ဆန္ဒပြပွဲများကို ထိန်းသိမ်းနိုင်ရန်အတွက် အထူးလေ့ကျင့်ထားသည့် ရဲတပ်ဖွဲ့ဝင်များ ပိုမိုဖြန့်ကျက်ချထားမည်ဟု ဗြိတိန်အစိုးရပြော

 1767

ဂျန်ဇက် (NP News) - ဩဂုတ် ၁ဝ

ဗြိတိန်နိုင်ငံတွင် ဆန္ဒပြပွဲအရှိန်မြင့်တက်လာခဲ့ပြီးနောက်ပိုင်း အစိုးရသည် အကြမ်းဖက်ဆန္ဒပြသူများကို ထိန်းသိမ်းနိုင်ရန်အတွက် အထူးလေ့ကျင့်ထားသည့် ရဲတပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ချထားမည်ဖြစ်ကြောင်း သိရသည်။

လူမှုကွန်ရက်တွင် မဟုတ်မမှန်သတင်းများ ရက်ပေါင်းများစွာကြာ ပျံ့နှံ့လာခဲ့ပြီးနောက်ပိုင်း ဗြိတိန်အစိုးရက လူမှုကွန်ရက်များကို ထိန်းချုပ်နိုင်ရန် စီစဉ်လာခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် လက်ယာစွန်းရောက်နိုင်ငံရေးသမားများက သြဂုတ်လ ၇ ရက်နေ့နောက်ပိုင်းတည်းက ပြည်သူများကို ပစ်မှတ်ထားပြီး မတည်ငြိမ်မှုများဖြစ်လာစေရန် လုပ်ဆောင်နေရာ ရဲတပ်ဖွဲ့ဝင် အရေအတွက် တိုးမြှင့်ချထားမည်ဟု ဗြိတိန်ဝန်ကြီးချုပ်က ပြောသည်။ ဗြိတိန်နိုင်ငံတွင် ရွှေ့ပြောင်းသွားလာသူများ ဆန့်ကျင်ရေးဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ဆန္ဒပြသူများသည် မွတ်စလင်များနှင့် ရွှေ့ပြောင်းသွားလာသူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများလုပ်ဆောင်လာခဲ့ကြောင်းသိရသည်။

ဆန္ဒပြသူများသည် ရွှေ့ပြောင်းသွားလာသူများ နှင့် နိုင်ငံရေးခိုလှုံခွင့်ရရှိရန်ကြိုးပမ်းနေသူများနေထိုင်နေသည့် အိမ်ယာများ၊ ဗလီများကို အရှိန်မြင့်တိုက်ခိုက်ခြင်းများရှိခဲ့ကြောင်း သိရသည်။ ဗြိတိန်ဝန်ကြီးချုပ်က "အကြမ်း ဖက်မှုတိုက်ခိုက်မှုများကို တရားစွဲဆိုသွားမယ်။ တရားမျှတမှုရအောင်လုပ်ဆောင်ပေးသွားမယ်"ဟု ပြောသည်။ လက်ယာစွန်းရောက် ဆန္ဒပြသူများသည် ဇူလိုင် ၁၀ ရက်နေ့တွင် ဆန္ဒပြရန် စီစဉ်ထားပြီး ယင်းဆန္ဒပြပွဲကိုဆန္ဒပြသူ ဘယ်လောက်လာရောက်မည်ဆိုသောအချက်နှင့်စီစဉ်ထားသည့် ဆန္ဒပြပွဲများကို အစီအစဉ်များအတိုင်း လုပ်ဆောင်နိုင်မည်ဆိုသောအချက်ကို အတိအကျမသိသေးကြောင်း ဗြိတိန်အာဏာပိုင်များက ပြော သည်။ ဗြိတိန်ရဲတပ်ဖွဲ့က ဆန္ဒပြအုပ်စုများကို ထိန်းသိမ်းနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးထားသည့် ရဲတပ်ဖွဲ့ဝင် (၆၀၀၀)ကို ဇူလိုင် ၁၀ ရက်နေ့မှစတင်ပြီး ဖြန့်ကျက်ချထားမည်ဟု ပြောသည်။

zawgyi version
ဆႏၵျပပြဲမ်ားကို ထိန္းသိမ္းႏိုင္ရန္အတြက္ အထူးေလ့က်င့္ထားသည့္ ရဲတပ္ ဖြဲ႕ဝင္မ်ား ပိုမိုျဖန႔္က်က္ခ်ထားမည္ဟု ၿဗိတိန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁ဝ

ၿဗိတိန္ႏိုင္ငံတြင္ ဆႏၵျပပြဲအရွိန္ျမင့္တက္လာခဲ့ၿပီးေနာက္ပိုင္း အစိုးရသည္ အၾကမ္းဖက္ဆႏၵျပသူမ်ားကို ထိန္းသိမ္းႏိုင္ရန္အတြက္ အထူးေလ့က်င့္ထားသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားကို ျဖန႔္က်က္ခ်ထားမည္ျဖစ္ေၾကာင္း သိရသည္။

လူမႈကြန္ရက္တြင္ မဟုတ္မမွန္သတင္းမ်ား ရက္ေပါင္းမ်ားစြာၾကာ ပ်ံ႕ႏွံ႔လာခဲ့ၿပီးေနာက္ပိုင္း ၿဗိတိန္အစိုးရက လူမႈကြန္ရက္မ်ားကို ထိန္းခ်ဳပ္ႏိုင္ရန္ စီစဥ္လာျခင္းျဖစ္သည္။ ၿဗိတိန္ႏိုင္ငံတြင္ လက္ယာစြန္းေရာက္ႏိုင္ငံေရးသမားမ်ားက ၾသဂုတ္လ ၇ ရက္ေန႔ေနာက္ပိုင္းတည္းက ျပည္သူမ်ားကို ပစ္မွတ္ထားၿပီး မတည္ၿငိမ္မႈမ်ားျဖစ္လာေစရန္ လုပ္ေဆာင္ေနရာ ရဲတပ္ဖြဲ႕ဝင္ အေရအတြက္ တိုးျမႇင့္ခ်ထားမည္ဟု ၿဗိတိန္ဝန္ႀကီးခ်ဳပ္က ေျပာသည္။ ၿဗိတိန္ႏိုင္ငံတြင္ ေ႐ႊ႕ေျပာင္းသြားလာသူမ်ား ဆန႔္က်င္ေရးဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ဆႏၵျပသူမ်ားသည္ မြတ္စလင္မ်ားႏွင့္ ေ႐ႊ႕ေျပာင္းသြားလာသူမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ျခင္းမ်ားလုပ္ေဆာင္လာခဲ့ေၾကာင္းသိရသည္။

ဆႏၵျပသူမ်ားသည္ ေ႐ႊ႕ေျပာင္းသြားလာသူမ်ား ႏွင့္ ႏိုင္ငံေရးခိုလႈံခြင့္ရရွိရန္ႀကိဳးပမ္းေနသူမ်ားေနထိုင္ေနသည့္ အိမ္ယာမ်ား၊ ဗလီမ်ားကို အရွိန္ျမင့္တိုက္ခိုက္ျခင္းမ်ားရွိခဲ့ေၾကာင္း သိရသည္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္က "အၾကမ္း ဖက္မႈတိုက္ခိုက္မႈမ်ားကို တရားစြဲဆိုသြားမယ္။ တရားမွ်တမႈရေအာင္လုပ္ေဆာင္ေပးသြားမယ္"ဟု ေျပာသည္။ လက္ယာစြန္းေရာက္ ဆႏၵျပသူမ်ားသည္ ဇူလိုင္ ၁၀ ရက္ေန႔တြင္ ဆႏၵျပရန္ စီစဥ္ထားၿပီး ယင္းဆႏၵျပပြဲကိုဆႏၵျပသူ ဘယ္ေလာက္လာေရာက္မည္ဆိုေသာအခ်က္ႏွင့္စီစဥ္ထားသည့္ ဆႏၵျပပြဲမ်ားကို အစီအစဥ္မ်ားအတိုင္း လုပ္ေဆာင္ႏိုင္မည္ဆိုေသာအခ်က္ကို အတိအက်မသိေသးေၾကာင္း ၿဗိတိန္အာဏာပိုင္မ်ားက ေျပာ သည္။ ၿဗိတိန္ရဲတပ္ဖြဲ႕က ဆႏၵျပအုပ္စုမ်ားကို ထိန္းသိမ္းႏိုင္ရန္အတြက္ ေလ့က်င့္သင္ၾကားေပးထားသည့္ ရဲတပ္ဖြဲ႕ဝင္ (၆၀၀၀)ကို ဇူလိုင္ ၁၀ ရက္ေန႔မွစတင္ၿပီး ျဖန႔္က်က္ခ်ထားမည္ဟု ေျပာသည္။

Related news

© 2021. All rights reserved.