ရပ်ကွက် အုပ်ချုပ်ရေးမှူးအမျိုးသမီးနှင့် ညီမဖြစ်သူတို့ကို အကြမ်းဖက်အဖွဲ့က ပစ်သတ်သွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အတည်ပြု
3145
သန့်ဇင် (NP News) - ဩဂုတ် ၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင်နေထိုင်သူ အုပ်ချုပ်ရေးမှူးအမျိုးသမီး နှင့် ညီမဖြစ်သူတို့ကို အကြမ်းဖက်အဖွဲ့က ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက NP News ကို အတည်ပြုပြောဆိုခဲ့သည်။
အသတ်ခံရသူတို့သည် အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ ၁၇ လမ်းတွင်နေထိုင်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ မဖြိုးသန္ဒာအောင်နှင့် ၎င်း၏ညီမတို့ဖြစ်ပြီး ယနေ့(ဩဂုတ်လ ၆ ရက်)၊ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ ၁၈လမ်း၊ ၈၂လမ်းနှင့် ၈၄လမ်းတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အွန်လိုင်းတွင်ထွက်ပေါ်နေသော သတင်းများအရ အုပ်ချုပ်ရေးမှူးအမျိုးသမီးက ကားပေါ်တွင် ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ညီမဖြစ်သူမှာ ဈေးဆင်းဝယ်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“အကြမ်းဖက်အဖွဲ့ကပစ်တာပေါ့။ အဲဒါတွေကိုလည်း အကြမ်းဖက်အဖွဲ့ကပဲလုပ်တာပဲလေ။ ဒီနေ့မနက်ပဲ မန္တလေးတက္ကသိုလ်ဝန်းထဲမှာ အသံဗုံးပေါက် သွားသေးတယ်။ အဲဒီမှာတော့ လူထိခိုက်တာတော့မရှိပါဘူး”ဟု မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကပြောသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ်ဝန်းအတွင်း၌ အထက်မြန်မာပြည်ကျောင်းပေါင်းစုံစာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပနေစဉ် ရွှေဘိုခရိုင်တပ်ရင်း လက်အောက်ခံ CM-SRDF အဖွဲ့က တက္ကသိုလ်အတွင်းထိ ဝင်ရောက်ကာ အသံဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း MDY Revolution ဟု အမည်ပေးထားသော အကြမ်းဖက်အားပေး Telegram Channel တွင် ထုတ်ပြန်ထားသည်ကိုတွေ့မြင်ရသည်။
zawgyi version
ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးအမ်ိဳးသမီးႏွင့္ ညီမျဖစ္သူတို႔ကို အၾကမ္းဖက္အဖြဲ႕က ပစ္သတ္သြားျခင္းျဖစ္ေၾကာင္း မႏၲေလးတိုင္းအစိုးရအဖြဲ႕ ေျပာေရး ဆိုခြင့္ရွိသူ အတည္ျပဳ
သန႔္ဇင္ (NP News) - ဩဂုတ္ ၆
မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ေနထိုင္သူ အုပ္ခ်ဳပ္ေရးမႉးအမ်ိဳးသမီး ႏွင့္ ညီမျဖစ္သူတို႔ကို အၾကမ္းဖက္အဖြဲ႕က ပစ္ခတ္သတ္ျဖတ္သြားျခင္းျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ေျပာေရး ဆိုခြင့္ရွိသူ စီးပြားေရးရာဝန္ႀကီး ဦးသိန္းေဌးက NP News ကို အတည္ျပဳေျပာဆိုခဲ့သည္။
အသတ္ခံရသူတို႔သည္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ေမဃဂီရိရပ္ကြက္၊ ၁၇ လမ္းတြင္ေနထိုင္သည့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ မၿဖိဳးသႏၵာေအာင္ႏွင့္ ၎၏ညီမတို႔ျဖစ္ၿပီး ယေန႔(ဩဂုတ္လ ၆ ရက္)၊ နံနက္ပိုင္းက ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၁၈လမ္း၊ ၈၂လမ္းႏွင့္ ၈၄လမ္းတြင္ ပစ္သတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အြန္လိုင္းတြင္ထြက္ေပၚေနေသာ သတင္းမ်ားအရ အုပ္ခ်ဳပ္ေရးမႉးအမ်ိဳးသမီးက ကားေပၚတြင္ ရွိေနစဥ္ ပစ္ခတ္ခံရျခင္းျဖစ္ၿပီး ညီမျဖစ္သူမွာ ေဈးဆင္းဝယ္ေနစဥ္ ပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။
“အၾကမ္းဖက္အဖြဲ႕ကပစ္တာေပါ့။ အဲဒါေတြကိုလည္း အၾကမ္းဖက္အဖြဲ႕ကပဲလုပ္တာပဲေလ။ ဒီေန႔မနက္ပဲ မႏၲေလးတကၠသိုလ္ဝန္းထဲမွာ အသံဗုံးေပါက္ သြားေသးတယ္။ အဲဒီမွာေတာ့ လူထိခိုက္တာေတာ့မရွိပါဘူး”ဟု မႏၲေလး တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ စီးပြားေရးရာဝန္ႀကီး ဦးသိန္းေဌးကေျပာသည္။
ထို႔ျပင္ ယေန႔နံနက္ပိုင္းတြင္ မႏၲေလးတကၠသိုလ္ဝန္းအတြင္း၌ အထက္ျမန္မာျပည္ေက်ာင္းေပါင္းစုံစာဖတ္စြမ္းရည္ၿပိဳင္ပြဲက်င္းပေနစဥ္ ေ႐ႊဘိုခ႐ိုင္တပ္ရင္း လက္ေအာက္ခံ CM-SRDF အဖြဲ႕က တကၠသိုလ္အတြင္းထိ ဝင္ေရာက္ကာ အသံဗုံးခြဲတိုက္ခိုက္ခဲ့ေၾကာင္း MDY Revolution ဟု အမည္ေပးထားေသာ အၾကမ္းဖက္အားေပး Telegram Channel တြင္ ထုတ္ျပန္ထားသည္ကိုေတြ႕ျမင္ရသည္။