အစ္စရေး၏နောက်ထပ်စစ်ပွဲ (သို့မဟုတ်) အရှေ့အလယ်ပိုင်းဒေသအတွက် အိပ်မက်ဆိုးအစ္စရေး-ဟစ်ဇ်ဘိုလာ ပဋိပက္ခ (ဘာသာပြန်ဆောင်းပါး)

 1849

ALynn (NP News) - ဩဂုတ် ၈

ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်တွေနဲ့စစ်ပွဲ ကိုးလကျော်ကြာကာလကို ရောက်ရှိလာတာနဲ့အမျှ အစ္စရေးအနေနဲ့ ၎င်း ရဲ့မြောက်ပိုင်းနယ်စပ်မှာရှိတဲ့ ဟစ်ဇ်ဘိုလာနဲ့ ပိုမိုကြီးမားတဲ့နောက်ထပ်စစ်ပွဲ တစ်ခု ဆီကို ပိုလို့နီးကပ်လာခဲ့ပါတယ်။ ဇွန်လမှာ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က လက်ဘနွန်တောင်ပိုင်းကို အပြည့် အဝတိုက်ခိုက်မယ့်အစီအစဉ်ကို အတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။ အစ္စရေးနဲ့ဟစ်ဇ်ဘိုလာတို့ကြား ဖြစ်ပေါ်လာမယ့်စစ်ပွဲဟာ လက်ရှိ ဂါဇာကမ်းမြောင် ဒေသအတွက် ကြီးမားတဲ့အကျိုးဆက်တွေရှိလာမှာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းက ကြီးမားတဲ့လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို အစ္စ ရေးရဲ့လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေက ဒေ သတစ်ခုလုံး မတည်ငြိမ်မှုတွေဖြစ်စေနိုင်ပြီး အမေရိ ကန်အနေနဲ့ ၎င်း ရဲ့သမ္မတရွေးကောက်ပွဲကာလ အ ရေးပါတဲ့အဆင့်ကိုရောက်ရှိလာတာကြောင့် နိုင်ငံရေး လှုပ်ခတ်မှုတွေဖြစ်လာနိုင်ပါတယ်။ ထိုသို့သောစစ်ပွဲ ကို လျင်လျင်မြန်မြန်အဆုံးသတ်ဖို့ ဒါမှမဟုတ် ပြတ် ပြတ်သားသား အောင်ပွဲဆီကို လမ်းကြောင်းတစ်ခုရှာ ဖွေဖို့နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရှိနိုင်သေးပါဘူး။

အရင်နဲ့မတူအင်အားကြီးထွားလာတဲ့ ဟစ်ဇ်ဘိုလာ
ယင်းစစ်ပွဲက အစ္စရေးကိုယ်တိုင်အတွက်လည်း ရိုက်ခတ်မှုတွေပြင်းထန်နိုင်ပါတယ်။ ဂါဇာ၊ လက်ဘ နွန်၊ အီရန်နဲ့ ယီမင်တို့မှ ဒုံးကျည်တိုက်ခိုက်မှုတွေကို တုံ့ပြန်ရာမှာ အစ္စရေးလေကြောင်းရန်ကာကွယ်ရေး စနစ်တွေ အလွန်အမင်းအောင်မြင်ခဲ့ပေမယ့် ဟစ်ဇ် ဘိုလာနဲ့အလုံးစုံစစ်ပွဲက ကွဲပြားတဲ့ဂိမ်းတစ်ခုကို ဖြစ် လာစေမှာဖြစ်ပါတယ်။ အစ္စရေးထောက်လှမ်းရေးရဲ့ ခန့်မှန်းချက်များအရ ဟစ်ဇ်ဘိုလာရဲ့လက်နက်သို လှောင်မှုဟာ ဟားမတ်စ်တို့ထက် ခုနစ်ဆကျော်ကြီး မားပြီး သေစေနိုင်တဲ့လက်နက်တွေပါဝင်နေပါတယ်။ ရာ နဲ့ချီတဲ့တိုက်ခိုက်ရေးဒရုန်းတွေနဲ့အတူ ဒုံးပျံနဲ့ဒုံးကျည် ပေါင်း (၁၃၀ယဝဝဝ)မှ (၁၅၀ယဝဝဝ)ခန့်ပါဝင်ပြီး အစ္စ ရေးရဲ့တဲလ်အဗစ်မြို့နဲ့ တောင်ဘက်ရှိပစ်မှတ်တွေ ကိုရောက်ရှိနိုင်တဲ့ ရာနှင့်ချီသော ပဲ့ထိန်းဒုံးကျည်တွေ လည်းပိုင်ဆိုင်ထားပါတယ်။
(၂၀ဝ၆)ခုနှစ် နွေရာသီမှာ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးရဲ့ နောက်ဆုံးထိတွေ့စစ်ပွဲမှာ အဖွဲ့ရဲ့ တိုက် ခိုက်ရေးသမား ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့သော် လည်း စစ်အင်အားကို သိသိသာသာ မလျှော့ချနိုင်ခဲ့ ပါဘူး။ ဟစ်ဇ်ဘိုလာအနေနဲ့ အရင်ကထက် စွမ်း ဆောင်ရည်များစွာသာလွန်လာတဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်လာကြောင်း လေ့လာတွေ့ရှိရပါတယ်။ အစ္စ ရေးနယ်ခြားစောင့်တပ်ရဲ့ခန့်မှန်းချက်အရ စစ်ပွဲသာ ဖြစ်လာခဲ့ပါက ဟစ်ဇ်ဘိုလာတို့က နေ့စဉ် ဒုံးကျည် (၃,ဝဝဝ)လောက်ပစ်လွှတ်နိုင်ပြီး အစ္စရေးရဲ့ ဒုံး ကျည်ကာကွယ်ရေးစနစ်ကို ခြိမ်းခြောက်လာနိုင်မှာ ဖြစ်ပါတယ်။ အစ္စရေးဟာ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတွေနဲ့ စစ်အခြေစိုက်စခန်းတွေကို ခုခံကာကွယ်ဖို့၊ အရပ်သားတွေကို ဗုံးအမိုးအကာ များတွင်သာ နေထိုင်ဖို့ပြောပြီး အကောင်းဆုံးကို မျှော် လင့်ထားရမှာဖြစ်ပါတယ်။ အစ္စရေးခေါင်းဆောင်တွေ အတွက်တော့ အရင်က ကြုံဖူးသမျှထက် ပိုပြီးကြီးမား တဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နှစ်ဖက်စလုံးက အကန့် အသတ်နဲ့သာလုပ်ဆောင်ဖို့အတွက် အကြောင်းပြ ချက်တွေ ရှိနေပါသေးတယ်။ အစ္စရေး၊ ဟစ်ဇ်ဘိုလာ၊ အီရန်၊ လက်ဘနွန်အစိုးရနဲ့ အမေရိကန်တို့ ပါဝင်နေ တဲ့ လက်ရှိပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံးဟာ ဒေသတွင်းစစ်ပွဲကိုရှောင်ရှားဖို့ ခိုင်လုံတဲ့အကြောင်း ပြချက်တွေ ရှိနေပုံရပါတယ်။ ဘိုင်ဒန်အစိုးရက နယ် စပ်တစ်ဝိုက်ရှိ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာ ရေးအပါအဝင် အစ္စရေးနဲ့ဟစ်ဇ်ဘိုလာအကြား သ ဘောတူညီချက်တစ်ခုရရှိဖို့ အကောင်အထည်ဖော် နိုင်ရင်တောင် အစ္စရေးခေါင်းဆောင်တွေအနေနဲ့ ဟစ်ဇ်ဘိုလာတွေကို တုံ့ပြန်ဖို့လိုလားတဲ့ ပြည်တွင်းက တချို့အင်အားစုတွေကို ပြန်လည် ဖြေရှင်းတုံ့ပြန်ဖို့ ခက်နေပါသေးတယ်။ အကယ်၍ အစ္စရေးက စစ်ပွဲကို ကန့်သတ်ရန် ဒါမှမဟုတ် ပြတ်ပြတ်သားသားဆုံး ဖြတ်သွားမယ့် နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှုအတွက် ဗျူဟာအတိအကျမရှိခဲ့ရင် ရလဒ်တွေက ဆိုးရွားသွား နိုင်ပါတယ်။

အစ္စရေး-ဟားမတ်စ်အကြားအပစ်အခတ်ရပ်စဲရေးရဲ့အစ္စရေး-ဟစ်ဇ်ဘိုလာ ပဋိပက္ခအပေါ်သက်ရောက်နိုင်မှု
ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ၎င်း ၏ရွေးချယ်မှုများ အကြား ဝေခွဲမရဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း အစ္စရေးကိုဟန့်တားဖို့ သူတို့ရဲ့စွမ်းရည်ကို ထုတ်ဖော် ပြသဖို့ဖြစ်ပါတယ်။ ဟားမတ်စ်ရဲ့ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအပြီး လများအတွင်း ၎င်းရဲ့ ဒေသတွင်းလွှမ်းမိုးနိုင်စွမ်းတချို့ ဆုံးရှုံးခဲ့ပါတယ်။ ထိုးစစ်ပြီး နောက်မကြာမီမှာ ဟစ်ဇ်ဘိုလာက အစ္စရေးကို ဒုံးကျည် များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဟားမတ်စ်တို့ကို ထောက်ခံကြောင်းပြသခဲ့ပါတယ်။ သို့သော် အစ္စရေး က ဘေရွတ်မြို့တောင်ပိုင်းဆင်ခြေဖုံးရှိ ဟစ်ဇ်ဘိုလာ ရဲ့အမာခံနယ်မြေအပါအဝင် လက်ဘနွန်တစ်လျှောက် ဟစ်ဇ်ဘိုလာခြေမှုန်းရေးလှုပ်ရှားမှုတွေနဲ့ တုံ့ပြန် ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီလို လက်ဘနွန်ရဲ့ မတည် ငြိမ်တဲ့အခြေအနေတွေကြောင့် ဟစ်ဇ်ဘိုလာဟာ အစ္စရေးနဲ့ အလုံးစုံစစ်ပွဲဖြစ်ပွားဖို့အတွက် ရှောင်ရှား နေလိုပါတယ်။

အစ္စရေးနဲ့ဟားမတ်စ်တို့ကြား ထာဝရအပစ် အခတ်ရပ်စဲရေးဟာ လက်ဘနွန်စစ်ပွဲကို တားဆီး နိုင်ဖွယ်ရှိနေပါတယ်။ တကယ်လို့ အစ္စရေးက ဂါဇာရှိ ဟားမတ်စ်နဲ့အပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်ကိုကြိုးပမ်းလာပါက ဟစ်ဇ်ဘိုလာက တိုက်ခိုက် မှုတွေကိုရပ်တန့်သွားမှာဖြစ်ကြောင်း ကတိပြုထား ပါတယ်။ ရှည်လျားတဲ့စစ်ပွဲနဲ့ အနောက်ဘက်ကမ်းမှာ တင်းမာမှုတွေတိုးလာနေတာကြောင့် အစ္စရေးက ၎င်း ရဲ့မြောက်ပိုင်းနယ်စပ်ရှိတင်းမာမှုတွေကို သံတမန် နည်းလမ်းနဲ့ဖြေရှင်းဖို့လိုလားဖွယ်ရှိနေပါတယ်။ အမေ ရိကန် အထူးသံတမန် Amos Hochstein က ဟစ်ဇ် ဘိုလာနဲ့ အစ္စရေးတို့ကြား ပဋိပက္ခကိုအဆုံးသတ်ဖို့ စေ့စပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်နိုင်ရေး အောက်တို ဘာလကတည်းက လက်ဘနွန်ကို အကြိမ်ပေါင်းများ စွာ သွားရောက်ခဲ့ပါတယ်။ ၎င်းရဲ့အစီအစဉ်က ဒေသ တွင်းအကျပ်အတည်းကို ချိုးဖျက်ဖို့အတွက် ဟား မတ်စ်အနေနဲ့ အပစ်အခတ်ရပ်စဲရေးကိုလက်ခံဖို့ ဟစ်ဇ်ဘိုလာက ဖိအားပေးရန်တောင်းဆိုဖို့ဖြစ်ပါ တယ်။ ဟစ်ဇ်ဘိုလာကHochstein ရဲ့တောင်းဆို ချက်ကို လိုက်လျောခြင်းမရှိကြောင်း လူသိရှင်ကြား ငြင်းဆိုထားပေမယ့်လည်း အစ္စရေးနဲ့ မကြာသေးမီက ညှိနှိုင်းမှုမှာ ဟားမတ်စ်ရဲ့ပျော့ပျောင်းလာမှုကHochstein ရဲ့အဆိုပြုချက်မှာ သက်ရောက်မှုတချို့ ရှိလာကြောင်း ညွှန်ပြနေပါတယ်။

ဒါပေမဲ့ အစ္စရေး-လက်ဘနွန်နယ်စပ်မှာ တင်း မာမှုတွေထပ်မတိုးလာခင် ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထွက်ပေါ် လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဟစ်ဇ်ဘို လာအနေနဲ့ ဟားမတ်စ်တွေမလုပ်ဆောင်မီ အပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက်ကိုရယူနိုင်ပြီး လက် ဘနွန်အတွင်း ပုံမှန်အနေအထားကို ပြန်လည်တည် ဆောက်ကာ အစ္စရေးရဲ့ကျူးကျော်မှုကို ရှောင်ရှားနိုင် မှာဖြစ်ပါတယ်။ ဒါက လွယ်ကူတဲ့ ရွေးချယ်မှုတော့မ ဟုတ်ပါဘူး။ ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းတို့ရဲ့ကံကြမ္မာကို လျစ်လျူရှုတဲ့ အစ္စရေးနဲ့သဘောတူညီချက်ဟာ အစ္စရေး-လက်ဘနွန် နယ်စပ်ရှိ တိုက်ခိုက်မှုတွေကို ယာယီရပ်တန့်နိုင်သော် လည်း တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း ပြန်လည် မပေါ်ပေါက်စေဖို့ တားဆီးနိုင်မှာမဟုတ်ပါ။ ဒါ့ပြင် လက်ဘနွန်နဲ့ ပိုမိုကျယ်ပြန့်တဲ့ဒေသအတွင်းမှာ ဟစ်ဇ် ဘိုလာရဲ့အနေအထားဟာ အီရန်ရဲ့ ကျောထောက် နောက်ခံပြု ဦးဆောင်အခန်းကဏ္ဍမှာ ရပ်တည်နေပါ တယ်။ ဒါကြောင့် ၎င်းအနေနဲ့ အစ္စရေးနဲ့ သဘောတူ ညီချက်ရယူသွားမယ်ဆိုပါက ပါလက်စတိုင်းနဲ့ တခြား အရှေ့အလယ်ပိုင်းမဟာမိတ်များ၊ အထူးသဖြင့် ဟစ်ဇ်ဘိုလာရဲ့မိတ်ဖက်ဖြစ်တဲ့ ဟူသီတို့နဲ့မဟာမိတ် ဆက်ဆံရေးကို ချိုးဖျက်သလိုဖြစ်သွားနိုင်သကဲ့သို့ ယုံကြည်မှုတွေလည်း ဆုံးရှုံးသွားနိုင်ပါတယ်။

ချိန်ခွင်လျှာညှိကြည့်ခြင်း
လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကြာကတည်းက ဟစ်ဇ်ဘိုလာနဲ့အစ္စရေးတို့ဟာ စစ်ပွဲကို အတိုင်းအ တာအပြည့် တားဆီးနိုင်တဲ့ ရှုပ်ထွေးတဲ့ စေ့စပ်ညှိ နှိုင်းရေးစည်းမျဉ်းတွေကို တည်ဆောက်ခဲ့ကြဖူးပါ တယ်။ (၁၉၉၆) မှ (၂၀ဝဝ) ပြည့်နှစ်အတွင်း အစ္စရေး နဲ့ စစ်သွေးကြွအုပ်စုကြား ဧပြီသဘောတူညီချက် တစ်ခုကိုတည်ဆောက်ခဲ့ပြီး လက်ဘနွန်အရပ်သား တွေအပေါ် အကာအကွယ်တချို့ပေးခဲ့ပါတယ်။ ဒါပေ မဲ့ အစ္စရေးမှာရှိတဲ့ လက်ဘနွန်အကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် ဟစ်ဇ်ဘိုလာက အစ္စရေးစစ်သား တွေကို ပြန်ပေးဆွဲပြီးနောက် (၂၀ဝ၆)ခုနှစ်မှာ အဲဒီ စေ့စပ်ညှိနှိုင်းရေးစည်းမျဉ်းတွေကို ယာယီဖျက်သိမ်း ခဲ့ပါတယ်။ အဲ့ဒီနောက် နှစ်ဖက်ကြား ဖြစ်ပွားတဲ့စစ် ပွဲကြောင့် လက်ဘနွန်လူမျိုး အနည်းဆုံး (၁၁၀ဝ) နဲ့ အစ္စရေး (၁၆၅) ဦး သေဆုံးခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာဟာ (၂၀၂၃) နှစ်လယ်ထိတိုင် အောင် သူတို့ရဲ့ကာကွယ်ရေးနဲ့တိုက်ခိုက်ရေး စွမ်း ရည်တွေကို ပြန်တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ပါတယ်။ ဒုံးကျည်ပေါင်း (၁၀ဝယဝဝဝ) ကျော်ကိုစုဆောင်းထားနိုင်ခဲ့ပြီး ဆီးရီးယား ပြည်တွင်း စစ်မှာ ဆယ်စုနှစ်တစ်ခုကြာ တိုက်ခိုက်နေတဲ့ အတွေ့ အကြုံတွေကြောင့် (ထိုအဖွဲ့သည် ဘာရှာ အယ်လ် အာဆတ်အစိုးရကို ကျောထောက်နောက်ခံပြုသည့် ကာလအတွင်း) ၎င်း၏အထူးတပ်ဖွဲ့များကို အား ကောင်းစေခဲ့ပါတယ်။ အဆိုပါအဖွဲ့ဟာ လေကြောင်း နဲ့ ရေတပ်စွမ်းရည်အသစ်များအပေါ်အခြေပြုပြီး အီရတ်၊ ပါလက်စတိုင်း၊ဆီးရီးယား၊ ယီမင်အဖွဲ့တွေနဲ့ ဒေသတွင်းမဟာမိတ်တွေထူထောင်ထားပြီး ၎င်းတို့ အနက်မှတိုက်ခိုက်ခံရပါက ပေါင်းစည်းတုံ့ပြန်မှုများပြုလုပ်ရန် ညှိနှိုင်းထားပါတယ်။

ထိုကဲ့သို့ ဒေသတွင်း မဟာမိတ်တည်ဆောက်လာ ခြင်းနဲ့အတူ ဟစ်ဇ်ဘိုလာရဲ့ ထက်မြက်ပြီး စွမ်းရည် ပြည့်ဝတဲ့ခေါင်းဆောင် Hassan Nasrallah ကြောင့် ဟစ်ဇ်ဘိုလာဟာ အီရန်ကွန်ရက်ရဲ့ မျက်နှာ စာတစ်ခုအဖြစ် ဩဇာကြီးထွားလာခဲ့ပါတယ်။ ဟစ်ဇ် ဘိုလာသည် ရှီယိုက်ပြည်သူ့စစ်များကို လက်နက်များ နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့များကို ပံ့ပိုးပေးခြင်းဖြင့် ဆီးရီးယားတွင်သာမက အီရတ်တွင်ပါ စစ်ရေးအရ ဝင်ရောက်စွက်ဖက်လာနိုင်ခဲ့ပါတယ်။ ဒါ့ပြင် အာရပ် စော်ဘွားများပြည်ထောင်စုရှိ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ၎င်းသည် ယီမင်ရှိ ဟူသီတပ်ဖွဲ့များ၏ လေ့ကျင့်ရေး ဘတ်ဂျက်အချို့ကိုလည်း ကြီးကြပ်ပေး လျက်ရှိနေပါတယ်။ ဒီလိုဝင်ရောက်စွက်ဖက်မှုတွေဟာ အခြား အာရပ်အစိုးရများနဲ့ လက်ဘနွန်အကြား သမိုင်းကြောင်းအရ ရင်းနှီးသောဆက်ဆံရေးကို တင်း မာလာစေသည့် အကျိုး သက်ရောက်မှုများကိုဖြစ်လာ စေပါတယ်။ (၂၀၁၉) ခုနှစ်ကတည်းက ဟစ်ဇ်ဘိုလာ ခေါင်းဆောင်Nasrallah သည် ဆီးရီးယားစစ်ဆင်ရေး အတွင်း ဟစ်ဇ်ဘိုလာတွေကို သတ်ဖြတ်ခြင်းကိုရပ် တန့်ရန် အစ္စရေးကို အတင်းအကြပ် ခြိမ်းခြောက်ခဲ့ပါ တယ်။ ဟစ်ဇ်ဘိုလာအဖွဲ့သည် အီရန်အောက်၌ ရပ် တည်နေသော်လည်း အဲဒီအချိန်က အစ္စရေးသည် ဆီးရီးယားရှိ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များကို တိုက်ခိုက် ခြင်းမပြုဘဲ အီရန်စစ်သားများကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြင့် ဒေသတွင်း ဩဇာကြီးထွားလာ သော ဟစ်ဇ်ဘိုလာ၏ အင်အားကို မသိကျိုးကျွံပြုခဲ့ ပါတယ်။ ဟားမတ်စ်ရဲ့ အောက်တိုဘာ ၇ ရက် တိုက် ခိုက်မှုမတိုင်မီလများတွင် ဟစ်ဇ်ဘိုလာသည် ၎င်း၏ စွမ်းဆောင်ရည်အထွတ်အထိပ်သို့ရောက်ရှိနေပြီး အစ္စရေး၏ နယ်နိမိတ်များအတွင်း ၎င်း၏စွမ်းရည်ကို လက်စွမ်းပြရန် ကြိုးပမ်းလာပါတယ်။ ၂၀၂၃ ခုနှစ် ဩဂုတ်လ မိန့်ခွန်းတွင်Nasrallah က အစ္စရေးကို တိုက်ရိုက်သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ "လက်ဘနွန်နယ်မြေတွေအတွင်း လက်ဘနွန်၊ ပါလက်စ တိုင်း၊ ဆီးရီးယား၊ ဒါမှမဟုတ် အီရန် တစ်ဦးကို ပစ် မှတ်ထားသည့် လုပ်ကြံသတ်ဖြတ်မှုမှန်သမျှကို ပြင်း ထန်စွာတုံ့ပြန်သွားမည်ဖြစ်ကြောင်း၊ ယခင်က ထားရှိ ခဲ့ဖူးသောသဘောတူညီချက်စည်းမျဉ်းများတွင် မည် သည့်ပြောင်းလဲမှုကိုမဆို လက်ခံမည်မဟုတ်ကြောင်း "Nasrallah က ဟားမတ်စ်၏ နိုင်ငံရေးဗျူရို ၏ လက်ထောက်အကြီးအကဲ Saleh al-Arouri အပါအဝင် လက်ဘနွန်တွင် ပုန်းအောင်းနေသော ဟားမတ်စ်ခေါင်းဆောင်များကိုသတ်ပစ်ရန် နေတန် ယာဟု၏ခြိမ်းခြောက်မှုကို တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဟစ်ဇ်ဘိုလာဟာ လျှော့တွက်လို့မရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အစ္စရေးကို ဒေသတွင်းမှာ ပါဝါချိန်ခွင် လျှာ ညှိလာနိုင်တဲ့အနေအထားမှာရှိနေပါတယ်။

ဒါပေမဲ့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ ဒေသ အတွင်း အပြန်အလှန်ဟန်ချက်ညီအောင် ထိန်းသိမ်း ဖို့မကြိုးစားဘဲ အလုံးစုံစစ်ပွဲဆီ ဦးတည်သွားပါက မကြုံစဖူး ဆိုးရွားတဲ့အခြေအနေတစ်ခုနဲ့ တွေ့ကြုံရ နိုင်ပါတယ်။ အရပ်သားပြည်သူတွေနဲ့ နိုင်ငံတော်ရဲ့အခြေခံအဆောက်အအုံတွေပျက်စီးမှုအပါအဝင် ဒေသတွင်းခေတ်သစ်စစ်ပွဲကြီးနဲ့ ကြုံတွေ့ရမှာ ဖြစ် ပါတယ်။ ဂါဇာမှာ လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲဟာ နာ တာရှည်ပဋိပက္ခတွေရဲ့ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ကိုဖော်ပြနေပါတယ်။ ဒါကြောင့် အစ္စရေးနဲ့လက်ဘနွန် ကြား ဖြစ်ပေါ်လာနိုင်တဲ့စစ်ပွဲကို ဟန့်တားနိုင်ပါက အရှေ့အလယ်ပိုင်းဒေသအတွက် အိပ်မက်ဆိုးတွေကို ရှောင်ရှားနိုင်ပြီး ကျေနပ်စရာကောင်းတဲ့ ရလဒ်တွေ ဖြစ်ပေါ်လာနိုင်မှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

zawgyi version
အစၥေရး၏ ေနာက္ထပ္စစ္ပြဲ (သို႔မဟုတ္ )အေရွ႕အလယ္ပိုင္းေဒသအတြက္ အိပ္မက္ဆိုးအစၥေရး-ဟစ္ဇ္ဘိုလာ ပဋိပကၡ
ALynn (NP News) - ဩဂုတ္ ၈
ဂါဇာကမ္းေျမာင္ေဒသက ဟားမတ္စ္ေတြနဲ႔စစ္ပြဲ ကိုးလေက်ာ္ၾကာကာလကို ေရာက္ရွိလာတာနဲ႔အမွ် အစၥေရးအေနနဲ႔ ၎ ရဲ႕ေျမာက္ပိုင္းနယ္စပ္မွာရွိတဲ့ ဟစ္ဇ္ဘိုလာနဲ႔ ပိုမိုႀကီးမားတဲ့ေနာက္ထပ္စစ္ပြဲ တစ္ခု ဆီကို ပိုလို႔နီးကပ္လာခဲ့ပါတယ္။ ဇြန္လမွာ အစၥေရး ကာကြယ္ေရးတပ္ဖြဲ႕က လက္ဘႏြန္ေတာင္ပိုင္းကို အျပည့္ အဝတိုက္ခိုက္မယ့္အစီအစဥ္ကို အတည္ျပဳေၾကာင္း ေၾကညာခဲ့ပါတယ္။ အစၥေရးနဲ႔ဟစ္ဇ္ဘိုလာတို႔ၾကား ျဖစ္ေပၚလာမယ့္စစ္ပြဲဟာ လက္ရွိ ဂါဇာကမ္းေျမာင္ ေဒသအတြက္ ႀကီးမားတဲ့အက်ိဳးဆက္ေတြရွိလာမွာ ျဖစ္ပါတယ္။ အေရွ႕အလယ္ပိုင္းက ႀကီးမားတဲ့လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္တဲ့ ဟစ္ဇ္ဘိုလာအဖြဲ႕ကို အစၥ ေရးရဲ႕ေလေၾကာင္းနဲ႔ေျမျပင္တိုက္ခိုက္မႈေတြက ေဒ သတစ္ခုလုံး မတည္ၿငိမ္မႈေတြျဖစ္ေစႏိုင္ၿပီး အေမရိ ကန္အေနနဲ႔ ၎ ရဲ႕သမၼတေ႐ြးေကာက္ပြဲကာလ အ ေရးပါတဲ့အဆင့္ကိုေရာက္ရွိလာတာေၾကာင့္ ႏိုင္ငံေရး လႈပ္ခတ္မႈေတြျဖစ္လာႏိုင္ပါတယ္။ ထိုသို႔ေသာစစ္ပြဲ ကို လ်င္လ်င္ျမန္ျမန္အဆုံးသတ္ဖို႔ ဒါမွမဟုတ္ ျပတ္ ျပတ္သားသား ေအာင္ပြဲဆီကို လမ္းေၾကာင္းတစ္ခုရွာ ေဖြဖို႔နဲ႔ပတ္သက္ၿပီး ရွင္းရွင္းလင္းလင္း မသိရွိႏိုင္ေသး ပါဘူး။
အရင္နဲ႔မတူအင္အားႀကီးထြားလာတဲ့ ဟစ္ဇ္ဘိုလာ
ယင္းစစ္ပြဲက အစၥေရးကိုယ္တိုင္အတြက္လည္း ႐ိုက္ခတ္မႈေတြျပင္းထန္ႏိုင္ပါတယ္။ ဂါဇာ၊ လက္ဘ ႏြန္၊ အီရန္နဲ႔ ယီမင္တို႔မွ ဒုံးက်ည္တိုက္ခိုက္မႈေတြကို တုံ႔ျပန္ရာမွာ အစၥေရးေလေၾကာင္းရန္ကာကြယ္ေရး စနစ္ေတြ အလြန္အမင္းေအာင္ျမင္ခဲ့ေပမယ့္ ဟစ္ဇ္ ဘိုလာနဲ႔အလုံးစုံစစ္ပြဲက ကြဲျပားတဲ့ဂိမ္းတစ္ခုကို ျဖစ္ လာေစမွာျဖစ္ပါတယ္။ အစၥေရးေထာက္လွမ္းေရးရဲ႕ ခန႔္မွန္းခ်က္မ်ားအရ ဟစ္ဇ္ဘိုလာရဲ႕လက္နက္သို ေလွာင္မႈဟာ ဟားမတ္စ္တို႔ထက္ ခုနစ္ဆေက်ာ္ႀကီး မားၿပီး ေသေစႏိုင္တဲ့လက္နက္ေတြပါဝင္ေနပါတယ္။ ရာ နဲ႔ခ်ီတဲ့တိုက္ခိုက္ေရးဒ႐ုန္းေတြနဲ႔အတူ ဒုံးပ်ံနဲ႔ဒုံးက်ည္ ေပါင္း (၁၃၀ယဝဝဝ)မွ (၁၅၀ယဝဝဝ)ခန႔္ပါဝင္ၿပီး အစၥ ေရးရဲ႕တဲလ္အဗစ္ၿမိဳ႕နဲ႔ ေတာင္ဘက္ရွိပစ္မွတ္ေတြ ကိုေရာက္ရွိႏိုင္တဲ့ ရာႏွင့္ခ်ီေသာ ပဲ့ထိန္းဒုံးက်ည္ေတြ လည္းပိုင္ဆိုင္ထားပါတယ္။
(၂၀ဝ၆)ခုႏွစ္ ေႏြရာသီမွာ ဟစ္ဇ္ဘိုလာနဲ႔ အစၥေရးရဲ႕ ေနာက္ဆုံးထိေတြ႕စစ္ပြဲမွာ အဖြဲ႕ရဲ႕ တိုက္ ခိုက္ေရးသမား ရာေပါင္းမ်ားစြာကို သတ္ျဖတ္ခဲ့ေသာ္ လည္း စစ္အင္အားကို သိသိသာသာ မေလွ်ာ့ခ်ႏိုင္ခဲ့ ပါဘူး။ ဟစ္ဇ္ဘိုလာအေနနဲ႔ အရင္ကထက္ စြမ္း ေဆာင္ရည္မ်ားစြာသာလြန္လာတဲ့ လက္နက္ကိုင္ အဖြဲ႕ျဖစ္လာေၾကာင္း ေလ့လာေတြ႕ရွိရပါတယ္။ အစၥ ေရးနယ္ျခားေစာင့္တပ္ရဲ႕ခန႔္မွန္းခ်က္အရ စစ္ပြဲသာ ျဖစ္လာခဲ့ပါက ဟစ္ဇ္ဘိုလာတို႔က ေန႔စဥ္ ဒုံးက်ည္ (၃,ဝဝဝ)ေလာက္ပစ္လႊတ္ႏိုင္ၿပီး အစၥေရးရဲ႕ ဒုံး က်ည္ကာကြယ္ေရးစနစ္ကို ၿခိမ္းေျခာက္လာႏိုင္မွာ ျဖစ္ပါတယ္။ အစၥေရးဟာ အေရးႀကီးတဲ့ အေျခခံ အေဆာက္အအုံေတြနဲ႔ စစ္အေျခစိုက္စခန္းေတြကို ခုခံကာကြယ္ဖို႔၊ အရပ္သားေတြကို ဗုံးအမိုးအကာ မ်ားတြင္သာ ေနထိုင္ဖို႔ေျပာၿပီး အေကာင္းဆုံးကို ေမွ်ာ္ လင့္ထားရမွာျဖစ္ပါတယ္။ အစၥေရးေခါင္းေဆာင္ေတြ အတြက္ေတာ့ အရင္က ႀကဳံဖူးသမွ်ထက္ ပိုၿပီးႀကီးမား တဲ့ စိန္ေခၚမႈတစ္ခုျဖစ္လာမွာျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ႏွစ္ဖက္စလုံးက အကန႔္ အသတ္နဲ႔သာလုပ္ေဆာင္ဖို႔အတြက္ အေၾကာင္းျပ ခ်က္ေတြ ရွိေနပါေသးတယ္။ အစၥေရး၊ ဟစ္ဇ္ဘိုလာ၊ အီရန္၊ လက္ဘႏြန္အစိုးရနဲ႔ အေမရိကန္တို႔ ပါဝင္ေန တဲ့ လက္ရွိပဋိပကၡမွာ ပါဝင္ပတ္သက္သူအားလုံးဟာ ေဒသတြင္းစစ္ပြဲကိုေရွာင္ရွားဖို႔ ခိုင္လုံတဲ့အေၾကာင္း ျပခ်က္ေတြ ရွိေနပုံရပါတယ္။ ဘိုင္ဒန္အစိုးရက နယ္ စပ္တစ္ဝိုက္ရွိ ဟစ္ဇ္ဘိုလာတပ္ဖြဲ႕ဝင္ေတြ ဆုတ္ခြာ ေရးအပါအဝင္ အစၥေရးနဲ႔ဟစ္ဇ္ဘိုလာအၾကား သ ေဘာတူညီခ်က္တစ္ခုရရွိဖို႔ အေကာင္အထည္ေဖာ္ ႏိုင္ရင္ေတာင္ အစၥေရးေခါင္းေဆာင္ေတြအေနနဲ႔ ဟစ္ဇ္ဘိုလာေတြကို တုံ႔ျပန္ဖို႔လိုလားတဲ့ ျပည္တြင္းက တခ်ိဳ႕အင္အားစုေတြကို ျပန္လည္ ေျဖရွင္းတုံ႔ျပန္ဖို႔ ခက္ေနပါေသးတယ္။ အကယ္၍ အစၥေရးက စစ္ပြဲကို ကန႔္သတ္ရန္ ဒါမွမဟုတ္ ျပတ္ျပတ္သားသားဆုံး ျဖတ္သြားမယ့္ ေနာက္ဆုံး ထိပ္တိုက္ေတြ႕ဆုံမႈအတြက္ ဗ်ဴဟာအတိအက်မရွိခဲ့ရင္ ရလဒ္ေတြက ဆိုး႐ြားသြား ႏိုင္ပါတယ္။

အစၥေရး-ဟားမတ္စ္အၾကားအပစ္အခတ္ရပ္စဲေရးရဲ႕အစၥေရး-ဟစ္ဇ္ဘိုလာ ပဋိပကၡအေပၚ
သက္ေရာက္ႏိုင္မႈ
ဟစ္ဇ္ဘိုလာအဖြဲ႕ဟာ ၎ ၏ေ႐ြးခ်ယ္မႈမ်ား အၾကား ေဝခြဲမရျဖစ္ေနပါတယ္။ တစ္ဖက္မွာလည္း အစၥေရးကိုဟန႔္တားဖို႔ သူတို႔ရဲ႕စြမ္းရည္ကို ထုတ္ေဖာ္ ျပသဖို႔ျဖစ္ပါတယ္။ ဟားမတ္စ္ရဲ႕ ေအာက္တိုဘာ ၇ ရက္တိုက္ခိုက္မႈအၿပီး လမ်ားအတြင္း ၎ရဲ႕ ေဒသတြင္းလႊမ္းမိုးႏိုင္စြမ္းတခ်ိဳ႕ ဆုံးရႈံးခဲ့ပါတယ္။ ထိုးစစ္ၿပီး ေနာက္မၾကာမီမွာ ဟစ္ဇ္ဘိုလာက အစၥေရးကို ဒုံးက်ည္ မ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ဟားမတ္စ္တို႔ကို ေထာက္ခံေၾကာင္းျပသခဲ့ပါတယ္။ သို႔ေသာ္ အစၥေရး က ေဘ႐ြတ္ၿမိဳ႕ေတာင္ပိုင္းဆင္ေျခဖုံးရွိ ဟစ္ဇ္ဘိုလာ ရဲ႕အမာခံနယ္ေျမအပါအဝင္ လက္ဘႏြန္တစ္ေလွ်ာက္ ဟစ္ဇ္ဘိုလာေျခမႈန္းေရးလႈပ္ရွားမႈေတြနဲ႔ တုံ႔ျပန္ ေဆာင္႐ြက္ခဲ့ပါတယ္။ အဲ့ဒီလို လက္ဘႏြန္ရဲ႕ မတည္ ၿငိမ္တဲ့အေျခအေနေတြေၾကာင့္ ဟစ္ဇ္ဘိုလာဟာ အစၥေရးနဲ႔ အလုံးစုံစစ္ပြဲျဖစ္ပြားဖို႔အတြက္ ေရွာင္ရွား ေနလိုပါတယ္။
အစၥေရးနဲ႔ဟားမတ္စ္တို႔ၾကား ထာဝရအပစ္ အခတ္ရပ္စဲေရးဟာ လက္ဘႏြန္စစ္ပြဲကို တားဆီး ႏိုင္ဖြယ္ရွိေနပါတယ္။ တကယ္လို႔ အစၥေရးက ဂါဇာရွိ ဟားမတ္စ္နဲ႔အပစ္အခတ္ရပ္စဲေရးသေဘာတူညီ ခ်က္ကိုႀကိဳးပမ္းလာပါက ဟစ္ဇ္ဘိုလာက တိုက္ခိုက္ မႈေတြကိုရပ္တန႔္သြားမွာျဖစ္ေၾကာင္း ကတိျပဳထား ပါတယ္။ ရွည္လ်ားတဲ့စစ္ပြဲနဲ႔ အေနာက္ဘက္ကမ္းမွာ တင္းမာမႈေတြတိုးလာေနတာေၾကာင့္ အစၥေရးက ၎ ရဲ႕ေျမာက္ပိုင္းနယ္စပ္ရွိတင္းမာမႈေတြကို သံတမန္ နည္းလမ္းနဲ႔ေျဖရွင္းဖို႔လိုလားဖြယ္ရွိေနပါတယ္။ အေမ ရိကန္ အထူးသံတမန္ Amos Hochstein က ဟစ္ဇ္ ဘိုလာနဲ႔ အစၥေရးတို႔ၾကား ပဋိပကၡကိုအဆုံးသတ္ဖို႔ ေစ့စပ္ညႇိႏႈိင္းမႈေတြ ေဆာင္႐ြက္ႏိုင္ေရး ေအာက္တို ဘာလကတည္းက လက္ဘႏြန္ကို အႀကိမ္ေပါင္းမ်ား စြာ သြားေရာက္ခဲ့ပါတယ္။ ၎ရဲ႕အစီအစဥ္က ေဒသ တြင္းအက်ပ္အတည္းကို ခ်ိဳးဖ်က္ဖို႔အတြက္ ဟား မတ္စ္အေနနဲ႔ အပစ္အခတ္ရပ္စဲေရးကိုလက္ခံဖို႔ ဟစ္ဇ္ဘိုလာက ဖိအားေပးရန္ေတာင္းဆိုဖို႔ျဖစ္ပါ တယ္။ ဟစ္ဇ္ဘိုလာကHochstein ရဲ႕ေတာင္းဆို ခ်က္ကို လိုက္ေလ်ာျခင္းမရွိေၾကာင္း လူသိရွင္ၾကား ျငင္းဆိုထားေပမယ့္လည္း အစၥေရးနဲ႔ မၾကာေသးမီက ညႇိႏႈိင္းမႈမွာ ဟားမတ္စ္ရဲ႕ေပ်ာ့ေပ်ာင္းလာမႈကHochstein ရဲ႕အဆိုျပဳခ်က္မွာ သက္ေရာက္မႈတခ်ိဳ႕ ရွိလာေၾကာင္း ၫႊန္ျပေနပါတယ္။
ဒါေပမဲ့ အစၥေရး-လက္ဘႏြန္နယ္စပ္မွာ တင္း မာမႈေတြထပ္မတိုးလာခင္ ဂါဇာကမ္းေျမာင္ေဒသမွာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ထြက္ေပၚ လာဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ဟစ္ဇ္ဘို လာအေနနဲ႔ ဟားမတ္စ္ေတြမလုပ္ေဆာင္မီ အပစ္အ ခတ္ရပ္စဲေရးသေဘာတူညီခ်က္ကိုရယူႏိုင္ၿပီး လက္ ဘႏြန္အတြင္း ပုံမွန္အေနအထားကို ျပန္လည္တည္ ေဆာက္ကာ အစၥေရးရဲ႕က်ဴးေက်ာ္မႈကို ေရွာင္ရွားႏိုင္ မွာျဖစ္ပါတယ္။ ဒါက လြယ္ကူတဲ့ ေ႐ြးခ်ယ္မႈေတာ့မ ဟုတ္ပါဘူး။ ဂါဇာကမ္းေျမာင္နဲ႔ အေနာက္ဘက္ကမ္းရွိ ပါလက္စတိုင္းတို႔ရဲ႕ကံၾကမၼာကို လ်စ္လ်ဴရႈတဲ့ အစၥေရးနဲ႔သေဘာတူညီခ်က္ဟာ အစၥေရး-လက္ဘႏြန္ နယ္စပ္ရွိ တိုက္ခိုက္မႈေတြကို ယာယီရပ္တန႔္ႏိုင္ေသာ္ လည္း တစ္ႏွစ္ ဒါမွမဟုတ္ ႏွစ္ႏွစ္အတြင္း ျပန္လည္ မေပၚေပါက္ေစဖို႔ တားဆီးႏိုင္မွာမဟုတ္ပါ။ ဒါ့ျပင္ လက္ဘႏြန္နဲ႔ ပိုမိုက်ယ္ျပန႔္တဲ့ေဒသအတြင္းမွာ ဟစ္ဇ္ ဘိုလာရဲ႕အေနအထားဟာ အီရန္ရဲ႕ ေက်ာေထာက္ ေနာက္ခံျပဳ ဦးေဆာင္အခန္းက႑မွာ ရပ္တည္ေနပါ တယ္။ ဒါေၾကာင့္ ၎အေနနဲ႔ အစၥေရးနဲ႔ သေဘာတူ ညီခ်က္ရယူသြားမယ္ဆိုပါက ပါလက္စတိုင္းနဲ႔ တျခား အေရွ႕အလယ္ပိုင္းမဟာမိတ္မ်ား၊ အထူးသျဖင့္ ဟစ္ဇ္ဘိုလာရဲ႕မိတ္ဖက္ျဖစ္တဲ့ ဟူသီတို႔နဲ႔မဟာမိတ္ ဆက္ဆံေရးကို ခ်ိဳးဖ်က္သလိုျဖစ္သြားႏိုင္သကဲ့သို႔ ယုံၾကည္မႈေတြလည္း ဆုံးရႈံးသြားႏိုင္ပါတယ္။
ခ်ိန္ခြင္လွ်ာညႇိၾကည့္ျခင္း
လြန္ခဲ့တဲ့ ဆယ္စုႏွစ္မ်ားစြာၾကာကတည္းက ဟစ္ဇ္ဘိုလာနဲ႔အစၥေရးတို႔ဟာ စစ္ပြဲကို အတိုင္းအ တာအျပည့္ တားဆီးႏိုင္တဲ့ ရႈပ္ေထြးတဲ့ ေစ့စပ္ညႇိ ႏႈိင္းေရးစည္းမ်ဥ္းေတြကို တည္ေဆာက္ခဲ့ၾကဖူးပါ တယ္။ (၁၉၉၆) မွ (၂၀ဝဝ) ျပည့္ႏွစ္အတြင္း အစၥေရး နဲ႔ စစ္ေသြးႂကြအုပ္စုၾကား ဧၿပီသေဘာတူညီခ်က္ တစ္ခုကိုတည္ေဆာက္ခဲ့ၿပီး လက္ဘႏြန္အရပ္သား ေတြအေပၚ အကာအကြယ္တခ်ိဳ႕ေပးခဲ့ပါတယ္။ ဒါေပ မဲ့ အစၥေရးမွာရွိတဲ့ လက္ဘႏြန္အက်ဥ္းသားေတြကို လႊတ္ေပးဖို႔အတြက္ ဟစ္ဇ္ဘိုလာက အစၥေရးစစ္သား ေတြကို ျပန္ေပးဆြဲၿပီးေနာက္ (၂၀ဝ၆)ခုႏွစ္မွာ အဲဒီ ေစ့စပ္ညႇိႏႈိင္းေရးစည္းမ်ဥ္းေတြကို ယာယီဖ်က္သိမ္း ခဲ့ပါတယ္။ အဲ့ဒီေနာက္ ႏွစ္ဖက္ၾကား ျဖစ္ပြားတဲ့စစ္ ပြဲေၾကာင့္ လက္ဘႏြန္လူမ်ိဳး အနည္းဆုံး (၁၁၀ဝ) နဲ႔ အစၥေရး (၁၆၅) ဦး ေသဆုံးခဲ့ပါတယ္။
ဟစ္ဇ္ဘိုလာဟာ (၂၀၂၃) ႏွစ္လယ္ထိတိုင္ ေအာင္ သူတို႔ရဲ႕ကာကြယ္ေရးနဲ႔တိုက္ခိုက္ေရး စြမ္း ရည္ေတြကို ျပန္တည္ေဆာက္ဖို႔ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူခဲ့ပါတယ္။ ဒုံးက်ည္ေပါင္း (၁၀ဝယဝဝဝ) ေက်ာ္ကိုစုေဆာင္းထားႏိုင္ခဲ့ၿပီး ဆီးရီးယား ျပည္တြင္း စစ္မွာ ဆယ္စုႏွစ္တစ္ခုၾကာ တိုက္ခိုက္ေနတဲ့ အေတြ႕ အႀကဳံေတြေၾကာင့္ (ထိုအဖြဲ႕သည္ ဘာရွာ အယ္လ္ အာဆတ္အစိုးရကို ေက်ာေထာက္ေနာက္ခံျပဳသည့္ ကာလအတြင္း) ၎၏အထူးတပ္ဖြဲ႕မ်ားကို အား ေကာင္းေစခဲ့ပါတယ္။ အဆိုပါအဖြဲ႕ဟာ ေလေၾကာင္း နဲ႔ ေရတပ္စြမ္းရည္အသစ္မ်ားအေပၚအေျချပဳၿပီး အီရတ္၊ ပါလက္စတိုင္း၊ဆီးရီးယား၊ ယီမင္အဖြဲ႕ေတြနဲ႔ ေဒသတြင္းမဟာမိတ္ေတြထူေထာင္ထားၿပီး ၎တို႔ အနက္မွတိုက္ခိုက္ခံရပါက ေပါင္းစည္းတုံ႔ျပန္မႈမ်ားျပဳလုပ္ရန္ ညႇိႏႈိင္းထားပါတယ္။
ထိုကဲ့သို႔ ေဒသတြင္း မဟာမိတ္တည္ေဆာက္လာ ျခင္းနဲ႔အတူ ဟစ္ဇ္ဘိုလာရဲ႕ ထက္ျမက္ၿပီး စြမ္းရည္ ျပည့္ဝတဲ့ေခါင္းေဆာင္ Hassan Nasrallah ေၾကာင့္ ဟစ္ဇ္ဘိုလာဟာ အီရန္ကြန္ရက္ရဲ႕ မ်က္ႏွာ စာတစ္ခုအျဖစ္ ဩဇာႀကီးထြားလာခဲ့ပါတယ္။ ဟစ္ဇ္ ဘိုလာသည္ ရွီယိုက္ျပည္သူ႔စစ္မ်ားကို လက္နက္မ်ား ႏွင့္ အထူးစစ္ဆင္ေရးတပ္ဖြဲ႕မ်ားကို ပံ့ပိုးေပးျခင္းျဖင့္ ဆီးရီးယားတြင္သာမက အီရတ္တြင္ပါ စစ္ေရးအရ ဝင္ေရာက္စြက္ဖက္လာႏိုင္ခဲ့ပါတယ္။ ဒါ့ျပင္ အာရပ္ ေစာ္ဘြားမ်ားျပည္ေထာင္စုရွိ သတင္းမီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ ၎သည္ ယီမင္ရွိ ဟူသီတပ္ဖြဲ႕မ်ား၏ ေလ့က်င့္ေရး ဘတ္ဂ်က္အခ်ိဳ႕ကိုလည္း ႀကီးၾကပ္ေပး လ်က္ရွိေနပါတယ္။ ဒီလိုဝင္ေရာက္စြက္ဖက္မႈေတြဟာ အျခား အာရပ္အစိုးရမ်ားနဲ႔ လက္ဘႏြန္အၾကား သမိုင္းေၾကာင္းအရ ရင္းႏွီးေသာဆက္ဆံေရးကို တင္း မာလာေစသည့္ အက်ိဳး သက္ေရာက္မႈမ်ားကိုျဖစ္လာ ေစပါတယ္။ (၂၀၁၉) ခုႏွစ္ကတည္းက ဟစ္ဇ္ဘိုလာ ေခါင္းေဆာင္Nasrallah သည္ ဆီးရီးယားစစ္ဆင္ေရး အတြင္း ဟစ္ဇ္ဘိုလာေတြကို သတ္ျဖတ္ျခင္းကိုရပ္ တန႔္ရန္ အစၥေရးကို အတင္းအၾကပ္ ၿခိမ္းေျခာက္ခဲ့ပါ တယ္။ ဟစ္ဇ္ဘိုလာအဖြဲ႕သည္ အီရန္ေအာက္၌ ရပ္ တည္ေနေသာ္လည္း အဲဒီအခ်ိန္က အစၥေရးသည္ ဆီးရီးယားရွိ ဟစ္ဇ္ဘိုလာအဖြဲ႕ဝင္မ်ားကို တိုက္ခိုက္ ျခင္းမျပဳဘဲ အီရန္စစ္သားမ်ားကိုသာ ပစ္မွတ္ထား တိုက္ခိုက္ျခင္းျဖင့္ ေဒသတြင္း ဩဇာႀကီးထြားလာ ေသာ ဟစ္ဇ္ဘိုလာ၏ အင္အားကို မသိက်ိဳးကြၽံျပဳခဲ့ ပါတယ္။ ဟားမတ္စ္ရဲ႕ ေအာက္တိုဘာ ၇ ရက္ တိုက္ ခိုက္မႈမတိုင္မီလမ်ားတြင္ ဟစ္ဇ္ဘိုလာသည္ ၎၏ စြမ္းေဆာင္ရည္အထြတ္အထိပ္သို႔ေရာက္ရွိေနၿပီး အစၥေရး၏ နယ္နိမိတ္မ်ားအတြင္း ၎၏စြမ္းရည္ကို လက္စြမ္းျပရန္ ႀကိဳးပမ္းလာပါတယ္။ ၂၀၂၃ ခုႏွစ္ ဩဂုတ္လ မိန႔္ခြန္းတြင္Nasrallah က အစၥေရးကို တိုက္႐ိုက္သတိေပးခ်က္ထုတ္ျပန္ခဲ့ပါတယ္။ "လက္ဘႏြန္နယ္ေျမေတြအတြင္း လက္ဘႏြန္၊ ပါလက္စ တိုင္း၊ ဆီးရီးယား၊ ဒါမွမဟုတ္ အီရန္ တစ္ဦးကို ပစ္ မွတ္ထားသည့္ လုပ္ႀကံသတ္ျဖတ္မႈမွန္သမွ်ကို ျပင္း ထန္စြာတုံ႔ျပန္သြားမည္ျဖစ္ေၾကာင္း၊ ယခင္က ထားရွိ ခဲ့ဖူးေသာသေဘာတူညီခ်က္စည္းမ်ဥ္းမ်ားတြင္ မည္ သည့္ေျပာင္းလဲမႈကိုမဆို လက္ခံမည္မဟုတ္ ေၾကာင္း"Nasrallah က ဟားမတ္စ္၏ ႏိုင္ငံေရးဗ်ဴ႐ို ၏ လက္ေထာက္အႀကီးအကဲ Saleh al-Arouri အပါအဝင္ လက္ဘႏြန္တြင္ ပုန္းေအာင္းေနေသာ ဟားမတ္စ္ေခါင္းေဆာင္မ်ားကိုသတ္ပစ္ရန္ ေနတန္ ယာဟု၏ၿခိမ္းေျခာက္မႈကို တုံ႔ျပန္ခဲ့ပါတယ္။ ဒါေၾကာင့္ ဟစ္ဇ္ဘိုလာဟာ ေလွ်ာ့တြက္လို႔မရတဲ့အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး အစၥေရးကို ေဒသတြင္းမွာ ပါဝါခ်ိန္ခြင္ လွ်ာ ညႇိလာႏိုင္တဲ့အေနအထားမွာရွိေနပါတယ္။
ဒါေပမဲ့ အစၥေရးနဲ႔ ဟစ္ဇ္ဘိုလာတို႔ဟာ ေဒသ အတြင္း အျပန္အလွန္ဟန္ခ်က္ညီေအာင္ ထိန္းသိမ္း ဖို႔မႀကိဳးစားဘဲ အလုံးစုံစစ္ပြဲဆီ ဦးတည္သြားပါက မႀကဳံစဖူး ဆိုး႐ြားတဲ့အေျခအေနတစ္ခုနဲ႔ ေတြ႕ႀကဳံရ ႏိုင္ပါတယ္။ အရပ္သားျပည္သူေတြနဲ႔ ႏိုင္ငံေတာ္ရဲ႕အေျခခံအေဆာက္အအုံေတြပ်က္စီးမႈအပါအဝင္ ေဒသတြင္းေခတ္သစ္စစ္ပြဲႀကီးနဲ႔ ႀကဳံေတြ႕ရမွာ ျဖစ္ ပါတယ္။ ဂါဇာမွာ လက္ရွိျဖစ္ပြားေနတဲ့စစ္ပြဲဟာ နာ တာရွည္ပဋိပကၡေတြရဲ႕ ဆိုး႐ြားတဲ့ သက္ေရာက္မႈေတြ ကိုေဖာ္ျပေနပါတယ္။ ဒါေၾကာင့္ အစၥေရးနဲ႔လက္ဘႏြန္ ၾကား ျဖစ္ေပၚလာႏိုင္တဲ့စစ္ပြဲကို ဟန႔္တားႏိုင္ပါက အေရွ႕အလယ္ပိုင္းေဒသအတြက္ အိပ္မက္ဆိုးေတြကို ေရွာင္ရွားႏိုင္ၿပီး ေက်နပ္စရာေကာင္းတဲ့ ရလဒ္ေတြ ျဖစ္ေပၚလာႏိုင္မွာျဖစ္ေၾကာင္း ေရးသားလိုက္ရပါတယ္။

Related news

© 2021. All rights reserved.