စင်ကာပူမှာ ငါးထပ်တိုက်ဆောက်လုပ်ရေးဆိုက်မှာ သံပိုက်ပြုတ်ကျခြင်းကြောင့် ရွှေ့ပြောင်းဆောက်လုပ်ရေးသမား သေဆုံး

 3312

ရောင်နီ (NP News) - သြဂုတ် ၁၁

စင်ကာပူနိုင်ငံ၊ ဂျူအောင်းရှိ ဆောက်လုပ်ဆဲ ငါးထပ်တိုက် အဆောက်အဦးမှာ သံပိုက်ပြုတ်ကျ ထိမှန်ပြီး အသက် ၄၂ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဦးခေါင်းဒဏ်ရာရကာ သြဂုတ်လ ၁ ရက်မှာ သေဆုံး သွားခဲ့ပါတယ်။

အဆိုပါ အလုပ်သမားကို စင်ကာပူအရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ (SCDF) က အမျိုးသားတက္ကသိုလ်ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့ပေမယ့်အခြေအနေပိုဆိုးလာပြီး ၃ ရက်မြောက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်ရပ်ဟာ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၉ နာရီခန့်က Jurong Port Road အနီးမှာ ပြည်တွင်းဖြစ် ဆောက်လုပ်ရေးကုမ္ပဏီကြီး KTC Group ရဲ့လုပ်ငန်းခွဲဖြစ်တဲ့ Kok Tong Transport and Engineering Works မှ တာဝန်ယူထားတဲ့အဆောက်အဦးပရောဂျက်ကို ဆောက်လုပ်နေတာဖြစ်ပါတယ်။

အလုပ်သမားဟာ အခင်းဖြစ်ပွားချိန်က မြေညီထပ်မှာ ရှိနေခဲ့ပြီး သတိလစ်သွားခဲ့ပါတယ်။ လူအင်အားဝန်ကြီးဌာန ကလည်း အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး KTC Group လက်အောက်ရှိ အခြားကုမ္ပဏီတစ်ခုဖြစ်သည့် Kok Tong Construction မှ လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်မှုအားလုံးကိုရပ်တန့်ဖို့ ညွှန်ကြားထားပါတယ်။ ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စင်ကာပူမှာ လုပ်ငန်းမတော်တဆမှုတွေကြောင့် ၂ဝ၂၃ ခုနှစ်မှာ လုပ်သား ၃၆ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၄၆ ဦး၊ ၂ဝ၂၁ ခုနှစ် မှာ ၃၇ ဦး၊ ၂ဝ၂ဝ ပြည့်နှစ်မှာ ၃ဝ ဦး၊ ၂ဝ၁၉ ခုနှစ်မှာ ၃၉ ဦးထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူမွာ ငါးထပ္တိုက္ေဆာက္လုပ္ေရးဆိုက္မွာ သံပိုက္ျပဳတ္က်ျခင္းေၾကာင့္ ေ႐ႊ႕ေျပာင္းေဆာက္လုပ္ေရးသမား ေသဆုံး
ေရာင္နီ (NP News) - ၾသဂုတ္ ၁၁

စင္ကာပူႏိုင္ငံ၊ ဂ်ဴေအာင္းရွိ ေဆာက္လုပ္ဆဲ ငါးထပ္တိုက္ အေဆာက္အဦးမွာ သံပိုက္ျပဳတ္က် ထိမွန္ၿပီး အသက္ ၄၂ ႏွစ္အ႐ြယ္ ဘဂၤလားေဒ့ရွ္ ေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ဦးဦးေခါင္းဒဏ္ရာရကာ ၾသဂုတ္လ ၁ ရက္မွာ ေသဆုံး သြားခဲ့ပါတယ္။

အဆိုပါ အလုပ္သမားကို စင္ကာပူအရပ္ဘက္ ကာကြယ္ေရးတပ္ဖြဲ႕ (SCDF) က အမ်ိဳးသားတကၠသိုလ္ေဆး႐ုံကို ခ်က္ခ်င္းပို႔ေဆာင္ခဲ့ေပမယ့္အေျခအေနပိုဆိုးလာၿပီး ၃ ရက္ေျမာက္ေန႔မွာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါျဖစ္ရပ္ဟာ ဇူလိုင္လ ၂၉ ရက္ေန႔ နံနက္ ၉ နာရီခန႔္က Jurong Port Road အနီးမွာ ျပည္တြင္းျဖစ္ ေဆာက္လုပ္ေရးကုမၸဏီႀကီး KTC Group ရဲ႕လုပ္ငန္းခြဲျဖစ္တဲ့ Kok Tong Transport and Engineering Works မွ တာဝန္ယူထားတဲ့အေဆာက္အဦးပေရာဂ်က္ကို ေဆာက္လုပ္ေနတာျဖစ္ပါတယ္။

အလုပ္သမားဟာ အခင္းျဖစ္ပြားခ်ိန္က ေျမညီထပ္မွာ ရွိေနခဲ့ၿပီး သတိလစ္သြားခဲ့ပါတယ္။ လူအင္အားဝန္ႀကီးဌာန ကလည္း အဆိုပါျဖစ္ရပ္ကို စုံစမ္းစစ္ေဆးေနၿပီး KTC Group လက္ေအာက္ရွိ အျခားကုမၸဏီတစ္ခုျဖစ္သည့္ Kok Tong Construction မွ လုပ္ငန္းခြင္အတြင္း လုပ္ငန္းေဆာင္႐ြက္မႈအားလုံးကိုရပ္တန႔္ဖို႔ ၫႊန္ၾကားထားပါတယ္။ ရဲတပ္ဖြဲ႕ကလည္း စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
စင္ကာပူမွာ လုပ္ငန္းမေတာ္တဆမႈေတြေၾကာင့္ ၂ဝ၂၃ ခုႏွစ္မွာ လုပ္သား ၃၆ ဦး၊ ၂၀၂၂ ခုႏွစ္မွာ ၄၆ ဦး၊ ၂ဝ၂၁ ခုႏွစ္ မွာ ၃၇ ဦး၊ ၂ဝ၂ဝ ျပည့္ႏွစ္မွာ ၃ဝ ဦး၊ ၂ဝ၁၉ ခုႏွစ္မွာ ၃၉ ဦးထိ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.