ဟောလိဝုဒ်ဂန္တဝင်ဂျေးကန်တာ အသက်(၉၇)နှစ်အရွယ်ဖြင့် ကွယ်လွန်

 349

Pika (NP News) - သြဂုတ် ၈

နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်သူနှင့်အေးဂျင့်တစ်ဦးဖြစ်သူ ဂျေးကန်တာသည် အသက်(၉၇)နှစ်အရွယ် ဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဂျေးကန်တာသည် အမေရိကန်ရုပ်ရှင်သရုပ်ဆောင်နှင့်မော်ဒယ် Marilyn Monroe ၊ ရုပ်ရှင်သရုပ်ဆောင် Marlon Brando တို့အပါအဝင် ငွေရောင်ပိတ်ကားပေါ်တွင် ထွက်ပေါ်လာခဲ့ဖူးသမျှ နာမည်အကြီးဆုံးသရုပ်ဆောင်အချို့ကို ကိုယ်စားပြုနိုင်ခဲ့ကြောင်းလည်း သိရသည်။

ဂျေးကန်တာသည် ကယ်လီဖိုးနီးယားပြည်နယ် Beverly Hills မြို့ရှိ ၎င်း၏နေအိမ်တွင် သက်ကြီးရောဂါဖြင့် ငြိမ်းချမ်းစွာဖြင့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း လွတ်လပ်သောအနုပညာရှင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဂျေးကန်တာသည် အမေရိကန်ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၄ဝ ပြည့်နှစ်တွင် အငယ်တန်းအေးဂျင့်အဖြစ် မီဒီယာစီမံခန့်ခွဲမှုအဖွဲ့ MCA သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဂျေးကန်တာသည် Marlon Brando သေဆုံးခဲ့သည့် ၂ဝဝ၄ ခုနှစ်မတိုင်မီအချိန်အထိ ၎င်း၏အေးဂျင့် အဖြစ် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ဂျေးကန်တာသည် ရုပ်ရှင်ထုတ်လုပ်ရေးဘက်သို့ မပြောင်းရွှေ့မီ Grace Kelly၊Ronald Reagan၊Warren Beatty၊Paul Newman နှင့် Laurence Olivier တို့ကဲ့သို့သော နာမည်ကြီး သရုပ်ဆောင်များ၏ အေးဂျင့်အဖြစ် လုပ်ကိုင်ခဲ့ကြောင်းလည်း သိရသည်။ ထို့နောက် ဂျေးကန်တာသည် သူငယ်ချင်း ဖြစ်သူ Mel Brooks နှင့် ပူးပေါင်းကာ Young Frankenstein၊ Silent Movie နှင့် High Anxiety ဇာတ်ကားတို့ကို ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းသည် Star Wars နှင့် Police Academy တို့၏ ရုပ်ရှင်များအပြင် Chariots of Fire၊Alien၊ Blade Runner၊ Thelma နှင့် Louise ဇာတ်ကားတို့အပါအဝင် ထိပ်တန်းနာမည်ကြီးရုပ်ရှင်များ ထုတ်လုပ်ရန် ကူညီပေးခဲ့ကြောင်း လည်း သိရသည်။ ဂျေးကန်တာတွင် ကလေးခြောက်(၆)ဦး နှင့် မြေးအများအပြားရှိကြောင်း သိရသည်။

Zawgyi Version;
ေဟာလိဝုဒ္ဂႏၲဝင္ေဂ်းကန္တာ အသက္(၉၇)ႏွစ္အ႐ြယ္ျဖင့္ ကြယ္လြန္
Pika (NP News) - ၾသဂုတ္ ၈

နာမည္ေက်ာ္ ေဟာလိဝုဒ္႐ုပ္ရွင္ထုတ္လုပ္သူႏွင့္ေအးဂ်င့္တစ္ဦးျဖစ္သူ ေဂ်းကန္တာသည္ အသက္(၉၇)ႏွစ္အ႐ြယ္ ျဖင့္ ကြယ္လြန္သြားခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။
ေဂ်းကန္တာသည္ အေမရိကန္႐ုပ္ရွင္သ႐ုပ္ေဆာင္ႏွင့္ေမာ္ဒယ္ Marilyn Monroe ၊ ႐ုပ္ရွင္သ႐ုပ္ေဆာင္ Marlon Brando တို႔အပါအဝင္ ေငြေရာင္ပိတ္ကားေပၚတြင္ ထြက္ေပၚလာခဲ့ဖူးသမွ် နာမည္အႀကီးဆုံးသ႐ုပ္ေဆာင္အခ်ိဳ႕ကို ကိုယ္စားျပဳႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။

ေဂ်းကန္တာသည္ ကယ္လီဖိုးနီးယားျပည္နယ္ Beverly Hills ၿမိဳ႕ရွိ ၎၏ေနအိမ္တြင္ သက္ႀကီးေရာဂါျဖင့္ ၿငိမ္းခ်မ္းစြာျဖင့္ ေသဆုံးသြားခဲ့ၿပီျဖစ္ေၾကာင္း လြတ္လပ္ေသာအႏုပညာရွင္အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။ ေဂ်းကန္တာသည္ အေမရိကန္ေရတပ္တြင္ တာဝန္ထမ္းေဆာင္ခဲ့ၿပီးေနာက္ ၁၉၄ဝ ျပည့္ႏွစ္တြင္ အငယ္တန္းေအးဂ်င့္အျဖစ္ မီဒီယာစီမံခန႔္ခြဲမႈအဖြဲ႕ MCA သို႔ ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေဂ်းကန္တာသည္ Marlon Brando ေသဆုံးခဲ့သည့္ ၂ဝဝ၄ ခုႏွစ္မတိုင္မီအခ်ိန္အထိ ၎၏ေအးဂ်င့္ အျဖစ္ လုပ္ကိုင္ခဲ့ေၾကာင္း သိရသည္။ ေဂ်းကန္တာသည္ ႐ုပ္ရွင္ထုတ္လုပ္ေရးဘက္သို႔ မေျပာင္းေ႐ႊ႕မီ Grace Kelly၊Ronald Reagan၊Warren Beatty၊Paul Newman ႏွင့္ Laurence Olivier တို႔ကဲ့သို႔ေသာ နာမည္ႀကီး သ႐ုပ္ေဆာင္မ်ား၏ ေအးဂ်င့္အျဖစ္ လုပ္ကိုင္ခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ေနာက္ ေဂ်းကန္တာသည္ သူငယ္ခ်င္း ျဖစ္သူ Mel Brooks ႏွင့္ ပူးေပါင္းကာ Young Frankenstein၊ Silent Movie ႏွင့္ High Anxiety ဇာတ္ကားတို႔ကို ထုတ္လုပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၎သည္ Star Wars ႏွင့္ Police Academy တို႔၏ ႐ုပ္ရွင္မ်ားအျပင္ Chariots of Fire၊Alien၊ Blade Runner၊ Thelma ႏွင့္ Louise ဇာတ္ကားတို႔အပါအဝင္ ထိပ္တန္းနာမည္ႀကီး႐ုပ္ရွင္မ်ား ထုတ္လုပ္ရန္ ကူညီေပးခဲ့ေၾကာင္း လည္း သိရသည္။ ေဂ်းကန္တာတြင္ ကေလးေျခာက္(၆)ဦး ႏွင့္ ေျမးအမ်ားအျပားရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.