ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ချယ်ရီထက် ပြန်လည်လွတ် မြောက်လာခြင်းမရှိသေး

 7289

NP News - ဩဂုတ် ၁၀

ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေး သက်တော်စောင့် ချယ်ရီထက် ပြန်လည်လွတ်မြောက်ခြင်းမရှိသေးကြောင်း ချယ်ရီထက်၏ မိသားစုဝင်နှင့် နီးစပ်သူများထံမှ သိရသည်။

ချယ်ရီထက်အနေဖြင့် ယမန်နေ့(ဩဂုတ်လ ၉ ရက်)က ရမည်းသင်းအကျဥ်းထောင်က ပြန်လည်လွတ်လာပြီဟု ပြည်ပအခြေစိုက်သတင်း မီဒီယာများက ဖော်ပြရေးသားထားသော်လည်း NP News သတင်းဌာနမှ ဆက်လက်စုံစမ်းခဲ့ရာ လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရသည်။

“ပြန်လွတ်တယ်ဆိုတဲ့ သတင်းက သတင်းအမှားပါ။ လက်ရှိအချိန်ထိ အကျဉ်းထောင်ထဲမှာပဲရှိပြီးတော့ လွတ်မြောက်ခြင်းမရှိသေးပါဘူး။ ဥပဒေအရတော့ လွတ်ရက်နီးလာပါပြီ”ဟု ချယ်ရီထက်၏တရားဝင်ရှေ့နေက ပြောသည်။

ချယ်ရီထက်သည် ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်သက်တော်စောင့်အဖြစ် ဒုရဲအုပ်တာဝန်ကို ထမ်းဆောင်ခဲ့ ပြီး ၂ဝ၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ၂၀၂၁ ခုနှစ်တွင် ချယ်ရီထက်ကို နေပြည်တော် အချုပ်ထောင်ရှိ အထူးတရားရုံးက ရဲစည်းကမ်းထိန်းသိမ်းရေး အက်ဥပဒေဖြင့် ထောင်ဒဏ် (၃)နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ် (၂) နှစ်၊ စုစုပေါင်း (၅)နှစ်ကျခံစေရန် အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
ေဒၚေအာင္ဆန္းစုၾကည္၏ သက္ေတာ္ေစာင့္ ခ်ယ္ရီထက္ ျပန္လည္လြတ္ ေျမာက္လာျခင္းမရွိေသး

NP News - ဩဂုတ္ ၁၀

ေဒၚေအာင္ဆန္းစုၾကည္၏ အနီးကပ္ လုံၿခဳံေရး သက္ေတာ္ေစာင့္ ခ်ယ္ရီထက္ ျပန္လည္လြတ္ေျမာက္ျခင္းမရွိေသးေၾကာင္း ခ်ယ္ရီထက္၏ မိသားစုဝင္ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ခ်ယ္ရီထက္အေနျဖင့္ ယမန္ေန႔(ဩဂုတ္လ ၉ ရက္)က ရမည္းသင္းအက်ဥ္းေထာင္က ျပန္လည္လြတ္လာၿပီဟု ျပည္ပအေျခစိုက္သတင္း မီဒီယာမ်ားက ေဖာ္ျပေရးသားထားေသာ္လည္း NP News သတင္းဌာနမွ ဆက္လက္စုံစမ္းခဲ့ရာ လြတ္ေျမာက္ျခင္းမရွိေသးေၾကာင္း သိရသည္။

“ျပန္လြတ္တယ္ဆိုတဲ့ သတင္းက သတင္းအမွားပါ။ လက္ရွိအခ်ိန္ထိ အက်ဥ္းေထာင္ထဲမွာပဲရွိၿပီးေတာ့ လြတ္ေျမာက္ျခင္းမရွိေသးပါဘူး။ ဥပေဒအရေတာ့ လြတ္ရက္နီးလာပါၿပီ”ဟု ခ်ယ္ရီထက္၏တရားဝင္ေရွ႕ေနက ေျပာသည္။

ခ်ယ္ရီထက္သည္ ၿပီးခဲ့သည့္ NLD အစိုးရလက္ထက္တြင္ ေဒၚေအာင္ဆန္းစုၾကည္၏ အနီးကပ္သက္ေတာ္ေစာင့္အျဖစ္ ဒုရဲအုပ္တာဝန္ကို ထမ္းေဆာင္ခဲ့ ၿပီး ၂ဝ၂၁ ခုႏွစ္ ႏိုင္ငံေရးအေျပာင္းအလဲတြင္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရျခင္းျဖစ္သည္။

ထို႔ေနာက္ ၂၀၂၁ ခုႏွစ္တြင္ ခ်ယ္ရီထက္ကို ေနျပည္ေတာ္ အခ်ဳပ္ေထာင္ရွိ အထူးတရား႐ုံးက ရဲစည္းကမ္းထိန္းသိမ္းေရး အက္ဥပေဒျဖင့္ ေထာင္ဒဏ္ (၃)ႏွစ္၊ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (က)ျဖင့္ ေထာင္ဒဏ္ (၂) ႏွစ္၊ စုစုေပါင္း (၅)ႏွစ္က်ခံေစရန္ အမိန္႔ခ်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.