Star Wars ကြယ်ပွင့် ဒေစီရိုင်လေ Graves ရောဂါ ခံစားနေရ

 608

ရောင်နီ (NP News) သြဂုတ် ၉

Star Wars ကြယ်ပွင့်၊ ဗြိတိန်သရုပ်ဆောင်မင်းသမီး ဒေစီရိုင်ဒ်လေဟာ ၂၀၂၃ ခုနှစ်ကစ သိုင်းရွိုက်ကို ထိခိုက်စေတဲ့ Graves' disease ခံစားနေရတယ်လို့ မကြာသေးမီက အင်တာဗျူးတစ်ခုမှာ သူမက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Star Wars trilogy (၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်) မှာ ပါဝင်ပြီး သူမရဲ့ကာရိုက်တာကြောင့် နာမည်ကျော်ကြားခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် မင်းသမီးဒေစီဟာ ၂ဝ၂၃ ခုနှစ်က သည်းထိတ်ရင်ဖို Magpie (၂ဝ၂၄ ခုနှစ်) ရိုက်ကူးပြီး နောက်မှာ အလွန်ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ လက်တုန်ခြင်း အပါအဝင် အစောပိုင်း လက္ခဏာ တွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဆရာဝန်နဲ့ ဆွေးနွေးအဖြေရှာတဲ့အခါမှာတော့ Graves' ရောဂါရှိနေ ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

Graves ရောဂါဟာ သိုင်းရှိုက်ကို ထိခိုက်စေပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။ အဲဒီရောဂါခံစားကြရသူတွေထဲမှာ နာမည်ကျော်ရက်ပ်ပါ မစ်စီအယ်လီအွိုက် နဲ့ အမေရိကန်သမ္မတကတော်ဟောင်း ဘာဘာရာ ဘရှက်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

Zawgyi Version;
Star Wars ၾကယ္ပြင့္ ေဒစီ႐ိုင္ေလ Graves ေရာဂါ ခံစားေနရ
ေရာင္နီ (NP News) ၾသဂုတ္ ၉

Star Wars ၾကယ္ပြင့္၊ ၿဗိတိန္သ႐ုပ္ေဆာင္မင္းသမီး ေဒစီ႐ိုင္ဒ္ေလဟာ ၂၀၂၃ ခုႏွစ္ကစ သိုင္း႐ြိဳက္ကို ထိခိုက္ေစတဲ့ Graves' disease ခံစားေနရတယ္လို႔ မၾကာေသးမီက အင္တာဗ်ဴးတစ္ခုမွာ သူမက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

Star Wars trilogy (၂ဝ၁၅ ခုႏွစ္မွ ၂ဝ၁၉ ခုႏွစ္) မွာ ပါဝင္ၿပီး သူမရဲ႕ကာ႐ိုက္တာေၾကာင့္ နာမည္ေက်ာ္ၾကားခဲ့တဲ့ အသက္ ၃၂ ႏွစ္အ႐ြယ္ မင္းသမီးေဒစီဟာ ၂ဝ၂၃ ခုႏွစ္က သည္းထိတ္ရင္ဖို Magpie (၂ဝ၂၄ ခုႏွစ္) ႐ိုက္ကူးၿပီး ေနာက္မွာ အလြန္ပင္ပန္းႏြမ္းနယ္ျခင္း၊ ကိုယ္အေလးခ်ိန္က်ျခင္း၊ လက္တုန္ျခင္း အပါအဝင္ အေစာပိုင္း လကၡဏာ ေတြ ခံစားခဲ့ရတယ္လို႔ ဆိုပါတယ္။ အဲဒီေနာက္ ဆရာဝန္နဲ႔ ေဆြးေႏြးအေျဖရွာတဲ့အခါမွာေတာ့ Graves' ေရာဂါရွိေန ေၾကာင္း ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။

Graves ေရာဂါဟာ သိုင္းရႈိက္ကို ထိခိုက္ေစၿပီး အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြမွာ ပိုမိုျဖစ္ပြားေလ့ရွိပါတယ္။ အဲဒီေရာဂါခံစားၾကရသူေတြထဲမွာ နာမည္ေက်ာ္ရက္ပ္ပါ မစ္စီအယ္လီအြိဳက္ နဲ႔ အေမရိကန္သမၼတကေတာ္ေဟာင္း ဘာဘာရာ ဘရွက္တို႔လည္း ပါဝင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.