နေ့စားအလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခလစာကို ထောက်ပံ့ကြေး ၁ဝဝဝ ကျပ် ထပ်မံ ခံစားခွင့်ပြု

 1927

ယွန်း (NP News) - သြဂုတ် ၁၁

နေ့စားအလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခလစာကို ထောက်ပံ့ကြေး ၁ဝဝဝ ကျပ် ထပ်မံခံစားခွင့်ပြုမည်ဖြစ် ကြောင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ပြီးခဲ့သည့် သြဂုတ်လ(၉)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများကို လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ၁ဝဝဝ ကျပ် အပြင် ထပ်မံ၍ ၁ဝဝဝ ကျပ်ကို အပိုထောက်ပံ့ကြေးအဖြစ် ခံစားခွင့်ပြုမည်ဖြစ်ပြီး အနည်းဆုံး အခကြေးငွေ နေ့စဥ်လုပ်ခ ၆၈ဝဝ ကျပ် ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့ဖြစ်၍ ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှစ၍ လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ၁ဝဝဝ ကျပ် အပြင် ထပ်မံ၍ ကျပ် ၁ဝဝဝ ကို အပိုထောက်ပံ့ကြေးအဖြစ် အလုပ်လုပ်သောရက်များ နှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက် နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အဆိုပါသတ်မှတ်ချက်သည် အလုပ်သမား ၁ဝ ဦးအောက်ရှိ လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင် တစ်နိုင် လုပ်ငန်းများနှင့်သက်ဆိုင်ခြင်း မရှိစေရဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေ့စားအလုပ်သမားများ၏ အနည်းဆုံးလုပ်ခလစာကို ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်က အလုပ်ချိန်(၈)နာရီအတွက် ၄၈၀၀ ကျပ် သတ်မှတ်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်ကို ခံစားခွင့်ပြုခဲ့ရာ အနိမ့်လုပ်ခလစာ ၅၈၀၀ ကျပ်ရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေန႔စားအလုပ္သမားမ်ား၏ အနိမ့္ဆုံးလုပ္ခလစာကို ေထာက္ပံ့ေၾကး ၁ဝဝဝ က်ပ္ ထပ္မံ ခံစားခြင့္ျပဳ
ယြန္း (NP News) - ၾသဂုတ္ ၁၁

ေန႔စားအလုပ္သမားမ်ား၏ အနိမ့္ဆုံးလုပ္ခလစာကို ေထာက္ပံ့ေၾကး ၁ဝဝဝ က်ပ္ ထပ္မံခံစားခြင့္ျပဳမည္ျဖစ္ ေၾကာင္း အနည္းဆုံးအခေၾကးေငြ သတ္မွတ္ေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီက ၿပီးခဲ့သည့္ ၾသဂုတ္လ(၉)ရက္တြင္ အသိေပးထုတ္ျပန္ထားသည္။
အဆိုပါထုတ္ျပန္ခ်က္တြင္ ေန႔စားဝန္ထမ္းမ်ားႏွင့္ ေန႔စားအလုပ္သမားမ်ားကို လက္ရွိေထာက္ပံ့လ်က္ရွိသည့္ အပိုေထာက္ပံ့ေၾကး ၁ဝဝဝ က်ပ္ အျပင္ ထပ္မံ၍ ၁ဝဝဝ က်ပ္ကို အပိုေထာက္ပံ့ေၾကးအျဖစ္ ခံစားခြင့္ျပဳမည္ျဖစ္ၿပီး အနည္းဆုံး အခေၾကးေငြ ေန႔စဥ္လုပ္ခ ၆၈ဝဝ က်ပ္ ရရွိမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

သို႔ျဖစ္၍ ၂ဝ၂၄ ခုႏွစ္၊ ဩဂုတ္လ ၁ ရက္မွစ၍ လက္ရွိေထာက္ပံ့လ်က္ရွိသည့္ အပိုေထာက္ပံ့ေၾကး ၁ဝဝဝ က်ပ္ အျပင္ ထပ္မံ၍ က်ပ္ ၁ဝဝဝ ကို အပိုေထာက္ပံ့ေၾကးအျဖစ္ အလုပ္လုပ္ေသာရက္မ်ား ႏွင့္ ၁၉၅၁ ခုႏွစ္၊ ခြင့္ရက္ ႏွင့္ အလုပ္ပိတ္ရက္အက္ဥပေဒအရ ခံစားခြင့္ျပဳရန္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ အဆိုပါသတ္မွတ္ခ်က္သည္ အလုပ္သမား ၁ဝ ဦးေအာက္ရွိ လုပ္ငန္းငယ္မ်ား၊ မိသားစုတစ္ပိုင္ တစ္ႏိုင္ လုပ္ငန္းမ်ားႏွင့္သက္ဆိုင္ျခင္း မရွိေစရဟုလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ေန႔စားအလုပ္သမားမ်ား၏ အနည္းဆုံးလုပ္ခလစာကို ၿပီးခဲ့သည့္ ၂ဝ၁၈ ခုႏွစ္က အလုပ္ခ်ိန္(၈)နာရီအတြက္ ၄၈၀၀ က်ပ္ သတ္မွတ္ခဲ့ၿပီး ၂၀၂၃ ခုႏွစ္တြင္ အပိုေထာက္ပံ့ေၾကး ၁၀၀၀ က်ပ္ကို ခံစားခြင့္ျပဳခဲ့ရာ အနိမ့္လုပ္ခလစာ ၅၈၀၀ က်ပ္ရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.