တောင်ကိုရီးယားအမျိုးသား K POP အဖွဲ့ BTS ရဲ့အဖွဲ့ဝင် Suga အရက်မူးပြီး လျှပ်စစ်စကူတာစီးမိတဲ့အတွက် အဖမ်းခံရ
2594
ရောင်နီ (NP News) - သြဂုတ် ၈
တောင်ကိုရီးယားအမျိုးသား K-pop အဖွဲ့ BTS ရဲ့ အဖွဲ့ဝင်၊ စစ်မှုထမ်းဆောင်နေသူလည်းဖြစ်တဲ့ Suga ဟာ အရက်မူးပြီး လျှပ်စစ်စကူတာ စီးခဲ့ခြင်းကြောင့် ဖမ်းဆီးခံရတယ်လို့ တောင်ကိုးရီးယားနိုင်ငံ၊ ရုန်ဆန်ရဲစခန်းက ဩဂုတ်လ ၇ ရက်(ဗုဒ္ဓဟူးနေ့) မှာပြောကြားပါတယ်။
အမည်ရင်း မင်ယွန်ဂီ (အနုပညာနာမည် Suga) ဟာ အင်္ဂါနေ့ (ဩဂုတ် ၆ ရက်) ညက အရက်မူးပြီး လျှပ်စစ်စကူတာ စီးပြီး အိမ်ပြန်ချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ Suga ရဲ့အေဂျင်စီ Big Hit Music ကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး "BTS အဖွဲ့ဝင် Suga ရဲ့စည်းကမ်းမလိုက်နာပဲ လျှပ်စစ်စကူတာ စီးနင်းခဲ့ခြင်းအတွက် တောင်းပန်ပါ တယ်။ သြဂုတ် ၆ ရက် ညက အရက်သောက်ထားပြီး အိမ်ပြန်စဉ်မှာ Suga က လျှပ်စစ်စကူတာကို အသုံးပြုခဲ့ ပါတယ်။ ဒါကြောင့် ဖမ်းဆီးခံရပြီး သူ့ရဲ့လိုင်စင်လည်း ရုပ်သိမ်းခံခဲ့ရပါတယ်။
ဒီဖြစ်ရပ်မှာ အသက်ဆုံးရှုံးမှု၊ ဥစ္စာပစ္စည်း ဆုံးရှုံးခြင်းမရှိပါဘူး၊ ဒါပေမယ့် နာမည်ကျော်တစ်ယောက်အနေနဲ့ မသင့်လျော်တဲ့အပြုအမူကြောင့် လူတော်တော်များများကို စိတ်ပျက်သွားမိတဲ့အတွက် တောင်းပန်ပါတယ်၊ ပြည်သူတစ်ယောက်အနေနဲ့ သင့်တော်တဲ့စည်းကမ်းကို ခံယူသွားမှာဖြစ်ပါတယ်။ ဒီလိုကိစ္စရပ်မျိုးနောက်မဖြစ်အောင် ပိုအာရုံစိုက်သွားပါမယ်" လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ဒီအဖြစ်အတွက် Suga ကလည်း Fan platform Weverse မှာ fan တွေကို တောင်းပန်ကြောင်း post တင်ခဲ့ပါတယ်။
Suga ရဲ့စစ်မှုထမ်းဆောင်ချိန် သက်တမ်းဟာ ၂၀၂၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာမှ ကုန်ဆုံးမယ်လို့ သိရပါတယ်။
Zawgyi Version;
ေတာင္ကိုရီးယားအမ်ိဳးသား K POP အဖြဲ႕ BTS ရဲ႕အဖြဲ႕ဝင္ Suga အရက္မူးၿပီး လွ်ပ္စစ္စကူတာစီးမိတဲ့အတြက္ အဖမ္းခံရ
ေရာင္နီ (NP News) - ၾသဂုတ္ ၈
ေတာင္ကိုရီးယားအမ်ိဳးသား K-pop အဖြဲ႕ BTS ရဲ႕ အဖြဲ႕ဝင္၊ စစ္မႈထမ္းေဆာင္ေနသူလည္းျဖစ္တဲ့ Suga ဟာ အရက္မူးၿပီး လွ်ပ္စစ္စကူတာ စီးခဲ့ျခင္းေၾကာင့္ ဖမ္းဆီးခံရတယ္လို႔ ေတာင္ကိုးရီးယားႏိုင္ငံ၊ ႐ုန္ဆန္ရဲစခန္းက ဩဂုတ္လ ၇ ရက္(ဗုဒၶဟူးေန႔) မွာေျပာၾကားပါတယ္။
အမည္ရင္း မင္ယြန္ဂီ (အႏုပညာနာမည္ Suga) ဟာ အဂၤါေန႔ (ဩဂုတ္ ၆ ရက္) ညက အရက္မူးၿပီး လွ်ပ္စစ္စကူတာ စီးၿပီး အိမ္ျပန္ခ်ိန္မွာ ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။ Suga ရဲ႕ေအဂ်င္စီ Big Hit Music ကေတာ့ ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး "BTS အဖြဲ႕ဝင္ Suga ရဲ႕စည္းကမ္းမလိုက္နာပဲ လွ်ပ္စစ္စကူတာ စီးနင္းခဲ့ျခင္းအတြက္ ေတာင္းပန္ပါ တယ္။ ၾသဂုတ္ ၆ ရက္ ညက အရက္ေသာက္ထားၿပီး အိမ္ျပန္စဥ္မွာ Suga က လွ်ပ္စစ္စကူတာကို အသုံးျပဳခဲ့ ပါတယ္။ ဒါေၾကာင့္ ဖမ္းဆီးခံရၿပီး သူ႔ရဲ႕လိုင္စင္လည္း ႐ုပ္သိမ္းခံခဲ့ရပါတယ္။
ဒီျဖစ္ရပ္မွာ အသက္ဆုံးရႈံးမႈ၊ ဥစၥာပစၥည္း ဆုံးရႈံးျခင္းမရွိပါဘူး၊ ဒါေပမယ့္ နာမည္ေက်ာ္တစ္ေယာက္အေနနဲ႔ မသင့္ေလ်ာ္တဲ့အျပဳအမူေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားကို စိတ္ပ်က္သြားမိတဲ့အတြက္ ေတာင္းပန္ပါတယ္၊ ျပည္သူတစ္ေယာက္အေနနဲ႔ သင့္ေတာ္တဲ့စည္းကမ္းကို ခံယူသြားမွာျဖစ္ပါတယ္။ ဒီလိုကိစၥရပ္မ်ိဳးေနာက္မျဖစ္ေအာင္ ပိုအာ႐ုံစိုက္သြားပါမယ္" လို႔ ျပန္လည္ေျဖရွင္းခဲ့ပါတယ္။ ဒီအျဖစ္အတြက္ Suga ကလည္း Fan platform Weverse မွာ fan ေတြကို ေတာင္းပန္ေၾကာင္း post တင္ခဲ့ပါတယ္။
Suga ရဲ႕စစ္မႈထမ္းေဆာင္ခ်ိန္ သက္တမ္းဟာ ၂၀၂၅ ခုႏွစ္ ဇြန္လ ၂၁ ရက္ေန႔မွာမွ ကုန္ဆုံးမယ္လို႔ သိရပါတယ္။