ဆိုးလ်မြို့မှာ မြေအောက်ကားပါကင်အတွင်း EV ကားများ အလွန်အကျွံအားသွင်းခြင်းကို တားမြစ်ထား
1214
ရောင်နီ (NP News) - သြဂုတ် ၁၁
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အစိုးရဟာ လူနေအဆောက်အအုံ၊ မြေအောက်ကားပါကင်တွေမှာ EV ကား တွေ အားပိုလျှံပြီး မီးလောင်ကျွမ်းခြင်းမှ ကာကွယ်ဖို့ အစီအမံအသစ်အနေနဲ့ ဘတ်ထရီရဲ့ ၉၀ ရာခိုင်နှုန်းကျော်ထိ အားသွင်းခြင်းမျိုး မလုပ်ဖို့ သြဂုတ်လ ၉ ရက်က ကြေညာခဲ့ပါတယ်။
EV ကားတွေဟာ ဓာတ်အားသွင်းရာမှာ အလွန်အကျွံ အားသွင်းမိရင် ပြင်ပသက်ရောက်မှုနဲ့ ဘက်ထရီချို့ယွင်းမှု အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မီးလောင်မှုဖြစ်ပွားနိုင်တယ်လို့ စည်ပင်သာယာရေးအဖွဲ့က ဆိုပါတယ်။ တောင်ကိုရီးယား၊ အင်ချွန်းမှာ ဩဂုတ်လ ၁ ရက်က Mercedes-Benz EV တစ်စီး မြေအောက်ကားပါကင်မှာ မီးလောင်ခဲ့ပြီး ကားအစီးရေ ၁၄၀ ပျက်စီးကာ တိုက်ခန်း အဆောက်အအုံစနစ်တွေကိုပါ ထိခိုက်ခဲ့တဲ့ဖြစ်ရပ်တစ်ခု အပြီး သီတင်းတစ်ပတ်အကြာမှာ အခုလို မူဝါဒထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
ဒါကြောင့် ဆိုးလ်မြို့တော် အစိုးရဟာ မြေအောက်ကားပါကင်တွေမှာ EV ကားရဲ့အများဆုံး ၉ဝ ရာခိုင်နှုန်း ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ပမာဏသာ အားသွင်းဖို့ အကြံပြုထားပြီး တိုက်ခန်းစီမံခန့်ခွဲမှုစည်းမျဉ်းတွေအတွက် လမ်းညွှန်ချက်တွေကိုတော့ စက်တင်ဘာလကုန်မှာ အပ်ဒိတ်လုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါအပြင် စက်တင်ဘာလမှစ အများပြည်သူသုံး ကားရပ်နားရာနေရာတွေမှာ EV ကားတွေရဲ့အမြင့်ဆုံး အားသွင်းနှုန်းကို ၈ဝ ရာခိုင်နှုန်းအထိ လျှော့ချသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် တိုက်ခန်းပါကင်နေရာတွေမှာ တပ်ဆင်ထားတဲ့ EV အားသွင်းပစ္စည်းများအတွက် အရေးပေါ်မီးဘေးကင်းရေးစစ်ဆေးမှုတွေကိုလည်း ပြုလုပ်မယ်လို့ သိရပါတယ်။
သြဂုတ်လ ၉ ရက်က ပြုလုပ်တဲ့ရှင်းလင်းပွဲမှာ မြို့တော်အစိုးရမှ တင်ပြထားတဲ့အချက်အလက်တွေအရ နိုင်ငံမှာ ၂၀၁၈ ခုနှစ် မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ အတွင်း EV ကားကြောင့် မီးလောင်မှု ၁၈၇ မှုထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
ဆိုးလ္ၿမိဳ႕မွာ ေျမေအာက္ကားပါကင္အတြင္း EV ကားမ်ား အလြန္အကြၽံအားသြင္းျခင္းကို တားျမစ္ထား
ေရာင္နီ (NP News) - ၾသဂုတ္ ၁၁
ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ေတာ္အစိုးရဟာ လူေနအေဆာက္အအုံ၊ ေျမေအာက္ကားပါကင္ေတြမွာ EV ကား ေတြ အားပိုလွ်ံၿပီး မီးေလာင္ကြၽမ္းျခင္းမွ ကာကြယ္ဖို႔ အစီအမံအသစ္အေနနဲ႔ ဘတ္ထရီရဲ႕ ၉၀ ရာခိုင္ႏႈန္းေက်ာ္ထိ အားသြင္းျခင္းမ်ိဳး မလုပ္ဖို႔ ၾသဂုတ္လ ၉ ရက္က ေၾကညာခဲ့ပါတယ္။
EV ကားေတြဟာ ဓာတ္အားသြင္းရာမွာ အလြန္အကြၽံ အားသြင္းမိရင္ ျပင္ပသက္ေရာက္မႈနဲ႔ ဘက္ထရီခ်ိဳ႕ယြင္းမႈ အပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မီးေလာင္မႈျဖစ္ပြားႏိုင္တယ္လို႔ စည္ပင္သာယာေရးအဖြဲ႕က ဆိုပါတယ္။ ေတာင္ကိုရီးယား၊ အင္ခြၽန္းမွာ ဩဂုတ္လ ၁ ရက္က Mercedes-Benz EV တစ္စီး ေျမေအာက္ကားပါကင္မွာ မီးေလာင္ခဲ့ၿပီး ကားအစီးေရ ၁၄၀ ပ်က္စီးကာ တိုက္ခန္း အေဆာက္အအုံစနစ္ေတြကိုပါ ထိခိုက္ခဲ့တဲ့ျဖစ္ရပ္တစ္ခု အၿပီး သီတင္းတစ္ပတ္အၾကာမွာ အခုလို မူဝါဒထြက္ေပၚလာျခင္းျဖစ္ပါတယ္။
ဒါေၾကာင့္ ဆိုးလ္ၿမိဳ႕ေတာ္ အစိုးရဟာ ေျမေအာက္ကားပါကင္ေတြမွာ EV ကားရဲ႕အမ်ားဆုံး ၉ဝ ရာခိုင္ႏႈန္း ဒါမွမဟုတ္ အဲဒီထက္နည္းတဲ့ပမာဏသာ အားသြင္းဖို႔ အႀကံျပဳထားၿပီး တိုက္ခန္းစီမံခန႔္ခြဲမႈစည္းမ်ဥ္းေတြအတြက္ လမ္းၫႊန္ခ်က္ေတြကိုေတာ့ စက္တင္ဘာလကုန္မွာ အပ္ဒိတ္လုပ္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါအျပင္ စက္တင္ဘာလမွစ အမ်ားျပည္သူသုံး ကားရပ္နားရာေနရာေတြမွာ EV ကားေတြရဲ႕အျမင့္ဆုံး အားသြင္းႏႈန္းကို ၈ဝ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်သြားမယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ တိုက္ခန္းပါကင္ေနရာေတြမွာ တပ္ဆင္ထားတဲ့ EV အားသြင္းပစၥည္းမ်ားအတြက္ အေရးေပၚမီးေဘးကင္းေရးစစ္ေဆးမႈေတြကိုလည္း ျပဳလုပ္မယ္လို႔ သိရပါတယ္။
ၾသဂုတ္လ ၉ ရက္က ျပဳလုပ္တဲ့ရွင္းလင္းပြဲမွာ ၿမိဳ႕ေတာ္အစိုးရမွ တင္ျပထားတဲ့အခ်က္အလက္ေတြအရ ႏိုင္ငံမွာ ၂၀၁၈ ခုႏွစ္ မွ ၂၀၂၄ ခုႏွစ္ ဇြန္လအထိ အတြင္း EV ကားေၾကာင့္ မီးေလာင္မႈ ၁၈၇ မႈထိ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။