လားရှိုးဖြစ်စဥ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဟာသလူရွှင်တော်များ ဆန္ဒထုတ်ဖော်
                        
                            
                             
 7205
 
                             
                            
                            
                         
                        
 
                        NP News - သြဂုတ် ၉
အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသည့် လားရှိုးဖြစ်စဥ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဦးဒိန်းဒေါင် နှင့် ဟာသလူရွှင်တော်များက ယနေ့(သြဂုတ်လ ၉ ရက်)တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)၏ ဥက္ကဋ္ဌ ဦးဒိန်းဒေါင် နှင့် ဟာသလူရွှင်တော်များ၊ ပြည်သူများအပါအဝင် အင်အား (၁၀၀)ကျော်ခန့် သည် နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
“လိုင်းပေါ်မှာ ကလေးတွေရော၊ အသက်ကြီးတဲ့သူတွေရော သေတာတွေတွေ့ရတယ်။ အဲဒီလိုတွေ တွေ့တော့ စိတ်မကောင်းဘူး၊ ကိုယ်ချင်းစာတယ်။ စစ်ဘက်နဲ့လည်း မဆိုင်ဘူး။ အရပ်သားပြည်သူတွေဖြစ်တဲ့အတွက် စိတ်မကောင်းလို့ လုပ်ဖြစ်သွားတာပါ။ MNDAA၊ TNLA၊ AA ပူးပေါင်းအဖွဲ့ကို ရှုတ် ချတယ်။ အဓိကကတော့ မြန်မာပြည်ကြီးကို အမြန်ဆုံးအေးချမ်းစေချင်တာ။ အပြစ်မဲ့ပြည်သူတွေ အိုးပစ်အိမ်ပစ်နဲ့ မိသားစုတွေတကွဲတပြားဖြစ်နေတာကို ကိုယ်ချင်းစာစိတ်နဲ့ ဒါမျိုးတွေနောက်ထပ် မဖြစ်အောင် လုပ်ခဲ့ကြတာပါ။ လူရွှင်တော်တွေရော၊ ပြည်သူတွေရော အပါအဝင် ရာဂဏန်းကျော်ကျော်လောက်တော့ ရှိတာပေါ့”ဟု မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို)၏ ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က NP News ကိုပြောသည်။
အဆိုပါလားရှိုးဖြစ်စဥ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် သြဂုတ်လ(၆)ရက်နေ့က နေပြည်တော် အပါအဝင် ရန်ကုန်မြို့တို့တွင်လည်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ဘာသာရေးအဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များက အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံကြောင်း နှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြသည်။
                     
                        
                                                                    
 
                                
                                
                                        zawgyi version
လားရႈိးျဖစ္စဥ္အေပၚ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း ဟာသလူ႐ႊင္ေတာ္မ်ား ဆႏၵထုတ္ေဖာ္
NP News - ၾသဂုတ္ ၉
အရပ္သားျပည္သူမ်ား အစုလိုက္အၿပဳံလိုက္သတ္ျဖတ္ခံခဲ့ရသည့္ လားရႈိးျဖစ္စဥ္အေပၚ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း ဦးဒိန္းေဒါင္ ႏွင့္ ဟာသလူ႐ႊင္ေတာ္မ်ားက ယေန႔(ၾသဂုတ္လ ၉ ရက္)တြင္ ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)၏ ဥကၠ႒ ဦးဒိန္းေဒါင္ ႏွင့္ ဟာသလူ႐ႊင္ေတာ္မ်ား၊ ျပည္သူမ်ားအပါအဝင္ အင္အား (၁၀၀)ေက်ာ္ခန႔္ သည္ ေနျပည္ေတာ္၊ ဇဗၼဴသီရိၿမိဳ႕နယ္၊ သေျပကုန္းရပ္ကြက္ရွိ ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ ဆႏၵထုတ္ေဖာ္ခဲ့ျခင္းျဖစ္သည္။
“လိုင္းေပၚမွာ ကေလးေတြေရာ၊ အသက္ႀကီးတဲ့သူေတြေရာ ေသတာေတြေတြ႕ရတယ္။ အဲဒီလိုေတြ ေတြ႕ေတာ့ စိတ္မေကာင္းဘူး၊ ကိုယ္ခ်င္းစာတယ္။ စစ္ဘက္နဲ႔လည္း မဆိုင္ဘူး။ အရပ္သားျပည္သူေတြျဖစ္တဲ့အတြက္ စိတ္မေကာင္းလို႔ လုပ္ျဖစ္သြားတာပါ။ MNDAA၊ TNLA၊ AA ပူးေပါင္းအဖြဲ႕ကို ရႈတ္ ခ်တယ္။ အဓိကကေတာ့ ျမန္မာျပည္ႀကီးကို အျမန္ဆုံးေအးခ်မ္းေစခ်င္တာ။ အျပစ္မဲ့ျပည္သူေတြ အိုးပစ္အိမ္ပစ္နဲ႔ မိသားစုေတြတကြဲတျပားျဖစ္ေနတာကို ကိုယ္ခ်င္းစာစိတ္နဲ႔ ဒါမ်ိဳးေတြေနာက္ထပ္ မျဖစ္ေအာင္ လုပ္ခဲ့ၾကတာပါ။ လူ႐ႊင္ေတာ္ေတြေရာ၊ ျပည္သူေတြေရာ အပါအဝင္ ရာဂဏန္းေက်ာ္ေက်ာ္ေလာက္ေတာ့ ရွိတာေပါ့”ဟု ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး (ဗဟို)၏ ဥကၠ႒ ဦးဒိန္းေဒါင္က NP News ကိုေျပာသည္။
အဆိုပါလားရႈိးျဖစ္စဥ္ႏွင့္ ပတ္သက္၍ ၿပီးခဲ့သည့္ ၾသဂုတ္လ(၆)ရက္ေန႔က ေနျပည္ေတာ္ အပါအဝင္ ရန္ကုန္ၿမိဳ႕တို႔တြင္လည္း ဆႏၵထုတ္ေဖာ္မႈမ်ား ျပဳလုပ္ခဲ့ၾကသည္။ ထို႔ျပင္ ဘာသာေရးအဖြဲ႕အစည္းမ်ားႏွင့္ အသင္းအဖြဲ႕မ်ားက အၾကမ္းဖက္လုပ္ရပ္မ်ားကို လုံးဝလက္မခံေၾကာင္း ႏွင့္ ျပင္းထန္စြာကန႔္ကြက္ရႈတ္ခ်ေၾကာင္း သေဘာထားမ်ား အသီးသီးထုတ္ျပန္ခဲ့ၾကသည္။