အီရန်ခေါင်းဆောင်ခါမာနီ၏ အမိန့်အတိုင်း အစ္စရေးကို ပြင်းပြင်းထန်ထန်အရေးယူရန် စီစဉ်နေကြောင်း အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် ပြောကြား

 2471

ALynn (NP News) - သြဂုတ် ၁ဝ

တီဟီရန်တွင် ဟားမတ်စ်ခေါင်းဆောင် Ismail Haniyeh လုပ်ကြံခံရမှုနှင့်ပတ်သက်၍ အီရန်ခေါင်းဆောင် ခါမာနီ၏ အမိန့်အတိုင်း အစ္စရေးကို ပြင်းပြင်းထန်ထန်အရေးယူရန် စီစဉ်နေကြောင်း အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် ၏ လက်ထောက်တပ်မှူးက ပြောကြားခဲ့သည်။
“အာဇာနည် Ismail Haniyeh အတွက် အစ္စရေးနိုင်ငံကို လက်စားချေဖို့ အီရန်ထိပ်တန်းခေါင်းဆောင်ရဲ့အမိန့်ဟာ ရှင်းလင်းပြတ်သားပြီး ဖြစ်နိုင်သမျှ အကောင်းဆုံးနည်းနဲ့ အကောင်အထည်ဖော်သွားမှာပါ” ဟု အီရန်မီဒီယာက သောကြာနေ့ (ဩဂုတ်လ ၉ ရက်) တွင် ဖော်ပြ ခဲ့သည်။
ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အသက် ၆၂ နှစ်ရှိ Haniyeh သည် ဇူလိုင်လတွင် အီရန်သမ္မတ Masoud Pezeshkian ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ပြီးနောက် အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် အသတ်ခံခဲ့ရ သည်။ ဟားမတ်စ်နှင့် အီရန်တို့က Haniyeh ၏ သေဆုံးမှုအတွက် အစ္စရေးကို အပြစ်တင်ခဲ့ကြသော်လည်း အစ္စရေး အစိုးရကမူ ၎င်းနှင့်ပတ်သက်၍ တုံ့ပြန်ခြင်း မရှိခဲ့ပေ။ ထိုအချိန်မှစ၍ အီရန်နိုင်ငံ အပါအဝင် ဒေသတွင်းရှိ ရန်သူများကို လုပ်ကြံသတ်ဖြတ်ခဲ့သော သမိုင်းကြောင်းရှိသည့် အစ္စရေးကို လက်တုံ့ပြန်မည်ဟု တီဟီရန်က ကတိပြုခဲ့သည်။
အီရန်၏ သဘောထားမှတ်ချက်ကို တုံ့ပြန်ရန် သတင်းထောက်များက အိမ်ဖြူတော် အမျိုးသား လုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ John Kirby ကို မေးမြန်းရာ အမေရိကန်သည် အစ္စရေးကို ကာကွယ်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
အစ္စရေးနှင့် အီရန်တို့ကြား ပဋိပက္ခများ ပြင်းထန်လာမည်ကို စိုးရိမ်မှုများ ကြီးထွားလာနေသည့်ကြားက အမေရိကန် စစ်တပ်သည် လေယာဉ်တင်သင်္ဘော အပါအဝင် အရှေ့အလယ်ပိုင်းတွင် နောက်ထပ် စစ်လက်နက်များစွာကို ဖြန့်ကျက်ချထားကြောင်း ကြေညာခဲ့သည်။ သို့သော် အမေရိကန် အပါအဝင် အခြားအနောက်နိုင်ငံများက တင်းမာမှု များ လျော့ချဖို့လည်း တောင်းဆိုထားသည်။ ကြာသပတေးနေ့တွင် အမေရိကန်၊ ကာတာနှင့် အီဂျစ်တို့က ဂါဇာကမ်းမြောင် ဒေသတွင် အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား တွေ့ဆုံဆွေးနွေး မှုများ ပြန်လည်စတင်ရန် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

Al Jazeera ၏ အကြီးတန်း နိုင်ငံရေးလေ့လာသုံးသပ်သူ Marwan Bishara က အမေရိကန်သည် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် နီးကပ်နေသည့်အတွက် ဒေသတွင်း ပိုမိုကျယ်ပြန့်သော တင်းမာမှုများကို မဖြစ်စေလိုကြောင်း ပြောကြားခဲ့သည်။
Bishara ၏ အဆိုအရ ဟားမတ်စ်အနေဖြင့် စစ်ပွဲ ဆက်လက်မဖြစ်ပွားရန် စစ်မှန်သော အာမခံချက်များဖြစ်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရေးနှင့် အစ္စရေး စစ်သားများ နယ်မြေမှ ဆုတ်ခွာပေးရေးတို့ကို မျှော်မှန်းကြောင်း သိရသည်။ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး အောင်မြင်ပါက အီရန်သည် Haniyeh လုပ်ကြံခံရမှုကို တုံ့ပြန်မည့်ကိစ္စအား ရှေ့ဆက်မည်လား (သို့မဟုတ်) နောက်ဆုတ်မည်လားကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဗုဒ္ဓဟူးနေ့တွင် ဟားမတ်စ်သည် Haniyeh ကို ဆက်ခံရန် ၎င်း၏ နိုင်ငံရေးခေါင်းဆောင်အသစ် အဖြစ် ဂါဇာရှိ ၎င်း၏ ထိပ်တန်းအရာရှိ Yahya Sinwar ကို ရွေးချယ်ခဲ့သည်။

Zawgyi Version;
အီရန္ေခါင္းေဆာင္ခါမာနီ၏ အမိန႔္အတိုင္း အစၥေရးကို ျပင္းျပင္းထန္ထန္အေရးယူရန္ စီစဥ္ေနေၾကာင္း အစၥလာမၼစ္ေတာ္လွန္ေရးအေစာင့္တပ္ ေျပာၾကား
ALynn (NP News) - ၾသဂုတ္ ၁ဝ

တီဟီရန္တြင္ ဟားမတ္စ္ေခါင္းေဆာင္ Ismail Haniyeh လုပ္ႀကံခံရမႈႏွင့္ပတ္သက္၍ အီရန္ေခါင္းေဆာင္ ခါမာနီ၏ အမိန႔္အတိုင္း အစၥေရးကို ျပင္းျပင္းထန္ထန္အေရးယူရန္ စီစဥ္ေနေၾကာင္း အစၥလာမၼစ္ေတာ္လွန္ေရးအေစာင့္တပ္ ၏ လက္ေထာက္တပ္မႉးက ေျပာၾကားခဲ့သည္။
“အာဇာနည္ Ismail Haniyeh အတြက္ အစၥေရးႏိုင္ငံကို လက္စားေခ်ဖို႔ အီရန္ထိပ္တန္းေခါင္းေဆာင္ရဲ႕အမိန႔္ဟာ ရွင္းလင္းျပတ္သားၿပီး ျဖစ္ႏိုင္သမွ် အေကာင္းဆုံးနည္းနဲ႔ အေကာင္အထည္ေဖာ္သြားမွာပါ” ဟု အီရန္မီဒီယာက ေသာၾကာေန႔ (ဩဂုတ္လ ၉ ရက္) တြင္ ေဖာ္ျပ ခဲ့သည္။
ဟားမတ္စ္ႏိုင္ငံေရးေခါင္းေဆာင္ အသက္ ၆၂ ႏွစ္ရွိ Haniyeh သည္ ဇူလိုင္လတြင္ အီရန္သမၼတ Masoud Pezeshkian ၏ က်မ္းသစၥာက်ိန္ဆိုပြဲသို႔ တက္ေရာက္ၿပီးေနာက္ အီရန္ႏိုင္ငံၿမိဳ႕ေတာ္ တီဟီရန္တြင္ အသတ္ခံခဲ့ရ သည္။ ဟားမတ္စ္ႏွင့္ အီရန္တို႔က Haniyeh ၏ ေသဆုံးမႈအတြက္ အစၥေရးကို အျပစ္တင္ခဲ့ၾကေသာ္လည္း အစၥေရး အစိုးရကမူ ၎ႏွင့္ပတ္သက္၍ တုံ႔ျပန္ျခင္း မရွိခဲ့ေပ။ ထိုအခ်ိန္မွစ၍ အီရန္ႏိုင္ငံ အပါအဝင္ ေဒသတြင္းရွိ ရန္သူမ်ားကို လုပ္ႀကံသတ္ျဖတ္ခဲ့ေသာ သမိုင္းေၾကာင္းရွိသည့္ အစၥေရးကို လက္တုံ႔ျပန္မည္ဟု တီဟီရန္က ကတိျပဳခဲ့သည္။
အီရန္၏ သေဘာထားမွတ္ခ်က္ကို တုံ႔ျပန္ရန္ သတင္းေထာက္မ်ားက အိမ္ျဖဴေတာ္ အမ်ိဳးသား လုံၿခဳံေရး ေျပာေရးဆိုခြင့္ရွိသူ John Kirby ကို ေမးျမန္းရာ အေမရိကန္သည္ အစၥေရးကို ကာကြယ္ရန္ အသင့္ရွိေၾကာင္း ေျပာၾကားခဲ့သည္။
အစၥေရးႏွင့္ အီရန္တို႔ၾကား ပဋိပကၡမ်ား ျပင္းထန္လာမည္ကို စိုးရိမ္မႈမ်ား ႀကီးထြားလာေနသည့္ၾကားက အေမရိကန္ စစ္တပ္သည္ ေလယာဥ္တင္သေဘၤာ အပါအဝင္ အေရွ႕အလယ္ပိုင္းတြင္ ေနာက္ထပ္ စစ္လက္နက္မ်ားစြာကို ျဖန႔္က်က္ခ်ထားေၾကာင္း ေၾကညာခဲ့သည္။ သို႔ေသာ္ အေမရိကန္ အပါအဝင္ အျခားအေနာက္ႏိုင္ငံမ်ားက တင္းမာမႈ မ်ား ေလ်ာ့ခ်ဖို႔လည္း ေတာင္းဆိုထားသည္။ ၾကာသပေတးေန႔တြင္ အေမရိကန္၊ ကာတာႏွင့္ အီဂ်စ္တို႔က ဂါဇာကမ္းေျမာင္ ေဒသတြင္ အပစ္အခတ္ရပ္စဲေရးအတြက္ အစၥေရးႏွင့္ ဟားမတ္စ္တို႔အၾကား ေတြ႕ဆုံေဆြးေႏြး မႈမ်ား ျပန္လည္စတင္ရန္ ပူးတြဲေၾကညာခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့သည္။

Al Jazeera ၏ အႀကီးတန္း ႏိုင္ငံေရးေလ့လာသုံးသပ္သူ Marwan Bishara က အေမရိကန္သည္ ႏိုဝင္ဘာလတြင္ က်င္းပမည့္ ေ႐ြးေကာက္ပြဲႏွင့္ နီးကပ္ေနသည့္အတြက္ ေဒသတြင္း ပိုမိုက်ယ္ျပန႔္ေသာ တင္းမာမႈမ်ားကို မျဖစ္ေစလိုေၾကာင္း ေျပာၾကားခဲ့သည္။
Bishara ၏ အဆိုအရ ဟားမတ္စ္အေနျဖင့္ စစ္ပြဲ ဆက္လက္မျဖစ္ပြားရန္ စစ္မွန္ေသာ အာမခံခ်က္မ်ားျဖစ္သည့္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ား လုပ္ေဆာင္ႏိုင္ေရးႏွင့္ အစၥေရး စစ္သားမ်ား နယ္ေျမမွ ဆုတ္ခြာေပးေရးတို႔ကို ေမွ်ာ္မွန္းေၾကာင္း သိရသည္။ ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရး ေအာင္ျမင္ပါက အီရန္သည္ Haniyeh လုပ္ႀကံခံရမႈကို တုံ႔ျပန္မည့္ကိစၥအား ေရွ႕ဆက္မည္လား (သို႔မဟုတ္) ေနာက္ဆုတ္မည္လားကိုမူ ရွင္းရွင္းလင္းလင္း မသိရေသးေပ။ ဗုဒၶဟူးေန႔တြင္ ဟားမတ္စ္သည္ Haniyeh ကို ဆက္ခံရန္ ၎၏ ႏိုင္ငံေရးေခါင္းေဆာင္အသစ္ အျဖစ္ ဂါဇာရွိ ၎၏ ထိပ္တန္းအရာရွိ Yahya Sinwar ကို ေ႐ြးခ်ယ္ခဲ့သည္။

Related news

© 2021. All rights reserved.