ပြည်မြို့တွင် အဝေးသင်တက္ကသိုလ်ကျောင်းသားတစ်ဦး ထိုးသွင်းဒဏ်ရာ (၁၁)ချက်ဖြင့် အဆောင်တိုက်ခန်းအတွင်း သေဆုံးမှုဖြစ်ပွား
11585
သန့်ဇင် (NP News) - ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် အဝေးသင်တက္ကသိုလ်ကျောင်းသားတစ်ဦး ထိုးသွင်းဒဏ်ရာ (၁၁)ချက်ဖြင့် အဆောင်တိုက်ခန်းအတွင်း သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)ပရဟိတပါရမီထံမှ သိရသည်။
အလောင်းကို ယမန်နေ့(ဩဂုတ်လ ၈ ရက်)၊ ညပိုင်းအချိန်က ပြည်မြို့၊ ရွှေတစ်ချောင်းလမ်းမပေါ်၊ တရုတ်စုရပ်၊ ဝါရုံလမ်းထိပ်၊ ၃ လွှာတိုက်ခန်း အတွင်းတွင် တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။ “လူသတ်မှုပေါ့။ အသတ်ခံရသူက အဆောင်တိုက်ခန်းမှာနေတာပါ။ တိုက်ခန်းက(၃)လွှာမှာဖြစ်တာ။ အပြင်ကနေပြီးတော့ တံခါးကို သော့ခတ်ထားတယ်။ ရဲတွေရောက်တေ့ သူ့ကတ်ပြားလေးတွေ့တော့ အဝေးသင်ကျောင်းသားလို့သိရတာ။ ဘယ်မေဂျာကလဲတော့ ကျွန်တော်တို့လည်း မသိခဲ့ရပါဘူး”ဟု မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(ပြည်)ပရဟိတပါရမီမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူမှာ အသက်(၂၀)ကျော်အရွယ် သဲကုန်းမြို့နယ်မှလာရောက်ကာ ကျောင်းတက်သည့် အဝေးသင်ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ရောက်တော့ ဗိုက်တွေ၊ လည်ပင်းတွေမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ ဓားတို့အချွန်တို့နဲ့ထိုးသွားတဲ့ပုံစံမျိုးပါ။ တွေ့တာတော့ မှောက်ခုံအနေအထားနဲ့ (၁၁)အထိုးခံထားရတာပါ။ သွေးတွေကတော့ အိုင်နေတာပဲ။ အဲဒီမှာက ယောက်ျားလေးအဆောင်ပုံစံမျိုးပါ။ အခုက အဝေးသင်ကျောင်း သားတွေ ကျူရှင်လာတက်နေကြတာရှိတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)ပရဟိတပါရမီက ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျူးလွန်သူကို သက်ဆိုင်ရာက ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည် မေလ ၂၃ ရက်ကလည်း ပြည်မြို့၊ ရွှေတစ်ချောင်းလမ်း၊ ရွှေလက်လှလမ်းထိပ်ရှိ ဓာတ်ပုံဆိုင် တစ်ဆိုင်မှ ဝန်ထမ်းအမျိုးသားတစ်ဦးသည် ခန္ဒာကိုယ်အနှံ့ ကတ်ကြေးဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခံရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ဖူးသည်။
zawgyi version
ျပည္ၿမိဳ႕တြင္ အေဝးသင္တကၠသိုလ္ေက်ာင္းသားတစ္ဦး ထိုးသြင္းဒဏ္ရာ (၁၁)ခ်က္ျဖင့္ အေဆာင္တိုက္ခန္းအတြင္း ေသဆုံးမႈျဖစ္ပြား
သန႔္ဇင္ (NP News) - ဩဂုတ္ ၉
ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕တြင္ အေဝးသင္တကၠသိုလ္ေက်ာင္းသားတစ္ဦး ထိုးသြင္းဒဏ္ရာ (၁၁)ခ်က္ျဖင့္ အေဆာင္တိုက္ခန္းအတြင္း ေသဆုံးမႈျဖစ္ပြား ခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ျပည္)ပရဟိတပါရမီထံမွ သိရသည္။
အေလာင္းကို ယမန္ေန႔(ဩဂုတ္လ ၈ ရက္)၊ ညပိုင္းအခ်ိန္က ျပည္ၿမိဳ႕၊ ေ႐ႊတစ္ေခ်ာင္းလမ္းမေပၚ၊ တ႐ုတ္စုရပ္၊ ဝါ႐ုံလမ္းထိပ္၊ ၃ လႊာတိုက္ခန္း အတြင္းတြင္ ေတြ႕ရျခင္းျဖစ္ေၾကာင္း သိရသည္။ “လူသတ္မႈေပါ့။ အသတ္ခံရသူက အေဆာင္တိုက္ခန္းမွာေနတာပါ။ တိုက္ခန္းက(၃)လႊာမွာျဖစ္တာ။ အျပင္ကေနၿပီးေတာ့ တံခါးကို ေသာ့ခတ္ထားတယ္။ ရဲေတြေရာက္ေတ့ သူ႔ကတ္ျပားေလးေတြ႕ေတာ့ အေဝးသင္ေက်ာင္းသားလို႔သိရတာ။ ဘယ္ေမဂ်ာကလဲေတာ့ ကြၽန္ေတာ္တို႔လည္း မသိခဲ့ရပါဘူး”ဟု ျမန္မာႏိုင္ငံလူမႈကယ္ ဆယ္ေရးအဖြဲ႕(ျပည္)ပရဟိတပါရမီမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသူမွာ အသက္(၂၀)ေက်ာ္အ႐ြယ္ သဲကုန္းၿမိဳ႕နယ္မွလာေရာက္ကာ ေက်ာင္းတက္သည့္ အေဝးသင္ေက်ာင္းသားတစ္ဦးျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ေရာက္ေတာ့ ဗိုက္ေတြ၊ လည္ပင္းေတြမွာ ထိုးသြင္းဒဏ္ရာေတြနဲ႔ ဓားတို႔အခြၽန္တို႔နဲ႔ထိုးသြားတဲ့ပုံစံမ်ိဳးပါ။ ေတြ႕တာေတာ့ ေမွာက္ခုံအေနအထားနဲ႔ (၁၁)အထိုးခံထားရတာပါ။ ေသြးေတြကေတာ့ အိုင္ေနတာပဲ။ အဲဒီမွာက ေယာက္်ားေလးအေဆာင္ပုံစံမ်ိဳးပါ။ အခုက အေဝးသင္ေက်ာင္း သားေတြ က်ဴရွင္လာတက္ေနၾကတာရွိတယ္”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားကို ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕ (ျပည္)ပရဟိတပါရမီက ျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး က်ဴးလြန္သူကို သက္ဆိုင္ရာက ဖမ္းဆီးရမိေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည္ ေမလ ၂၃ ရက္ကလည္း ျပည္ၿမိဳ႕၊ ေ႐ႊတစ္ေခ်ာင္းလမ္း၊ ေ႐ႊလက္လွလမ္းထိပ္ရွိ ဓာတ္ပုံဆိုင္ တစ္ဆိုင္မွ ဝန္ထမ္းအမ်ိဳးသားတစ္ဦးသည္ ခႏၵာကိုယ္အႏွံ႔ ကတ္ေၾကးျဖင့္အခ်က္ေပါင္းမ်ားစြာ ထိုးသတ္ခံရသည့္ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ဖူးသည္။