မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်း အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ရာ သားဖြစ်သူက ရာထူးဆက်ခံဖွယ် ရှိ

 2109

သုတကျော် (NP News) - ဩဂုတ် ၉

ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ (မိုင်းလား) ခေါင်းဆောင် NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် တရုတ်နိုင်ငံတွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ သားဖြစ်သူ ဦးထိန်လင်းက ရာထူးဆက်ခံဖွယ်ရှိကြောင်း NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ဦးစိုင်းလင်းသည် တရုတ်နိုင်ငံ၊ ကွမ်ကျိုးရှိ ဆေးရုံတစ်ရုံတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကာ အလောင်းကို အထူးဒေသ ၄ သို့ ပြန်လည်သယ်ဆောင်လာမည်ဖြစ်ပြီး ဈာပနအခမ်းအနားပြုလုပ်မည့် ရက်ကိုမူ အတိအကျသိရခြင်း မရှိသေးပေ။ ၎င်း ကွယ်လွန်ချိန် တွင် အသက် (၇၆)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

“ကင်ဆာရောဂါကြောင့် ကွယ်လွန်တာလို့ သိရပါတယ်။ အဆုတ်ကင်ဆာ ရောဂါပေါ့။ ဖြစ်နေတာက နည်းနည်းကြာနေပြီလေ။ ဥက္ကဋ္ဌ နေရာကို သား ဖြစ်တဲ့ ဦးထိန်လင်းက ဆက်ခံမယ်လို့ အတည်မပြုနိုင်ပေမယ့်လည်း အတည်ပြုနိုင်လုနီးပါး သတင်းတွေ ထွက်နေတယ်”ဟု ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နေထိုင်သူ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။

ဦးစိုင်းလင်းသည် ဗကပ ၏ ၈၁၅ စစ်ဒေသ တပ်မှူးတစ်ဦးဖြစ်ကာ ၁၉၈၉ ခုနှစ်အတွင်း ခွဲထွက်ပြီးနောက် NDAA ကို တည်ထောင်ခဲ့ကာ အစိုးရနှင့် အပစ်ရပ်ကာလမှာ (၃၅)နှစ်အထိ ရှိပြီ ဖြစ်သည်။

zawgyi version
မိုင္းလားေခါင္းေဆာင္ ဦးစိုင္းလင္း အဆုတ္ကင္ဆာေရာဂါျဖင့္ ကြယ္လြန္ခဲ့ရာ သားျဖစ္သူက ရာထူးဆက္ခံဖြယ္ ရွိ
သုတေက်ာ္ (NP News) - ဩဂုတ္ ၉

ရွမ္းျပည္နယ္ အေရွ႕ပိုင္း အထူးေဒသ ၄ (မိုင္းလား) ေခါင္းေဆာင္ NDAA ဥကၠ႒ ဦးစိုင္းလင္းသည္ တ႐ုတ္ႏိုင္ငံတြင္ အဆုတ္ကင္ဆာေရာဂါျဖင့္ ကြယ္လြန္သြားခဲ့ရာ သားျဖစ္သူ ဦးထိန္လင္းက ရာထူးဆက္ခံဖြယ္ရွိေၾကာင္း NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

ဦးစိုင္းလင္းသည္ တ႐ုတ္ႏိုင္ငံ၊ ကြမ္က်ိဳးရွိ ေဆး႐ုံတစ္႐ုံတြင္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ကာ အေလာင္းကို အထူးေဒသ ၄ သို႔ ျပန္လည္သယ္ေဆာင္လာမည္ျဖစ္ၿပီး ဈာပနအခမ္းအနားျပဳလုပ္မည့္ ရက္ကိုမူ အတိအက်သိရျခင္း မရွိေသးေပ။ ၎ ကြယ္လြန္ခ်ိန္ တြင္ အသက္ (၇၆)ႏွစ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

“ကင္ဆာေရာဂါေၾကာင့္ ကြယ္လြန္တာလို႔ သိရပါတယ္။ အဆုတ္ကင္ဆာ ေရာဂါေပါ့။ ျဖစ္ေနတာက နည္းနည္းၾကာေနၿပီေလ။ ဥကၠ႒ ေနရာကို သား ျဖစ္တဲ့ ဦးထိန္လင္းက ဆက္ခံမယ္လို႔ အတည္မျပဳႏိုင္ေပမယ့္လည္း အတည္ျပဳႏိုင္လုနီးပါး သတင္းေတြ ထြက္ေနတယ္”ဟု ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ ေနထိုင္သူ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။

ဦးစိုင္းလင္းသည္ ဗကပ ၏ ၈၁၅ စစ္ေဒသ တပ္မႉးတစ္ဦးျဖစ္ကာ ၁၉၈၉ ခုႏွစ္အတြင္း ခြဲထြက္ၿပီးေနာက္ NDAA ကို တည္ေထာင္ခဲ့ကာ အစိုးရႏွင့္ အပစ္ရပ္ကာလမွာ (၃၅)ႏွစ္အထိ ရွိၿပီ ျဖစ္သည္။

Related news

© 2021. All rights reserved.