သြစတြေးလျမှာ စင်ကာပူအမျိုးသမီးတစ်ဦး ကားထိုင်ခုံခါးပတ် မှန်ကန်စွာ မတပ်ဆင်ထားခြင်းကြောင့် ဒေါ်လာ ၁၀၀၀ ဒဏ်ရိုက်ခံရ
1471
ရောင်နီ (NP News) - သြဂုတ် ၁၁
စင်ကာပူမှာ အမြဲတမ်းနေထိုင်သူအမျိုးသမီးတစ်ဦးဟာ ဩစတြေးလျနိုင်ငံ၊ ကွင်းစလန်းကို ခရီးထွက်ခဲ့ပြီးနောက် ၁ လ နီးပါးအကြာ၊ စင်ကာပူကို ပြန်ရောက်နေချိန်မှ ကွင်းစလန်းမှာ အငှားယာဉ်စီးနင်းစဉ် ထိုင်ခုံခါးပတ် မှန်ကန်စွာ မဝတ်ဆင်ခဲ့ခြင်းအတွက် ဒေါ်လာ ၁၀၀၀ ဒဏ်ရိုက်ခံရတဲ့ အကြောင်းကြားစာ လက်ခံရရှိခဲ့ပါတယ်။
ရှယ်လီလု အမည်ရှိ အသက် ၄၂ နှစ် အရွယ် အမျိုးသမီးဟာ ဇွန်လ ၁၃ ရက်မှ ၁၉ ရက်ထိ ဩစတြေးလျ၊ ကွင်းစလန်းကို အလည်အပတ်သွားရာမှာ အငှားယာဉ် ကားတစ်စီးပေါ် ရှိနေစဉ် ထိုင်ခုံခါးပတ် ပတ်ထားပေမယ့် ပတ်ထားတဲ့ပုံစံ မှားယွင်းနေခြင်းကို ယာဉ်ထိန်းရဲ ကင်မရာကတဆင့် တွေ့ရှိပြီး သူမကို ဒဏ်ရိုက်လိုက်တာဖြစ်ပါ တယ်။
စင်ကာပူအမြဲတမ်းနေထိုင်သူဖြစ်တဲ့ သူမက ထိုင်ခုံခါးပတ်ဟာ "လည်ပင်းကို ထိလိုက်တာနဲ့ အရမ်းယားယံတယ်လို့ ခံစားရတယ်။ ဒါကြောင့် လက်မောင်းအောက်ကနေပဲ ခါးပတ်ပတ်လိုက်မိတယ်" လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ကြေးငွေကတော့ "အံ့အားသင့်စရာပဲ" "ထိုင်ခုံခါးပတ် ပတ်ထားပေမယ့် ပုံစံမမှန်လို့ ဒဏ်ရိုက်ခံရမယ်ဆိုတာ မသိခဲ့ဘူး" လို့ သူမက ပြောကြားခဲ့ပါတယ်။
ကွင်းစလန်းအစိုးရ ဝက်ဘ်ဆိုက်ရှိ သယ်ယူပို့ဆောင်ရေးနဲ့ ဘမော်တော်ယာဥ်ဆိုင်ရာစည်းကမ်းချက်တွေမှာ ထိုင်ခုံခါးပတ်ကို ပခုံးမှ ရင်ဘတ်တစ်လျှောက်မှဖြတ်ပြီး တစ်ဖက်ခါးကိုပတ်ကာ တပ်ဆင်ရမယ်လို့ သတ်မှတ်ဖော်ပြ ထားပြီး ထိုင်ခုံခါးပတ်ကို တခြားနည်းနဲ့ဝတ်ဆင်ရင် ဒဏ်ငွေ ဆောင်ရမှာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။ Queensland Health ဆေးဘက်ဆိုင်ရာပညာရှင်တွေက ဖော်ပြတဲ့အချက်အလက်တွေအရလည်း လက်မောင်း အောက်မှ ထိုင်ခုံခါးပတ်ပတ်ထားခြင်းဟာ ရင်သား၊ နံရိုး၊ ကျောရိုး၊ ဦးခေါင်းခွံ၊ မျက်နှာနဲ့ လည်ပင်းကျိုးသွားနိုင်တဲ့ ဒဏ်ရာများ အပါအဝင် အခြားဒဏ်ရာတွေ ရရှိနိုင်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
Zawgyi Version;
ၾသစေၾတးလ်မွာ စင္ကာပူအမ်ိဳးသမီးတစ္ဦး ကားထိုင္ခုံခါးပတ္ မွန္ကန္စြာ မတပ္ဆင္ထားျခင္းေၾကာင့္ ေဒၚလာ ၁၀၀၀ ဒဏ္႐ိုက္ခံရ
ေရာင္နီ (NP News) - ၾသဂုတ္ ၁၁
စင္ကာပူမွာ အၿမဲတမ္းေနထိုင္သူအမ်ိဳးသမီးတစ္ဦးဟာ ဩစေၾတးလ်ႏိုင္ငံ၊ ကြင္းစလန္းကို ခရီးထြက္ခဲ့ၿပီးေနာက္ ၁ လ နီးပါးအၾကာ၊ စင္ကာပူကို ျပန္ေရာက္ေနခ်ိန္မွ ကြင္းစလန္းမွာ အငွားယာဥ္စီးနင္းစဥ္ ထိုင္ခုံခါးပတ္ မွန္ကန္စြာ မဝတ္ဆင္ခဲ့ျခင္းအတြက္ ေဒၚလာ ၁၀၀၀ ဒဏ္႐ိုက္ခံရတဲ့ အေၾကာင္းၾကားစာ လက္ခံရရွိခဲ့ပါတယ္။
ရွယ္လီလု အမည္ရွိ အသက္ ၄၂ ႏွစ္ အ႐ြယ္ အမ်ိဳးသမီးဟာ ဇြန္လ ၁၃ ရက္မွ ၁၉ ရက္ထိ ဩစေၾတးလ်၊ ကြင္းစလန္းကို အလည္အပတ္သြားရာမွာ အငွားယာဥ္ ကားတစ္စီးေပၚ ရွိေနစဥ္ ထိုင္ခုံခါးပတ္ ပတ္ထားေပမယ့္ ပတ္ထားတဲ့ပုံစံ မွားယြင္းေနျခင္းကို ယာဥ္ထိန္းရဲ ကင္မရာကတဆင့္ ေတြ႕ရွိၿပီး သူမကို ဒဏ္႐ိုက္လိုက္တာျဖစ္ပါ တယ္။
စင္ကာပူအၿမဲတမ္းေနထိုင္သူျဖစ္တဲ့ သူမက ထိုင္ခုံခါးပတ္ဟာ "လည္ပင္းကို ထိလိုက္တာနဲ႔ အရမ္းယားယံတယ္လို႔ ခံစားရတယ္။ ဒါေၾကာင့္ လက္ေမာင္းေအာက္ကေနပဲ ခါးပတ္ပတ္လိုက္မိတယ္" လို႔ ဆိုခဲ့ပါတယ္။ ဒါေပမယ့္ ဒဏ္ေၾကးေငြကေတာ့ "အံ့အားသင့္စရာပဲ" "ထိုင္ခုံခါးပတ္ ပတ္ထားေပမယ့္ ပုံစံမမွန္လို႔ ဒဏ္႐ိုက္ခံရမယ္ဆိုတာ မသိခဲ့ဘူး" လို႔ သူမက ေျပာၾကားခဲ့ပါတယ္။
ကြင္းစလန္းအစိုးရ ဝက္ဘ္ဆိုက္ရွိ သယ္ယူပို႔ေဆာင္ေရးနဲ႔ ဘေမာ္ေတာ္ယာဥ္ဆိုင္ရာစည္းကမ္းခ်က္ေတြမွာ ထိုင္ခုံခါးပတ္ကို ပခုံးမွ ရင္ဘတ္တစ္ေလွ်ာက္မွျဖတ္ၿပီး တစ္ဖက္ခါးကိုပတ္ကာ တပ္ဆင္ရမယ္လို႔ သတ္မွတ္ေဖာ္ျပ ထားၿပီး ထိုင္ခုံခါးပတ္ကို တျခားနည္းနဲ႔ဝတ္ဆင္ရင္ ဒဏ္ေငြ ေဆာင္ရမွာျဖစ္တယ္လို႔ ၎က ဆိုပါတယ္။ Queensland Health ေဆးဘက္ဆိုင္ရာပညာရွင္ေတြက ေဖာ္ျပတဲ့အခ်က္အလက္ေတြအရလည္း လက္ေမာင္း ေအာက္မွ ထိုင္ခုံခါးပတ္ပတ္ထားျခင္းဟာ ရင္သား၊ နံ႐ိုး၊ ေက်ာ႐ိုး၊ ဦးေခါင္းခြံ၊ မ်က္ႏွာနဲ႔ လည္ပင္းက်ိဳးသြားႏိုင္တဲ့ ဒဏ္ရာမ်ား အပါအဝင္ အျခားဒဏ္ရာေတြ ရရွိႏိုင္တယ္လို႔ ေဖာ္ျပထားတာေတြ႕ရပါတယ္။