ကမ္ဘာပတ်လမ်းကြောင်းအတွင်း တရုတ်ဒုံးပျံယာဉ်တစ်စင်း ကွဲထွက်သွားခဲ့ပြီး အပျက်အစီးပတ်လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာ
1636
Pika (NP News) - ဩဂုတ် ၉
တရုတ်၏ကိုယ်ပိုင်ဗားရှင်း Starlink အတွက် ဂြိုဟ်တုများကို သယ်ဆောင်လာသော ဒုံးပျံယာဉ်တစ်စင်းသည် အာကာသအတွင်းတွင် မတော်တဆကွဲထွက်သွားခဲ့ပြီး ကမ္ဘာပတ်လမ်းကြောင်းတွင် အပျက်အစီးများပျံ့နှံ့နေသည့် ပတ်လမ်းကြောင်းတစ်ခုကို ဖန်တီးခဲ့ကြောင်းသိရသည်။
တရုတ်၏ Qianfan “Thousand Sails”ဂြိုဟ်တုအစုကို ဖန်တီးရန်အတွက် ဂြိုဟ်တု(၁၈)ခုကို သယ်ဆောင်လာသော Long March 6A ဒုံးပျံယာဉ်ကို ဩဂုတ်လ(၆)ရက်နေ့တွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ လွှတ်တင်ခဲ့ပြီးနောက် ဂြိုဟ်တုများကို အောင်မြင်စွာ ဖြန့်ကျက်ချထားနိုင်ခဲ့သော်လည်း ဒုံးပျံယာဉ်၏အပေါ်ပိုင်းသည် အပျက်အစီးများအဖြစ် ကွဲထွက်သွားခဲ့ခြင်းဖြစ်ကြောင်း ဂြိုဟ်တုခြေရာခံကုမ္ပဏီများ၏ အဆိုအရ သိရသည်။
အဆိုပါတရုတ်ဒုံးပျံယာဉ်ကွဲထွက်မှုကို အမေရိကန်အာကာသကွပ်ကဲမှုဌာနက ဩဂုတ်လ(၈)ရက်နေ့တွင် အတည်ပြုခဲ့သည်။ အဆိုပါဖြစ်ရပ်၏ ရလဒ်အနေဖြင့် ကမ္ဘာပတ်လမ်းကြောင်း၏ အနိမ့်ပိုင်းပတ်လမ်းအတွင်း အပျက် အစီးပေါင်း(၃၀၀)ကျော်ကို ဖြစ်ပေါ်လာစေခဲ့ကြောင်း အမေရိကန်အာကာသကွပ်ကဲမှုဌာနက ပြောကြားခဲ့သည်။ တရုတ်ဒုံးပျံယာဉ်ကွဲထွက်မှုသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်း အပျက်အစီးအပိုင်းအစပေါင်း(၇၀၀)ကျော်ကို ဖန်တီးနိုင်ခြေရှိနေပြီး အပျက်အစီးအပိုင်းအစပေါင်း(၉၀၀)ကျော်ထိ ရှိလာနိုင်ကြောင်း ဂြိုဟ်တုစောင့်ကြည့်ရေးကုမ္ပဏီ LeoLabs က ခန့်မှန်းပြောဆိုခဲ့သည်။
အန္တရာယ်ရှိသည့်အချက်တစ်ချက်မှာ အဆိုပါအပျက်အစီးများက ကမ္ဘာမြေ မျက်နှာပြင်မှ ကီလိုမီတာ(၈၀၀)အကွာဝန်းကျင်တွင် ကမ္ဘာကိုလှည့်ပတ်နေခြင်းဖြစ်ပြီး ကီလိုမီတာ(၅၅၀)အကွာတွင်ရှိသော SpaceX ကုမ္ပဏီများ၏ Starlink ဂြိုဟ်တုများနှင့် ကီလိုမီတာ(၄၀၀)အကွာတွင်ရှိသော နိုင်ငံတကာအာကာသစခန်းတို့ဆီသို့ ကျဆင်းသွားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ အဆိုပါအပျက်အစီးများသည် တရုတ်၏ကိုယ်ပိုင် Qianfan ဂြိုဟ်တုများအတွက် အန္တရာယ်ဖြစ်စေလာနိုင်ကြောင်းလည်း သိရသည်။ သို့သော်လည်း လက်ရှိအချိန်တွင် အဆိုပါအပျက်အစီးများမှာ အန္တရာယ်ဖြစ်စေသည့် ခြိမ်းခြောက်မှုအဆင့်သို့ မရောက်ရှိသေးကြောင်း အမေရိကန်အာကာသကွပ်ကဲမှုဌာနနှင့် SpaceX ကုမ္ပဏီတို့က ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်ဒုံးပျံယာဉ်မှကွဲထွက်လာသော အပျက်အစီးအပိုင်းအစများသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်းတွင် လာမည့်ဆယ်စုနှစ်များအထိ ဆက်လက်တည်ရှိနေနိုင်ကြောင်း SpaceX ကုမ္ပဏီက ခန့်မှန်းပြောဆိုခဲ့သည်။
zawgyi version
ကမာၻပတ္လမ္းေၾကာင္းအတြင္း တ႐ုတ္ဒုံးပ်ံယာဥ္တစ္စင္း ကြဲထြက္သြားခဲ့ၿပီး အပ်က္အစီးပတ္လမ္းေၾကာင္းတစ္ခုျဖစ္ေပၚလာ
Pika (NP News) - ဩဂုတ္ ၉
တ႐ုတ္၏ကိုယ္ပိုင္ဗားရွင္း Starlink အတြက္ ၿဂိဳဟ္တုမ်ားကို သယ္ေဆာင္လာေသာ ဒုံးပ်ံယာဥ္တစ္စင္းသည္ အာကာသအတြင္းတြင္ မေတာ္တဆကြဲထြက္သြားခဲ့ၿပီး ကမာၻပတ္လမ္းေၾကာင္းတြင္ အပ်က္အစီးမ်ားပ်ံ႕ႏွံ႔ေနသည့္ ပတ္လမ္းေၾကာင္းတစ္ခုကို ဖန္တီးခဲ့ေၾကာင္းသိရသည္။
တ႐ုတ္၏ Qianfan “Thousand Sails”ၿဂိဳဟ္တုအစုကို ဖန္တီးရန္အတြက္ ၿဂိဳဟ္တု(၁၈)ခုကို သယ္ေဆာင္လာေသာ Long March 6A ဒုံးပ်ံယာဥ္ကို ဩဂုတ္လ(၆)ရက္ေန႔တြင္ ကမာၻပတ္လမ္းေၾကာင္းအတြင္းသို႔ လႊတ္တင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ကမာၻပတ္လမ္းေၾကာင္းအတြင္းသို႔ လႊတ္တင္ခဲ့ၿပီးေနာက္ ၿဂိဳဟ္တုမ်ားကို ေအာင္ျမင္စြာ ျဖန႔္က်က္ခ်ထားႏိုင္ခဲ့ေသာ္လည္း ဒုံးပ်ံယာဥ္၏အေပၚပိုင္းသည္ အပ်က္အစီးမ်ားအျဖစ္ ကြဲထြက္သြားခဲ့ျခင္းျဖစ္ေၾကာင္း ၿဂိဳဟ္တုေျခရာခံကုမၸဏီမ်ား၏ အဆိုအရ သိရသည္။
အဆိုပါတ႐ုတ္ဒုံးပ်ံယာဥ္ကြဲထြက္မႈကို အေမရိကန္အာကာသကြပ္ကဲမႈဌာနက ဩဂုတ္လ(၈)ရက္ေန႔တြင္ အတည္ျပဳခဲ့သည္။ အဆိုပါျဖစ္ရပ္၏ ရလဒ္အေနျဖင့္ ကမာၻပတ္လမ္းေၾကာင္း၏ အနိမ့္ပိုင္းပတ္လမ္းအတြင္း အပ်က္ အစီးေပါင္း(၃၀၀)ေက်ာ္ကို ျဖစ္ေပၚလာေစခဲ့ေၾကာင္း အေမရိကန္အာကာသကြပ္ကဲမႈဌာနက ေျပာၾကားခဲ့သည္။ တ႐ုတ္ဒုံးပ်ံယာဥ္ကြဲထြက္မႈသည္ ကမာၻပတ္လမ္းေၾကာင္းအတြင္း အပ်က္အစီးအပိုင္းအစေပါင္း(၇၀၀)ေက်ာ္ကို ဖန္တီးႏိုင္ေျခရွိေနၿပီး အပ်က္အစီးအပိုင္းအစေပါင္း(၉၀၀)ေက်ာ္ထိ ရွိလာႏိုင္ေၾကာင္း ၿဂိဳဟ္တုေစာင့္ၾကည့္ေရးကုမၸဏီ LeoLabs က ခန႔္မွန္းေျပာဆိုခဲ့သည္။
အႏၲရာယ္ရွိသည့္အခ်က္တစ္ခ်က္မွာ အဆိုပါအပ်က္အစီးမ်ားက ကမာၻေျမ မ်က္ႏွာျပင္မွ ကီလိုမီတာ(၈၀၀)အကြာဝန္းက်င္တြင္ ကမာၻကိုလွည့္ပတ္ေနျခင္းျဖစ္ၿပီး ကီလိုမီတာ(၅၅၀)အကြာတြင္ရွိေသာ SpaceX ကုမၸဏီမ်ား၏ Starlink ၿဂိဳဟ္တုမ်ားႏွင့္ ကီလိုမီတာ(၄၀၀)အကြာတြင္ရွိေသာ ႏိုင္ငံတကာအာကာသစခန္းတို႔ဆီသို႔ က်ဆင္းသြားႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။ အဆိုပါအပ်က္အစီးမ်ားသည္ တ႐ုတ္၏ကိုယ္ပိုင္ Qianfan ၿဂိဳဟ္တုမ်ားအတြက္ အႏၲရာယ္ျဖစ္ေစလာႏိုင္ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း လက္ရွိအခ်ိန္တြင္ အဆိုပါအပ်က္အစီးမ်ားမွာ အႏၲရာယ္ျဖစ္ေစသည့္ ၿခိမ္းေျခာက္မႈအဆင့္သို႔ မေရာက္ရွိေသးေၾကာင္း အေမရိကန္အာကာသကြပ္ကဲမႈဌာနႏွင့္ SpaceX ကုမၸဏီတို႔က ေျပာၾကားခဲ့သည္။ ထို႔ျပင္ တ႐ုတ္ဒုံးပ်ံယာဥ္မွကြဲထြက္လာေသာ အပ်က္အစီးအပိုင္းအစမ်ားသည္ ကမာၻပတ္လမ္းေၾကာင္းအတြင္းတြင္ လာမည့္ဆယ္စုႏွစ္မ်ားအထိ ဆက္လက္တည္ရွိေနႏိုင္ေၾကာင္း SpaceX ကုမၸဏီက ခန႔္မွန္းေျပာဆိုခဲ့သည္။