူပေးသွားတဲ့သဘောပဲ။ ပြီးတော့ အကြီးပိုင်းတချို့ကို ကယ်ထုတ်သွားတဲ့သဘောမျိုး ကြားရတယ်။ သေဆုံးသွားတဲ့ အလောင်းတွေထဲမှာ သူတို့မသိစေချင်တဲ့ သူတွေရဲ့အလောင်းတွေပါရင် ပြန်ဆွဲထုတ် သွားတာမျိုးပါ” ဟု လားရှိုးမြို့ခံ သတင်းရင်းမြစ်က ပြောသည်။

“ဝ” နှင့် ကိုးကန့်တို့သည် မိသားစုချင်း ဆွေမျိုးပေါင်းစပ်ထားကြပြီး ထိပ်ပိုင်းအကြီးအကဲများ၏ မိသားစုများ လုံခြုံရေးအတွက် အချင်းချင်း ကူညီပေးလေ့ရှိကြကြောင်းလည်း သတင်းရင်းမြစ် အချို့က ပြောသည်။ သို့သော်လည်း “ဝ” တပ်ဖွဲ့၏ လားရှိုးသို့ ဝင်လာခြင်းအပေါ် ပထမ ထုတ်ပြန်ချက်တွင်မူ ၎င်း တို့၏အကျိုးစီးပွားများကို ကာကွယ်ရန် တပ်မတော်နှင့် ကိုးကန့်အဖွဲ့များကို အသိပေး၍ ဝင်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“ဝ” တပ်ဖွဲ့၏ ဒုတိယမြောက် ထုတ်ပြန်ချက်တွင်မူ ညိနှိုင်းတိုင်ပင်ဆွေးနွေး၍ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တက်ကြပါရန် တိုက်ထွန်းထားပြန်သည်။ လားရှိုးမြို့ခံများ၏ မူလသဘောဆန္ဒမှာ တိုက်ပွဲများဖြစ်ပွားလာမည်ကို လုံးဝမလိုလားကြကြောင်း၊ သို့သော်လည်း MNDAA အဖွဲ့ဘက်က လားရှိုး မြို့ခံများအပေါ် ညှာတာထောက်ထားခြင်းမရှိမှုအပေါ် လက်ခံနိုင်ခြင်း မရှိကြတော့ကြောင်း ပြန်လည်ကြားသိရသည်။

“ကိုးကန့်တွေက အိမ်ထဲကို ဝင်လာတယ်။ ကျွန်မတို့ကို ဖယ်ခိုင်းတယ်။ အစပိုင်းက မြို့ကနေ ထွက်သွားဖို့ စိတ်မကူးခဲ့ဘူး။ ဒီကောင်တွေ အရမ်း ရိုင်းတော့ မိသားစုလိုက် အပြင်ထွက်ပေးလိုက်တယ်။ ၂၉ ရက် ညပိုင်းက တပ်ကဗုံးကြဲတယ်။ အိမ်ကတော့ ပြာပုံဖြစ်သွားတယ်။ အိမ်က ပြာပုံဖြစ်သွားတာ ပြန် ဆောက်လို့ရတယ်။ ကိုးကန့်တွေပါသွားတာ ဝမ်းသာတယ်။ တစ်ရပ်ကွက်လုံးမှာ အထပ်မြင့်အိမ်က နှစ်လုံး ပဲရှိတာ” ဟု ရပ်ကွက်(၉)တွင် နေထိုင်ခဲ့သော လားရှိုး မြို့ခံတစ်ဦးက ၎င်း၏အိမ်ဖြစ်ရပ်ကို ပြောပြသည်။ လားရှိုးမြို့တွင် အလားတူဖြစ်ရပ်များစွာ ဖြစ်ပွားနေပြီး အချို့သော ပြည်သူများမှာ ကိုးကန့် များ၏ ရိုင်းစိုင်းမှုနှင့် အနိုင်ကျင့်မှုများကို မခံမရပ်နိုင် ဖြစ်လာနေကြကြောင်း၊ သို့သော်လည်း လက်နက် အားကိုး အနိုင်ကျင့်နေခြင်းကြောင့် ပြန်လည်တွန်းလှန်ရန် ခက်ခဲကြောင်းဆိုသည်။ အချို့သော အိမ်ရှင် များကမူ ကိုးကန့်များကို အိမ်ထဲသို့ဝင်လာလျှင် ခွင့်ပြုပေးပြီးနောက် မိမိအိမ်ကိုဗုံးကြဲရန်ပင် တပ်မတော် ထံသို့ သတင်းပေးလာကြသည်ဟု ကြားသိရသည်။ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းနေသော MNDAA အဖွဲ့အနေဖြင့် စစ်ကျွံလာသည့်အနေအထားကို ရောက်လာနေပြီး လက်နက်၊ ဆေးဝါးနှင့် စားနပ်ရိက္ခာလမ်းကြောင်းကိုလည်း တပ်မတော်ဘက်က ဖြတ်တောက်ထားနိုင်ရန် လိုအပ် သည်ဟု မြို့ခံအချို့က ထောက်ပြသည်။ တစ်နည်းအားဖြင့် လားရှိုးပတ်ဝန်းကျင်ရှိ လမ်းကြောင်း အသီး သီးမှ ရောက်လာနိုင်သော လက်နက်ခဲယမ်းများ၊ စားနပ်ရိက္ခာများနှင့် ဆေးဝါးတို့ကို မည်သည့် သဘောထားကောင်းမှုမျိုးနှင့်မှ ခွင့်မပြုသင့်ကြောင်း ဆိုသည်။

ကိုးကန့်အုပ်စုက လားရှိုးကိုတိုက်ခိုက်ခြင်းအတွက် ထုတ်ပြန် လာသော စာအသီးသီး၌ စိတ်ဝင် စားဖွယ် စာတစ်စောင်မှာ တရုတ်အကျိုး စီးပွားကို မျှော်ကိုးသည်ဆိုသောအချက်ပင် ဖြစ်သည်။ အဆိုပါစာ၌ တရုတ်နိုင်ငံသားများကို ရှာဖွေကယ်ထုတ်ရန်၊ တရုတ်လုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ရန်ဆို သော အသုံးအနှုန်းကို ထုတ်ပြန်စာတစ်စောင်လုံး၏(၉၀)ရာခိုင်နှုန်းခန့် သုံးစွဲထားသည်။

“ ဖုန်တာရွှင့်က တရုတ်မှာ ဆေးကုနေတယ်။ ဒီဘက်ကို ပြန်လာလို့မရအောင် စီစဉ်ခံထားရပုံ ပေါ်တယ်။ ကိုးကန့်အကြီးပိုင်းတချို့လည်း မိုင်းလား ဘက်ကို ပြေးနေကြပြီ” ဟု တပ်မတော် စစ်ဘက် ဆိုင်ရာသတင်းရင်းမြစ်တစ်ဦးက NP news ကို ပြောသည်။ လောက်ကိုင်ကို လေကြောင်းဖြင့် ပစ်ခတ်ခဲ့ သည့် ဇူလိုင်(၁၄)ရက် ပထဆုံးဖြစ်စဉ်အတွင်း ၌ ဖုန်တာရွှင့်၏သား ဖုန်ကွမ်နှင့် အနည်းငယ်သော လူတစ်စု ကံကောင်း၍ လွတ်မြောက်သွားခဲ့ရသည်ဟု ကြားသိရသည်။

ဩဂုတ်လ(၂)ရက်က လေကြောင်းတိုက်ခိုက်မှုတွင်လည်း ကိုးကန့်မြို့စောင့်တပ်သားများ ထိ ခိုက်မှုရှိခဲ့ပြီး MNDAA ဘက်ကလည်း လားရှိုးကို ပို၍သဲကြီးမဲကြီးဖြစ်လာကြောင်း သိရသည်။ ထူးခြား ချက်မှာ MNDAA တပ်သားများက အသုံးပြုနေသော စစ်လက်နက်များဖြစ်ပြီး အသိသာဆုံး အဖြစ် ZiJiang M99 AMR စနိုက်ပါနှင့် Type 81 assault rifle အမျိုးအစားများဖြစ်ပြီး အဆိုပါ လက်နက်များ အားလုံးမှာ တရုတ်တပ်မတော်အတွင်း၌ပင်လျှင် ဖောဖောသီသီထုတ်လုပ်သုံးစွဲသော လက်နက်မျိုး မဟုတ်ကြပေ။ အလားတူ မြန်မာတပ်မတော်ကိုပင် ရောင်းချပေးခြင်းမရှိသော လက်နက်အမျိုးအစားများလည်း ဖြစ်သည်။

MNDAA အုပ်စုက လားရှိုးကို သိမ်းပိုက်ရေးတိုက်ပွဲတွင် တိုင်းစစ်ဌာနချုပ်နှင့်နီးသော တိုက် အမြင့် နေရာများ၌ စနိုက်ပါများထောက်၍လည်းကောင်း၊ ရှော့တိုက်ဒုံးများကို မကြာခဏနေရာ ပြောင်း၍ တရစပ်ပစ်လွှတ်ခြင်းဖြင့်လည်းကောင်း ထိုးစစ်ဆင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

“၉၆၉ နဲ့ ကပ်လျက်ရပ်ကွက်ထဲကနေ စပီကာနဲ့ အော်တယ်။ လက်နက်ချရင် တစ်လက်ကို ၂၅ သိန်းပေးမယ်တဲ့။ ၉၆၉ က ဌာနချုပ်နဲ့ တစ်ကျောတည်းပဲ။ တပ်တွင်းဘောလုံးကွင်းကိုကျော်ရင် တိုင်းရုံး ထဲရောက်လိမ့်မယ်။ စနိုက်ပါကို ရှင်းနိုင်မှ တပ်ဘက် အားသာမယ်”ဟု မြို့ခံသတင်းရင်းမြစ် တစ်ဦးက ဇူလိုင် (၃၀)ရက်တွင်အသိပေးခဲ့ဖူးသည်။

ခိုလောင်း၊ ၉၆၉ နှင့် ရပ်ကွက်(၁)အနီးရှိ ဗျူဟာကုန်းတို့သည် အရေးပါသောနေရာများဖြစ်ပြီး ရပ်ကွက်(၁) UWSA “ဝ” ဘုရားကျောင်း၌ ကိုးကန့် တပ်သားများ တပ်စွဲထားကြောင်း၊ အဆိုပါနေရာများသည် တိုင်းမှူးအိမ်၊ တိုင်းရုံးတို့နှင့် (၃)ဖာလုံခန့်သာ ဝေးကြောင်း သတင်းရင်းမြစ်က အသိပေးသည်။ ဩ ဂုတ်လ(၂)ရက်အထိ စုံစမ်းရရှိသမျှ၌ ဩဂုတ်လ(၁)ရက်ညပိုင်း၌ MNDAA အဖွဲ့က လားရှိုးအခြေစိုက် တိုင်းစစ်ဌာနချုပ်ဝန်းအတွင်းရှိ တပ်မတော်ခုတင်(၁၀ဝ)ဆေးရုံကို ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပြီး ဆေးရုံတွင် ဆေးကုသနေသည့် အရပ် သား ပြည်သူများနှင့် တပ်မတော်မိသားစုဝင်များအား သတ်ဖြတ်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ သေဆုံးသွားရသူများထဲတွင် မွေးကင်းစ ကလေး(၄)ဦးနှင့် တိုင်းရင်းသူမိခင်(၄)ဦး၊ သက်ကြီးရွယ်အိုလူနာ (၁၂) ဦးနှင့် သံဃာတစ်ပါး၊ စစ်ဆရာဝန် နှစ်ဦးနှင့်သူနာပြုဆရာမ အပါအဝင် စုစုပေါင်း (၃၀) ဦး ထက်မနည်း ရက်စက်စွာသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရသည်။ ဩဂုတ် (၂)ရက်၌ MNDAA တို့ ထုတ်ပြန်လာသော ရုပ်သံဖိုင်တွင်မူ ၎င်းတို့ဘက်က ရက်စက်စွာသတ်ဖြတ်မှုကို လှည့်စားသည့် သဘော မျိုးဖြင့် စစ်ဆေးရုံဘက်က အလံဖြူထောင်လက်နက်ချခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းပြင် ၎င်းတို့ဘက်က ကယ်ထုတ်ပေးခဲ့သည့် သဘောမျိုး ဝါဒဖြန့်ခဲ့ကြသည်။ အဆိုပါ ဖြစ်ရပ်ကြောင့်လည်း တိုင်းစစ်ဌာနချုပ်အဝန်းအဝိုင်းထဲအထိ MNDAA များ ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်ကြောင်း နားလည်ရသည်။လားရှိုးမြို့တွင် ကျန်ရှိနေသူများနှင့် စစ်ဘေး ရှောင်သွားကြသူများ ၏ သဘောထားအများစုမှာ တပ်မတော်ကို ထောက်ခံခြင်းမဟုတ်သော်လည်း စစ်ပွဲကို တပ်မတော်ဘက် ကသာ အနိုင်ရသွားစေချင်သည်ဟု ဆိုသည်။ NP News နှင့် ပုံမှန် ဆက်သွယ်စကားပြောဆိုလေ့ရှိသော မြို့ခံအများစု၏ အဓိကအကြောင်းပြချက်မှာ တပ်မတော်မဟုတ်သော အခြားလက်နက်ကိုင်များက ၎င်း တို့၏ လူမှုစီးပွားဘဝများကို အပြည့်အဝ ကာကွယ်ပေးနိုင်မည်ဆိုသည်ကို မယုံကြည်ခြင်းကြောင့်ဖြစ် ကြောင်း ကြားသိရသည်။ မြို့ခံတစ်ဦးကမူ MNDAA ဘက်က ပစ်ခတ်လိုက်သော ရှော့တိုက်ဒုံးကြောင့် ၎င်းတို့၏ အိမ်နှင့်ကားကို ဆုံးရှုံးခဲ့ရပြီး ယင်းအတွက် “ ဒီသူပုန်တွေကို စစ်တပ်က မတိုက်နိုင်တော့ ဘူးလား” ဟု ဒေါသထွက်သံဖြင့် ပြောကြားခဲ့ဖူးသည်။ လားရှိုး တိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်း ဆောင်နေကြသော စစ်သည်အားလုံးနီးပါးကလည်း မိသားစုများကိုသာ လွတ်ကင်းရာသို့ ပို့ထားနိုင်မည်၊ လက်နက်ခဲယမ်းနှင့် ရိက္ခာသာ ထောက်ကူနိုင်မည်ဆိုပါက MNDAA များကို အသေခံ တိုက်သွားမည် ဖြစ်ကြောင်း NP News နှင့် အဆက်အသွယ်ရရှိစဉ် ပြတ်ပြတ်သားသားပြောကြားခဲ့ဖူးသည်။ MNDAA အင်အား သောင်းချီ ထိုးစစ်ဆင်နေမှုကို လားရှိုးတိုင်းစစ်ဌာန ချုပ်တစ်ခုတည်း၌သာ တောင့်ခံထားရပြီး လေကြောင်းပစ်ကူတိကျရေးနှင့် ထောက်ပံ့ပို့ဆောင် ရေးကောင်းကောင်းပေးနိုင်ရန်သာ လိုအပ်ကြောင်းလည်း စစ်သည်အချို့ထံမှ ကြားသိရသည်။

လားရှိုး တိုင်းစစ်ဌာနချုပ်သာ ဆုတ်ခွာခြင်း သို့မဟုတ် ကျရှုံးခြင်းသာဖြစ်ခဲ့ပါက ကိုးကန့်အုပ်စု ဘက်တွင် ကြီးမားသောအောင်ပွဲအဖြစ် လှောင်ပြောင်အောင်ပွဲခံကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ထိုးကျွေး အသုံးချခံ သေဆုံးသူများအကြောင်းက မေ့ပျောက်သွားကြလိမ့်မည်သာ ဖြစ်သည်။

၃-၅-၂ဝ၂၄ ရက် ထုတ် The Statesman ဂျာနယ်မှ ဆောင်းပါးကို ထပ်ဆင့်‌ဖော်ပြခြင်းဖြစ်သည်။

zawgyi version
လားရႈိးတိုက္ပြဲမ်ားအတြင္း MNDAA (၁၀ဝဝဝ) နီးပါး ေသဆုံးထားၿပီး BPLA မွ အညာသား ဗမာအမ်ားဆုံး ပါဝင္
Iris (NP News) - ဩဂုတ္ ၆

လားရႈိးတိုက္ပြဲမ်ားအတြင္း၌ MNDAA တပ္သားေခါင္းစဥ္ေအာက္မွ တိုက္ခိုက္ေနသူ (၁၀ဝဝဝ) ထက္မနည္း ေသဆုံးမႈမ်ားရွိေနၿပီး ေမာင္ ေဆာင္းခ၏ ခါးပိုက္ေဆာင္တပ္ BPLA အညာသားမ်ား အမ်ားဆုံး ေသဆုံးေနရေၾကာင္း သတင္းရင္းျမစ္ မ်ားစြာထံမွ သိရွိရသည္။

ဇူလိုင္ (၃)ရက္မွစ၍ ဩဂုတ္လ(၂) ရက္ အထိ တစ္လနီးပါးရွိလာၿပီျဖစ္ေသာ လားရႈိးတိုက္ပြဲ မ်ားအတြင္း၌ MNDAA က ၎တို႔အႏိုင္ရရွိေနသည့္သေဘာမ်ိဳး ဝါဒျဖန႔္ခ်ိေနေသာ္လည္း တိုက္ပြဲအတြင္း ေသဆုံးစာရင္းမ်ားကိုမူ လူသိမခံရဲဘဲ အင္အားအကုန္နီးပါး ပုံေအာသုံးစြဲေနၾကေၾကာင္းလည္း တိုက္ပြဲ အတြင္းရွိသတင္းရင္းျမစ္အခ်ိဳ႕ထံမွ ၾကားသိရသည္။

MNDAA ၏ ထုတ္ျပန္ခ်က္မ်ားတြင္ လားရႈိးၿမိဳ႕ေပၚ၌ ကင္းလွည့္ေနသည့္ဓာတ္ပုံမ်ား၊ တပ္ မေတာ္ စခန္းကုန္းႏွင့္ တပ္ရင္းကုန္းမ်ားကို သိမ္းပိုက္ရရွိထားၿပီဆိုေသာ ဓာတ္ပုံဗီဒီယိုမ်ားကိုပါ ေတြ႕ေန ရေသာ္လည္း အျခားတစ္ဖက္တြင္ အဆိုပါ မွတ္တမ္းဓာတ္ပုံမ်ား ရရွိေရးအတြက္ ေသဆုံးေပးလိုက္ရ သည့္ ထိုးေကြၽးလိုက္ေသာ အသုံးခ်ခံတပ္သားစာရင္းကိုမူ အသိအမွတ္ျပဳေဖာ္ျပခဲ့ျခင္းမရွိေပ။

“ အထဲမွာ ေတာ္ေတာ္မ်ားမ်ား ေသေနတယ္။ ေမာင္ေဆာင္းခ အဖြဲ႕ဘက္က အမ်ားဆုံးေသ တယ္။ (၁၀ဝဝဝ)ေလာက္ ေသတယ္လို႔ အၾကမ္းဖ်င္း သိထားတယ္။ ေသတာ ဗမာေတြခ်ည္းပဲ အမ်ား ဆုံး။ လာတိုက္တဲ့ အင္အားကလည္း (၃၀ဝဝဝ)ေလာက္ ရွိတယ္။ ၿမိဳ႕ထဲက တိုက္ေတြထဲမွာ လမ္းၾကား ေတြမွာ MNDAA အေလာင္းေတြက ပုပ္ေစာ္ေတာင္ နံေနတယ္။ တခ်ိဳ႕ေနရာေတြမွာ အေလာင္းကိုဘယ္ ဘက္ကမွန္းမသိေအာင္ ပုံဖ်က္ထားၾကတယ္။ တပ္က ၿမိဳ႕ထဲဧရိယာမွာ နဂိုကတည္းက ဝင္ထိုင္တာ သိပ္ မရွိေတာ့ တပ္ဘက္က မဟုတ္မွန္း ၿမိဳ႕ခံေတြတိုင္း သိတယ္” ဟု လားရႈိးတိုက္ပြဲကာလအတြင္း ရွိေနခဲ့ေသာ NP News ၏ သတင္းရင္းျမစ္က အတည္ျပဳေျပာၾကားသည္။ ၎ကိုယ္တိုင္မွာမူ လြန္ခဲ့သည့္ရက္ အနည္း ငယ္က လားရႈိးမွ ထြက္ခြာလာခဲ့ၿပီျဖစ္ေၾကာင္းေျပာသည္။ စစ္ကိုင္း၊ မေကြးဘက္သို႔ လူမႈကူညီေရး လုပ္ငန္းမ်ားလုပ္ကိုင္ခဲ့ဖူးသူ NGO သမားတစ္ဦး၏ အဆိုအရ စစ္ကိုင္းႏွင့္ မေကြးတိုင္း ေဒသႀကီးဘက္မွ အညာသားမ်ားက ေက်ာက္ပန္းေတာင္းသားျဖစ္သူ ေမာင္ေဆာင္းခ၏ BPLA ထဲသို႔ သြား ေရာက္ပူးေပါင္းခဲ့ၾကသည္ဟု ဆိုသည္။ အထူးသျဖင့္ တိုင္းရင္းသားနယ္ေျမမ်ားသို႔ စစ္ပညာသင္ ၾကားရန္ သြားေရာက္ျခင္းမ်ိဳးျဖစ္ၿပီး ရရွိေသာအင္အားမ်ားအေပၚ မူတည္ကာ တပ္မေတာ္ကို ျပန္လည္ တိုက္ခိုက္သြားရန္ ဆုံးျဖတ္ၾကျခင္းမ်ိဳးျဖစ္ေၾကာင္း ၾကားသိရသည္။

“ တစ္႐ြာကို လူ(၃၀)၊(၄၀)ေလာက္ သြားၾကတယ္။ ႐ြာခံ PDF အျဖစ္ က်န္ခဲ့တာရွိသလို ေမာင္ ေဆာင္းခဆီ သြားၾကတာေတြလည္းရွိတယ္။ တခ်ိဳ႕ က်ေတာ့ စစ္သင္တန္းတက္ၿပီးရင္ ႐ြာေတြကို ျပန္လာၾကတာလည္း ရွိတယ္။ အလွည့္က်ပုံစံ လႊတ္ေပးတာမ်ိဳးေတြလည္း ရွိတယ္” ဟု အဆိုပါ သတင္း ရင္းျမစ္က ေျပာသည္။

စစ္ကိုင္းႏွင့္ မေကြးေဒသတြင္ ေက်း႐ြာ အုပ္စုေပါင္း(၃၃၀ဝ)ေက်ာ္၊ ေက်း႐ြာေပါင္း (၁၀၇၀ဝ) ေက်ာ္ ရွိထားသျဖင့္ ေမာင္ေဆာင္းခအပါအဝင္ အညာသားမ်ားကို အေျချပဳေသာ ပုန္ကန္ေရးအဖြဲ႕မ်ားအတြက္ ႀကီးမားေသာ စစ္သားအင္အားမ်ိဳး ရရွိေစႏိုင္သည္။ တစ္နည္းအားျဖင့္ တစ္႐ြာလွ်င္(၃၀)ဦးသာ လက္နက္ကိုင္ပါက စစ္သားစုေဆာင္းရရွိမႈ တစ္သိန္း အထက္တြင္သာ ရွိေနမည့္သေဘာမ်ိဳးလည္း ျဖစ္ သည္။ အဆိုပါအင္အားကို MNDAA က ေမာင္ေဆာင္းခမွတစ္ဆင့္ ရရွိသြားျခင္းမ်ိဳးျဖစ္ၿပီး လားရႈိး တိုက္ပြဲကိုလည္း ေမာင္ေဆာင္းခတို႔၏ BPLA အေပၚ ပုံအပ္တိုက္ခိုက္ျခင္းမ်ိဳးျဖစ္လာသည္။

“ ေမာင္ေဆာင္းခဘက္က လူေတြက MNDAA တံဆိပ္ကို ေျပာင္းဝတ္ၾကတာမ်ားတယ္။ BPLA တံဆိပ္က ဓာတ္ပုံ႐ိုက္တဲ့အခ်ိန္ေလာက္ပဲသုံးတာမ်ားတယ္” ဟု တိုက္ပြဲအတြင္းရွိေနခဲ့သူလား ရႈိးသတင္း ရင္းျမစ္ကလည္း ေျပာသည္။ ခိုင္မာသည့္ အခ်က္တစ္ခုအျဖစ္ ရွိေနသည္မွာ လားရႈိးၿမိဳ႕ေပၚ၌ MNDAA တို႔ လႊင့္ထူေနေသာအလံမ်ားသည္ ျမန္မာႏိုင္ငံေတာ္အလံလည္း မဟုတ္သကဲ့သို႔ ေမာင္ေဆာင္းခ BPLA ႏွင့္NUG တို႔အလံမ်ားလည္း မဟုတ္ေၾကာင္း ေတြ႕ျမင္ေနရသည္။

“ ကြၽန္ေတာ္တို႔ ပခုကၠဴဘက္မွာ (၁၆)ႏွစ္ကေန(၄၀)ၾကားအ႐ြယ္ေတြ(၈၀)ရာခိုင္ႏႈန္းထက္မနည္း ဟိုဘက္ကိုေရာက္သြားၾကတာ။ ကြၽန္ေတာ့္ သူငယ္ခ်င္း ညီအစ္ကိုႏွစ္ေယာက္ဆိုရင္ လားရႈိး တိုက္ပြဲမွာ က်တယ္။ သူ႔အေမကိုယ္တိုင္ ေဖ့စ္ဘြတ္ခ္မွာ တင္ထားေသးတယ္။ BPLA ထဲမွာ ကြၽန္ေတာ့္ သူငယ္ခ်င္း ေတြ အမ်ားႀကီးပဲ။ လားရႈိးက တိုက္ေတြၾကားမွာ ပုပ္ပြကုန္တယ္လို႔ ျပန္ၾကားရတယ္”ဟု ပခုကၠဴ ေဒသခံ တစ္ဦးက NP News ကို ေျပာသည္။ လားရႈိး တိုက္ပြဲအေပၚ MNDAA က ၎တို႔ မဟာမိတ္မ်ား၏ အကူ အညီျဖင့္ ပုံေအာ တိုက္ခိုက္ျခင္းမ်ိဳးျဖစ္ၿပီး ေလာက္ကိုင္ၿမိဳ႕ႏွင့္ အျခား‌ေသာ ၎ တို႔ ထိန္းခ်ဳပ္ထား ႏိုင္သည့္ၿမိဳ႕မ်ားတြင္ ကိုးကန႔္စစ္သည္ အနည္းငယ္သာ က်န္ေနခဲ့ေၾကာင္း ၾကားသိရသည္။ အထူးသျဖင့္ ေလာက္ကိုင္ႏွင့္ သိႏၵီၿမိဳ႕တို႔သည္ လားရႈိးတိုက္ပြဲအတြက္ အဓိကထိန္းခ်ဳပ္ၫႊန္ၾကားရာ ေနရာမ်ား ျဖစ္ခဲ့ၿပီး တပ္မေတာ္ဘက္က ေလေၾကာင္းထိုးစစ္ဆင္ျခင္းကိုလည္း ဩဂုတ္လ(၂)ရက္ အထိ ခံေနရသည္။

“ေလာက္ကိုင္မွာ ကိုးကန႔္စစ္သား သိပ္မရွိေတာ့ဘူး။ လားရႈိးမွာ ေတာ္ေတာ္ေလးက်တယ္လို႔ ၾကားတယ္။ ေသာင္းဂဏန္းေလာက္အထိ က်သြားတယ္လို႔ ၾကားေနရတာ။ ေလယာဥ္နဲ႔လာပစ္ခံရတာမွာလည္း အရာရွိပိုင္းေတြ ေတာ္ေတာ္ေလး ေသတယ္လို႔ ၾကားတယ္” ဟု ေလာက္ကိုင္ၿမိဳ႕တြင္ လြန္ ခဲ့ေသာႏွစ္ရက္အထိ ရွိေနခဲ့သူ သတင္းရင္းျမစ္တစ္ဦးက NP News ကိုေျပာသည္။

MNDAA တို႔ ရရွိခဲ့သည္ဆိုေသာ ေလာက္ကိုင္ၿမိဳ႕သည္လည္း ၿမိဳ႕ပ်က္ႀကီးသဖြယ္ ျဖစ္ေနၿပီး ကိုးကန႔္ ထိပ္ပိုင္းေခါင္းေဆာင္မ်ားကလည္း ဇူလိုင္(၂၀)ရက္ေနာက္ပိုင္းမွစ၍ မိုင္းလားဘက္သို႔ အသည္း အသန္ ေျပာင္းေ႐ႊ႕သြားၾကေၾကာင္း ၾကားသိရသည္။ ယင္းအျပင္ အႏိုင္ရေနၿပီဟု သတင္းလႊင့္ ထားေသာ္ လည္း လားရႈိးတိုက္ပြဲမ်ား၌ အထိနာေနမႈေၾကာင့္ UWSA “ဝ” တပ္ဖြဲ႕ထံ ဇူလိုင္လ လယ္ပိုင္းက အကူအညီ ေတာင္းခံမႈမ်ား လုပ္ေဆာင္ခဲ့သည္ဟု သတင္းရင္းျမစ္အခ်ိဳ႕က ေျပာသည္။

“ “ ဝ ” တပ္ဖြဲ႕ေတြ လားရႈိးထဲကို ဝင္လာတာက ကိုးကန႔္ေတြအတြက္လက္နက္နဲ႔ ရိကၡာလာ ကူေပးသြားတဲ့သေဘာပဲ။ ၿပီးေတာ့ အႀကီးပိုင္းတခ်ိဳ႕ကို ကယ္ထုတ္သြားတဲ့သေဘာမ်ိဳး ၾကားရတယ္။ ေသဆုံးသြားတဲ့ အေလာင္းေတြထဲမွာ သူတို႔မသိေစခ်င္တဲ့ သူေတြရဲ႕အေလာင္းေတြပါရင္ ျပန္ဆြဲထုတ္ သြားတာမ်ိဳးပါ” ဟု လားရႈိးၿမိဳ႕ခံ သတင္းရင္းျမစ္က ေျပာသည္။

“ဝ” ႏွင့္ ကိုးကန႔္တို႔သည္ မိသားစုခ်င္း ေဆြမ်ိဳးေပါင္းစပ္ထားၾကၿပီး ထိပ္ပိုင္းအႀကီးအကဲမ်ား၏ မိသားစုမ်ား လုံၿခဳံေရးအတြက္ အခ်င္းခ်င္း ကူညီေပးေလ့ရွိၾကေၾကာင္းလည္း သတင္းရင္းျမစ္ အခ်ိဳ႕က ေျပာသည္။ သို႔ေသာ္လည္း “ဝ” တပ္ဖြဲ႕၏ လားရႈိးသို႔ ဝင္လာျခင္းအေပၚ ပထမ ထုတ္ျပန္ခ်က္တြင္မူ ၎ တို႔၏အက်ိဳးစီးပြားမ်ားကို ကာကြယ္ရန္ တပ္မေတာ္ႏွင့္ ကိုးကန႔္အဖြဲ႕မ်ားကို အသိေပး၍ ဝင္လာျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

“ဝ” တပ္ဖြဲ႕၏ ဒုတိယေျမာက္ ထုတ္ျပန္ခ်က္တြင္မူ ညိႏႈိင္းတိုင္ပင္ေဆြးေႏြး၍ ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းေပၚတက္ၾကပါရန္ တိုက္ထြန္းထားျပန္သည္။ လားရႈိးၿမိဳ႕ခံမ်ား၏ မူလသေဘာဆႏၵမွာ တိုက္ပြဲမ်ားျဖစ္ပြားလာမည္ကို လုံးဝမလိုလားၾကေၾကာင္း၊ သို႔ေသာ္လည္း MNDAA အဖြဲ႕ဘက္က လားရႈိး ၿမိဳ႕ခံမ်ားအေပၚ ညႇာတာေထာက္ထားျခင္းမရွိမႈအေပၚ လက္ခံႏိုင္ျခင္း မရွိၾကေတာ့ေၾကာင္း ျပန္လည္ၾကားသိရသည္။

“ကိုးကန႔္ေတြက အိမ္ထဲကို ဝင္လာတယ္။ ကြၽန္မတို႔ကို ဖယ္ခိုင္းတယ္။ အစပိုင္းက ၿမိဳ႕ကေန ထြက္သြားဖို႔ စိတ္မကူးခဲ့ဘူး။ ဒီေကာင္ေတြ အရမ္း ႐ိုင္းေတာ့ မိသားစုလိုက္ အျပင္ထြက္ေပးလိုက္တယ္။ ၂၉ ရက္ ညပိုင္းက တပ္ကဗုံးႀကဲတယ္။ အိမ္ကေတာ့ ျပာပုံျဖစ္သြားတယ္။ အိမ္က ျပာပုံျဖစ္သြားတာ ျပန္ ေဆာက္လို႔ရတယ္။ ကိုးကန႔္ေတြပါသြားတာ ဝမ္းသာတယ္။ တစ္ရပ္ကြက္လုံးမွာ အထပ္ျမင့္အိမ္က ႏွစ္လုံး ပဲရွိတာ” ဟု ရပ္ကြက္(၉)တြင္ ေနထိုင္ခဲ့ေသာ လားရႈိး ၿမိဳ႕ခံတစ္ဦးက ၎၏အိမ္ျဖစ္ရပ္ကို ေျပာျပသည္။ လားရႈိးၿမိဳ႕တြင္ အလားတူျဖစ္ရပ္မ်ားစြာ ျဖစ္ပြားေနၿပီး အခ်ိဳ႕ေသာ ျပည္သူမ်ားမွာ ကိုးကန႔္ မ်ား၏ ႐ိုင္းစိုင္းမႈႏွင့္ အႏိုင္က်င့္မႈမ်ားကို မခံမရပ္ႏိုင္ ျဖစ္လာေနၾကေၾကာင္း၊ သို႔ေသာ္လည္း လက္နက္ အားကိုး အႏိုင္က်င့္ေနျခင္းေၾကာင့္ ျပန္လည္တြန္းလွန္ရန္ ခက္ခဲေၾကာင္းဆိုသည္။ အခ်ိဳ႕ေသာ အိမ္ရွင္ မ်ားကမူ ကိုးကန႔္မ်ားကို အိမ္ထဲသို႔ဝင္လာလွ်င္ ခြင့္ျပဳေပးၿပီးေနာက္ မိမိအိမ္ကိုဗုံးႀကဲရန္ပင္ တပ္မေတာ္ ထံသို႔ သတင္းေပးလာၾကသည္ဟု ၾကားသိရသည္။ လားရႈိးၿမိဳ႕ကို သိမ္းပိုက္ႏိုင္ေရးအတြက္ အားထုတ္ႀကိဳးပမ္းေနေသာ MNDAA အဖြဲ႕အေနျဖင့္ စစ္ကြၽံလာသည့္အေနအထားကို ေရာက္လာေနၿပီး လက္နက္၊ ေဆးဝါးႏွင့္ စားနပ္ရိကၡာလမ္းေၾကာင္းကိုလည္း တပ္မေတာ္ဘက္က ျဖတ္ေတာက္ထားႏိုင္ရန္ လိုအပ္ သည္ဟု ၿမိဳ႕ခံအခ်ိဳ႕က ေထာက္ျပသည္။ တစ္နည္းအားျဖင့္ လားရႈိးပတ္ဝန္းက်င္ရွိ လမ္းေၾကာင္း အသီး သီးမွ ေရာက္လာႏိုင္ေသာ လက္နက္ခဲယမ္းမ်ား၊ စားနပ္ရိကၡာမ်ားႏွင့္ ေဆးဝါးတို႔ကို မည္သည့္ သေဘာထားေကာင္းမႈမ်ိဳးႏွင့္မွ ခြင့္မျပဳသင့္ေၾကာင္း ဆိုသည္။

ကိုးကန႔္အုပ္စုက လားရႈိးကိုတိုက္ခိုက္ျခင္းအတြက္ ထုတ္ျပန္ လာေသာ စာအသီးသီး၌ စိတ္ဝင္ စားဖြယ္ စာတစ္ေစာင္မွာ တ႐ုတ္အက်ိဳး စီးပြားကို ေမွ်ာ္ကိုးသည္ဆိုေသာအခ်က္ပင္ ျဖစ္သည္။ အဆိုပါစာ၌ တ႐ုတ္ႏိုင္ငံသားမ်ားကို ရွာေဖြကယ္ထုတ္ရန္၊ တ႐ုတ္လုပ္ငန္းမ်ားကို ကာကြယ္ေစာင့္ေရွာက္ရန္ဆို ေသာ အသုံးအႏႈန္းကို ထုတ္ျပန္စာတစ္ေစာင္လုံး၏(၉၀)ရာခိုင္ႏႈန္းခန႔္ သုံးစြဲထားသည္။

“ ဖုန္တာ႐ႊင့္က တ႐ုတ္မွာ ေဆးကုေနတယ္။ ဒီဘက္ကို ျပန္လာလို႔မရေအာင္ စီစဥ္ခံထားရပုံ ေပၚတယ္။ ကိုးကန႔္အႀကီးပိုင္းတခ်ိဳ႕လည္း မိုင္းလား ဘက္ကို ေျပးေနၾကၿပီ” ဟု တပ္မေတာ္ စစ္ဘက္ ဆိုင္ရာသတင္းရင္းျမစ္တစ္ဦးက NP news ကို ေျပာသည္။ ေလာက္ကိုင္ကို ေလေၾကာင္းျဖင့္ ပစ္ခတ္ခဲ့ သည့္ ဇူလိုင္(၁၄)ရက္ ပထဆုံးျဖစ္စဥ္အတြင္း ၌ ဖုန္တာ႐ႊင့္၏သား ဖုန္ကြမ္ႏွင့္ အနည္းငယ္ေသာ လူတစ္စု ကံေကာင္း၍ လြတ္ေျမာက္သြားခဲ့ရသည္ဟု ၾကားသိရသည္။

ဩဂုတ္လ(၂)ရက္က ေလေၾကာင္းတိုက္ခိုက္မႈတြင္လည္း ကိုးကန႔္ၿမိဳ႕ေစာင့္တပ္သားမ်ား ထိ ခိုက္မႈရွိခဲ့ၿပီး MNDAA ဘက္ကလည္း လားရႈိးကို ပို၍သဲႀကီးမဲႀကီးျဖစ္လာေၾကာင္း သိရသည္။ ထူးျခား ခ်က္မွာ MNDAA တပ္သားမ်ားက အသုံးျပဳေနေသာ စစ္လက္နက္မ်ားျဖစ္ၿပီး အသိသာဆုံး အျဖစ္ ZiJiang M99 AMR စႏိုက္ပါႏွင့္ Type 81 assault rifle အမ်ိဳးအစားမ်ားျဖစ္ၿပီး အဆိုပါ လက္နက္မ်ား အားလုံးမွာ တ႐ုတ္တပ္မေတာ္အတြင္း၌ပင္လွ်င္ ေဖာေဖာသီသီထုတ္လုပ္သုံးစြဲေသာ လက္နက္မ်ိဳး မဟုတ္ၾကေပ။ အလားတူ ျမန္မာတပ္မေတာ္ကိုပင္ ေရာင္းခ်ေပးျခင္းမရွိေသာ လက္နက္အမ်ိဳးအစားမ်ားလည္း ျဖစ္သည္။

MNDAA အုပ္စုက လားရႈိးကို သိမ္းပိုက္ေရးတိုက္ပြဲတြင္ တိုင္းစစ္ဌာနခ်ဳပ္ႏွင့္နီးေသာ တိုက္ အျမင့္ ေနရာမ်ား၌ စႏိုက္ပါမ်ားေထာက္၍လည္းေကာင္း၊ ေရွာ့တိုက္ဒုံးမ်ားကို မၾကာခဏေနရာ ေျပာင္း၍ တရစပ္ပစ္လႊတ္ျခင္းျဖင့္လည္းေကာင္း ထိုးစစ္ဆင္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“၉၆၉ နဲ႔ ကပ္လ်က္ရပ္ကြက္ထဲကေန စပီကာနဲ႔ ေအာ္တယ္။ လက္နက္ခ်ရင္ တစ္လက္ကို ၂၅ သိန္းေပးမယ္တဲ့။ ၉၆၉ က ဌာနခ်ဳပ္နဲ႔ တစ္ေက်ာတည္းပဲ။ တပ္တြင္းေဘာလုံးကြင္းကိုေက်ာ္ရင္ တိုင္း႐ုံး ထဲေရာက္လိမ့္မယ္။ စႏိုက္ပါကို ရွင္းႏိုင္မွ တပ္ဘက္ အားသာမယ္”ဟု ၿမိဳ႕ခံသတင္းရင္းျမစ္ တစ္ဦးက ဇူလိုင္ (၃၀)ရက္တြင္အသိေပးခဲ့ဖူးသည္။

ခိုေလာင္း၊ ၉၆၉ ႏွင့္ ရပ္ကြက္(၁)အနီးရွိ ဗ်ဴဟာကုန္းတို႔သည္ အေရးပါေသာေနရာမ်ားျဖစ္ၿပီး ရပ္ကြက္(၁) UWSA “ဝ” ဘုရားေက်ာင္း၌ ကိုးကန႔္ တပ္သားမ်ား တပ္စြဲထားေၾကာင္း၊ အဆိုပါေနရာမ်ားသည္ တိုင္းမႉးအိမ္၊ တိုင္း႐ုံးတို႔ႏွင့္ (၃)ဖာလုံခန႔္သာ ေဝးေၾကာင္း သတင္းရင္းျမစ္က အသိေပးသည္။ ဩ ဂုတ္လ(၂)ရက္အထိ စုံစမ္းရရွိသမွ်၌ ဩဂုတ္လ(၁)ရက္ညပိုင္း၌ MNDAA အဖြဲ႕က လားရႈိးအေျခစိုက္ တိုင္းစစ္ဌာနခ်ဳပ္ဝန္းအတြင္းရွိ တပ္မေတာ္ခုတင္(၁၀ဝ)ေဆး႐ုံကို ဝင္ေရာက္စီးနင္းသိမ္းပိုက္ခဲ့ၿပီး ေဆး႐ုံတြင္ ေဆးကုသေနသည့္ အရပ္ သား ျပည္သူမ်ားႏွင့္ တပ္မေတာ္မိသားစုဝင္မ်ားအား သတ္ျဖတ္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ ေသဆုံးသြားရသူမ်ားထဲတြင္ ေမြးကင္းစ ကေလး(၄)ဦးႏွင့္ တိုင္းရင္းသူမိခင္(၄)ဦး၊ သက္ႀကီး႐ြယ္အိုလူနာ (၁၂) ဦးႏွင့္ သံဃာတစ္ပါး၊ စစ္ဆရာဝန္ ႏွစ္ဦးႏွင့္သူနာျပဳဆရာမ အပါအဝင္ စုစုေပါင္း (၃၀) ဦး ထက္မနည္း ရက္စက္စြာသတ္ျဖတ္ျခင္းခံခဲ့ရေၾကာင္း သိရသည္။ ဩဂုတ္ (၂)ရက္၌ MNDAA တို႔ ထုတ္ျပန္လာေသာ ႐ုပ္သံဖိုင္တြင္မူ ၎တို႔ဘက္က ရက္စက္စြာသတ္ျဖတ္မႈကို လွည့္စားသည့္ သေဘာ မ်ိဳးျဖင့္ စစ္ေဆး႐ုံဘက္က အလံျဖဴေထာင္လက္နက္ခ်ျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ ယင္းျပင္ ၎တို႔ဘက္က ကယ္ထုတ္ေပးခဲ့သည့္ သေဘာမ်ိဳး ဝါဒျဖန႔္ခဲ့ၾကသည္။ အဆိုပါ ျဖစ္ရပ္ေၾကာင့္လည္း တိုင္းစစ္ဌာနခ်ဳပ္အဝန္းအဝိုင္းထဲအထိ MNDAA မ်ား ထိုးေဖာက္ဝင္ေရာက္ေနၿပီ ျဖစ္ေၾကာင္း နားလည္ရသည္။လားရႈိးၿမိဳ႕တြင္ က်န္ရွိေနသူမ်ားႏွင့္ စစ္ေဘး ေရွာင္သြားၾကသူမ်ား ၏ သေဘာထားအမ်ားစုမွာ တပ္မေတာ္ကို ေထာက္ခံျခင္းမဟုတ္ေသာ္လည္း စစ္ပြဲကို တပ္မေတာ္ဘက္ ကသာ အႏိုင္ရသြားေစခ်င္သည္ဟု ဆိုသည္။ NP News ႏွင့္ ပုံမွန္ ဆက္သြယ္စကားေျပာဆိုေလ့ရွိေသာ ၿမိဳ႕ခံအမ်ားစု၏ အဓိကအေၾကာင္းျပခ်က္မွာ တပ္မေတာ္မဟုတ္ေသာ အျခားလက္နက္ကိုင္မ်ားက ၎ တို႔၏ လူမႈစီးပြားဘဝမ်ားကို အျပည့္အဝ ကာကြယ္ေပးႏိုင္မည္ဆိုသည္ကို မယုံၾကည္ျခင္းေၾကာင့္ျဖစ္ ေၾကာင္း ၾကားသိရသည္။ ၿမိဳ႕ခံတစ္ဦးကမူ MNDAA ဘက္က ပစ္ခတ္လိုက္ေသာ ေရွာ့တိုက္ဒုံးေၾကာင့္ ၎တို႔၏ အိမ္ႏွင့္ကားကို ဆုံးရႈံးခဲ့ရၿပီး ယင္းအတြက္ “ ဒီသူပုန္ေတြကို စစ္တပ္က မတိုက္ႏိုင္ေတာ့ ဘူးလား” ဟု ေဒါသထြက္သံျဖင့္ ေျပာၾကားခဲ့ဖူးသည္။ လားရႈိး တိုင္းစစ္ဌာနခ်ဳပ္တြင္ တာဝန္ထမ္း ေဆာင္ေနၾကေသာ စစ္သည္အားလုံးနီးပါးကလည္း မိသားစုမ်ားကိုသာ လြတ္ကင္းရာသို႔ ပို႔ထားႏိုင္မည္၊ လက္နက္ခဲယမ္းႏွင့္ ရိကၡာသာ ေထာက္ကူႏိုင္မည္ဆိုပါက MNDAA မ်ားကို အေသခံ တိုက္သြားမည္ ျဖစ္ေၾကာင္း NP News ႏွင့္ အဆက္အသြယ္ရရွိစဥ္ ျပတ္ျပတ္သားသားေျပာၾကားခဲ့ဖူးသည္။ MNDAA အင္အား ေသာင္းခ်ီ ထိုးစစ္ဆင္ေနမႈကို လားရႈိးတိုင္းစစ္ဌာန ခ်ဳပ္တစ္ခုတည္း၌သာ ေတာင့္ခံထားရၿပီး ေလေၾကာင္းပစ္ကူတိက်ေရးႏွင့္ ေထာက္ပံ့ပို႔ေဆာင္ ေရးေကာင္းေကာင္းေပးႏိုင္ရန္သာ လိုအပ္ေၾကာင္းလည္း စစ္သည္အခ်ိဳ႕ထံမွ ၾကားသိရသည္။

လားရႈိး တိုင္းစစ္ဌာနခ်ဳပ္သာ ဆုတ္ခြာျခင္း သို႔မဟုတ္ က်ရႈံးျခင္းသာျဖစ္ခဲ့ပါက ကိုးကန႔္အုပ္စု ဘက္တြင္ ႀကီးမားေသာေအာင္ပြဲအျဖစ္ ေလွာင္ေျပာင္ေအာင္ပြဲခံၾကလိမ့္မည္ျဖစ္ၿပီး ၎တို႔၏ ထိုးေကြၽး အသုံးခ်ခံ ေသဆုံးသူမ်ားအေၾကာင္းက ေမ့ေပ်ာက္သြားၾကလိမ့္မည္သာ ျဖစ္သည္။

၃-၅-၂ဝ၂၄ ရက္ ထုတ္ The Statesman ဂ်ာနယ္မွ ေဆာင္းပါးကို ထပ္ဆင့္‌ေဖာ္ျပျခင္းျဖစ္သည္။

Picture

mg ma

07/08/2024 23:48

ဟုတ်ပါ့မလား မောင်ကာလုရယ် မင်းအဘက ရန်ကုန်မှာတောင် ဆန္ဒ တွေပြခိုင်းနေတာ mmda ကို မတာလည်းကြည့်မအုန်း ပိသေမှာစိုးလို့

Picture

ye htut aung

08/08/2024 16:42

အထောက်အထား အသေအချာ မရှိဘဲနဲ့ လျောက်ပြောတာလောက်တော့ လူတိုင်းလုပ်နိုင်တာဘဲ အဲ့လ်ုတွေရေးလေ အထင်ကြီးလို့မရလေဘဲ ဘယ်လိုကဘယ်လို google မှာ ဒါကြီးလာပေါ်နေလဲမသိဘူး ရှု့ဒေါင့်တစ်ခုကို တစ်ဖက်ထဲကနေကြည့်ပြီးပြောနေတယ် အေးလေ မင်းတို့ကလဲ စစ်တပ်လောင်းရိပ်အောက််မှာနေနေရတော့ ပြောချင်တိုင်းပြောလို့ဘယ်ရမလဲ

Picture

Kyaw Minn Tunn

07/08/2024 19:00

ဟုတ်ပါ့မလားဟ

Picture

ko ko

07/08/2024 06:24

မင်းအမျိုးတွေ ပါသွားတယ်မဟုတ်လား🤣🤣

Picture

Aung Aung

07/08/2024 20:31

မိန်းမလို မိန်းမရ တတ်ပ 😤

Related news

© 2021. All rights reserved.