သင်္ဘောသားသစ်များ သ‌င်္ဘောတက်ရန် ဒေါ်လာ လေးထောင်ဝန်းကျင်အထိ ပွဲစားခ ပေးနေရ

 1097

NP News (NP News) - သြဂုတ် ၁၁

သင်္ဘောသားသစ်များ သင်္ဘောတက်ရန်အတွက် ပိုက်ဆံမတောင်းခံရန် ညွှန်ကြားထားသော်လည်း သင်္ဘောသား သစ် များပြားနေခြင်းကြောင့် ပွဲစားခများပေးနေရကြောင်း သင်္ဘောသား အသိုက်အဝန်းမှ သိရသည်။
သင်္ဘောသားသစ်များ အလုပ်ရရန် ပြည်တွင်းရှိ တရားဝင်သင်္ဘောကိုယ်စားလှယ်ကုမ္ပဏီများအပြင် တရားဝင် မဟုတ်သည်ပွဲစားများကပါ ငွေကြေးတောင်းခံနေခြင်းဖြစ်ပြီး ဒေါ်လာ ၂၅ဝဝ မှ လေးထောင်ခန့်အထိ ပေးအပ်နေရခြင်းဖြစ်သည်။

“ပေးလိုက်ရတဲ့ပိုက်ဆံတွေက အလုပ်ဝင်သင်္ဘောတက်ပြီး ပြန်လာရင်ပြန်တောင်းလို့မရတော့ဘူး။ အဲဒါကြောင့် သင်္ဘောသားလုပ်မယ့်လူငယ်တွေကို သေသေချာချာစုံစမ်းပြီး ဗဟုသုတပြည်ဝအောင် စုံစမ်းဖို့လိုပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာသင်္ဘောသားအဖွဲချုပ်မှ သင်္ဘောကပ္ပတိန်တစ်ဦးက ပြောသည်။
ကမ္ဘာ့အလုပ်သမားအဖွဲချုပ် ILO က တရားဝင်ထုတ်ပြန်ချက်စည်းကမ်းဥပဒေများအရ အလုပ်ရရှိရန် အခကြေးငွေ မကောက်ခံရန် ညွှန်ကြားထားသော်လည်း သက်ဆိုင်ရာကုမ္ပဏီများက လိုက်နာမှုအားနည်းနေကြောင်း သိရသည်။

လက်ရှိ သင်္ဘောကုမ္ပဏီများမှ တောင်းခံသည် ဒေါ်လာ ၂၅၀၀ မှ ၄၀၀၀ အကြားငွေကြေးမှာ အလုပ်ရရုံအတွက်သာ ပေးရခြင်းဖြစ်ပြီး သင်္ဘောဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှု သင်တန်းကြေးများနှင့်မဆိုင်ကြောင်း သိရသည်။

သင်္ဘောသားသစ်အဖြစ် သင်္ဘောတက်မည့်လူငယ်များသည် သက်ဆိုင်ရာလုပ်ငန်းအလိုက်ကျွမ်းကျင်မှုသင်တန်းများ တက်ရောက်ပြီး ဗဟုသုတပြည်စုံရန် လိုအပ်သည်။ လတ်တလောတွင် သင်္ဘောသားသစ်အဖြစ် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် လူငယ်မျိုးသမီး အမျိုးသား တစ်သောင်းကျော်ခန့်ရှိကြောင်း သင်္ဘောသားအသိုင်းအဝန်းမှ သိရသည်။

Zawgyi Version;
သေဘၤာသားသစ္မ်ား သ‌ေဘၤာတက္ရန္ ေဒၚလာ ေလးေထာင္ဝန္းက်င္အထိ ပြဲစားခ ေပးေနရ
NP News (NP News) - ၾသဂုတ္ ၁၁

သေဘၤာသားသစ္မ်ား သေဘၤာတက္ရန္အတြက္ ပိုက္ဆံမေတာင္းခံရန္ ၫႊန္ၾကားထားေသာ္လည္း သေဘၤာသား သစ္ မ်ားျပားေနျခင္းေၾကာင့္ ပြဲစားခမ်ားေပးေနရေၾကာင္း သေဘၤာသား အသိုက္အဝန္းမွ သိရသည္။
သေဘၤာသားသစ္မ်ား အလုပ္ရရန္ ျပည္တြင္းရွိ တရားဝင္သေဘၤာကိုယ္စားလွယ္ကုမၸဏီမ်ားအျပင္ တရားဝင္ မဟုတ္သည္ပြဲစားမ်ားကပါ ေငြေၾကးေတာင္းခံေနျခင္းျဖစ္ၿပီး ေဒၚလာ ၂၅ဝဝ မွ ေလးေထာင္ခန႔္အထိ ေပးအပ္ေနရျခင္းျဖစ္သည္။

“ေပးလိုက္ရတဲ့ပိုက္ဆံေတြက အလုပ္ဝင္သေဘၤာတက္ၿပီး ျပန္လာရင္ျပန္ေတာင္းလို႔မရေတာ့ဘူး။ အဲဒါေၾကာင့္ သေဘၤာသားလုပ္မယ့္လူငယ္ေတြကို ေသေသခ်ာခ်ာစုံစမ္းၿပီး ဗဟုသုတျပည္ဝေအာင္ စုံစမ္းဖို႔လိုပါတယ္” ဟု ျမန္မာႏိုင္ငံလုံးဆိုင္ရာသေဘၤာသားအဖြဲခ်ဳပ္မွ သေဘၤာကပၸတိန္တစ္ဦးက ေျပာသည္။
ကမာၻ႔အလုပ္သမားအဖြဲခ်ဳပ္ ILO က တရားဝင္ထုတ္ျပန္ခ်က္စည္းကမ္းဥပေဒမ်ားအရ အလုပ္ရရွိရန္ အခေၾကးေငြ မေကာက္ခံရန္ ၫႊန္ၾကားထားေသာ္လည္း သက္ဆိုင္ရာကုမၸဏီမ်ားက လိုက္နာမႈအားနည္းေနေၾကာင္း သိရသည္။

လက္ရွိ သေဘၤာကုမၸဏီမ်ားမွ ေတာင္းခံသည္ ေဒၚလာ ၂၅၀၀ မွ ၄၀၀၀ အၾကားေငြေၾကးမွာ အလုပ္ရ႐ုံအတြက္သာ ေပးရျခင္းျဖစ္ၿပီး သေဘၤာဆိုင္ရာလုပ္ငန္းကြၽမ္းက်င္မႈ သင္တန္းေၾကးမ်ားႏွင့္မဆိုင္ေၾကာင္း သိရသည္။

သေဘၤာသားသစ္အျဖစ္ သေဘၤာတက္မည့္လူငယ္မ်ားသည္ သက္ဆိုင္ရာလုပ္ငန္းအလိုက္ကြၽမ္းက်င္မႈသင္တန္းမ်ား တက္ေရာက္ၿပီး ဗဟုသုတျပည္စုံရန္ လိုအပ္သည္။ လတ္တေလာတြင္ သေဘၤာသားသစ္အျဖစ္ ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားသည့္ လူငယ္မ်ိဳးသမီး အမ်ိဳးသား တစ္ေသာင္းေက်ာ္ခန႔္ရွိေၾကာင္း သေဘၤာသားအသိုင္းအဝန္းမွ သိရသည္။

Related news

© 2021. All rights reserved.