မန္တလေးတွင် မီနီအိုးဝေလုယက်၊ ခိုးယူမှုဖြစ်စဉ်များလာသောကြောင့် GPS စနစ်တပ်ဆင်သူများလာသည့်အပြင် အချိန်ကန့်သတ်ပြေးဆွဲမှုပါ ပြုလုပ်လာ
3106
သန့်ဇင် (NP News) - ဩဂုတ် ၁ဝ
မြန်မာနိုင်ငံ၏ လူဦးရေအများဆုံးနေထိုင်ရာ မြို့ကြီးတစ်မြို့ဖြစ်သော မန္တလေးမြို့တွင် မီနီအိုးဝေလုယက်၊ ခိုးယူမှုဖြစ်စဉ်များလာသောကြောင့် GPS စနစ်တပ်ဆင်သူများလာသည့်အပြင် အချိန်ကန့်သတ်ပြေးဆွဲမှုများပါ ပြုလုပ်လာရကြောင်း NP News မှ မေးမြန်းစုံစမ်းထားချက်များအရ သိရသည်။
မီနီအိုးဝေအငှားယာဉ်များသည် မန္တလေးမြို့တွင် အများပြည်သူအသုံးပြုမှုများပြားသော ယာဉ်များဖြစ်ကာ ၂၀၂၂ ခုနှစ်မှစတင်၍ မီနီအိုးဝေယာဉ်နှင့် ပိုက်ဆံများကို လုယက်လိုသော မသမာသူများက အိုးဝေယာဉ်မောင်းကို သတ်ဖြတ်ခြင်း၊ အကြမ်းဖက်ခြင်းပြုလုပ်လာသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်လာကြခြင်းဖြစ်ကြောင်း သိရသည်။
“အရင်တုန်းကတော့ လမ်းမှာတားရင်ကျွန်တော်တို့က ရပ်ပြီးတင်တာပေါ့နော်။ အခုနောက်ပိုင်းတော့ လမ်းမှာတားရင်လည်း ကျွန်တော်တို့က ငှားလည်းမတင်နိုင်တော့ဘူးပေါ့။ မတင်ရဲတော့ဘူးပေါ့။ အဲဒါနဲ့ အခုနောက်ပိုင်းဘာတွေလုပ်လာလဲဆိုတော့ အိုးဝေတော်တော်များများ ပေါ့နော်။ သူ့အဖွဲ့တွေနဲ့သူ သတိပေးထားရတာမျိုးပေါ့။ အခုဆိုရင် တော်တော်များများက အဝေးတွေဆိုရင် မလိုက်တော့ဘူး။ မန္တလေးဧရိယာအတွင်းတောင် လူပြတ်တဲ့နေရာဆိုရင် မလိုက်တော့ဘူး။ ပြီးတော့ သူ့အဖွဲ့တွေနဲ့သူတို့ချိတ်ပြီး လမ်းကြောင်းအခြေအနေကောင်းလားဆိုပြီး ချိတ်ပြီးသွားရတာပေါ့”ဟု မီနီအိုးဝေယာဉ်မောင်းတစ်ဦးက ဆိုသည်။
ထို့ပြင် မီနီအိုးဝေလုယက်ခံရမှုနှင့် ခိုးယူခံရမှုများကြောင့် အဆိုပါဖြစ်စဉ်ဖြစ်ပေါ်လာပါက အလွယ်တကူရှာဖွေရေးလွယ်ကူစေရန် ယာဉ်မောင်းအများစုမှာ ၎င်းတို့၏ ယာဉ်များတွင် GPS စနစ်တပ်ဆင်အသုံးပြုလာကြကြောင်း သိရသည်။ “အိုးဝေတွေမှာ GPS တပ်ပြီး သုံးတာတွေများလာတယ်လို့ GPS တပ်ဆင်တဲ့ရုံးက ပြောပြလို့ သိရတာပေါ့။ အိုးဝေ ဈေးကလည်း အရင်က Light Truck ဈေးနီးပါးရှိနေတော့ ဘယ်သူမှလည်း တော်ရုံမဝယ်နိုင်ကြတော့ဘူးပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် မန္တလေးမြို့၌ဖြစ်ပေါ်နေသည့် လုယက်မှုများကြောင့် မီနီအိုးဝေယာဉ်မောင်းများသည် ညနေပိုင်းတွင် ပုံမှန်ပြေးဆွဲချိန်ထက် လျှော့ချကာ ပြေးဆွဲနေရကြောင်း သိရသည်။ “အခုနောက်ပိုင်းက ဝင်ငွေနည်းလာတာပေါ့နော်။ အရင်တုန်းကဆိုရင် လိုက်တယ်။ နေ့ခင်းလည်း လိုက်တယ်။ ညလည်းလိုက်တယ်။ ဘယ်အချိန်ဖြစ်ဖြစ် လိုက်တယ်ပေါ့နော်။ စောစောကပြောသလိုပေါ့နော်။ ခိုးဆိုးလုယက်တွေရဲ့ ပရောဂလည်းကြောက်တဲ့ အတွက်ကြောင့်မို့လို့ အခုဆိုရင် တစ်ရက်မှာ (၁၀၀၀၀)၊ (၁၀၀၀၀)ကျော်လောက်လေးပဲ အခုနောက်ပိုင်းကလည်း ပုံမှန်လိုပြန်ဖြစ်နေတာပေါ့။ အချိန်ကတော့ အခုနောက်ပိုင်း ညနေ ၆နာရီနဲ့ ၆နာရီခွဲဆိုရင် ပြန်ပြီ။ အားလုံးနီးပါးက ည ၇နာရီဆို အိမ်ပြန်ရောက်ပြီ”ဟု မန္တလေးမြို့မှ မီနီအိုးဝေယာဉ် မောင်းက ပြောသည်။
ထို့ပြင် စက်သုံးဆီပြဿနာများကြောင့်လည်း ယခင်က ပြေးဆွဲဝန်ဆောင်မှုပေးသည့် ခရီးအတိုင်းအတာမှ လက်ရှိတွင် အကန့်အသက် ဖြင့်သာ ခရီးသည်အပေါ် ဝန်ဆောင်မှုပေးရသည့် အခြေအနေများနှင့်လည်း ရင်ဆိုင်လာခဲ့ကြောင်း သိရသည်။ “စက်သုံးဆီဆိုရင် ကျွန်တော်တို့မှာ အမြဲတမ်းဖောက်သည်ရှိတယ်ပေါ့နော်။ အခုနောက်ပိုင်းကတော့ ချွေတာပြီးသွားလာရတယ်ဆိုတဲ့ သဘောပေါ့နော်။ အဲဒီတော့ ဆီဂိတ်ကိုကြည့်ပြီးတော့ Limit နဲ့သွားနေရတာပေါ့နော်။ မန္တလေးက ဆီဆိုင်တွေကလည်း Limit နဲ့ပေးတာဆို တော့ အများပြည်သူအပြည့်ရအောင်လုပ်နေရတာပေါ့။ အရင်ကဆိုရင် ဆီတိုင်ကီအပြည့်ထည့်လိုက်လို့ရတယ်။ နောက်ပြီး ဆီကလည်း တိုးနေရတာနဲ့ အချိန်ပေးရတာတွေရှိတယ်။ တစ်ခါတိုးရင် နာရီဝက်၊ ၄၅ မိနစ်ပေးရတာရှိတယ်”ဟု ၄င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် မန္တလေးမြို့ရှိ မီနီအိုးဝေဈေးကွက်၌ မီနီအိုးဝေတစ်စီးလျှင် ငွေကျပ်(၁၈၆)သိန်းမှ ငွေကျပ်သိန်း(၂၀၀)အကြားတွင်ရှိပြီး မန္တလေးတိုင်းတစ်တိုင်းလုံးတွင် မီနီအိုးဝေအစီးရေ(၄၀၀၀၀)ကျော်ရှိကြောင်း သိရသည်။
zawgyi version
မႏၲေလးတြင္ မီနီအိုးေဝလုယက္၊ ခိုးယူမႈျဖစ္စဥ္မ်ားလာေသာေၾကာင့္ GPS စနစ္တပ္ဆင္သူမ်ားလာသည့္အျပင္ အခ်ိန္ကန႔္သတ္ေျပးဆြဲမႈပါ ျပဳလုပ္လာ
သန႔္ဇင္ (NP News) - ဩဂုတ္ ၁ဝ
ျမန္မာႏိုင္ငံ၏ လူဦးေရအမ်ားဆုံးေနထိုင္ရာ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္ေသာ မႏၲေလးၿမိဳ႕တြင္ မီနီအိုးေဝလုယက္၊ ခိုးယူမႈျဖစ္စဥ္မ်ားလာေသာေၾကာင့္ GPS စနစ္တပ္ဆင္သူမ်ားလာသည့္အျပင္ အခ်ိန္ကန႔္သတ္ေျပးဆြဲမႈမ်ားပါ ျပဳလုပ္လာရေၾကာင္း NP News မွ ေမးျမန္းစုံစမ္းထားခ်က္မ်ားအရ သိရသည္။
မီနီအိုးေဝအငွားယာဥ္မ်ားသည္ မႏၲေလးၿမိဳ႕တြင္ အမ်ားျပည္သူအသုံးျပဳမႈမ်ားျပားေသာ ယာဥ္မ်ားျဖစ္ကာ ၂၀၂၂ ခုႏွစ္မွစတင္၍ မီနီအိုးေဝယာဥ္ႏွင့္ ပိုက္ဆံမ်ားကို လုယက္လိုေသာ မသမာသူမ်ားက အိုးေဝယာဥ္ေမာင္းကို သတ္ျဖတ္ျခင္း၊ အၾကမ္းဖက္ျခင္းျပဳလုပ္လာသည့္အတြက္ ယခုကဲ့သို႔ ေဆာင္႐ြက္လာၾကျခင္းျဖစ္ေၾကာင္း သိရသည္။
“အရင္တုန္းကေတာ့ လမ္းမွာတားရင္ကြၽန္ေတာ္တို႔က ရပ္ၿပီးတင္တာေပါ့ေနာ္။ အခုေနာက္ပိုင္းေတာ့ လမ္းမွာတားရင္လည္း ကြၽန္ေတာ္တို႔က ငွားလည္းမတင္ႏိုင္ေတာ့ဘူးေပါ့။ မတင္ရဲေတာ့ဘူးေပါ့။ အဲဒါနဲ႔ အခုေနာက္ပိုင္းဘာေတြလုပ္လာလဲဆိုေတာ့ အိုးေဝေတာ္ေတာ္မ်ားမ်ား ေပါ့ေနာ္။ သူ႔အဖြဲ႕ေတြနဲ႔သူ သတိေပးထားရတာမ်ိဳးေပါ့။ အခုဆိုရင္ ေတာ္ေတာ္မ်ားမ်ားက အေဝးေတြဆိုရင္ မလိုက္ေတာ့ဘူး။ မႏၲေလးဧရိယာအတြင္းေတာင္ လူျပတ္တဲ့ေနရာဆိုရင္ မလိုက္ေတာ့ဘူး။ ၿပီးေတာ့ သူ႔အဖြဲ႕ေတြနဲ႔သူတို႔ခ်ိတ္ၿပီး လမ္းေၾကာင္းအေျခအေနေကာင္းလားဆိုၿပီး ခ်ိတ္ၿပီးသြားရတာေပါ့”ဟု မီနီအိုးေဝယာဥ္ေမာင္းတစ္ဦးက ဆိုသည္။
ထို႔ျပင္ မီနီအိုးေဝလုယက္ခံရမႈႏွင့္ ခိုးယူခံရမႈမ်ားေၾကာင့္ အဆိုပါျဖစ္စဥ္ျဖစ္ေပၚလာပါက အလြယ္တကူရွာေဖြေရးလြယ္ကူေစရန္ ယာဥ္ေမာင္းအမ်ားစုမွာ ၎တို႔၏ ယာဥ္မ်ားတြင္ GPS စနစ္တပ္ဆင္အသုံးျပဳလာၾကေၾကာင္း သိရသည္။ “အိုးေဝေတြမွာ GPS တပ္ၿပီး သုံးတာေတြမ်ားလာတယ္လို႔ GPS တပ္ဆင္တဲ့႐ုံးက ေျပာျပလို႔ သိရတာေပါ့။ အိုးေဝ ေဈးကလည္း အရင္က Light Truck ေဈးနီးပါးရွိေနေတာ့ ဘယ္သူမွလည္း ေတာ္႐ုံမဝယ္ႏိုင္ၾကေတာ့ဘူးေပါ့”ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ မႏၲေလးၿမိဳ႕၌ျဖစ္ေပၚေနသည့္ လုယက္မႈမ်ားေၾကာင့္ မီနီအိုးေဝယာဥ္ေမာင္းမ်ားသည္ ညေနပိုင္းတြင္ ပုံမွန္ေျပးဆြဲခ်ိန္ထက္ ေလွ်ာ့ခ်ကာ ေျပးဆြဲေနရေၾကာင္း သိရသည္။ “အခုေနာက္ပိုင္းက ဝင္ေငြနည္းလာတာေပါ့ေနာ္။ အရင္တုန္းကဆိုရင္ လိုက္တယ္။ ေန႔ခင္းလည္း လိုက္တယ္။ ညလည္းလိုက္တယ္။ ဘယ္အခ်ိန္ျဖစ္ျဖစ္ လိုက္တယ္ေပါ့ေနာ္။ ေစာေစာကေျပာသလိုေပါ့ေနာ္။ ခိုးဆိုးလုယက္ေတြရဲ႕ ပေရာဂလည္းေၾကာက္တဲ့ အတြက္ေၾကာင့္မို႔လို႔ အခုဆိုရင္ တစ္ရက္မွာ (၁၀၀၀၀)၊ (၁၀၀၀၀)ေက်ာ္ေလာက္ေလးပဲ အခုေနာက္ပိုင္းကလည္း ပုံမွန္လိုျပန္ျဖစ္ေနတာေပါ့။ အခ်ိန္ကေတာ့ အခုေနာက္ပိုင္း ညေန ၆နာရီနဲ႔ ၆နာရီခြဲဆိုရင္ ျပန္ၿပီ။ အားလုံးနီးပါးက ည ၇နာရီဆို အိမ္ျပန္ေရာက္ၿပီ”ဟု မႏၲေလးၿမိဳ႕မွ မီနီအိုးေဝယာဥ္ ေမာင္းက ေျပာသည္။
ထို႔ျပင္ စက္သုံးဆီျပႆနာမ်ားေၾကာင့္လည္း ယခင္က ေျပးဆြဲဝန္ေဆာင္မႈေပးသည့္ ခရီးအတိုင္းအတာမွ လက္ရွိတြင္ အကန႔္အသက္ ျဖင့္သာ ခရီးသည္အေပၚ ဝန္ေဆာင္မႈေပးရသည့္ အေျခအေနမ်ားႏွင့္လည္း ရင္ဆိုင္လာခဲ့ေၾကာင္း သိရသည္။ “စက္သုံးဆီဆိုရင္ ကြၽန္ေတာ္တို႔မွာ အၿမဲတမ္းေဖာက္သည္ရွိတယ္ေပါ့ေနာ္။ အခုေနာက္ပိုင္းကေတာ့ ေခြၽတာၿပီးသြားလာရတယ္ဆိုတဲ့ သေဘာေပါ့ေနာ္။ အဲဒီေတာ့ ဆီဂိတ္ကိုၾကည့္ၿပီးေတာ့ Limit နဲ႔သြားေနရတာေပါ့ေနာ္။ မႏၲေလးက ဆီဆိုင္ေတြကလည္း Limit နဲ႔ေပးတာဆို ေတာ့ အမ်ားျပည္သူအျပည့္ရေအာင္လုပ္ေနရတာေပါ့။ အရင္ကဆိုရင္ ဆီတိုင္ကီအျပည့္ထည့္လိုက္လို႔ရတယ္။ ေနာက္ၿပီး ဆီကလည္း တိုးေနရတာနဲ႔ အခ်ိန္ေပးရတာေတြရွိတယ္။ တစ္ခါတိုးရင္ နာရီဝက္၊ ၄၅ မိနစ္ေပးရတာရွိတယ္”ဟု ၄င္းက ဆက္လက္ေျပာသည္။
လက္ရွိတြင္ မႏၲေလးၿမိဳ႕ရွိ မီနီအိုးေဝေဈးကြက္၌ မီနီအိုးေဝတစ္စီးလွ်င္ ေငြက်ပ္(၁၈၆)သိန္းမွ ေငြက်ပ္သိန္း(၂၀၀)အၾကားတြင္ရွိၿပီး မႏၲေလးတိုင္းတစ္တိုင္းလုံးတြင္ မီနီအိုးေဝအစီးေရ(၄၀၀၀၀)ေက်ာ္ရွိေၾကာင္း သိရသည္။