လက်နက်ကိုင်တွေရဲ့ (၃)နှစ်တာခရီး ပြည်သူ ပိုင်တံတား (၈၅) စင်းကို ဖျက်ဆီး
1456
မြူနစ်/ Pearl (NP News) - ဩဂုတ် ၈
မြန်မာနိုင်ငံတွင် တံတားတစ်စင်း တည်ဆောက်ရန်အတွက် အချိန်၊ ငွေကြေး ကုန်ကျမှု များ စွာရှိသော်လည်း လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းများသည် မိနစ်ပိုင်းအတွင်း၌ပင် တံတားများ ထက်ပိုင်းပြတ်ရန် ဆောင်စွမ်းနိုင်နေလျက်ရှိကြသည်။ ၎င်းတို့ လွယ်ကူစွာဖျက်ဆီးနေသည့် တံတား များသည် နိုင်ငံပိုင်၊ ပြည်သူပိုင်အခြေခံအဆောက်အအုံများဖြစ်ပြီး ပြည်သူလူထုကို တိုက်ရိုက် ဒုက္ခပေး နေခြင်းသာ ဖြစ်ကြောင်းမှတ်ယူနိုင်သည်။ လမ်းတံတားများ ဖျက်ဆီးခံရခြင်း၊ ပိတ်ဆို့ခံရခြင်းများကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်မှုများရှိခဲ့သကဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကုန်ပစ္စည်း ပြတ်လပ်မှုဒဏ်တို့ကို ပြည်သူများ ခံစားခဲ့ရဖူးကြသည်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲစတင်ဖြစ်ပွားခဲ့သော (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလမှစ၍ (၂၀၂၄) ခုနှစ် ဇွန်လအထိ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တံတားမည်မျှကို ဖျက်ဆီးခဲ့ပါသနည်း။ ယင်းကဲ့သို့ ဖျက်ဆီးမှုများကြောင့် နိုင်ငံတော်ပိုင်ငွေ၊ ပြည်သူပိုင်ငွေ မည်မျှအလဟဿ ဖြစ်သွားပါ သနည်း။ အကြမ်းဖက်အဖွဲ့များ၏ မိုင်းခွဲဖျက်ဆီးမှုများကြောင့် ထိခိုက်ပျက်စီးခဲ့သော နိုင်ငံအတွင်းရှိ တံတားများနှင့် ပတ်သက်၍ The Statesman ဂျာနယ်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနကိုဆက်သွယ်ကာ သီးသန့်မေးမြန်းထားသော အင်တာဗျူးအပြည့်အစုံကို NP News က ထပ်ဆင့် ဖော်ပြလိုက်ပါသည်။
မေး - ပထမဆုံးမေးချင်တာက တံတားအမျိုးအစားတွေနဲ့ တံတားတစ်စင်းတည်ဆောက်ဖို့အတွက် အချိန်အားဖြင့် ဘယ်လောက်ကြာပြီးတော့ ငွေအားဖြင့်ကော ဘယ်လောက်အထိ ကုန်ကျနိုင်သလဲဆိုတာ သိချင်ပါတယ်။
ဖြေ - မြန်မာနိုင်ငံတွင် တည်ဆောက်လျက်ရှိသော တံတားအမျိုးအစားများမှာ ဘေလီတံတား(Bailey Bridge)၊ သံကူကွန်ကရစ်တံတား(Reinforced Concrete Girder Bridge)၊ ကြိုတင်အားဖြည့်သံ ကူကွန်ကရစ်တံတား(Prestressed Concrete Girder Bridge)၊ သံမဏိယက်မတံတား(Steel Plate Girder Bridge & Steel Box Girder Bridge)၊ သံမဏိသံပေါင်တံတား(Steel Truss Bridge)၊ ကြိုးဆိုင်းတံတား(Suspension Bridge)နှင့် ကြိုးဆွဲတံတားCable Stayed Bridge & Extradosed Bridge)တို့ ဖြစ်ကြသည်။
တံတားတစ်စင်း စတင်တည်ဆောက်ရန် လျာထားပါက ကြိုတင်ဖြစ်နိုင်စွမ်းအား ခန့်မှန်းသုံးသပ် တွက်ချက်ခြင်း(Feasibility Study) ဦးစွာ ဆောင်ရွက်ပြီးနောက် တံတားပုံစံထုတ်လုပ်ခြင်း (Design) ဆောင်ရွက်ရပါသည်။ တည်ဆောက်မည့် တံတားအမျိုးအစားနှင့် ရန်ပုံငွေရရှိမှုအပေါ်တွင် မူတည်၍ တံတားတစ်စင်းချင်းအလိုက် တည်ဆောက်ချိန်မတူညီဘဲ ကြာမြင့်နိုင်ပါသည်။
တံတားအစိတ်အပိုင်း တစ်ခုချင်းစီအတွက် တစ်ယူနစ်တန်ဖိုး(unit price)၊ တိုင်းဒေသကြီး /ပြည် နယ်အလိုက် ဒေသပေါက်ဈေးနှင့် တံတား အမျိုးအစားပေါ်မူတည်၍ တံတားအစိတ်အပိုင်းများအတွက် နိုင်ငံခြားငွေသုံးစွဲမှုပေါ်တွင်မူတည်ပြီး တံတားတည်ဆောက်မှုကုန်ကျစရိတ်စုစုပေါင်းသည် တစ်စင်းနှင့် တစ်စင်း ကွာခြားမှုရှိပါသည်။
မေး - (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလစကပြီး လက်ရှိ အချိန်ထိ မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်သမား တွေရဲ့ဖျက်ဆီးခြင်းခံထားရတဲ့တံတားတွေ ဘယ်လောက်ရှိပြီလဲဆိုတာကို သိချင်ပါတယ်။ ဘယ်လိုတံ တား အမျိုးအစားတွေပါလဲ။ ဘယ်ဒေသက တံတားတွေ အများဆုံးပါဝင်သလဲဆိုတာကို သိချင်ပါတယ်။
ဖြေ - ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး ၂၀၂၄ ခုနှစ် ဇွန်လ (၁၅)ရက်နေ့အထိ တံတားဦးစီးဌာနမှ ထိန်းသိမ်းရသည့် ပေ(၅၀)နှင့်အထက် စုစုပေါင်း တံတားအရေအတွက် (၈၅)စင်းဖျက်ဆီးခြင်းခံခဲ့ရသည်။ ဖျက်ဆီးခံရသောတံတားများသည် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး ရှိတံတားများဖြစ်ကြပြီး ဖျက်ဆီးခံရသည့် တံတားအ မျိုးအစားများမှာ ဘေလီတံတား၊ သံကူ ကွန်ကရစ် တံတား၊ ကြိုတင်အားဖြည့်သံကူကွန် ကရစ်ယက်မ တံတား၊ သံမဏိတံတား၊ သံမဏိသံပေါင် တံတားနှင့် ကြိုးတံတားအမျိုးအစားများ ဖြစ်ကြသည်။
မေး - တံတားတွေ ဖျက်ဆီးခံရတာကြောင့် ဘယ်သူတွေ အများဆုံး ထိခိုက်နစ်နာပါသလဲ၊ နောက်ဆက် တွဲဆိုးကျိုးတွေက ဘာတွေ ဖြစ်ပါသလဲ။
ဖြေ - တံတားများ ဖျက်ဆီးခံရမှုကြောင့် နိုင်ငံတော်၏ ကုန်စည်စီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး အ များပြည်သူ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြုံတွေ့ရသည့်အပြင် လူမှုရေး၊ စီးပွားရေးခက်ခဲမှုနှင့် ကုန် ဈေးနှုန်းမြင့်တက်မှုစသည့် နောက်ဆက်တွဲဆိုးကျိုး များ တွေ့ကြုံခံစားရမည်ဖြစ်ပါသည်။
မေး - ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက တံတား တွေကို အများဆုံးဖျက်ဆီးနေတာလဲ။ အဲဒီလက်နက် ကိုင်အဖွဲ့အစည်းတွေကိုကော ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုမျိုး တုံ့ပြန်ချင်ပါသလဲ။
ဖြေ - လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများမှ တံတားများကို အများဆုံးဖျက်ဆီးနေပါသည်။ နိုင်ငံ တော် အေးချမ်းသာယာမှသာလျှင် နိုင်ငံတော်၏ရည်မှန်းချက်များအတိုင်း အိမ်နီးချင်းအာဆီယံနိုင်ငံ များကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံ များ နှင့် ကုန်စည်စီးဆင်းဖလှယ်ရေးသည်လည်း နိုင်ငံတော်စီးပွားရေးမြှင့်တင်နိုင်ရန် အခြေခံအုတ်မြစ် တစ် ခုဖြစ်ပါသဖြင့် လမ်းပန်ဆက်သွယ်မှု ပြတ်တောက်စေရန် လမ်းတံတားများကို ဖျက်ဆီးလျက်ရှိသော လက်နက်ကိုင်အဖွဲ့အစည်းများကို ဝန်ကြီးဌာနအနေဖြင့် များစွာရှုတ်ချသည်။
မေး - လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဘာကြောင့် တံတားတွေကို ဖျက်ဆီးမှုပြုလုပ်နေတယ်လို့ ထင်မြင်ယူဆမိပါသလဲ။
ဖြေ - လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တံ တားများကိုဖျက်ဆီးခြင်းဖြင့် ကုန်စည်စီးဆင်းမှုများ ရပ်ဆိုင်းစေခြင်း၊ အများပြည်သူဆက်သွယ်သွားလာ နိုင်မှုခက်ခဲစေခြင်း စသည်တို့ကို ဖြစ်ပေါ်စေရန် ရည် ရွယ်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
မေး - ဖျက်ဆီးခြင်းခံရတဲ့ တံတားအားလုံးကို ကာလ တန်ဖိုးအားဖြင့်တွက်ချက်ရင် ဘယ်လောက်အထိ နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာသွားပါသလဲ။
ဖြေ - ဖျက်ဆီးခြင်းခံရသော တံတားအားလုံးသည် ကာလတန်ဖိုးအားဖြင့် ကျပ် (၅၇၈၁၀ ဒသမ ဝဝဝ) သန်းခန့် ဆုံးရှုံးနစ်နာသွားပါသည်။
မေး - အခုလို ဖျက်ဆီးခြင်းခံထားရတဲ့တံတားတွေ ထဲမှာ ပြည်ပချေးငွေယူပြီးတည်ဆောက်ထားတဲ့ တံ တား တွေပါပါသလား။ ပါတယ်ဆိုရင် ဘယ်တံတား တွေဖြစ်မလဲ။ ဘယ်နိုင်ငံရဲ့ချေးငွေကို ယူထားလဲ သိ ချင်ပါတယ်။
ဖြေ - အရှေ့အနောက်စင်္ကြံလမ်းမကြီး(East West Corridor)ပေါ်ရှိ JICA ချေးငွေဖြင့် တည်ဆောက် ခဲ့သော ဂျိုင်း(ကော့ကရိတ်)တံတားတွင် Drop Bomb ထိမှန်မှုကြောင့် ကြမ်းခင်းအနည်းငယ်ပျက်စီး မှုရှိပါသည်။
မေး - ပြန်လည်ပြုပြင်ထားပြီးဖြစ်တဲ့ တံတားအရေအတွက်နဲ့ ပြန်လည်ပြုပြင်ဖို့အတွက် ကျန်တဲ့ တံတား အရေအတွက်ကိုလည်း ဆက်လက်သိချင်ပါတယ်။
ဖြေ - ၂၀၂၄ ခုနှစ် ဇွန်လ (၁၅)ရက်နေ့အထိ တံတား ဦးစီးဌာနမှ ထိန်းသိမ်းရသည့် ပေ (၅၀)နှင့်အထက် စုစုပေါင်း တံတားအရေအတွက် (၈၅)စင်း ဖျက်ဆီးခြင်းခံခဲ့ရသည့်အနက် အဓိကကုန်သွယ်ရေးလမ်း ကြောင်းများပေါ်ရှိ တံတားများကို လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် လုံခြုံရေးကောင်းမွန် သည် နှင့်တစ်ပြိုင်နက် ယာယီတံတားများကို ကနဦး တည်ဆောက်ပြီးနောက် အမြဲတမ်းတံတားများ အဖြစ် ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိသည်။ အချို့တံတားများသည် မိုင်းခွဲခံရမှု အကြိမ်ကြိမ် ဖြစ် ပေါ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့အထိ ယာယီပြုပြင်ခြင်းနှင့်ယာယီဘေလီတံတား တည်ဆောက် ပြီးတံတား (၂၂)စင်း၊ ယာယီပြုပြင်ရန်ကျန် တံတား (၃၃)စင်း၊ အမြဲတမ်းတံတားအဖြစ် ပြုပြင်ပြီး တံတား (၂၀)စင်း၊ အမြဲတမ်းတံတားအဖြစ် ပြုပြင်ရန် ကျန် တံတား (၅၈)စင်းနှင့် တံတား structure ထိခိုက် ပျက်စီးမှုမရှိသော မိုင်းခွဲခံရမှု (၁)စင်းရှိပါသည်။
မေး - ပြန်လည်ပြုပြင်ပြီးဖြစ်တဲ့တံတားတွေရဲ့ စုစုပေါင်းကုန်ကျစရိတ်ကိုလည်း သိချင်ပါတယ်။
ဖြေ - ယာယီတံတားနှင့် အမြဲတမ်းတံတားများအဖြစ် ပြန်လည်ပြုပြင်ထားပြီးဖြစ်သော တံတားများ၏စုစု ပေါင်းကုန်ကျစရိတ်မှာ ကျပ် (၂၇၄၈၅ ဒသမ ၁၅၉)သန်း ကုန်ကျသုံးစွဲခဲ့ပါသည်။
မေး - တံတားတွေကို ပြန်လည်ပြုပြင်နေစဉ်မှာ အကြမ်းဖက်အဖွဲ့ရဲ့ နှောင့်ယှက်ခြင်းခံရမှုကြောင့် အ လုပ်သမားထိခိုက် ဒဏ်ရာရ၊ သေဆုံးတဲ့အဖြစ်မျိုးတွေ ရှိခဲ့ပါသလား။ ဖြစ်စဉ်ဘယ်နှခုဖြစ်ခဲ့ပြီးတော့ ထိခိုက် သေဆုံးသူအရေအတွက်ကိုလည်း သိချင်ပါတယ်။
ဖြေ - တံတားပြန်လည်ပြုပြင်နေစဉ် အကြမ်းဖက် အဖွဲ့များ၏ ထပ်မံတိုက်ခိုက်နှောင့်ယှက်ခြင်းများကို ကြုံတွေ့ခဲ့ရပြီး တံတားဦးစီးဌာနအနေဖြင့် ထိခိုက် ဒဏ်ရာရမှုဖြစ်စဉ် (၂)ခုရှိခဲ့ပါသည်။
မေး - အလားတူပါပဲ။ တံတားတွေကို ပြန်လည်ပြုပြင်နေစဉ် အကြမ်းဖက်အဖွဲ့ရဲ့ နှောင့်ယှက်ခြင်းခံရမှု ကြောင့် ထိခိုက်ဒဏ်ရာရ/သေဆုံးတဲ့ အလုပ်သမားတွေရဲ့ မိသားစုဝင်တွေကိုကော ဝန်ကြီးဌာနဘက်က ထောက်ပံ့ပေးတာမျိုးရှိပါသလား။ ဘယ်လိုမျိုးဆောင်ရွက်ပေးခဲ့လဲ။
ဖြေ - တံတားပြန်လည်ပြုပြင်နေစဉ် အကြမ်းဖက်အဖွဲ့ရဲ့ နှောင့်ယှက်ခြင်းခံရမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ဝန်ထမ်းများနှင့် မိသားစုဝင်များကို ဝန်ကြီးဌာနအနေနှင့် လိုအပ်သည်များ ထောက်ပံ့ကူညီ စောင့်ရှောက်ခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်မှုရှိစေရန် အားပေးခြင်းဖြင့် မိသားစုများ နွေးထွေးလုံခြုံမှု ပြန်လည်ရ ရှိစေရန် ဆောင်ရွက်ပေးခဲ့ပါသည်။
မေး - ပြန်လည်ပြုပြင်ဖို့ ကျန်တဲ့တံတားတွေက ဘယ်ဒေသကတံတားတွေဖြစ်ပြီးတော့ ဘာကြောင့် ပြန်မပြင်ဖြစ်သေးတာလဲ။ အဲဒါလေးလည်း သိချင်ပါ တယ်။
ဖြေ - နယ်မြေဒေသလုံခြုံရေးအခြေအနေအရ အချို့တံတားများသည် ပြုပြင်နိုင်ခြင်းမရှိသေးပါ။ နယ်မြေ လုံခြုံရေးခွင့်ပြုသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားရန် လျာ ထားဆောင်ရွက်လျက်ရှိပါသည်။
မေး - ပြန်လည်ပြုပြင်ဖို့အတွက် ကျန်တဲ့တံတား တွေက ပြန်ပြင်ဖို့ အချိန်အားဖြင့် နောက်ထပ်ဘယ် လောက်ကြာနိုင်ပါသလဲ။ ကုန်ကျစရိတ်ကကော ဘယ်လောက်ရှိနိုင်ပါလဲ။
ဖြေ - နယ်မြေလုံခြုံရေးခွင့်ပြုသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပြင်ဆင်ခွင့်ရရှိမည့်ဘဏ္ဍာနှစ်ပေါ်မူတည်၍ ပြုပြင်တည်ဆောက်ရမည့်ရန်ပုံငွေ ပြောင်းလဲမှုရှိနိုင်ပါသည်။
မေး - နောက်တစ်ခုက ပြန်မပြင်ရသေးတဲ့ တံတား ပတ်ဝန်းကျင်က ဒေသခံတွေရဲ့ လမ်းပန်းဆက်သွယ် ရေးကို ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုမျိုးဆောင်ရွက်ပေးထားပါသလဲ။
ဖြေ - ယာယီပြုပြင်ခြင်း၊ လမ်းလွှဲများမှ ဖြတ်သန်းစေခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိ နှိုင်း၍ လှေ၊ သမ္ဗာန်၊ ဇက်ရေယာဉ်များဖြင့် ဖြတ်သန်း စေခြင်း စသည့်ယာယီဆောင်ရွက်မှုများဖြင့် ပြန် လည်မပြုပြင်ရသေးသော တံတားပတ်ဝန်းကျင်ရှိ ဒေသခံများ၏ လမ်းပန်းဆက်သွယ်ရေးကို ဝန်ကြီး ဌာနအနေဖြင့် ဆောင်ရွက်ပေးထားသည်။
မေး - နောက်ဆုံးမေးခွန်းတစ်ခုကတော့ တံတားတွေ ဖျက်ဆီးခံရလို့ နိုင်ငံတော်အနေနဲ့ ဘာတွေဆုံးရှုံးနစ် နာသွားပါသလဲ။
ဖြေ - နိုင်ငံတော်၏ Infrastructure ၊ Structure များဖြစ်သော တံတားများ ပျက်စီးဆုံးရှုံးမှုကြောင့် နိုင်ငံ ဘဏ္ဍာငွေများဆုံးရှုံးရသည့်အပြင် ကုန်စည် စီးဆင်းမှုနှင့် ပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။
အခုလို ဖြေကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။
zawgyi version
လက္နက္ကိုင္ေတြရဲ႕ (၃)ႏွစ္တာခရီး ျပည္သူ ပိုင္တံတား (၈၅) စင္းကို ဖ်က္ဆီး
ျမဴနစ္/ Pearl (NP News) - ဩဂုတ္ ၈
ျမန္မာႏိုင္ငံတြင္ တံတားတစ္စင္း တည္ေဆာက္ရန္အတြက္ အခ်ိန္၊ ေငြေၾကး ကုန္က်မႈ မ်ား စြာရွိေသာ္လည္း လက္နက္ကိုင္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားသည္ မိနစ္ပိုင္းအတြင္း၌ပင္ တံတားမ်ား ထက္ပိုင္းျပတ္ရန္ ေဆာင္စြမ္းႏိုင္ေနလ်က္ရွိၾကသည္။ ၎တို႔ လြယ္ကူစြာဖ်က္ဆီးေနသည့္ တံတား မ်ားသည္ ႏိုင္ငံပိုင္၊ ျပည္သူပိုင္အေျခခံအေဆာက္အအုံမ်ားျဖစ္ၿပီး ျပည္သူလူထုကို တိုက္႐ိုက္ ဒုကၡေပး ေနျခင္းသာ ျဖစ္ေၾကာင္းမွတ္ယူႏိုင္သည္။ လမ္းတံတားမ်ား ဖ်က္ဆီးခံရျခင္း၊ ပိတ္ဆို႔ခံရျခင္းမ်ားေၾကာင့္ ကုန္စည္စီးဆင္းမႈ ရပ္တန႔္မႈမ်ားရွိခဲ့သကဲ့ ကုန္ေဈးႏႈန္းႀကီးျမင့္မႈ၊ ကုန္ပစၥည္း ျပတ္လပ္မႈဒဏ္တို႔ကို ျပည္သူမ်ား ခံစားခဲ့ရဖူးၾကသည္။
ျမန္မာ့ႏိုင္ငံေရး အေျပာင္းအလဲစတင္ျဖစ္ပြားခဲ့ေသာ (၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ (၂၀၂၄) ခုႏွစ္ ဇြန္လအထိ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ တံတားမည္မွ်ကို ဖ်က္ဆီးခဲ့ပါသနည္း။ ယင္းကဲ့သို႔ ဖ်က္ဆီးမႈမ်ားေၾကာင့္ ႏိုင္ငံေတာ္ပိုင္ေငြ၊ ျပည္သူပိုင္ေငြ မည္မွ်အလဟႆ ျဖစ္သြားပါ သနည္း။ အၾကမ္းဖက္အဖြဲ႕မ်ား၏ မိုင္းခြဲဖ်က္ဆီးမႈမ်ားေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ေသာ ႏိုင္ငံအတြင္းရွိ တံတားမ်ားႏွင့္ ပတ္သက္၍ The Statesman ဂ်ာနယ္က ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ တံတားဦးစီးဌာနကိုဆက္သြယ္ကာ သီးသန႔္ေမးျမန္းထားေသာ အင္တာဗ်ဴးအျပည့္အစုံကို NP News က ထပ္ဆင့္ ေဖာ္ျပလိုက္ပါသည္။
ေမး - ပထမဆုံးေမးခ်င္တာက တံတားအမ်ိဳးအစားေတြနဲ႔ တံတားတစ္စင္းတည္ေဆာက္ဖို႔အတြက္ အခ်ိန္အားျဖင့္ ဘယ္ေလာက္ၾကာၿပီးေတာ့ ေငြအားျဖင့္ေကာ ဘယ္ေလာက္အထိ ကုန္က်ႏိုင္သလဲဆိုတာ သိခ်င္ပါတယ္။
ေျဖ - ျမန္မာႏိုင္ငံတြင္ တည္ေဆာက္လ်က္ရွိေသာ တံတားအမ်ိဳးအစားမ်ားမွာ ေဘလီတံတား(Bailey Bridge)၊ သံကူကြန္ကရစ္တံတား(Reinforced Concrete Girder Bridge)၊ ႀကိဳတင္အားျဖည့္သံ ကူကြန္ကရစ္တံတား(Prestressed Concrete Girder Bridge)၊ သံမဏိယက္မတံတား(Steel Plate Girder Bridge & Steel Box Girder Bridge)၊ သံမဏိသံေပါင္တံတား(Steel Truss Bridge)၊ ႀကိဳးဆိုင္းတံတား(Suspension Bridge)ႏွင့္ ႀကိဳးဆြဲတံတားCable Stayed Bridge & Extradosed Bridge)တို႔ ျဖစ္ၾကသည္။
တံတားတစ္စင္း စတင္တည္ေဆာက္ရန္ လ်ာထားပါက ႀကိဳတင္ျဖစ္ႏိုင္စြမ္းအား ခန႔္မွန္းသုံးသပ္ တြက္ခ်က္ျခင္း(Feasibility Study) ဦးစြာ ေဆာင္႐ြက္ၿပီးေနာက္ တံတားပုံစံထုတ္လုပ္ျခင္း (Design) ေဆာင္႐ြက္ရပါသည္။ တည္ေဆာက္မည့္ တံတားအမ်ိဳးအစားႏွင့္ ရန္ပုံေငြရရွိမႈအေပၚတြင္ မူတည္၍ တံတားတစ္စင္းခ်င္းအလိုက္ တည္ေဆာက္ခ်ိန္မတူညီဘဲ ၾကာျမင့္ႏိုင္ပါသည္။
တံတားအစိတ္အပိုင္း တစ္ခုခ်င္းစီအတြက္ တစ္ယူနစ္တန္ဖိုး(unit price)၊ တိုင္းေဒသႀကီး /ျပည္ နယ္အလိုက္ ေဒသေပါက္ေဈးႏွင့္ တံတား အမ်ိဳးအစားေပၚမူတည္၍ တံတားအစိတ္အပိုင္းမ်ားအတြက္ ႏိုင္ငံျခားေငြသုံးစြဲမႈေပၚတြင္မူတည္ၿပီး တံတားတည္ေဆာက္မႈကုန္က်စရိတ္စုစုေပါင္းသည္ တစ္စင္းႏွင့္ တစ္စင္း ကြာျခားမႈရွိပါသည္။
ေမး - (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလစကၿပီး လက္ရွိ အခ်ိန္ထိ ျမန္မာႏိုင္ငံအတြင္းမွာ အၾကမ္းဖက္သမား ေတြရဲ႕ဖ်က္ဆီးျခင္းခံထားရတဲ့တံတားေတြ ဘယ္ေလာက္ရွိၿပီလဲဆိုတာကို သိခ်င္ပါတယ္။ ဘယ္လိုတံ တား အမ်ိဳးအစားေတြပါလဲ။ ဘယ္ေဒသက တံတားေတြ အမ်ားဆုံးပါဝင္သလဲဆိုတာကို သိခ်င္ပါတယ္။
ေျဖ - ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစတင္ၿပီး ၂၀၂၄ ခုႏွစ္ ဇြန္လ (၁၅)ရက္ေန႔အထိ တံတားဦးစီးဌာနမွ ထိန္းသိမ္းရသည့္ ေပ(၅၀)ႏွင့္အထက္ စုစုေပါင္း တံတားအေရအတြက္ (၈၅)စင္းဖ်က္ဆီးျခင္းခံခဲ့ရသည္။ ဖ်က္ဆီးခံရေသာတံတားမ်ားသည္ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ ျပည္နယ္၊ ရခိုင္ျပည္နယ္၊ ရွမ္းျပည္နယ္၊ စစ္ကိုင္းတိုင္း ေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္း ေဒသႀကီး ရွိတံတားမ်ားျဖစ္ၾကၿပီး ဖ်က္ဆီးခံရသည့္ တံတားအ မ်ိဳးအစားမ်ားမွာ ေဘလီတံတား၊ သံကူ ကြန္ကရစ္ တံတား၊ ႀကိဳတင္အားျဖည့္သံကူကြန္ ကရစ္ယက္မ တံတား၊ သံမဏိတံတား၊ သံမဏိသံေပါင္ တံတားႏွင့္ ႀကိဳးတံတားအမ်ိဳးအစားမ်ား ျဖစ္ၾကသည္။
ေမး - တံတားေတြ ဖ်က္ဆီးခံရတာေၾကာင့္ ဘယ္သူေတြ အမ်ားဆုံး ထိခိုက္နစ္နာပါသလဲ၊ ေနာက္ဆက္ တြဲဆိုးက်ိဳးေတြက ဘာေတြ ျဖစ္ပါသလဲ။
ေျဖ - တံတားမ်ား ဖ်က္ဆီးခံရမႈေၾကာင့္ ႏိုင္ငံေတာ္၏ ကုန္စည္စီးဆင္းမႈကို အဟန႔္အတားျဖစ္ေစၿပီး အ မ်ားျပည္သူ လမ္းပန္းဆက္သြယ္ေရးခက္ခဲမႈႀကဳံေတြ႕ရသည့္အျပင္ လူမႈေရး၊ စီးပြားေရးခက္ခဲမႈႏွင့္ ကုန္ ေဈးႏႈန္းျမင့္တက္မႈစသည့္ ေနာက္ဆက္တြဲဆိုးက်ိဳး မ်ား ေတြ႕ႀကဳံခံစားရမည္ျဖစ္ပါသည္။
ေမး - ဘယ္လက္နက္ကိုင္အဖြဲ႕အစည္းက တံတား ေတြကို အမ်ားဆုံးဖ်က္ဆီးေနတာလဲ။ အဲဒီလက္နက္ ကိုင္အဖြဲ႕အစည္းေတြကိုေကာ ဝန္ႀကီးဌာနအေနနဲ႔ ဘယ္လိုမ်ိဳး တုံ႔ျပန္ခ်င္ပါသလဲ။
ေျဖ - လက္နက္ကိုင္အၾကမ္းဖက္အဖြဲ႕အစည္းမ်ားမွ တံတားမ်ားကို အမ်ားဆုံးဖ်က္ဆီးေနပါသည္။ ႏိုင္ငံ ေတာ္ ေအးခ်မ္းသာယာမွသာလွ်င္ ႏိုင္ငံေတာ္၏ရည္မွန္းခ်က္မ်ားအတိုင္း အိမ္နီးခ်င္းအာဆီယံႏိုင္ငံ မ်ားကဲ့သို႔ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးကို အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္သည္။ အိမ္နီးခ်င္းႏိုင္ငံ မ်ား ႏွင့္ ကုန္စည္စီးဆင္းဖလွယ္ေရးသည္လည္း ႏိုင္ငံေတာ္စီးပြားေရးျမႇင့္တင္ႏိုင္ရန္ အေျခခံအုတ္ျမစ္ တစ္ ခုျဖစ္ပါသျဖင့္ လမ္းပန္ဆက္သြယ္မႈ ျပတ္ေတာက္ေစရန္ လမ္းတံတားမ်ားကို ဖ်က္ဆီးလ်က္ရွိေသာ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို ဝန္ႀကီးဌာနအေနျဖင့္ မ်ားစြာရႈတ္ခ်သည္။
ေမး - လက္နက္ကိုင္အဖြဲ႕အစည္းေတြအေနနဲ႔ ဘာေၾကာင့္ တံတားေတြကို ဖ်က္ဆီးမႈျပဳလုပ္ေနတယ္လို႔ ထင္ျမင္ယူဆမိပါသလဲ။
ေျဖ - လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ တံ တားမ်ားကိုဖ်က္ဆီးျခင္းျဖင့္ ကုန္စည္စီးဆင္းမႈမ်ား ရပ္ဆိုင္းေစျခင္း၊ အမ်ားျပည္သူဆက္သြယ္သြားလာ ႏိုင္မႈခက္ခဲေစျခင္း စသည္တို႔ကို ျဖစ္ေပၚေစရန္ ရည္ ႐ြယ္ေဆာင္႐ြက္ေနျခင္းျဖစ္ပါသည္။
ေမး - ဖ်က္ဆီးျခင္းခံရတဲ့ တံတားအားလုံးကို ကာလ တန္ဖိုးအားျဖင့္တြက္ခ်က္ရင္ ဘယ္ေလာက္အထိ ႏိုင္ငံေတာ္အတြက္ ဆုံးရႈံးနစ္နာသြားပါသလဲ။
ေျဖ - ဖ်က္ဆီးျခင္းခံရေသာ တံတားအားလုံးသည္ ကာလတန္ဖိုးအားျဖင့္ က်ပ္ (၅၇၈၁၀ ဒသမ ဝဝဝ) သန္းခန႔္ ဆုံးရႈံးနစ္နာသြားပါသည္။
ေမး - အခုလို ဖ်က္ဆီးျခင္းခံထားရတဲ့တံတားေတြ ထဲမွာ ျပည္ပေခ်းေငြယူၿပီးတည္ေဆာက္ထားတဲ့ တံ တား ေတြပါပါသလား။ ပါတယ္ဆိုရင္ ဘယ္တံတား ေတြျဖစ္မလဲ။ ဘယ္ႏိုင္ငံရဲ႕ေခ်းေငြကို ယူထားလဲ သိ ခ်င္ပါတယ္။
ေျဖ - အေရွ႕အေနာက္စႀကႍလမ္းမႀကီး(East West Corridor)ေပၚရွိ JICA ေခ်းေငြျဖင့္ တည္ေဆာက္ ခဲ့ေသာ ဂ်ိဳင္း(ေကာ့ကရိတ္)တံတားတြင္ Drop Bomb ထိမွန္မႈေၾကာင့္ ၾကမ္းခင္းအနည္းငယ္ပ်က္စီး မႈရွိပါသည္။
ေမး - ျပန္လည္ျပဳျပင္ထားၿပီးျဖစ္တဲ့ တံတားအေရအတြက္နဲ႔ ျပန္လည္ျပဳျပင္ဖို႔အတြက္ က်န္တဲ့ တံတား အေရအတြက္ကိုလည္း ဆက္လက္သိခ်င္ပါတယ္။
ေျဖ - ၂၀၂၄ ခုႏွစ္ ဇြန္လ (၁၅)ရက္ေန႔အထိ တံတား ဦးစီးဌာနမွ ထိန္းသိမ္းရသည့္ ေပ (၅၀)ႏွင့္အထက္ စုစုေပါင္း တံတားအေရအတြက္ (၈၅)စင္း ဖ်က္ဆီးျခင္းခံခဲ့ရသည့္အနက္ အဓိကကုန္သြယ္ေရးလမ္း ေၾကာင္းမ်ားေပၚရွိ တံတားမ်ားကို လမ္းပန္းဆက္သြယ္ေရး မျပတ္ေတာက္ေစရန္ လုံၿခဳံေရးေကာင္းမြန္ သည္ ႏွင့္တစ္ၿပိဳင္နက္ ယာယီတံတားမ်ားကို ကနဦး တည္ေဆာက္ၿပီးေနာက္ အၿမဲတမ္းတံတားမ်ား အျဖစ္ ျပန္လည္ျပဳျပင္တည္ေဆာက္လ်က္ရွိသည္။ အခ်ိဳ႕တံတားမ်ားသည္ မိုင္းခြဲခံရမႈ အႀကိမ္ႀကိမ္ ျဖစ္ ေပၚခဲ့ၿပီး ၂၀၂၄ ခုႏွစ္ ဇြန္လ ၁၅ ရက္ေန႔အထိ ယာယီျပဳျပင္ျခင္းႏွင့္ယာယီေဘလီတံတား တည္ေဆာက္ ၿပီးတံတား (၂၂)စင္း၊ ယာယီျပဳျပင္ရန္က်န္ တံတား (၃၃)စင္း၊ အၿမဲတမ္းတံတားအျဖစ္ ျပဳျပင္ၿပီး တံတား (၂၀)စင္း၊ အၿမဲတမ္းတံတားအျဖစ္ ျပဳျပင္ရန္ က်န္ တံတား (၅၈)စင္းႏွင့္ တံတား structure ထိခိုက္ ပ်က္စီးမႈမရွိေသာ မိုင္းခြဲခံရမႈ (၁)စင္းရွိပါသည္။
ေမး - ျပန္လည္ျပဳျပင္ၿပီးျဖစ္တဲ့တံတားေတြရဲ႕ စုစုေပါင္းကုန္က်စရိတ္ကိုလည္း သိခ်င္ပါတယ္။
ေျဖ - ယာယီတံတားႏွင့္ အၿမဲတမ္းတံတားမ်ားအျဖစ္ ျပန္လည္ျပဳျပင္ထားၿပီးျဖစ္ေသာ တံတားမ်ား၏စုစု ေပါင္းကုန္က်စရိတ္မွာ က်ပ္ (၂၇၄၈၅ ဒသမ ၁၅၉)သန္း ကုန္က်သုံးစြဲခဲ့ပါသည္။
ေမး - တံတားေတြကို ျပန္လည္ျပဳျပင္ေနစဥ္မွာ အၾကမ္းဖက္အဖြဲ႕ရဲ႕ ေႏွာင့္ယွက္ျခင္းခံရမႈေၾကာင့္ အ လုပ္သမားထိခိုက္ ဒဏ္ရာရ၊ ေသဆုံးတဲ့အျဖစ္မ်ိဳးေတြ ရွိခဲ့ပါသလား။ ျဖစ္စဥ္ဘယ္ႏွခုျဖစ္ခဲ့ၿပီးေတာ့ ထိခိုက္ ေသဆုံးသူအေရအတြက္ကိုလည္း သိခ်င္ပါတယ္။
ေျဖ - တံတားျပန္လည္ျပဳျပင္ေနစဥ္ အၾကမ္းဖက္ အဖြဲ႕မ်ား၏ ထပ္မံတိုက္ခိုက္ေႏွာင့္ယွက္ျခင္းမ်ားကို ႀကဳံေတြ႕ခဲ့ရၿပီး တံတားဦးစီးဌာနအေနျဖင့္ ထိခိုက္ ဒဏ္ရာရမႈျဖစ္စဥ္ (၂)ခုရွိခဲ့ပါသည္။
ေမး - အလားတူပါပဲ။ တံတားေတြကို ျပန္လည္ျပဳျပင္ေနစဥ္ အၾကမ္းဖက္အဖြဲ႕ရဲ႕ ေႏွာင့္ယွက္ျခင္းခံရမႈ ေၾကာင့္ ထိခိုက္ဒဏ္ရာရ/ေသဆုံးတဲ့ အလုပ္သမားေတြရဲ႕ မိသားစုဝင္ေတြကိုေကာ ဝန္ႀကီးဌာနဘက္က ေထာက္ပံ့ေပးတာမ်ိဳးရွိပါသလား။ ဘယ္လိုမ်ိဳးေဆာင္႐ြက္ေပးခဲ့လဲ။
ေျဖ - တံတားျပန္လည္ျပဳျပင္ေနစဥ္ အၾကမ္းဖက္အဖြဲ႕ရဲ႕ ေႏွာင့္ယွက္ျခင္းခံရမႈေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိခဲ့ေသာ ဝန္ထမ္းမ်ားႏွင့္ မိသားစုဝင္မ်ားကို ဝန္ႀကီးဌာနအေနႏွင့္ လိုအပ္သည္မ်ား ေထာက္ပံ့ကူညီ ေစာင့္ေရွာက္ျခင္း၊ စိတ္ဓာတ္ႀကံ့ခိုင္မႈရွိေစရန္ အားေပးျခင္းျဖင့္ မိသားစုမ်ား ေႏြးေထြးလုံၿခဳံမႈ ျပန္လည္ရ ရွိေစရန္ ေဆာင္႐ြက္ေပးခဲ့ပါသည္။
ေမး - ျပန္လည္ျပဳျပင္ဖို႔ က်န္တဲ့တံတားေတြက ဘယ္ေဒသကတံတားေတြျဖစ္ၿပီးေတာ့ ဘာေၾကာင့္ ျပန္မျပင္ျဖစ္ေသးတာလဲ။ အဲဒါေလးလည္း သိခ်င္ပါ တယ္။
ေျဖ - နယ္ေျမေဒသလုံၿခဳံေရးအေျခအေနအရ အခ်ိဳ႕တံတားမ်ားသည္ ျပဳျပင္ႏိုင္ျခင္းမရွိေသးပါ။ နယ္ေျမ လုံၿခဳံေရးခြင့္ျပဳသည္ႏွင့္တစ္ၿပိဳင္နက္ လုပ္ငန္းမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ ေဆာင္႐ြက္သြားရန္ လ်ာ ထားေဆာင္႐ြက္လ်က္ရွိပါသည္။
ေမး - ျပန္လည္ျပဳျပင္ဖို႔အတြက္ က်န္တဲ့တံတား ေတြက ျပန္ျပင္ဖို႔ အခ်ိန္အားျဖင့္ ေနာက္ထပ္ဘယ္ ေလာက္ၾကာႏိုင္ပါသလဲ။ ကုန္က်စရိတ္ကေကာ ဘယ္ေလာက္ရွိႏိုင္ပါလဲ။
ေျဖ - နယ္ေျမလုံၿခဳံေရးခြင့္ျပဳသည္ႏွင့္တစ္ၿပိဳင္နက္ လုပ္ငန္းမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။ ျပင္ဆင္ခြင့္ရရွိမည့္ဘ႑ာႏွစ္ေပၚမူတည္၍ ျပဳျပင္တည္ေဆာက္ရမည့္ရန္ပုံေငြ ေျပာင္းလဲမႈရွိႏိုင္ပါသည္။
ေမး - ေနာက္တစ္ခုက ျပန္မျပင္ရေသးတဲ့ တံတား ပတ္ဝန္းက်င္က ေဒသခံေတြရဲ႕ လမ္းပန္းဆက္သြယ္ ေရးကို ဝန္ႀကီးဌာနအေနနဲ႔ ဘယ္လိုမ်ိဳးေဆာင္႐ြက္ေပးထားပါသလဲ။
ေျဖ - ယာယီျပဳျပင္ျခင္း၊ လမ္းလႊဲမ်ားမွ ျဖတ္သန္းေစျခင္း၊ ေဒသအာဏာပိုင္အဖြဲ႕အစည္းမ်ားႏွင့္ ညႇိ ႏႈိင္း၍ ေလွ၊ သမၺာန္၊ ဇက္ေရယာဥ္မ်ားျဖင့္ ျဖတ္သန္း ေစျခင္း စသည့္ယာယီေဆာင္႐ြက္မႈမ်ားျဖင့္ ျပန္ လည္မျပဳျပင္ရေသးေသာ တံတားပတ္ဝန္းက်င္ရွိ ေဒသခံမ်ား၏ လမ္းပန္းဆက္သြယ္ေရးကို ဝန္ႀကီး ဌာနအေနျဖင့္ ေဆာင္႐ြက္ေပးထားသည္။
ေမး - ေနာက္ဆုံးေမးခြန္းတစ္ခုကေတာ့ တံတားေတြ ဖ်က္ဆီးခံရလို႔ ႏိုင္ငံေတာ္အေနနဲ႔ ဘာေတြဆုံးရႈံးနစ္ နာသြားပါသလဲ။
ေျဖ - ႏိုင္ငံေတာ္၏ Infrastructure ၊ Structure မ်ားျဖစ္ေသာ တံတားမ်ား ပ်က္စီးဆုံးရႈံးမႈေၾကာင့္ ႏိုင္ငံ ဘ႑ာေငြမ်ားဆုံးရႈံးရသည့္အျပင္ ကုန္စည္ စီးဆင္းမႈႏွင့္ ျပည္သူလူထု၏ လူမႈေရး၊ စီးပြားေရးဆိုင္ရာ ထိခိုက္ဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့ရပါသည္။
အခုလို ေျဖၾကားေပးမႈအတြက္ ေက်းဇူးတင္ပါတယ္။