ပြင်သစ်ဇိမ်ခံအမှတ်တံဆိပ် Dior ရဲ့ သံတမန်အသစ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ SEVENTEEN အဖွဲ့ဝင် Mingyu
464
Pika (NP News) - သြဂုတ် ၈
ပြင်သစ်ဇိမ်ခံအမှတ်တံဆိပ် Dior သည် တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ SEVENTEEN ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သူ Mingyu ကို ၎င်း၏ သံတမန်အသစ်အဖြစ် တရားဝင်ခန့်အပ်လိုက်ကြောင်း သိရသည်။ Mingyu သည် Dior ၏ သံတမန်အသစ်ဖြစ်လာနိုင်ခြေရှိသည်ဆိုသည့်ကောလဟာလများ ထွက်ပေါ်လာပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းတွင် အဆိုပါကြေညာချက်ကို တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် “SEVENTEEN အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Mingyu ဟာ ကျွန်တော်တို့ရဲ့ သံတမန်အသစ် အဖြစ် ပါဝင်လာပါပြီ။ Mingyu ဟာ ကျွန်တော်တို့ Dior House ရဲ့ထူးခြားတဲ့ဖန်တီးမှုတွေအားလုံးအတွက် သံတမန် ပဲဖြစ်ပါတယ်။ ရဲရင့်မှုတွေနဲ့ တီထွင်ဖန်တီးမှုတွေကို ပေါင်းစပ်ထားတဲ့ Dior နဲ့ Mingyu ကြားက အထူးပူးပေါင်း ဆောင်ရွက်မှုတွေကို ဆက်လက်စောင့်မျှော်ကြည့်ရှုသွားကြပါ” ဟု ရေးသားထားသည်။
Mingyu သည် ယခုနှစ်တွင်ကျင်းပခဲ့သော ပဲရစ်ဖက်ရှင်သီတင်းပတ်ကဲ့သို့သော ဆုပေးပွဲများ နှင့် ဖက်ရှင်ရှိုးများတွင် Dior အမှတ်တံဆိပ်ကို ဝတ်ဆင်ကာ ပွဲတက်ခဲ့ဖူးကြောင်းလည်းသိရသည်။ Mingyu ၏ သံတမန်အသစ်အဖြစ် ခန့်အပ်ခံရမှုကို ဂုဏ်ပြုရန်အတွက် ၎င်း၏ ကမ်းပိန်းသည် Dior နှင့်အတူရိုက်ထားသည့် ဓါတ်ပုံအသစ်များကို ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
Zawgyi Version;
ျပင္သစ္ဇိမ္ခံအမွတ္တံဆိပ္ Dior ရဲ႕ သံတမန္အသစ္အျဖစ္ ခန႔္အပ္ခံခဲ့ရတဲ့ SEVENTEEN အဖြဲ႕ဝင္ Mingyu
Pika (NP News) - ၾသဂုတ္ ၈
ျပင္သစ္ဇိမ္ခံအမွတ္တံဆိပ္ Dior သည္ ေတာင္ကိုရီးယားအမ်ိဳးသားအဆိုေတာ္အဖြဲ႕ SEVENTEEN ၏ အဖြဲ႕ဝင္ တစ္ဦးျဖစ္သူ Mingyu ကို ၎၏ သံတမန္အသစ္အျဖစ္ တရားဝင္ခန႔္အပ္လိုက္ေၾကာင္း သိရသည္။ Mingyu သည္ Dior ၏ သံတမန္အသစ္ျဖစ္လာႏိုင္ေျခရွိသည္ဆိုသည့္ေကာလဟာလမ်ား ထြက္ေပၚလာၿပီးေနာက္ ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ အဆိုပါေၾကညာခ်က္ကို တရားဝင္ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
ထုတ္ျပန္ခ်က္တြင္ “SEVENTEEN အဖြဲ႕ရဲ႕အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ Mingyu ဟာ ကြၽန္ေတာ္တို႔ရဲ႕ သံတမန္အသစ္ အျဖစ္ ပါဝင္လာပါၿပီ။ Mingyu ဟာ ကြၽန္ေတာ္တို႔ Dior House ရဲ႕ထူးျခားတဲ့ဖန္တီးမႈေတြအားလုံးအတြက္ သံတမန္ ပဲျဖစ္ပါတယ္။ ရဲရင့္မႈေတြနဲ႔ တီထြင္ဖန္တီးမႈေတြကို ေပါင္းစပ္ထားတဲ့ Dior နဲ႔ Mingyu ၾကားက အထူးပူးေပါင္း ေဆာင္႐ြက္မႈေတြကို ဆက္လက္ေစာင့္ေမွ်ာ္ၾကည့္ရႈသြားၾကပါ” ဟု ေရးသားထားသည္။
Mingyu သည္ ယခုႏွစ္တြင္က်င္းပခဲ့ေသာ ပဲရစ္ဖက္ရွင္သီတင္းပတ္ကဲ့သို႔ေသာ ဆုေပးပြဲမ်ား ႏွင့္ ဖက္ရွင္ရႈိးမ်ားတြင္ Dior အမွတ္တံဆိပ္ကို ဝတ္ဆင္ကာ ပြဲတက္ခဲ့ဖူးေၾကာင္းလည္းသိရသည္။ Mingyu ၏ သံတမန္အသစ္အျဖစ္ ခန႔္အပ္ခံရမႈကို ဂုဏ္ျပဳရန္အတြက္ ၎၏ ကမ္းပိန္းသည္ Dior ႏွင့္အတူ႐ိုက္ထားသည့္ ဓါတ္ပုံအသစ္မ်ားကို ထုတ္ျပန္ခဲ့ေၾကာင္းလည္း သိရသည္။