နွားထိုးကြီးမြို့တွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်၍ မြို့ခံများပိတ်မိနေ

 10419

NP News - ဩဂုတ် ၁ဝ

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့တွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်၍ မြို့ခံများပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညပိုင်းမှစတင်ကာ နွားထိုးကြီးမြို့ရှိ တပ်မတော်လုံခြုံရေးစခန်းများကို PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့(ဩဂုတ်လ ၁၀ ရက်)၊ နံနက်ပိုင်းအထိ နှစ်ဖက်အကြားတိုက်ပွဲများပြင်းထန်ခဲ့ကာ မြို့ခံပြည်သူများလည်း ပိတ်မိကြောင်း သိရသည်။

“နွားထိုးကြီးကို ညက ၁၀ နာရီလောက်တည်းက ဝင်တိုက်နေတာ။ နွားထိုးကြီမြို့ခံတွေ ပိတ်မိနေတယ်။ နွားထိုးကြီးရဲစခန်းလည်း အပျက်အစီးရှိတယ်။ မနက်ပိုင်းကတော့ လေယာဉ်သံတွေကြားရတယ်။ ဘဏ်လည်း ပိတ်ထားရတယ်။ ဖုန်းလိုင်းတွေလည်း မရတော့ဘူး” ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။

ထို့ပြင် မြင်းခြံခရိုင်တပ်ရင်း(၄)က မြင်းခြံ-တောင်သာ-နွားထိုးကြီးလမ်းတစ်လျှောက်ကို ယာယီပိတ်ဆို့ထားကြောင်းလည်း ၎င်းတို့အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အလားတူ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင်လည်း PDF ပူးပေါင်းအဖွဲ့က မြို့ပေါ်တွင် တိုက်ပွဲမျာ းဖော်ဆောင်လာမည်ကို စိုးရိမ်၍ မြို့ခံပြည်သူများစွာ စစ်ဘေးရှောင်ရန်ပြင်ဆင်နေကြပြီဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

“မြင်းခြံက လူတွေကလည်း တိုက်ပွဲဖြစ်မှာစိုးရိမ်ပြီး ပြောင်းဖို့လုပ်နေကြတယ်။ မြင်းခြံကလူတွေကတော့ ရန်ကုန်ဘက်ပဲ ရှောင်ကြမှာ။ တချို့ကလည်း နေပြည်တော်ဘက်ကို ရှောင်ကြလိမ့်မယ်။ အစ်မနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကတော့ မနက်ဖြန်ရှောင်ကြမှာလို့ သိရတယ်။ အဲဒီဘက်မှာ တော်တော် အခြေအနေဆိုးနေတာ”ဟု ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စဉ့်ကူးမြို့ နယ် နှင့် မတ္တရာမြို့နယ်တို့တွင် PDF ပူးပေါင်းအဖွဲ့က တိုက်ပွဲများ ဖော်ဆောင်ခဲ့ဖူးသည်။

Zawgyi Version;
ႏြားထိုးႀကီးၿမိဳ႕တြင္ တပ္မေတာ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ႏွင့္ PDF ပူးေပါင္းအဖြဲ႕တို႔ တိုက္ပြဲျပင္းထန္၍ ၿမိဳ႕ခံမ်ားပိတ္မိေန
NP News - ဩဂုတ္ ၁ဝ

မႏၲေလးတိုင္းေဒသႀကီး၊ ႏြားထိုးႀကီးၿမိဳ႕တြင္ တပ္မေတာ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ႏွင့္ PDF ပူးေပါင္းအဖြဲ႕တို႔ တိုက္ပြဲျပင္းထန္၍ ၿမိဳ႕ခံမ်ားပိတ္မိေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ယမန္ေန႔ (ဩဂုတ္လ ၉ ရက္) ညပိုင္းမွစတင္ကာ ႏြားထိုးႀကီးၿမိဳ႕ရွိ တပ္မေတာ္လုံၿခဳံေရးစခန္းမ်ားကို PDF ပူးေပါင္းအဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ယေန႔(ဩဂုတ္လ ၁၀ ရက္)၊ နံနက္ပိုင္းအထိ ႏွစ္ဖက္အၾကားတိုက္ပြဲမ်ားျပင္းထန္ခဲ့ကာ ၿမိဳ႕ခံျပည္သူမ်ားလည္း ပိတ္မိေၾကာင္း သိရသည္။

“ႏြားထိုးႀကီးကို ညက ၁၀ နာရီေလာက္တည္းက ဝင္တိုက္ေနတာ။ ႏြားထိုးႀကီၿမိဳ႕ခံေတြ ပိတ္မိေနတယ္။ ႏြားထိုးႀကီးရဲစခန္းလည္း အပ်က္အစီးရွိတယ္။ မနက္ပိုင္းကေတာ့ ေလယာဥ္သံေတြၾကားရတယ္။ ဘဏ္လည္း ပိတ္ထားရတယ္။ ဖုန္းလိုင္းေတြလည္း မရေတာ့ဘူး” ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

ထို႔ျပင္ ျမင္းၿခံခ႐ိုင္တပ္ရင္း(၄)က ျမင္းၿခံ-ေတာင္သာ-ႏြားထိုးႀကီးလမ္းတစ္ေလွ်ာက္ကို ယာယီပိတ္ဆို႔ထားေၾကာင္းလည္း ၎တို႔အဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။ အလားတူ မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕တြင္လည္း PDF ပူးေပါင္းအဖြဲ႕က ၿမိဳ႕ေပၚတြင္ တိုက္ပြဲမ်ာ းေဖာ္ေဆာင္လာမည္ကို စိုးရိမ္၍ ၿမိဳ႕ခံျပည္သူမ်ားစြာ စစ္ေဘးေရွာင္ရန္ျပင္ဆင္ေနၾကၿပီျဖစ္ေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။

“ျမင္းၿခံက လူေတြကလည္း တိုက္ပြဲျဖစ္မွာစိုးရိမ္ၿပီး ေျပာင္းဖို႔လုပ္ေနၾကတယ္။ ျမင္းၿခံကလူေတြကေတာ့ ရန္ကုန္ဘက္ပဲ ေရွာင္ၾကမွာ။ တခ်ိဳ႕ကလည္း ေနျပည္ေတာ္ဘက္ကို ေရွာင္ၾကလိမ့္မယ္။ အစ္မနဲ႔ရင္းႏွီးတဲ့မိတ္ေဆြေတြကေတာ့ မနက္ျဖန္ေရွာင္ၾကမွာလို႔ သိရတယ္။ အဲဒီဘက္မွာ ေတာ္ေတာ္ အေျခအေနဆိုးေနတာ”ဟု ၎က ဆက္လက္ေျပာသည္။

ၿပီးခဲ့သည့္ရက္ပိုင္းကလည္း မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ စဥ့္ကူးၿမိဳ႕ နယ္ ႏွင့္ မတၱရာၿမိဳ႕နယ္တို႔တြင္ PDF ပူးေပါင္းအဖြဲ႕က တိုက္ပြဲမ်ား ေဖာ္ေဆာင္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.